ရိုက်နှက်ခံရသည့်ဆရာတော်ဦးဣန္ဒက ၏တပည့်သံဃာ ၊ ဒကာများနှင့် တွေ့ဆုံခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဆရာတော်ဦးဣန္ဒက၏တပည့်သံဃာတစ်ပါးဖြစ်သော
ဦးကောသလ္လ နှင့် ဒကာ၊ရပ်မိရပ်ဖ ဦးမြင့်ကြိုင်

ကိုယ့်ရဲ့ ဥပဇ္ဈာယ်ဆရာတော်ဖြစ်နေတဲ့အတွက် ဦးဇင်းကတော့ ယုံလည်းယုံကြည်တယ်။ ကိုယ့်ဆရာတော် ဒါမျိုးလုပ်တာလည်း တစ်ခါမှ မတွေ့ဖူးဘူးဦးဇင်းတို့။ သောက်စားခြင်းဆိုတာလည်း မရှိပါဘူး သူ့မှာ။ အေးအေးချမ်းချမ်းနဲ့ တရားအားထုတ်တယ်။ အေးအေးချမ်းချမ်းနဲ့သူလုပ်စရာရှိတာ စာကိုတော့ အမြဲတမ်းရေးနေပါတယ်။ ညတိုင်းပဲ …

 

ထောက်ကြန့်မြို့၊ လမင်းသာ(၂) စားသောက်ဆိုင်တွင် နိုဝင်ဘာလ(၂၈) ရက်က ရိုက်နှက်ခံရသောဆရာတော် ဦးဣန္ဒက ၏ ဖြစ်စဉ်မှာပြည်သူများ အကြား လက်တလော ဝေဖန်မှုများစွာဖြစ်ပေါ်နေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့်မြို့နယ်သံဃနာယက အဖွဲ့တို့က အရက်လာဝယ်ခြင်းဖြစ်ကြောင်း ဆိုခဲ့ကြပြီး တဖက်ကလည်း ဆရာတော် ဦးဣန္ဒကသည် ဘာသာရေးစာပေ ကျမ်းဂန်များ ရေးသားနေသော ဆရာတော်တစ်ပါး ဖြစ်ကာ စားသောက်ဆိုင် အတွင်းသို့ အလှူခံခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုမှုများစွာ ဖြစ်ပေါ်နေသည်။

ယင်းအပြင် ထိုအခြေအနေအပေါ် မူတည်၍ အများပြည်သူ အကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် သွေးထိုး လှုံ့ဆော်မှုပြုလုပ်နေကြသည် ကိုလည်းတွေ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါ ဖြစ်စဉ်အပေါ်ဆရာတော်၏ ပြောကြားချက် ကိုသိရှိနိုင်ရန် ငြမ်းမီဒီယာအပါအဝင် မီဒီယာ(၅)ဖွဲ့ကဒီဇင်ဘာလ (၁) ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာရှိ ရမ္မာဝတီကျောင်းတိုက်ကို စုံစမ်းရှာဖွေခဲ့ရာလှည်းကူးမြို့နယ်၊ သာယာကုန်း ကျေးရွာ အုပ်စု၊ ဘုရားသုံးဆူကျေးရွာအနီး၊ငြိမ်းချမ်းသာယာတိုးချဲ့ရပ်ကွက်၊အောင်မေတ္တာလမ်းတွင် တွေ့ရှိခဲ့သည်။သတင်းမီဒီယာအဖွဲ့ရောက်ရှိချိန်တွင် ညနေ(၆း၀၀) နာရီကျော်ခန့်ရှိပြီဖြစ်ကာ ဆရာတော်ဦးဣန္ဒက၏ ကျောင်းမှာ ပိတ်ထားသည်ကိုတွေ့ရသည်။

