ရခိုင်ပြည်နယ် ကံဆိုးမိုးမှောင်ကျသလို ဖြစ်နေတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANP / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း

တကယ်တမ်းဒီလူတွေက နှစ်ဖက်တပ်ဖွဲ့တွေကြားမှာ ကြားညှပ် တာပေါ့ဗျာ။ ဟိုကလာရင်လည်း ကူညီ ရတာပဲ၊ ဒီကလာရင်လည်းကူညီရတာပဲ။ အကုန်လုံး ကြောက်ရ …

COVID – 19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၏ အခြားသောဒေသများထက်ပို၍ တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည် အခြေအနေကို မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း အား ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခု မုတ်သုံကလဲဝင်စပြုလာပြီ။ ကျောင်းတွေပြန်ဖွင့်ဖို့လည်း ရက်တွေသတ်မှတ်ထားပြီဆိုတော့ စာသင်ကျောင်း တွေမှာ ယာယီဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဘယ်လိုလုပ်ဖို့စီစဉ်ထားပါသလဲ။

UPT – မနေ့ကပဲ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ကျနော်တို့အစည်းအဝေးလုပ်တယ်။ ကျောင်း တွေက လာမယ့်လမှာဖွင့်ဖို့ဖြစ်နေတော့ ကျနော်တို့ ဒီစစ်ဘေးရှောင်တွေကို ဘယ်မှာထားမလဲဆိုတာ ဆွေးနွေး ကြတာပေါ့ဗျာ။ ကျယ်ကျယ်ဝန်းဝန်း ရှိပြီး အိမ်သာတွေဘာတွေ အဆင်ပြေမယ့်နေရာဆိုတာကလည်း ဘုန်းတော်ကြီး ကျောင်းတွေပဲရှိတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီ တော့ ဘုန်းတော်ကြီးကျောင်းတွေကိုပဲ ကျနော်တို့ရွေးချယ်ရတာပေါ့။ ပြီးတော့ အဲဒီဘုန်းတော် ကြီးကျောင်းတွေကို သွားပြီး လျောက် ရတာပေါ့။ တစ်ခုရှိတာက ဘုန်းတော်ကြီးတွေကလည်း သူ့ပရိသတ်နဲ့သူကိုး။ ဒကာ ဒကာမတွေရဲ့ သဘောတူညီချက်နဲ့မှ လုပ်ရတဲ့ ကိစ္စ။ နောက်ပြီး အခုဝါဝင်လာရင် ဥပုသ်သီတင်းဆောက်တည်ကြမယ့် ရက်တွေရှိတာကိုး။ ဆိုတော့ အဲဒီကိစ္စတွေကို အသေအချာ ဆွေးနွေးညှိနှိုင်းနေရပါတယ်။

ဘယ်ပါတီပဲဖြစ်ဖြစ် သောင်ပြိုကမ်းပြို နိုင်မှာတို့၊ ပြည်မပါတီအာဏာရမှာတို့ကို ကျနော် တို့ကြောက်နေပြီ …

တချို့ကျောင်းတွေကလည်း (၅၀) လက်ခံနိုင်တယ်၊ တချို့ကျောင်းတွေက (၁၀၀) လက်ခံ နိုင်တယ် စသဖြင့်ပေါ့။ စစ်ဘေး ဒုက္ခသည် တွေမှာက အိမ်လဲ မရှိ၊ နေစရာလည်းမရှိ၊ ကိုယ်ရပ်ရွာလည်း မပြန်နိုင်တဲ့ အခြေအနေ ဆိုတော့ ဒီမြေပုံမြို့ပေါ်က စစ်ဘေး ဒုက္ခသည် တွေကို ဘုန်းတော်ကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ မြို့တော်ခန်းမ စတဲ့အဆောက်အဦ တွေမှာ နေရာချထားပေးဖို့ ကျနော်တို့စီစဉ် နေပါတယ်။ နယ်တွေမှာကတော့ စစ်ဘေးဒုက္ခသည်တွေက ရွာအလိုက်ရှိကြတယ်။ သူ့နည်းသူ့ဟန်နဲ့သူပေါ့။ သူတို့လည်း စာသင်ကျောင်းတွေက ဖယ်ပေးရမယ်ဆိုရင် ဘုန်းတော်ကြီးကျောင်းတွေပဲ အားကိုးရလိမ့်မယ် ထင်ပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ COVID – 19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဘာတွေလုပ်ကိုင် ဆောင်ရွက် ထားတာရှိပါသလဲ။ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ COVID – 19 ကာကွယ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီကရော ရခိုင်ပြည်နယ်မှာဘာတွေဆောင်ရွက်တာမျိုး သတိပြုမိပါ သလဲ။

UPT – အဓိကကတော့ COVID -19 နဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် မယ်ဆိုတဲ့ ကြေညာချက်ကို အစိုးရကထုတ်တာပေါ့ဗျာ။ ဒါပေမယ့်ရခိုင်ပြည်နယ်က AA မပါဘူးပေါ့။ ပြောရရင်တော့ ရခိုင် ပြည်နယ်မပါဘူး ပေါ့ဗျာ။ ရခိုင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ် ထားတဲ့အတွက် ရခိုင်ပြည်နယ် စစ်ဆင်ရေးကတော့ ရှိမြဲရှိနေဦးမယ်ဆိုတဲ့ သဘောပေါ့။ ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ ရပ်နားထားတာ မရှိဘူးပေါ့။ အဲဒါက စစ်ရေးနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကိစ္စကို ယှဉ်တွဲပြီးလုပ်လိုက်တဲ့ သဘောပါပဲ။

