Yves Alarie / မန္တလေးမြို့၏နေဝင်ချိန်အလှ
ဧပြီ၊(၂၀)ရက်နေ့၊ညနေ သုံးနာရီတိုင်းတာချက်အရ ရန်ကုန်မြို့၏ အပူချိန် သည် ၄၂.၂ စင်တီဂရိတ်၊၁၀၈ ဒီဂရီ ဖာရင်ဟိုက်ဖြင့် အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့သည်။
ယခင်စံချိန်ဟောင်းသည် ၂၀၀၄ ဧပြီလ(၂၆) ရက်နေ့တွင်ဖြစ်ပြီး ၄၁.၈ စင်တီဂရိတ်၊၁၀၇.၂ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။
ဧပြီ (၂၁) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကျန်ဒေသအပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံ၊ ညောင်ဦး၊ မကွေး၊ပခုက္ကူ၊တောင်ငူ၊ဘောလခဲတို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ရွှေဘို၊မြင်းမူ၊အောင်လံ၊ ဂန့်ဂေါ၊ပေါက်၊ ဆင်ဖြူကျွန်း၊ပြည်တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်တို့ဖြစ်သည်။
ရန်ကုန်မြို့၏ စံချိန်သစ်အပူချိန်မှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (ကမ္ဘာအေး) စခန်းစဖွင့်သည့်အချိန်မှ (၅၂) နှစ်အတွင်းဖြစ်သည် ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (ကမ္ဘာအေး) က ထုတ်ပြန်ကြေညာသည်။
ငြမ်းမီဒီယာ