ဆရာတော်၏ အကျင့်သီလ၊ နေမှု၊ထိုင်မှု အခြေအနေနှင့်ပတ်သက်၍ ဆရာတော်၏တပည့်ဖြစ်သူ ငြိမ်းချမ်းသာယာ တိုးချဲ့ကွက် သစ်၊ဘီ(၄)လမ်း၊ စိန်ပန်းပင်ကျောင်းတိုက်နေ အရှင်ကောသလ္လ နှင့်ဆရာတော်၏ ဒကာ၊ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ငြိမ်းချမ်းသာယာတိုးချဲ့ကွက်သစ်၊ အေ(၉)လမ်း နေ ဦးမြင့်ကြိုင်တို့နှင့် မီဒီယာအဖွဲ့က တွေ့ဆုံမေးမြန်းထားသည်။

မီဒီယာ – ဖေ့ဘုတ်ခ်မှာ ကျမ်းပြုတဲ့ဆရာတော်ဆိုပြီး ပုံတွေတွေ့ရပါတယ်။အဲဒီပုံက ဒီဆရာတော် ပါလား။

ဦးကောသလ္လ – ဟုတ်ပါတယ်။ အစစ်ပါပဲ။ သူထုတ်တဲ့ စာအုပ်လေးလည်းပြလိုက်ပါတယ်။ သူကတော့ ဦးဇင်းရဲ့ ဥပဇ္ဈာယ် ဆရာတော်။ ကြာပြီဦးဇင်းတို့ ဒီမှာဆိုလို့ှရှိရင် သူနဲ့အတူတူနေလာတာ။ ဦးဇင်းလည်းဟိုဘက်မှာ သာသနာပြုအလုပ်တွေကြောင့် ကွဲသွားတယ်။သူနဲ့ခွဲလိုက်တဲ့အချိန်မှာ ဒီလိုဖြစ်တာ။ ပထမ ဦးဇင်းလည်း မသိဘူး။မသိတဲ့အခါကျတော့ ပြီး မှ ကြည့်လိုက်တော့မှ သိတယ်။သံဃာ ကောင်းကောင်း မကောင်းကောင်း လူက လုပ်ပိုင်ခွင့်မရှိဘူး။သံဃာသည် ရဟန်းတို့မည် သည်မှာ ပရိယတ္တိ သာသနာ၊ပရိပတ္တိသာသနာ၊ ပရိဝေဒသာသနာကို စောင့်တည်နေရတဲ့အချိန်မှာ ရဟန်းသည် ကောင်းကောင်း မကောင်းကောင်း လူက လုပ်ပိုင်ခွင့်မရှိဘူး။ ရဟန်းတစ်ခုခုဖြစ်ပြီဆိုရင်သံဃနာယကရုံးကိုလျောက်မယ်၊ ရဲစခန်းကို အကြောင်းကြားမယ်။ မသင်္ကာလို့ရှိရင်။ ရဲစခန်းကို အကြောင်းကြားပြီးမှ သံဃနာယကရုံးကပဲလုပ်စရာ အကြောင်းရှိတယ်။ လူအနေနဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ဒါပေမဲ့ သူကောင်းကောင်း မကောင်းကောင်း သိတယ်။ ပြောမယ်ဆိုရင်အတုတွေလည်း ရှိတယ်။ ရဟန်းအစစ်ရှိတယ်။ ဒါပေမဲ့တုတုစစ်စစ် သံဃနာယက က လုပ်သွား လိမ့်မယ်။သူဆိုရင် ဓမ္မာစရိယ အောင်ပြီးသား။ ဦးဇင်းလည်း စိတ်တော့ မကောင်းဘူး ပေါ့နော်။ ဒီလို ဥပဇ္ဈာယ် ဆရာတော်ကို ဒီလိုမျိုးလုပ်တယ်ဆိုတော့။ ဦးဇင်းလည်း မသိပါဘူး။ ခရီးသွား နေတာ။ ခရီးသွားနေရင်းက ဖေ့စ်ဘုတ်ခ်ဖွင့်ကြည့်တော့ ဒီဥစ္စာ တက်လာတာ။ဦးဇင်းကတော့ သိလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အသံဝဲတာကို ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့အခါဆရာတော်မှန်း သိလို့ ဦးဇင်းမသင်္ကာလို့ ဆွဲပြီး ကြည့်လိုက်တယ်။ ကြည့်လိုက် တော့ ကိုယ့်ရဲ့ဥပဇ္ဈာယ်ဆရာတော်ဖြစ် နေတယ်။ဖြစ်တော့ ဦးဇင်းလည်း အနီးကလူတွေ အကြောင်းကြားပါတယ်။