စစ်တိုက်တာကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်နေကြတာ။ ဒါပေမယ့် ပြည်သူလူထုကို ဒဏ်ခတ်လိုက်တဲ့သဘောမျိုး သက်ရောက်နေ တယ်။ တကယ်ဆိုရင် အခုလိုကပ်ရောဂါကာလမှာ စစ်ပွဲတွေရပ်ပြီး ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်မှာ၊ ကမ္ဘာ့ အဖွဲ့အစည်းတွေ က လည်း ဒီကာလမှာ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုနေတဲ့အချိန်မှာ အစိုးရရဲ့ကြေညာချက်က အဲဒီလမ်း ကြောင်းပေါ်ကို ရောက်မလာဘူးပေါ့ဗျာ။ AA မပါဆိုတဲ့ အတွက် AA ရှိတဲ့ ရခိုင်ပြည်နယ်ကပြည်သူတွေရဲ့ COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တော်တော်လေး အခက်အခဲ ဖြစ်သွားတာပေါ့။ အဲဒါကြောင့် ဒီကြေညာချက်ဟာ မပြည့်စုံဘူး၊ ဒီကြေညာချက်ဟာ ပြည်သူကိုဗဟိုမပြုဘဲ စစ်ပွဲတွေကိုဗဟိုပြုနေတဲ့ အတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။

တကယ်တမ်းပြည်သူကိုစာနာတယ် ဆိုရင်တော့ ပြည်သူ့အတွက်ပဲအဓိကထားပြီး နှစ်ဖက်လုံးက စဉ်းစားသင့်ပါတယ်။ ဒီကာလမှာ စစ်ပွဲတွေကိုရပ်ထားပြီးတော့ ပြည်သူလူထုကို COVID -19 ရောဂါ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဦးစားပေးသင့်တယ်။ အဲဒီလို ဦးစားပေးမယ်ဆိုရင် အခုလိုအကြမ်းဖက်အဖွဲ့အစည်းသတ်မှတ် တာ တို့၊ ဘယ်အဖွဲ့နဲ့ မဆွေးနွေးဘူးဆိုတာတို့ ဘေးကိုခဏဖယ် ထားပြီး ပြည်သူကိုဗဟိုပြုတဲ့စိတ်နဲ့ ပူးပေါင်းဆောင်ရွက် ရမှာ ပေါ့။ အခု ကတော့ အဲဒီလိုမျိုးမဟုတ်တဲ့အတွက် ကျနော်တို့ ရခိုင်ပြည်နယ် အတွက် အခက်အခဲဖြစ်နေတာပေါ့ဗျာ။ နောက်တစ်ခုက COVID -19 နဲ့ပတ်သက်ပြီး စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ပညာပေးတာတို့၊ အထောက်အပံ့ပေးတာတို့ ဘာမှမရှိဘူးဗျ။ သူတို့ရဲ့ စားဝတ် နေရေးကိုတောင်မှ အစိုးရက မဖြစ်စလောက်ပဲကူညီတာရှိတယ်။ တချို့ ကိုယ်ထူကိုယ်ထ ဆောက်တဲ့ Camp တွေကို လည်း အသိအမှတ်မပြုဘူး။ ဖျက်ခိုင်းတာတွေ၊ ဖြိုခိုင်းတာတွေရှိတယ်။ နောက် အကူအညီ ပေးမယ့်လူထုကိုလည်း ကန့်သတ် ထားတာတွေရှိတယ်။ နိုင် ငံတကာအဖွဲ့အစည်းတွေကိုလည်း မလာရောက်ဖို့ ကန့်သတ်ထားတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီကြားထဲ အင်တာနက်လိုင်းတွေ လည်း ဖြတ်တောက်ထားတယ်။ ဆိုတော့ ဒါကကျနော်တို့ရခိုင်ပြည်နယ်အတွက် တော်တော်ကို ကံဆိုး မိုးမှောင်ကျသလို ဖြစ်နေတာပေါ့ဗျာ။ စစ်ပွဲတွေကလည်း မအေးချမ်း၊ COVID -19 ကလည်းစိတ်မချရ၊ စစ်ဘေးဒုက္ခသည် ကလည်း အများကြီးဆိုတော့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး COVID -19 ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ အစိုးရရဲ့Policy ဟာ မှားနေတယ်လို့ ကျနော်ပြောချင်ပါတယ်။

→  အကြောက်တရားတွေဖြစ်အောင် တမင်ဆောင်ရွက်တာများလား

ငြမ်းမီဒီယာ – မကြာခင်မှာ စပါးစိုက်ရာသီရောက်တော့မယ်။ မနှစ်ကလည်း စစ်ပွဲတွေကြောင့် ဧကသိန်းချီပြီး စပါးမစိုက်နိုင်ခဲ့ဘူး။ ဒီနှစ်အခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

