ရင်အုပ်မကွာ စောင့်ရှောက်ပြီး နွေးနွေး ထွေးထွေး ဆက်ဆံကြပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အဓမ္မပြုကျင့်ခံရသည့် ကလေး၏ မွေးစားဖခင်

ကိုယ့်မှာ ဒီလို HIV ပိုး ရှိတယ် ဆိုတာ သိလျက်နဲ့ ဒီလိုမျိုး စော်ကားတယ် ဆိုတာ လုံး၀ မဖြစ်သင့်ဘူးခင်ဗျ။ မလုပ်သင့်ဘူးလို့ တွေးမိရင် ကို ဒီလို ဖြစ်လာ စရာ မရှိဘူး။ သူ့ကို …

တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက် သရေခေတ္တရာ(၂၂) လမ်း တွင် အလှပြင်ဆိုင် ဖွင့်ထားသူ ပေါ်ပေါ်(ခ) ရန်နိုင်ဆိုသူ က တစ်လမ်း တည်းနေ အသက်(၁၂)အရွယ် စတုတ္တ တန်းကျောင်းသား တစ်ဦး ကို အဓမ္မ ပြုကျင့်သည် ဟု ဆိုကာ စက်တင်ဘာ(၂၅) ရက်နေ့ မနက်ပိုင်း က တိုင်တန်းမှု တစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ အမှု အတွက် တောင်ဥက္ကလာပ မြို့မ ရဲစခန်း တွင် (ပ)၁၀၉၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ဆောင်ရွက်နေသည်။ အဆိုပါ အမှုတွင် အဓမ္မ ပြုကျင့် ခံ ရသည် ဟု ဆိုသည့် အသက်(၁၂) အရွယ်ရှိ ယောင်္ကျားလေး ၏ မွေးစား ဖခင် ဦး———– ကို ငြမ်းမီဒီယာ က ၎င်းတို့၏ နေအိမ် တွင် သွားရောက် တွေ့ဆုံ မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – အဓမ္မ ပြုကျင့် ခံရတယ်ဆိုတဲ့ ကလေးနဲ့ ဘယ်လို တော်စပ် ပါသလဲ။ နောက်ပြီး အဲဒီဖြစ်စဉ် ကိုရော ဘယ်လို သိထားလဲ။

ကလေးဖခင် – အဓမ္မမှုဖြစ်တဲ့ ကလေးရဲ့ မွေးစား ဖခင်ပါ။ ကျွန်တော့် သား က ကျွန်တော်တို့ ကို ပြန်ပြောပြလို့ သိရ တာပါ။ လောလောဆယ် ရဲစခန်းမှာ အမှုဖွင့် ထားတယ်။ DNA စစ်ထားပြီး ရဲစခန်း က ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကလေးကို အဓမ္မပြုကျင့်ခံရတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ။ ဘယ်လို သိတာလဲ။