ဦးဇင်းအမြင်နဲ့ပြောရရင် သူမသောက်ပါဘူး။သူဒါမျိုးတွေလုပ်တာ မတွေ့ဖူးပါဘူး။ ဦးဇင်းဆို ဒီမှာ ကြာပြီပေါ့နော်။ကြာပြီဆို ဒီရောက်တာ တစ်မိုးရှိသွားပြီ။ ဦးဇင်း ဒီမှာ ရဟန်းခံတော့လည်း သူလိုက်ပေးတယ်။ သူအဲလိုမျိုး မသောက်ပါဘူး။ သောက်တာတော့ဦးဇင်း မတွေ့ဘူး။ သူစာရေးတာပဲ ဝါသနာပါတယ် …

အောင်မင်္ဂလာကျောင်း ပေါ့။ ဦးဇောတိကကို ဦးဇင်းတို့ ချိတ်ဆက်တယ်။ဦးဇောတိက ဒီလို ဒီလိုရှိတယ်ဆိုတော့ အဲဒါဆိုရင် သွားကြည့်မှဖြစ်မယ်ဆိုပြီး ဦးဇင်းတို့ ရှာတယ်။ ဒီနေ့ဆို ဦးဇင်းက ပြန်ရောက်တာ(၃) ရက်။ (၃)ရက်အတွင်းကို ဒီမှာ လာလာကြည့် တယ်။ မရှိဘူး။(၃) ရက်အတွင်းမှာ သူပျောက်နေတယ်။ ဒီသတင်းကို ဦးဇင်းတို့လည်းစပ်ဆက်ပြီး လိုက်နေတယ်။သူ့အကြောင်း ကို မကောင်း ကြောင်းတွေပဲပြောတယ်ပေါ့နော်။ ဒါပေမဲ့ ဆရာတော်က မဟုတ်ပါ။ အေးပါတယ်။သူလုပ်သင့်တဲ့အလုပ်ကို လုပ်တယ်။ တရားစာရေးတယ်။တရားစာရေးတဲ့အခါ ဆွမ်းခံတွေ ဘာတွေလည်း မကြွပါဘူး။ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခုတော့ ရှိတယ် ပေါ့နော်။ သူအလှူခံတာ ဦးဇင်းတို့တွေ့ဖူးပါတယ်။ အလှူခံတာ တွေ့တယ်ဆိုတာလည်းသူ့ကျောင်းအတွက်ပါ။ ချက်ပြုတ်ပြီးစားရတဲ့ အတွက် အလှူခံပါ တယ်။ဦးဇင်းတို့လည်း တွေ့တယ်။ ဒါပေမဲ့ သူပြောတဲ့စကားသံကိုဦးဇင်း ဖေ့စ်ဘုတ်ခ်က ကြားလိုက်ရ တဲ့အခါကျတော့ အရက်ဆိုင်မှန်းမသိလို့ ဝင်သွားတာ။နောက်ဆုံးကျတော့ လည်း ဒါဆိုရင်တော့တစ်ခုတော့ ရှိတာပေါ့။ ဆရာတော်က အသက်ကြီးတဲ့အခါကျတော့သူတို့အနေနဲ့ ဗွေမယူသင့်ဘူး။လူတွေ အနေနဲ့ ဗွေမယူ သင့်ဘူး။အသက်ကြီးတဲ့သူဆို ငယ်စိတ်ဖြစ်သွားတယ်လေ။ ငယ်စိတ်ဖြစ်သွားတဲ့အခါကျတော့ အဲလိုမျိုး ဗွေယူဖို့ လည်းမသင့်ပါဘူး။ ဒါပေမဲ့ ဒီထက်မကဆိုးဝါး လာရင်တော့ အကုန်လုံးက ဘာမှ လုပ်လို့ မရတော့ပါဘူး။လူတွေက သံဃာတွေကိုမှ မယုံကြည်လို့ရှိရင် ကျန်တဲ့ သံဃာတွေ လည်း ထိခိုက်တယ်ပေါ့နော်။ တစ်ပါးအတွက်နဲ့။ ဆရာတော်ကတော့ အားနည်းချက် အားသာချက်အနေနဲ့ကတော့ တရားအား ထုတ်တယ်။ စာရေးတယ်။သူ့ဟာနဲ့သူ ကြိုးစားတယ်။ ဦးဇင်းရဲ့ ဥပဇ္ဈာယ် ဆရာတော်ကို ထိတဲ့အခါကျတော့ ဦးဇင်းလည်း မခံနိုင်ပါဘူး။ မခံနိုင်ပေမယ့်ဒီသတင်းကို လိုက်ချင်တယ်။ ကိုယ့်မှာ နောက်က လိုက်ပေးမယ့် သူမရှိလို့ဒီအတိုင်းပဲ ရပ်ကြည့်နေတာ ပေါ့နော်။

