ရန်ကုန်တိုင်းဝန်ကြီးချုပ် သည်းခံမှုနှင့် နားထောင်စွမ်းရည် မြင့်လာရန်မျှော်လင့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်း

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေဖြင့် သည်းခံမှု ပိုရှိ လာနိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြ ဝေဖန်သည့်စကားများကိုလည်း နားထောင် စွမ်းရည်မြင့်မား လာရန် မျှော်လင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်း က ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ငြမ်းမီဒီယာ သို့ ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝန်ကြီးချုပ်ရဲ့အသွင်အပြင်တွေလည်း ပြောင်းလဲလာမယ်၊ သည်းခံမှုတွေလည်း ပိုရှိလာပြီး …

“စာရင်းစစ်ချုပ်အစီရင်ခံစာ ဘယ်ရောက်နေလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ရန်ကုန်စောင့်ကြည့်အဖွဲ့ (Yangon Watch) က အိုလံပစ်တာဝါတွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ငြမ်းမီဒီယာ၏ မေးခွန်းကိုဖြေကြားခဲ့ရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ (၄) နှစ်တာကာလကို ကြည့်လိုက်မယ်ဆိုလို့ ရှိရင်တော့ ဝန်ကြီးချုပ်ဟာ နာခံတတ်တဲ့ နားထောင်တတ်တဲ့ လူထဲမှာတော့ သိပ်ပြီးတော့ မပါသလို ကျမတို့ မြင်နေရတယ်ပေါ့။ ဒါပေမယ့် ကျမမျှော်လင့်တာက ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝန်ကြီးချုပ်ရဲ့အသွင်အပြင်တွေလည်း ပြောင်းလဲလာမယ်၊ သည်းခံမှုတွေလည်း ပိုရှိလာပြီးတော့ ကျမတို့တွေအခုပြောတဲ့ စကားတွေကိုလည်း နားထောင်စွမ်းရည် မြင့်လာမယ်လို့တော့ ကျမမျှော်လင့်ထားတယ်” ဟု ဒေါက်တာညိုညိုသင်းကဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သုံးစွဲခွင့်ရခဲ့သည့် ကျပ်ဘီလီယံ (၄၆၅ ဒဿ မ ၇) နှင့် ပတ်သက်သည့် စာရင်းစစ်ချုပ်အစီရင်ခံစာမူရင်းကို ပြည်သူ့ငွေစာရင်းကော်မတီမှလွဲ၍ကျန်လွှတ်တော် ကိုယ်စားလှယ်များနှင့် အများပြည်သူ မသိရှိစေရန် ကန့်သတ်ထားခြင်းအတွက် ရန်ကုန်စောင့်ကြည့်အဖွဲ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာများ ကို ဖိတ်ကြားရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,