UPT – ရခိုင်ပြည်နယ်က အဓိက ဆန်စပါးထွက်တဲ့ပြည် နယ်တစ်ခုပါ။ အဲဒီအထဲမှာ ဘင်္ဂါလီတွေကလည်း ဟိုဘက် ကိုပြေး သွားတော့ ဘူးသီးတောင်၊ မောင်တောဘက်မှာ စပါးစိုက်ဧရိယာတွေ တော်တော့ကိုနည်းသွားတယ်။ စပါးမစိုက်ဖြစ်ဘဲ မြေလပ် တွေဖြစ်သွားတော့ မနှစ်ကလည်းစပါးအထွက်နှုန်းကျတယ်။ အခုစစ်ဖြစ်နေတဲ့ရခိုင်ပြည်မြောက်ပိုင်း ဒေသတွေ က လည်း တကယ့် စပါးထွက်တဲ့ဒေသတွေဖြစ်တယ်။စပါးစိုက်ဧကတွေ တော်တော်များ တယ်။ အဲဒီနေရာတွေမှာလည်း စစ်ဖြစ်နေတော့ လူတွေက ရွာအပြင်တောင် မထွက်နိုင်ဘူး။ ရွာအပြင်ကိုထွက်ရင် လက်နက်ငယ်၊လက်နက်ကြီးတွေ ထိမယ်။ ရွာထဲမှာနေတာတောင် ထိနေ တာကိုး။ ဆိုတော့ စပါးစိုက်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ဖြစ်နေပြီ။

တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဘယ်သူမှ လယ်ထဲ ဆင်းပြီး စပါးမစိုက်ရဲဘူးလေ။ လယ်သမားတွေအနေနဲ့လည်း အဲဒီလောက် ထိ မစွန့်စားရဲဘူးလေ။ တိုက်နေတဲ့နှစ်ဘက်ကလည်း လယ် သမားတွေနဲ့ညှိနှိုင်းပြီး စပါးစိုက်ရာသီမှာ လယ်သမားတွေ စပါးစိုက် နိုင်အောင် လုပ်ဆောင်ပေးတာမျိုးလည်းမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စစ်ပွဲနိုင်ဖို့ပဲအရေးကြီးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ လယ်သမားတွေစပါးစိုက်ဖို့ဆိုတာ အသက် ကိုရင်းပြီး အရဲစွန့်ရမယ့်အခြေအနေမျိုးဖြစ်နေတယ်။ တိုက်ပွဲ တွေကလည်း လယ်ကွင်း တွေ ထဲမှာ၊ လမ်းပေါ်တွေမှာဖြစ်နေကြတာ။ တချို့ နေရာတွေမှာဆို ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ တစ်ရွာလုံးထွက်ပြေးနေကြတာ တွေရှိတော့ အဲဒီနေရာတွေမှာဆိုရင် ဘယ်လိုမှ စပါးမစိုက်နိုင်တော့ဘူး။ လယ်မစိုက် လို့ ထင်းခုတ် ငါးရှာဖားရှာလုပ်ဖို့ တောတွေ တောင်တွေလဲ သွားလို့လာလို့မရဘူး။ တောထဲ တောင်ထဲမှာ အဖမ်းအဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ၊ မိုင်းထိတာတွေ ရှိတော့ ဘယ်သူမှမသွားရဲကြဘူး။ ဒီကြားထဲ ပြည်မကကုန်စည်စီးဆင်းမှုလမ်းကြောင်းကလည်း ပိတ်သလောက်ဖြစ်နေတယ်။

အဲဒီတော့ ကုန်ဈေးနှုန်းတွေလည်း တအားမြင့် တက်လာတယ်ပေါ့ဗျာ။ စားသောက်ကုန်တွေလည်း ရှားပါးပြီးဈေးတက် လာတာ ပေါ့။ ဆိုတော့ လယ်သမားသာမက ကုန်သည် ပွဲစား လက်လုပ်လက်စားတွေအထိ ဘယ်သူမှအလုပ်မဖြစ်တော့ဘူး။ မနှစ်ကလည်း စပါးရိတ်ချိန် စပါးခင်းတွေထားပြီး ပြေးကြ ရတယ်၊ ကောင်းလှိုင်းပုံတွေထားပြီးထွက်ပြေးကြရတယ်။ ရွာတွေမီးရှို့ခံရတယ် စသဖြင့် အများကြီး ပေါ့ဗျာ။ အဲဒီတော့ ဒီနှစ်မှာလည်း စပါးစိုက်ပျိုးနိုင်မှု အားနည်းသွားမယ်၊ ပြီးတော့အခက်အခဲတွေလည်း ရင်ဆိုင်ရမယ်၊ စပါးထွက်နှုန်းလည်း မတန်တဆကျ သွားနိုင် ပါတယ်။ အဲဒီတော့ လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားတွေ အခက်အခဲ အများကြီး ကြုံကြရမှာပဲ။ အဓိက ဒီစစ်ပွဲတွေ ရပ်မှဖြစ်မှာဗျ။ မရပ်ရင် ရခိုင်ပြည်နယ်အခြေအနေဟာ တော်တော့ကို ဆိုးရွား သွားနိုင် တယ်။ ဒါကို နှစ်ဖက်က မသိလို့မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိလုပ်နေသလားလို့တောင် ကျနော်တို့သံသယဖြစ်မိတယ်။ အခု COVID -19 နဲ့ပတ်သက်ရင်လည်း ပညာပေး တာတွေမရှိဘူး၊ ပူးပေါင်းဆောင်ရွက်တာတွေမရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပွင့်လင်းမြင်သာအောင်လုပ်ပါ။ တကယ်တမ်း အကြမ်းဖက်တယ်ဆိုရင်လည်း အရေးယူပေါ့။ အကြမ်းဖက်တယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက်မခွဲခြားပဲ အရေးယူပေါ့။ မြေပြင် အခြေအနေက …

