ရန်ကုန်ကို Lockdown ချမယ်ဆိုတဲ့ အကြောင်းဟာ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
သည် သတင်းဟာ မြို့နယ်အလိုက် ဖွဲ့ထားတဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဒါနဲ့ ပတ်သက်ပြီး မေးမြန်း နေကြတာတွေ့ရတဲ့အပြင် ရပ်ကွက်တွေ၊လမ်းတွေမှာလည်း သည် အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာတွေ့ရပါတယ်။
” ရန်ကုန်ကို စနေနေ့မှာ lockdown ချမယ်လို့ ကောလာ ဟလတွေ ထွက်ပေါ်နေပါတယ်။တိုင်းဒေသကြီး အစိုးရအနေနဲ့ ချဖို့ အစီအစဉ် မရှိပါကြောင်း တင်ပြအပ်ပါတယ် ” လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြီးခဲ့တဲ့ နာရီပိုင်း လောက် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)အများပြည်သူ ကို အသိပေးရှင်းလင်းထားပါတယ်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ အတည်ပြုချက်အရ ရန်ကုန်ကို Lockdown ချမယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းဟာ သတင်းအမှား သာ ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ (၄၀၄၃) ဦး၊ ဆေးရုံဆင်းခွင့်ရှိသူ (၉၄၄) ဦး၊ သေဆုံးလူနာ (၆၀) ဦး ရှိပြီ ဖြစ်ပါတယ်။
ငြမ်းမီဒီယာ