မီဒီယာ – ဘုန်းဘုန်းအနေနဲ့ ရှက်ပြီး ထွက်သွားတာမျိုးရော ဖြစ်နိုင်မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးကောသလ္လ – အဲလိုလည်းတွက်ပါတယ်။ဆရာတော်အနေနဲ့ အသက်လည်း ကြီးပြီ ဆိုတော့ ကယောင်ကတမ်းနဲ့လည်း
သူ ကြောက် သွားမှာပေါ့။ သူကြောက် သွားပြီးတော့ ဘေးကိုပဲရှောင်ထွက် သွားတာလား။ဒါမှမဟုတ်လည်း ဆက်ပြီးမပြော ချင်လို့။ဒါမှမဟုတ် သူတစ်ခုခု လုပ်ဖို့ သံဃနာယက တွေနဲ့ညှိနှိုင်းပြီးသူ့တပည့်တွေနဲ့ ဆောင်ရွက်နေသလားတော့ ဦးဇင်းလည်း မသိဘူး။ဒါပေမဲ့သေချာတာ တစ်ခုကတော့ ဆရာတော်ကတော့ ဒီမှာသီတင်းသုံးတယ်ဆိုတာသေချာပါတယ်။ဒီမှာကျောင်းဆောင် လည်း ရှိတယ်။ ရမ္မာဝတီလို့ရေးထားပါတယ်။သူ့ကျောင်းကို။ သူ့မှာအားနည်းချက်ရှိတာက တော့ အလှူတော့ ခံတယ်ပေါ့နော်။ ဦးဇင်းတို့ သိတာက။ အဲလို ဘာလို့ အလှူခံလဲဆိုရင်သူ့မှာ ဆွမ်းကပ်မယ့်သူ ဒီနားက ဒကာ ဒကာမတွေလည်း မရှိဘူး။ဆင်းရဲတော့ ဘယ်သူ့ဆီ မှာမှ သူအလှူ မခံပါဘူး။ ဆွမ်းလာပို့ရင် စားမယ်။ဘေးကပဲ ခံမယ်ပေါ့နော်။ ဆိုလိုရင်း အဓိပ္ပါယ်က တစ်ခုတော့ ရှိတာပေါ့။ရဟန်းတော်တို့ မည်သည်မှာ ဆွမ်းခံတဲ့သူရှိမှလည်း လောင်းတဲ့သူလည်း ရှိမှာပေါ့။ ဒါကြောင့်မို့ အလှူခံတာကို မလုပ်သင့်တဲ့ အရာကိုလုပ်ပစ်လိုက်တယ်။ ဦးဇင်းတို့လည်း မခံမရပ် နိုင်ဖြစ်တယ်။ဒါပေမဲ့ မခံမရပ်ဖြစ်ပေမယ့် ဦးဇင်းတို့က ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ဒါက သံဃနာယက ရုံးက လုပ်ပေးစေ့ချင်ပါတယ်။

