ရပိုင်ခွင့်ကို ရှေ့တန်းတင်သည့် ခေတ်ကြီးတွင် ပြည်သူအချို့၏ အမြင်အပေါ် ဒေါ်စု မှတ်ချက်ပြု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO / နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်

ရပိုင်ခွင့်ကို ရှေ့တန်းတင်သည့် ခေတ်ကြီးတွင် ပြည်သူအချို့၏ အမြင်အပေါ် ဒေါ်အောင်ဆန်းစုကြည် က မှတ်ချက်ပြုခဲ့သည်။

” သူနာပြု ဆရာမလေး ပြောခဲ့တာတွေ ထဲမှာ အထူးသတိရနေတာ တစ်ခု ရှိပါ တယ်။ အချို့ပြည်သူတွေ က ကျန်းမာရေး ဝန်ထမ်း တွေ ကို ကျေးဇူးမတင် ကြဘူး၊ လခရလို့ လုပ်တာ၊ဘာလို့ ကျေးဇူးတင်ရမှာလဲတဲ့။ ရပိုင်ခွင့်ကိုရှေ့တန်းတင် တဲ့ ခေတ်ကြီး မှာ ဒီလိုမြင်တာ မထူးဆန်းပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည် က မှတ်ချက်ပြုခဲ့သည်။

ဧပြီလ ၊(၂၀)ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နှင့် COVID – 19 ကာကွယ်၊ ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက် နေသည့် ဧရာဝတီတိုင်းဒေသကြီး မှ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ် ပြုလုပ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှတဆင့် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောဆိုခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အနယ်နယ်အရပ်ရပ် က ပြည်သူများနှင့် ဗီဒီယို တွေ့ဆုံ ဆွေးနွေးပွဲများ ကြောင့် COVID – 19 စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းနေသူ များ၏ အရေးကြီး လိုအပ်ချက်များကို သိနိုင်ခြင်းသည် အကြီးမားဆုံး ရလဒ် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲများပြီးသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်နိုင်သည်များကို ချက်ခြင်း လုပ်ခြင်းဖြင့် ဖြည့်ဆည်းပေးရန်လိုအပ်သည့်နေရာများကို ဖြည့်ဆည်းပေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

” ဝန်ထမ်းအိမ်ရာ အဆင်မပြေတာမျိုး ကိစ္စကတော့ ချက်ချင်း မဖြေရှင်း နိုင်ပေမယ့် လုပ်နိုင်မယ့် နည်းတွေ စပြီးလေ့လာနေပါပြီ ” ဟု ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းဆရာမတစ်ဦး၏ ဝန်ထမ်းအိမ်ရာ အခြေအနေနှင့်ပတ်သက်၍ တင်ပြချက် အား ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (ဧပြီလ(၂၀) ရက်နေ့ ၊11:00 PM )၊သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်တွင် COVID – 19 ရောဂါပိုးတွေ့ရှိသူ (၁၁၉) ဦး၊ ပိုးတွေ့သေဆုံးလူနာ (၅) ဦး၊ပိုးတွေ့ပြန်လည်သက်သာ (၇) ဦး၊စောင့်ကြည့်လူနာ (၂၀၈၉) ဦး၊ ဓာတ်ခွဲ စစ်ဆေးသူစုစုပေါင်း (၄၆၉၂) ဦး ရှိသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,