ဒီရောဂါက ရခိုင်ပြည်နယ်မှာ ဖြစ်ရင်လည်း တခြားကိုပြန့်သွားနိုင်တယ်လေ။ တစ်ယောက်ကစ တစ်ရာဆိုသလိုဖြစ်နိုင်တော့ တော်တော့ကို ကြောက်စရာ ကောင်းတဲ့ ရောဂါပါ။ ဒါမျိုးကိုလည်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူး။ သတင်းအချက်အလက် သိရ အောင်လည်း အင်တာနက်လိုင်းတွေ ပိတ်ထားတော့ အခြေအနေက အများကြီး ဆိုးရွားပါတယ်။ ဒီမိုးတွင်းမှာလည်း တိုက်ပွဲ အခြေအနေ ဘယ်လောက်ပြင်းထန်လာမယ်ဆိုတာ ပြောလို့မရသေးဘူး။ ဒါကြောင့် COVID -19 ကိစ္စနဲ့ တိုက်ပွဲနဲ့ ချိတ်ဆက် ထားတာတွေ၊ အင်တာနက်လိုင်းပိတ်တာနဲ့ တိုက် ပွဲနဲ့ချိတ်ဆက်ထားတာတွေ အဲဒါမျိုးကိုမဖြစ်စေချင်ဘူး။ တိုက် တဲ့လူက တိုက်ကြ ပေါ့ဗျာ။ ပြည်သူလူထု အခက်အခဲဖြစ်အောင်တော့ မလုပ်ကြနဲ့ပေါ့ဗျာ။ အဲဒီလို လုပ်နေကြရင်တော့ ဖြစ်နေတဲ့အဖွဲ့နှစ်ဖွဲ့ထက် ပြည်သူက ပိုဒုက္ခရောက်မှာပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားပါ၊ ငြိမ်းချမ်းရေး စကားဝိုင်း ကို သွားပါလို့ ကျနော်တို့ အမြဲတမ်းတိုက်တွန်းပါတယ်။ ဒါပေမယ့် ရလဒ်က ဆန့်ကျင်ဖက်ပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်း ပိုပိုပြင်းထန်လာတယ်။ ကျနော်တို့ ပြည်သူအများစုကတော့ နေ့သေမလား၊ ညသေမလား အဲဒီလောက်အထိ မှန်းထား နေကြရတယ်ပေါ့ဗျာ။

ရခိုင်ပြည်ဟာ ငရဲပြည်နဲ့ အနီးကပ်ဆုံးမှာ

ငြမ်းမီဒီယာ – ခုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ဖမ်းဆီးမှုတွေ များလာတဲ့ အခြေအနေကိုရော ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UPT – သူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ တဖွဲ့နဲ့တစ်ဖွဲ့ မူဝါဒချင်းမတူဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးအဖွဲ့ကျတော့ တစ်မျိုးဆက်ဆံပြီး သူတို့ကျတော့ တရားမ ဝင်အသင်းက ပယ်ဖျက်တယ်ပေါ့။ အဲဒီတော့ အဲဒီအဖွဲ့မျိုးတွေနဲ့ ပတ်သက်ရင်တော့ အရင်ကလုပ်ခဲ့တဲ့ ၁၇ (၁) တို့၊ (၂) တို့နဲ့ မစွဲတော့ဘူးပေါ့။ ရခိုင်လူထုမှာကျတော့ အရင်က ၁၇ (၁) နဲ့ စွဲတာပေါ့။ ဒါပေမယ့် AA ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တဲ့အခါ အကြမ်းဖက်ဥပဒေနဲ့စွဲလာတာပေါ့။

ဖက်ဒရယ်ပြည်ထောင်စု အသံမထွက်ရင်လည်းနေပါ၊ ဒါပေမယ့် ဖက်ဒရယ် အသံမထွက်ရင်တော့ သေနတ်သံတွေ ပိုပြီးကျယ်လောင်လာ …