ကလေးဖခင် – အဲနေ့ည က လပြည့်နေ့ ဆိုတော့ ကျွန်တော့် အမေ က ဥပုဒ်စောင့်တော့ အအေးတိုက်ဖို့ သွားတာ ကျွန်တော့်သား က အိမ်မှာ ရှိတယ်။ သူ့သူငယ်ချင်းနဲ့ဆော့နေတယ် အိမ်ရှေ့မှာ။ ဘယ်မှ မသွားဖို့ မှာခဲ့ပြီး ကျွန်တော်တို့ လင်မယား အအေးတိုက်ပြီး ပြန်လာတော့ ကိုးနာရီ ခွဲ၊ ဆယ်နာရီ နီးပါးရှိနေပြီ။ ပြန်လာတော့ ကလေး ကို မတွေ့ရ ဘူး။ ဒါပေမဲ့ အချိန်တန် ပြန်လာမှာပဲ ဆိုပြီး နေနေတာ ဆယ်နာရီ ခွဲလောက် ကျတော့ လိုက်ရှာတာ မတွေ့ဘူး။ ဆယ်နာရီ ခွဲကနေ စရှာတာ ဆယ့်တစ်နာရီ ခွဲလောက် အိမ်ပြန်လာတော့ ကလေးက အိမ်ပြန် ရောက်နေပြီ။ မင်းဘယ်ကို သွားတာလဲ။ ငါတို့ကတော့ လိုက်ရှာ လိုက်ရတာ ဆိုပြီး ကျွန်တော် ရိုက်လိုက်တယ်။ ကျွန်တော် ရိုက်တော့ သူက ဂိမ်းသွားနှိပ်နေတာလို့ ပြောတယ်။ ကျွန်တော်တို့ က လည်း သူနှိပ်တတ် တဲ့ ဂိမ်းဆိုင် နှစ်ဆိုင်လုံး ကို သိတယ်။ သိတဲ့ အတွက် လိုက်ရှာပြီးပြီ ဆိုတော့ ငါတို့ ဂိမ်းဆိုင် တွေ ကို အကုန်ရောက်ပြီးပြီ။ ဘယ်ကို သွားတာလဲ ဆိုတော့ မဖြေဘူး။ မဖြေတော့ ကျွန်တော် ထပ်ရိုက် လိုက်မိတယ် တစ်ချက်။ မင်းမဖြေရင် ငါရဲတိုင်မှာ ဘာညာ ခြိမ်းခြောက်လိုက်တော့ မှ သားအမှန်တိုင်း ပြောမယ် ဆိုပြီး ကျွန်တော် ပေါ်ပေါ်အိမ် ကို သွားတာလို့ဖြေတယ်။ မင်း ဘာသွား လုပ်တာလဲ ဆိုတော့ တီဗီ သွားကြည့်တာ လို့ပြောတယ်။ တီဗီကြည့်ချင် အိမ်မှာ လည်း ကြည့်လို့ ရတာပဲ။ ဘာလို့ ဟိုသွားကြည့်ရလဲ ဆိုတော့ ကြည့်ချင် လို့ လို့ပြောတယ်။ ဘယ်သူနဲ့လဲ လို့မေးတော့ သူ့သူငယ်ချင်း ပါတယ်လို့ ပြောတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်သွားတော့ ဟို က အအေး နှစ်ခွက် တိုက်တယ်တဲ့။ သူ့သူငယ်ချင်းက မသောက်ဘူး။ သူက သောက်တယ်။ ဒီနေရာ မှာ တစ်ခု ပြောပါရစေ။ Eleven သတင်းဌာန ကို ပြောတုန်း က မပြောမိတဲ့ စကား အစ်ကိုတို့ မီဒီယာ ကို ဖြည့်စွက်ပြီး ပြောပါရစေ။ သူတို့နှစ်ယောက် အအေးသောက်ပြီးတဲ့ အချိန်မှာ ပေါ်ပေါ်နဲ့ သူ့သူငယ်ချင်း က သား လက်ကို နှစ်ယောက် ဆွဲပြီး အိပ်ရာ ထဲ ခေါ်သွားတယ်။ သားသူငယ်ချင်း က ချုပ်ပေးထားတဲ့ အချိန်မှာ ပေါ်ပေါ်က သားရဲ့စအို ကို အမှုန့်တွေ ဖြူး တယ်။ပြီးတော့ အဓမ္မပြု တယ်။ ပြီးတော့ စအို ကို စက္ကူနဲ့ သုတ်ပြီး ပစ်လိုက်တယ်။

သားကအခု အသက်(၁၂)နှစ်ပါ။ စတုတ္တတန်း တက်နေ ပါတယ်။ ကျွန်တော်တို့ က ကိုး လ သား ကတည်း က မွေးစား ခဲ့တာပါ။ အခုတော့ သူရဲ့ပညာရေး ကတော့ နားနေ ရပါတယ်။ ကျောင်းအုပ် ဆရာကြီး က …

သားက ဘောင်းဘီ ပြန်ဝတ်ပြီး အိမ်ရှေ့မှာ လာလည်းထိုင်ရော အအေး ထပ် တိုက် လို့ သောက်ပြီးတော့ ပြန် အိပ်ပျော် သွားတယ်။ နိုးလာချိန်မှာ သူ့ သူငယ်ချင်း က မရှိတော့ဘူး လို့ ပြောပြတယ်။ နိုးသွားတာ က လည်း လှိမ့်ရင်း ကန်မိ လို့ သူ့ခြေထောက်ပေါ်ကို ပန်းအိုး တစ်လုံးပြုတ်ကျလို့ နိုးတာ လို့ သားက ပြန်ပြောပြတယ်။ နိုးတဲ့ အချိန်မှာ ပေါ်ပေါ်က သားကို ပြန်တော့လို့ ပြောပြီး လိုက်ပို့တယ်။ သားပြောတာ ကတော့ အဲဒီ အချိန် မှာ သူလက်ထဲ မှာ ခေါက်ဓား ပါတယ်လို့ ပြောတယ်။

