ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ပိတ်ဆို့ထားလိုက်ပါပြီ။ နေပြည်တော် သို့ အဝင်လက်မခံတော့ ပါဆိုတဲ့ အကြောင်းအရာကို သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၂၉ ) ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
ရန်ကုန် – မန္တလေး အမြန်လမ်း ပိတ်ဆို့ထားလိုက်ပြီဆိုတဲ့ အကြောင်းအရာကို အခြားသော ဖေ့စ်ဘွတ်အကောင့်တွေက လည်း ထပ်ဆင့်ဖြန့်ချိနေတာတွေ ရှိပါတယ်။
သည်အကြောင်းရာ နဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က သတင်းအမှား၊ အမှန် အချက်အလက် စစ်ဆေးကြည့်ခဲ့ပါတယ်။
သည်လို အချက်အလက်စစ်ဆေးကြည့်ရာမှာ သည်အကြောင်းအရာဟာ သတင်းအမှား ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
SS / Myanmar Now သတင်းဖော်ပြချက်
ရန်ကုန် – မန္တလေး အမြန်လမ်း ပိတ်ဆို့ထားတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
SS / One News Myanmar သတင်းဖော်ပြချက်
ဒါ့အပြင် One News Myanmar သတင်းဌာန ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း သတင်းနဲ့ ပတ်သက်ပြီး အမြန်လမ်း ပိတ်ထားခြင်း မရှိဟု ဆို သတင်းခေါင်းစဉ်နဲ့ သတင်းအမှန်ကို ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်း ပိတ်ဆို့ထားလိုက်ပြီးဆိုတဲ့အကြောင်းအရာ ဟာ သတင်းအမှား ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။
အခုတလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ်တည်ပြီး သတင်းအတု၊ သတင်းအမှားတွေ၊ အချက်အလက် အမှားတွေ နဲ့ သွေးထိုးလှုံ့ဆော်မှု၊ အဓိကရုဏ်း ဖြစ်ပေါ်လာအောင်ဖန်တီးလာနိုင်မှုတွေ ရှိလာနိုင်တဲ့ အတွက် သတင်းအချက်အလက်တွေကို သေချာ မစိစစ်ဘဲ မျှဝေခြင်း၊ ယုံကြည်လက်ခံလိုက်ခြင်း မပြုမိဖို့ တိုက်တွန်းလိုပါတယ်။
အားလုံးဘေးကင်းကျန်းမာကြပါစေ။
ငြမ်းမီဒီယာ