အကြမ်းဖက်ဥပဒေဆိုတာက ပြစ်ဒဏ်ပို ပြီးကြီးတယ်။ ဒါကလည်း တကယ်တမ်းဒီလူတွေက နှစ်ဖက်တပ်ဖွဲ့တွေကြားမှာ ကြားညှပ် တာပေါ့ဗျာ။ ဟိုကလာရင်လည်း ကူညီ ရတာပဲ၊ ဒီကလာရင်လည်းကူညီရတာပဲ။ အကုန်လုံး ကြောက် ရလို့ပေါ့ဗျာ။ အစိုးရလည်း ကြောက်ရတယ်၊ AAဖက်ကိုလည်း ကြောက်ရ တာပေါ့ဗျာ။ ပြည်သူကတော့ မလွှဲမရှောင်သာ ကြားညှပ်တာပေါ့။ ဒါကို အစိုးရအနေနဲ့ အဓိကတာဝန်ရှိတာ ပေါ့။ ပြည်သူကို ကူညီဖို့၊ ပြည်သူအခက်အခဲမဖြစ်အောင်လုပ် ဖို့၊ ပြည်သူကိုဒုက္ခက လွတ်အောင်လုပ်ဖို့ဆိုတာ ဒါအစိုးရမှာ အဓိက တာဝန်ရှိတယ်။ အစိုးရအနေနဲ့ AA နဲ့သွားပြီးတန်းညှိလို့မရဘူးဗျ။ AA ကသူပုန်လေ။ သူတို့က တာဝန်မရှိဘူး ပြောလို့ရတယ်။ အခုဖြစ်နေတာ အစိုးရက AA နဲ့သွားသွားပြီးတန်းညှိနေတယ်ဗျ။ သူတို့ပစ်လို့ ပစ်ရတယ်ဆိုတာမျိုး၊ သူတို့ကရွာထဲက ပစ်လို့ ရွာကို မီးရှို့ရတယ်ဆိုတာမျိုး၊ အဲဒီလို သူပုန်နဲ့ သွားပြီးတန်းညှိနေတာဆိုးတယ်ဗျ။

သူပုန်က ဘယ်လောက် ပဲဖျက်ဆီး ဖျက်ဆီး ဒါက တရားမဝင်တဲ့အဖွဲ့အစည်းလေ။ သူတို့မှာတာဝန်မရှိဘူး။ ရှင်းရှင်းပြောရရင် နိုင်ငံတော်အစိုးရဆိုတာကတော့ တာဝန် ရှိတယ်။ ဒါကြောင့် ကျနော်တို့က အစိုး ရအနေနဲ့ ဒါမျိုးကိုကျတော့ ပိုပြီးသဘောထား ကြီးစေချင်တာပေါ့ဗျာ။ မလွဲသာ မရှောင်သာ နှစ်ဖက်လုံး ကိုကူညီနေရတဲ့ပြည် သူတွေကို အခုလို အကြမ်းဖက်မှု ဥပဒေနဲ့ စွဲတယ်ဆိုရင် မတ ရားဘူးလို့ ကျနော်တို့ က ယူဆ တာပေါ့။ အကြမ်းဖက် မဖက် ကတော့ ကျနော်တို့ဒေသမှာ ပြည်သူတွေက ပိုသိတယ်ဗျ။ ဘယ်အဖွဲ့အစည်းက အကြမ်းဖက်တယ် ဆိုတာ ပြည်သူတွေက ပိုသိတယ်။ ဒါတွေကလည်း သူတို့အနေနဲ့ သင့်မြတ်တဲ့ အခါ တိုင်းရင်းသား ခေါင်းဆောင်တွေ ပေါ့ဗျာ။ မသင့်မြတ်တဲ့အခါ သောင်းကျန်း သူတွေ၊ သူပုန်တွေ၊ အဖျက်သမား တွေပေါ့။

ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီလို ဆက်ဆံပုံ ဆက်ဆံ နည်း၊ ပြောပုံ ပြောနည်းကလည်း မဆန်းပါဘူး။ နောက်နေ့ငြိမ်းချမ်းရေး လက်မှတ် ထိုးပြီဆိုရင် တိုင်းရင်းသားခေါင်းဆောင်ဖြစ် သွားပြီ။ လက်ဆွဲနှုတ်ဆက်ပြီး ဝိုင်အတူတူသောက်ကြတာပဲ။ ဒါတွေက အခြေအနေအပေါ်မူတည်ပြီးဖြစ်လာတဲ့ကိစ္စပါ။ အဲဒီကိစ္စကို အညှိုးအတေးကြီးကြီးနဲ့၊ ပြစ်မှုပြစ်ဒဏ်များများနဲ့ ပြည်သူလူထုကို ထောင်ချမယ်၊ ကြားကနေရတဲ့ပြည်သူလူထု တွေကို ထိခိုက်နစ်နာအောင်လုပ်မယ် ဆိုရင်တော့ အစိုးရတစ်ရပ်အနေနဲ့ ဒီကိစ္စတွေ အပေါ်မှာ ဆင်ခြင်စဉ်းစားသင့်တယ် လို့ ကျနော်တို့ယူဆတယ်။

