ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Designed by Freepik
COVID – 19 ရောပိုးတွေ့ရှိသူ လူနာအားလုံး၏ (၈၂) ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းဒေသကြီး၌ ကုသပေးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ကုသမှုခံယူနေသော COVID -19 လူနာ (၁၂၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၅) ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများတွင် ကုသမှုခံယူနေခြင်းဖြစ်သည်။
COVID – 19 ရောနှင့်ပတ်သက်၍ ယနေ့နံနက် (၇) နာရီအထိ လူပေါင်း (၇,၆၀၈) ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီးဖြစ်ရာ ၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူ (၁၅၀) ဦးရှိခဲ့သည်။
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
အဆိုပါ (၁၅၀) ဦးထဲတွင် ကုသမှုခံယူပြီး ရောဂါပိုးမတွေ့တော့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ (၁၆) ဦးနှင့် သေဆုံးသူ (၆) ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ငြမ်းမီဒီယာ
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။