ရမည်သင်း ကြံ့ခိုင်ရေး ပြန် အနိုင်ရ ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရမည်သင်းမှာ USDP ပြန် အနိုင်ရ ဆိုတဲ့ အချက်အလက် နဲ့ ပတ်သက်ပြီး ပြောပြလိုပါတယ်။

သည် သတင်းကို Yu Yu Kyaw အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာ(၁၀) ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး မှတ်ချက်ပေးသူ၊ ထပ်ဆင့်ပြန်လည် ဖြန့်ချိသူ၊ React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် သတင်းကိုပဲ Suu Nge အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ ” သတင်းမှန်ပါတယ်။ အတိအကျပါရှင်” လို့ ရေးသားပြီး ထပ်ဆင့်ပြန်လည် ဖြန့်ချိခဲ့တာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းနဲ့ ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာ သတင်းအမှားသာ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

“ သတင်းအမှန် မဟုတ်ပါဘူး။ နဂိုအတိုင်း NLD ပဲ နိုင်တာပါ။ ဘာပြဿနာမှ မတက်ပါဘူး။အငြင်းအခုန်ဖြစ်ပြီး ပြန်ဖြေရှင်းတာ မရှိပါဘူး” လို့ ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မင်း က အတည်ပြု ပြောကြားပါတယ်။

SS / 7 Day ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားချက်

သတင်းမီဒီယာ လုပ်ငန်းစဉ်တွေနဲ့ အညီဖော်ပြတဲ့ မီဒီယာတွေရဲ့ ကနဦး ဖော်ပြချက်အရ မန္တလေးတိုင်းဒေသကြီး မြို့နယ်လေးခုဖြစ်တဲ့ မိတ္ထီလာ၊ရမည်သင်း၊ပျော်ဘွယ်၊ သာစည် မြို့နယ်တွေမှာ NLD ပါတီ အနိုင်ရရှိထားတာပါ။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် နဲ့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ သတင်းအတု၊သတင်းအမှား တွေ ရည်ရွယ်ချက် ရှိရှိဖြန့်ချိနေသူတွေလည်း ရှိပါတယ်။ သည်လို သတင်းအတု၊သတင်းအမှားတွေ ကို တချို့ က မသိလို့ ပြန် ဖြန့်ချိ ဖြစ်တာရှိသလို၊ တချို့ ကလည်း သတင်းအတု၊သတင်းအမှား မှန်း သိသော်လည်း သတင်းအတု၊သတင်းအမှားတွေ များများပျံ့နှံ့အောင် အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် ဖြန့်ချိ တာမျိုး ဖြစ်ပါတယ်။

နိုဝင်ဘာ (၁၀) ရက်နေ့ ကလည်း အောင်မင်း အမည်ရသူ တစ်ဦး ဟာ NLD ရုံးရှေ့မှာ လူတွေ ပြုံနေပြီ ရုံးကို ဖြိုမလို့ စတဲ့ သတင်းအချက်အလက်မှားတွေကို ဖေ့စ်ဘွတ် ပလက်ဖောင်းကနေတဆင့် ဖြန့်ချိခဲ့တာ ရှိပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,