ဗမာလူမျိုးမုန်းတီးရေးဝါဒကို ကျနော်တို့သွားနေတာမဟုတ်ဘူး

တကယ်တမ်း မြေပြင်မှာ ဘယ်သူကအကြမ်းဖက်တယ်၊ ဘယ်သူက အတင်းအဓမ္မဆက်ဆံတယ်၊ ဘယ်သူက သတ်ဖြတ်တယ် ဆိုတာ ဒီ မြေပြင် အခြေအနေကို လည်း တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက သိဖို့လိုတယ်။ အဲဒါကို ကျနော်တို့ပြောနေတာ။ အစိုးရဆိုပြီး အပေါ်စီးကနေ သူများကိုအကြမ်းဖက်ပါတယ်ပြောပြီး ကိုယ်ကိုယ်၌က အကြမ်းဖက်နေရင် ဒါဟာမဟုတ်ဘူးလေ။ ကျနော်တို့ရခိုင်ပြည် နယ်ကို လာကြည့်ပါ။ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးလိုက်ပါ။ သတင်းထောက်တွေကိုလွှတ်ပေးပါ။ ဖြစ်နေတဲ့သတင်းတွေကို ရယူခွင့်ပေးလိုက်ပေါ့။ အဲဒါမှ အကြမ်းဖက်တဲ့ လူတွေ အကြမ်းမဖက်ရဲတော့ဘူးပေါ့။ ဒါက ပြည်သူလူထုနဲ့ သက်သေပြရမှာ။ မီဒီယာနဲ့ သက်သေ ပြရမှာ။ ဘယ်သူအကြမ်းဖက် နေတယ်ဆိုတာ ကမ္ဘာကိုမြင်အောင် ကျနော်တို့ကပြရမှာ။ လမ်းဖွင့်ပေးရမှာ။ အစိုးရ ဆိုရင် ဒီလိုလုပ်ပေးဖို့ ပိုတာ ဝန်ရှိတာပေါ့။ အင်တာနက်လိုင်းတွေဖွင့်ပေးလိုက်ပေါ့။ သတင်းမီဒီယာတွေကို မြေပြင်အထိ ကွင်းဆင်း သတင်းယူနိုင်အောင် ကူညီလိုက်ပေါ့။ လက္ကာရွာမီးရှို့ခံရတယ်ဆိုရင် ရွာသားတွေနဲ့တွေ့ခွင့်ပေးလိုက်ပေါ့။ အဲဒါဆိုရင် သူပုန်တွေ ရှို့  တာလား၊ စစ်တပ်ရှို့တာလား ပေါ်လာလိမ့်မယ်လေ။ ဘယ် သူ့ကိုနှိပ်စက်လို့သေသွားတယ်၊ ဘာကြောင့်နှိပ်စက်လို့ သေသွား တယ် ဆိုတာတွေ ပေါ်လာ လိမ့်မယ်လေ။

အဲဒီလိုမဟုတ်ဘဲ တစ်ဖက်သတ်သွားပြီး အကြမ်းဖက်သမားလို့ စွပ်စွဲနေရုံနဲ့ မပြီးပါဘူး။ မိမိကိုယ်တိုင်က အကြမ်းမဖက်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်။ မိမိကိုယ်တိုင်က အကြမ်းဖက်တဲ့ လူမဖြစ် ဖို့လိုတယ်။ တိုင်းရင်းသား တွေ၊ ကြားညှပ်တဲ့ ပြည်သူတွေကို အပြစ်ကြီးကြီးကျအောင်၊ နောက်တစ်ခါသူပုန်ကိုမကူညီရဲအောင် အဲဒီလိုပုံစံမျိုးနဲ့ သွားပြီးလုပ်မယ် ဆိုရင် ကိုယ်ကိုယ် တိုင် က အကြမ်း ဖက်သလိုဖြစ်သွားနိုင်တာပေါ့။ ပြည်သူတွေရဲ့ ကိစ္စတွေမှာ မညှာမတာ၊ ပြည်သူ့ဘက်ကို မစာမနာ လုပ်သ လို ဖြစ်သွားနိုင်တာပေါ့။ ပြည်သူက ပိုပြီးခံစားရမှာပေါ့ဗျာ။ ဒါကြောင့် အကြမ်းဖက်ဥပဒေ ဘာညာဆိုတာက ဒါ အစိုးရရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။

စစ်တပ်ရှိလို့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုးဟာ ဒီကာလမှာ အဓိပ္ပါယ်မရှိတော့ဘူး။ ကိုယ်လုပ်ရမယ့် …

တကယ်တမ်း ပြေလည်တဲ့ အခါမှာလည်း ဒါတွေ ပြီးသွားမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကြားကခံနေရတဲ့ ပြည်သူလူထု အတွက်တော့ နှစ်ဖက် စလုံးက စဉ်းစားသင့်တယ်ပေါ့ဗျာ။ အမှန်တရား ပေါ်လာအောင် လည်း မီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးသင့်တယ်။ အင်တာနက်လိုင်းတွေကို ဖွင့်ပေးသင့်တယ်။ ဖြစ်နိုင်ရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ရခိုင် ပြည်နယ် ကိုလာကြည့်ပါဆိုပြီး နိုင်ငံတော်က စီစဉ်လုပ်ပေးသင့်တယ်။ အဓိကကတော့ ပွင့်လင်း မြင်သာ အောင် လုပ်ပါ။ တကယ် တမ်း အကြမ်းဖက်တယ်ဆိုရင်လည်း အရေးယူပေါ့။ အကြမ်းဖက်တယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက် မခွဲခြားပဲ အရေးယူပေါ့။ မြေပြင် အခြေအနေကတော့ ရှုပ်ထွေးနေပါတယ်။ အဲဒီအထဲမှာ ကိုယ်က ခေါင်းစဉ်တစ်ခုခု တပ်ပြီး အရေးယူ တယ် ဆိုရင်၊ ဒါဟာ ပြည်သူ တွေ အတွက် ပိုပြီးတော့ ဒုက္ခဖြစ်တယ်ဆိုရင် ဒါဟာ ပြည်သူကို ကူညီရာ မရောက်ဘဲ ပိုပြီးနှိပ်စက် သလို ဖြစ် သွားမှာကို လည်း ကျနော်တို့မလိုလားပါဘူး။

