ရန်ကုန်ဆေးရုံကြီးမှာ ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို စစ်တပ်က မတရား လုယူသွားတယ်ဆိုတဲ့ အကြောင်းအရာတစ်ခု ဟာ ဖေ့စ်ဘွတ် ပလက်ဖောင်းနဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
ဖေ့စ်ဘွတ်ပလက်ဖောင်းမှာ ပျံ့နှံ့နေတဲ့ သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးခဲ့ပါတယ်။
သည်လို အချက်အလက်စစ်ဆေးရာမှာ ဖုန်းလိုင်း ဆက်သွယ်မှုအခက်အခဲတွေကြောင့် ရန်ကုန်ဆေးရုံကြီးတာဝန်ရှိသူတွေကို တိုက်ရိုက် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
SS / ရန်ကုန်ဆေးရုံကြီးရဲ့ သတင်းထုတ်ပြန်မှု
ဒါပေမယ့် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ကိုဗစ်ကာကွယ်ဆေးများ စစ်တပ် လုယူသွား ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှား သာ ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီး က ထုတ်ပြန်ထားပါတယ် ။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
SS / သံလွင်ခက် Than Lwin Khet News ရဲ့ အချက်အလက် စစ်ဆေးထားမှု
သည်အကြောင်းအရာဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်ခက် Than Lwin Khet News က ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူရဲ့ ပြောကြားချက်ကို ကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
အခုလို အချိန်မှာ သတင်းအတု၊ သတင်းအမှားတွေ၊ ကြေညာချက်အတု တွေ အများအပြား ရှိလာနိုင်တဲ့ အတွက် ရရှိတဲ့ သတင်းအချက်အလက်တွေ၊ ကြားရတဲ့ သတင်းအချက်အလက်တွေကို သေသေချာချာ စီစစ်ဖို့ အထူးလိုအပ်ပါတယ်။
အားလုံးဘေးကင်းကျန်းမာကြပါစေ။
ငြမ်းမီဒီယာ