ပေါ်ပေါ်မှာ HIV ရှိနေတယ် ဆိုတာ သိရပါတယ်။ အဲဒီ နေ့က ဆေးသွား စစ်ကြပါတယ်။ ကျွန်တော့်သား ကို လည်း စစ်တယ်။ ပေါ်ပေါ်ကို လည်း စစ်တယ်။ မှုခင်း ဆရာဝန်က စစ်တဲ့ အခါမှာ ပေါ်ပေါ် ကိုယ်တိုင်က ပြောတာပါ။ ကလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက် လို့ ကတော့ ဆရာဝန်တွေ …

ငြမ်းမီဒီယာ – ဘယ်အချိန်မှာ ရဲစခန်းကို အကြောင်းကြားတာလဲ။

ကလေးဖခင် – ကျွန်တော်တို့ မိသားစုတွေ ကို တိုင်ပင် လိုက်သေး တယ်။ ည တစ်နာရီ လောက်မှာ သွားတိုင်ကြတာပါ။ ကျွန်တော်တို့ သွားတိုင်ချိန် မှာ တာဝန်ခံ က နယ်ထိန်းတွေ ကို (၅) ရပ်ကွက် ထဲမှာ ခုလိုမျိုး အမှု ဖြစ်တယ်ဆိုပြီး ပြောတော့ နယ်ထိန်း က ဝင်ဖမ်းတာ။

ငြမ်းမီဒီယာ – ရဲစခန်း မှာ သွားတိုင်တော့ စစ်ဆေးမှုတွေ ကို မြင်ခဲ့ရလား။ ဘာတွေကြားရ မြင်ခဲ့ရလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကလေးဖခင် – သားရဲ့သူငယ်ချင်း က အမျိုးမျိုး ထွက်နေတာ မြင်ရတယ်။ ပထမ စစ်တော့ သူမရှိဘူးလို့ဖြေတယ်။ နောက်တစ်ခါစစ်တော့ သူ အိမ်ထဲမှာ ရောက်နေတယ် ————– ကို –င်ချနေတယ်။ သူမြင်တယ် လို့ဖြေတယ်။ အဲ့အချိန်မှာ ရဲက ကျွန်တော့်သား ——————–ကို မေးတော့ ကျွန်တော့်သား က သူက ကျွန်တော့်ကို ချုပ်ပေး တယ်လို့ ပြောတယ်။ ရဲက ဟုတ်လားလို့ မေးတော့ သားသူငယ်ချင်း က ဟုတ်တယ်လို့ ဖြေတယ်။ အဲကလေး က အမျိုးမျိုး ပြောနေတာ။

ငြမ်းမီဒီယာ – အဓမ္မမှုနဲ့ ဖမ်းဆီး ခံထားရသူမှာ HIV ပိုး ရှိတယ်လို့ သတင်းတွေ ပျံ့ နေတယ်။ ကလေး မိသားစု အနေနဲ့ ဘာတွေ သိထားသလဲ။ ဘာတွေ လုပ်ထားသလဲ။

ကလေးဖခင် – ပေါ်ပေါ်မှာ HIV ရှိနေတယ် ဆိုတာ သိရပါတယ်။ အဲဒီ နေ့က ဆေးသွား စစ်ကြပါတယ်။ ကျွန်တော့်သား ကို လည်း စစ်တယ်။ ပေါ်ပေါ်ကို လည်း စစ်တယ်။ မှုခင်း ဆရာဝန်က စစ်တဲ့ အခါမှာ ပေါ်ပေါ် ကိုယ်တိုင်က ပြောတာပါ။ ကလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက် လို့ ကတော့ ဆရာဝန်တွေ ပေးထားတဲ့ ဆေးတွေ တိုက်နေ ရပါတယ်။

ငြမ်းမီဒီယာ – ကလေးကို မွေးစားတယ် ဆိုတော့ ဘယ်အချိန် က မွေးခဲ့တာလဲ။ အခုသူရဲ့ ပညာရေး အခြေအနေကရော ဘယ်လို လုပ်ထားလဲ။