ငြမ်းမီဒီယာ – အခုလက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို ဘာများ တိုက်တွန်းပြောကြားချင်ပါသလဲ။

UPT – ပြည်ထောင်စုအစိုးရအနေနဲ့ကတော့ သူတို့မှာတာဝန်အရှိဆုံးပေါ့။ တိုင်းပြည်ငြိမ်းချမ်းရေးရအောင်လည်း သူတို့ တာဝန် အရှိဆုံးပဲ။ သူတို့က စစ်တပ်ကြောင့်သူတို့မလုပ်နိုင်ပါဆိုတဲ့လေသံမျိုး ခဏခဏပစ်တယ်ပေါ့ဗျာ။ တကယ် တမ်းကျတော့ စစ်တပ် ကလည်း သမ္မတရဲ့ညွှန်ကြားမှုအောက်မှာ သူတို့လိုက်နာမယ်။ စစ်ပွဲတွေကိုရပ်ဆိုရင်ရပ်မယ်၊ တိုက်ဆိုရင် တိုက်မယ်။

တိုင်းရင်းသားတွေကို ဗမာခေါင်းဆောင်တွေက ညီအစ်ကိုလိုဆက်ဆံတယ်လို့ တစ်ခါမှဒီအရသာမျိုးကို မခံစားခဲ့ရသေးဘူး။ သူတို့က လေနဲ့ပဲ။ ဟို ခွေး ဝမ်းသာအောင် …

အဲဒီလို ပြောထားတာတွေရှိတယ်။ ဆို တော့ အစိုးရခေါင်းပေါ် လုံးလုံးကျနေတာပေါ့။ အင်တာနက် လိုင်း ဖြတ်တောက်တာကိုလည်း စစ်တပ်က ‘ကျနော်တို့မသိပါဘူး၊ ကျနော်တို့လုပ်ဆောင်တာမဟုတ်ဘူး။ ဒါဟာဆက် သွယ်ရေး ဝန်ကြီးဌာနကလုပ်တယ်’ ဆိုတာ ပြောပြီးပြီ။ စစ် ပွဲတွေကို အပြတ်တိုက်ပါဆိုတာ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတာ စစ်တပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားတယ်။ နောက်ပြီးတော့ အင်တာနက်လိုင်းတွေဖြတ် ထားတာရော၊ အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်တာရော အစိုးရ ပါဝင် သတ်မှတ်တာပဲလေ။ အဲဒီတော့ အစိုးရက နိုင်ငံ ရေးကိုနည်းနည်း ဦးစားပေးဖို့လိုပါတယ်။

စစ်ပွဲဆိုတာ နိုင်ငံရေးရဲ့ အကျိုးဆက် ပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြေလည်အောင်လုပ်ပါလို့ ပြောနေရတာပါ။ ရခိုင်လူမျိုးတွေ လည်း စစ်ပွဲကို လိုလားကြတာ မဟုတ် ပါဘူး။ နိုင်ငံရေးအရပြေလည် အောင် ငြိမ်းချမ်းရေးကို အစိုးရအနေနဲ့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။ စစ်တပ် ရှိလို့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုးဟာ ဒီကာလမှာ အဓိပ္ပါယ် မရှိ တော့ဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ် ပြတ်ပြတ်သားသား လုပ်ပါ။ ငြိမ်းချမ်းရေးကို အောင်မြင်အောင်လုပ်ပါလို့ ကျနော် ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို တွင်တွင်ပြောကြပေမယ့် ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီတွေကအများဆုံးအနိုင်ရပြီး ပြည်နယ် အစိုးရဖွဲ့တဲ့အခါ ရခိုင်ပါတီကအမတ်တွေ နေရာမရတဲ့ အခြေအနေကိုရော ဘယ်လိုရှုမြင်မိပါသလဲ။

UPT – အဲဒါက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖက်ဒရယ်ကိုပထမဆုံးပြောတယ်ဆိုပြီးကြွေးကြော်တာပဲ။ ဖက်ဒရယ်ရဲ့ မူလပိုင်ရှင် မူပိုင်ပေါ့ဗျာ။ ဒီမိုကရေစီရဲ့ မူပိုင်ဆိုတဲ့အမှတ်အသားမျိုးကို သူလိုချင်တာပေါ့ဗျာ။ တကယ်တမ်းကျတော့ လက်တွေ့မှာ ၂၆၁ နဲ့တွေ့တဲ့ အခါမှာ အများစုအနိုင်ရတဲ့ပါတီက ဝန်ကြီးချုပ်ရွေးချယ်ဖို့ ANP ကတောင်းဆိုတာကို အသိအမှတ်မပြုခဲ့ဘူး။

ကိုယ့်လူနဲ့ ကိုယ်ပဲ တစ်ယောက်နိုင်ရင်လည်း ငါတို့ဝန်ကြီးချုပ်ယူမယ်ဆိုတဲ့ပုံစံမျိုး လုပ်တဲ့အခါမှာ ဒါ ဖက်ဒရယ်ကိုလည်း မလေးစားရာ ရောက် သလို၊ ဒီမိုကရေစီကိုလည်း စော်ကားရာရောက်တယ်ပေါ့ဗျာ။ ကျနော်ကတော့ လွှတ်တော်ထဲမှာလည်း ဒီကိစ္စကို ပြောပါတယ်။ ၂၆၁ နဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တော်တော်လေးကို ပြောဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ စစ်တပ်က အာဏာ ရသွား မှာ စိုးလို့ပေါ့။ တကယ်တော့အဲဒါ ဘာမှမဆိုင်ဘူး။

ဒီမိုကရေစီဆိုရင် ဖွဲ့စည်းပုံ အရရှိနေတဲ့စစ်တပ်ကို သူတို့ (၂၅) ရာခိုင်နှုန်းကို (၇၅) ရာခိုင်နှုန်းက မနိုင်ဘူးဆိုရင် ယူသွားပါစေပေါ့။ အဲဒါမျိုး ဒီမိုကရေစီကို အသိအမှတ်ပြုဖို့လိုတယ်။ ဖွဲ့စည်းပုံကို အသိအမှတ် ပြုဖို့ လိုတယ်။ ဆိုတော့ ဖွဲ့စည်းပုံကို အသိအမှတ်မပြု မကြိုက်ဘူးလို့ ပြောပြီးတော့ ဖွဲ့စည်းပုံမှာပြဌာန်းထားတဲ့ဟာကို ကိုယ့်လုပ်ပိုင်ခွင့် ရှိရဲ့သားနဲ့ ‘ဖွဲ့စည်းပုံအတိုင်းကျနော်တို့က ဝန်ကြီးချုပ် နေရာ ယူတာပါ’ ဆိုတဲ့ဆင်ခြေမျိုးကတော့ ဒါ ဖက်ဒရယ်နဲ့ဒီမိုကရေစီ ကို အလေးမထားရာ ရောက်တယ်။

ဒီလို ပုံစံမျိုးနဲ့တော့ ဘယ်တော့ မှဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာမှာ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပိုင်ရှင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဖက်ဒရယ်မူပိုင်ရှင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ က ဒီလိုအတွေး အခေါ်မျိုး ရှိနေပြီဆိုရင် ဒီနိုင်ငံဟာဘယ်တော့မှ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်မှာမဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသား ပါတီတွေ ကတော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေပြီဗျ။ အဲဒီတော့ ဘယ်ပါတီပဲဖြစ်ဖြစ် သောင်ပြိုကမ်းပြို နိုင်မှာတို့၊ ပြည်မပါတီ အာဏာရမှာတို့ကို ကျနော် တို့ကြောက်နေပြီ။ သူတို့ဟာ ကိုယ်ချင်းမစာတတ်ဘူးလို့ ဒီလိုမျိုးပြောချင်တယ်။ ကိုယ့်လက်ထဲကို ရောက်တဲ့ အခါမှာတော့ အာဏာရှင်စနစ်ဆန်ဆန်ကျင့်သုံးလာတာပေါ့။

အာဏာမရှိခင် အတိုက်အခံတုန်းက တစ်မျိုးပြောပြီးတော့ အာဏာရှိလာတဲ့အခါမှာ အနိုင်ရလာတဲ့အခါမှာ တစ်မျိုးဆက်ဆံတယ် ပေါ့။ ဒါဟာ တိုင်းရင်းသားတွေ အားလုံး ဒီနေ့ ခံစားလာရတဲ့ ခံစားချက်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတားတို့၊ ကယားပြည်နယ်က ရုပ်တုကိစ္စတို့ ဒီကိစ္စမျိုးက နေရာတကာမှာဖြစ်နေပြီ။ ဒီလို တိုင်းရင်းသားတွေကို အလေးမထားတဲ့လုပ် ရပ်မျိုးနဲ့တော့ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စုကတော့ သူတို့ကြွေးကြော်သည်ဖြစ်စေ၊ မကြွေးကြော် သည် ဖြစ်စေ၊ သူပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု ဒီနိုင်ငံမှာမဖြစ်သရွေ့ ဘယ်တော့မှ ဒီပြသနာတွေ အေးချမ်းမှာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု အသံမထွက်ရင်လည်းနေပါ၊ ဒါပေမယ့် ဖက်ဒရယ် အသံမထွက်ရင်တော့ သေနတ်သံတွေ ပိုပြီး ကျယ်လောင် လာလိမ့်လို့ ကျနော်ပြောချင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

UPT – ပြောရမယ်ဆိုရင် တိုင်းရင်းသားညီအစ်ကိုတွေလို့ ဗမာနိုင်ငံရေးသမားတွေကသာပြောနေကြတာ။ ဒါပေမယ့် ကျနော်တို့က တော့ တိုင်းရင်းသားတွေကို ဗမာခေါင်းဆောင်တွေက ညီအစ်ကိုလိုဆက်ဆံတယ်လို့ တစ်ခါမှဒီအရသာမျိုးကို မခံစားခဲ့ရသေး ဘူး။ သူတို့က လေနဲ့ပဲ။ ဟို ခွေး ဝမ်းသာအောင်လေလည်ပြတယ်ဆိုတဲ့ သဘောမျိုးလောက် ပဲရှိတယ်။ ဆိုတော့ ကျနော် ခုနက စကားကိုပဲ Highlight လုပ်ပြီးပြန်ပြောမယ်။ ဖက်ဒရယ်အသံမထွက်ရဲရင်တော့ သေနတ်သံတွေ ဘယ်တော့မှစဲမှာမဟုတ်ဘူးဆိုတာကိုပေါ့။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,