ကလေးဖခင် – သားကအခု အသက်(၁၂)နှစ်ပါ။ စတုတ္တတန်း တက်နေ ပါတယ်။ ကျွန်တော်တို့ က ကိုး လ သား ကတည်း က မွေးစား ခဲ့တာပါ။ အခုတော့ သူရဲ့ပညာရေး ကတော့ နားနေ ရပါတယ်။ ကျောင်းအုပ် ဆရာကြီး က လည်း ခဏ နားခိုင်း ထားပါတယ်။ ဆေးသောက် နေရတော့ ခေါင်းမူးတယ် လို့တော့ ပြောနေတာ ရှိပါတယ်။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိဘ တစ်ဦး အနေနဲ့ ဘာပြောချင် တာ ရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကလေးဖခင် – ကိုယ့်မှာ ဒီလို HIV ပိုး ရှိတယ် ဆိုတာ သိလျက်နဲ့ ဒီလိုမျိုး စော်ကားတယ် ဆိုတာ လုံး၀ မဖြစ်သင့်ဘူးခင်ဗျ။ မလုပ်သင့်ဘူးလို့ တွေးမိရင် ကို ဒီလို ဖြစ်လာ စရာ မရှိဘူး။ သူ့ကို ဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်စေ ချင်ပါတယ်။

ငြမ်းမီဒီယာ – အခု အဖမ်းခံထားရတဲ့သူကိုရောသိလား။

ကလေးဖခင် – ကျွန်တော်တို့ ပေါ်ပေါ်ကို မသိ ပါဘူး။ သူဒီကို ရောက်လာ တာ ခုနှစ်လ၊ ရှစ်လလောက် ပဲ ရှိပါဦးမယ်။ ကျွန်တော်က ဒီနေရာရဲ့ ငယ်မွေးခြံပေါက် ပါ။ ကျွန်တော် အသက်(၃၇)နှစ် ဒီလမ်းထဲ မှာ မွေးပြီး ဒီလမ်းထဲ မှာ ကြီးခဲ့တာပါ။

ငြမ်းမီဒီယာ – သားရဲ့အမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိဘတစ်ယောက် အနေနဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ စိတ်ကျေနပ်တာ၊ မကျေနပ်တာတွေ ရှိရင် ပြောပြပေးပါဦး။

ကလေးဖခင် – အဲဒီနေ့က ဖြစ်စဉ်မှာ ရဲတွေရဲ့ လိုက်ပါဆောင်ရွက်မှု တွေ အပေါ်မှာ ကျွန်တော် စိတ်ကျေနပ်မှု ရပါတယ်။ စိတ်မကျေနပ်ဘူး ဆိုတာ ကတော့ ကျွန်တော်တို့ရင်ထဲ ခံစားရတာတွေ ကို မီဒီယာတွေ က လာမေးတဲ့ အခါမှာ ကျွန်တော်တို့ ကို ပွင့်ပွင့်လင်းလင်း မပြောခိုင်းဘဲ ပိတ်ပင်တာတွေ ကိုတော့ ကျွန်တော် သိပ်ဘဝင် မကျဘူး ခင်ဗျ။

ငြမ်းမီဒီယာ – သက်ငယ်မုဒိမ်းတွေ ဖြစ်နေကြတယ်။ ဒီလိုပြဿနာတွေထဲ ယောင်္ကျားလေးတွေ လည်း ပြုကျင့် ခံနိုင် ရတယ်ဆိုတဲ့ အခြေအနေ ဖြစ်လာတော့ ကို————အနေနဲ့ အခြားသော ကလေးတွေရဲ့ မိဘတွေကို ရော ဘယ်လို သတင်း စကားပါးချင်လဲ။

ကလေးဖခင် – ကိုယ်ရဲ့သားသမီး မိန်းကလေးဖြစ်ဖြစ်၊ ယောင်္ကျားလေး ဖြစ်ဖြစ် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးပါလို့ ပြောပါရစေ။ အခုချိန် က ဘယ်သူမှ မယုံရတော့ဘူး။ ရင်အုပ်မကွာ စောင့်ရှောက်ပြီး နွေးနွေး ထွေးထွေး ဆက်ဆံကြပါ။ လွှတ်မထားကြပါနဲ့လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်အတွက် အကူအညီတောင်းခံမှုတွေ လုပ်ထားသေးလား။

ကလေးဖခင် – ကျွန်တော့်တို့ အဖွဲ့အစည်းတွေ အများကြီး ကို အကူအညီ တောင်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုရော NLD ပါတီရုံး ကိုရော စာနဲ့တင်ပြီး အကူအညီတောင်းထားပါတယ်။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ကလေးဖခင် – ဒီအမှုကို ရဲစခန်း အနေနဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးပါလို့ ပြောချင်တယ်။ ဘယ် မီဒီယာပဲ လာလာ ဖြစ်စဉ် ကို လိမ်လည်ပြီးတော့ လည်း ပြောမှာမဟုတ်တဲ့ အတွက် ကျွန်တော်တို့ ကို လွတ်လပ်စွာ ဖြေကြားခွင့် ပြုပါလို့ပဲ တောင်းဆို ချင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,