 

သူ့ရဲ့ အသံက သူအမြဲတမ်း ဦးဇင်းတို့က စကား မှား သွားပြီ ဆိုရင်သူက အမှားမခံဘူး။ “ရိုး ရိုး ရိုး ရိုး ရိုး” အမြဲတမ်း အဲဒီစကား ပြောတယ်။ ဦးဇင်းကြည့်လိုက်တဲ့အချိန်မှာ သူ့အသံ ဖြစ်နေပါလား ဆိုတာသိလိုက်တယ်။ ဦးဇင်းက အသံနဲ့ အရင်ဆုံးသိလိုက်တာပေါ့ …

မီဒီယာ – ရဲစခန်းရဲ့ပြောဆိုချက်မှာရော၊ သံဃနာယကအဖွဲ့ရဲ့လက်မှတ်ထိုးထားတဲ့ ခံဝန်မှာရော အရက်သေစာ    သောက်တယ်၊အရက်ဝယ်တယ်ဆိုတာ ပါနေတယ်။ အဲဒီအပေါ်မှာရော ဘုရား။

ဦးကောသလ္လ – ဒါကတော့ ဦးဇင်းအမြင်နဲ့ပြောရရင် သူမသောက်ပါဘူး။သူဒါမျိုးတွေလုပ်တာ မတွေ့ဖူးပါဘူး။ ဦးဇင်းဆို ဒီမှာ ကြာပြီပေါ့နော်။ကြာပြီဆို ဒီရောက်တာ တစ်မိုးရှိသွားပြီ။ ဦးဇင်း ဒီမှာ ရဟန်းခံတော့လည်း သူလိုက်ပေးတယ်။ သူအဲလိုမျိုး မသောက်ပါဘူး။ သောက်တာတော့ဦးဇင်း မတွေ့ဘူး။ သူစာရေးတာပဲ ဝါသနာပါတယ်။ အလှူခံတာလေးတွေပဲ တွေ့တယ်။ ဒီမှာဆို သူ အလှူမခံပါဘူး။ မြို့ထဲမှာ တော့ သွားအလှူခံတယ်။ အလှူခံတာလေးတွေတော့ ဦးဇင်းတွေ့တယ်။ ဆရာတော် မပြည့်စုံဘူးလား ဆိုတော့ အေးပေါ့၊ ငါမပြည့်စုံဘူး။ လိုအပ်တာရှိလည်း ဒီနားကသံဃာတွေကို ပြောပါတယ်။ ငါတော့ ဘာတွေ ဘာတွေလုပ်ချင်တယ်။ ငါ့ကျောင်းမှာ မပြည့်စုံဘူး။ သူအမြဲတမ်းပြောပါတယ်။ အဲဒီစကားတော့။

မီဒီယာ – အလှူခံသွားရင်ရော ဘယ်လိုသွားလဲဘုရား။

ဦးကောသလ္လ – ဦးဇင်းအနေနဲ့ကတော့ ဦးဇင်းက ဆိုင်ကယ်နဲ့ပဲ သွားလို့ရမှာပဲ။ ခြေကျင်လျောက်ပြီး ဆိုရင်တော့ နည်းနည်းဝေး မယ်။ ဒါပေမဲ့ ဦးဇင်းတို့မသိဘဲသွားရင်တော့ တမျိုးပေါ့။ ဒီတိုင်းဆိုရင်တော့ ဆိုင်ကယ်နဲ့ သွားရမှာပဲ။ဒါမှမဟုတ် လမ်းကြုံရင်း မတ်တပ် သူ့ကျောင်းလေးအတွက် ပြည့်စုံအောင်အလှူခံလားတော့ မသိဘူးပေါ့နော်။ မြို့ထဲသွားရင်း မတ်တပ်ကနေ အပြန်လမ်း လည်းကြုံတယ်၊ မပြည့်စုံတာလေးတွေရှိတယ်ဆိုပြီးများအလှူခံလားတော့ ဦးဇင်းလည်း မသိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ဥပဇ္ဈာယ် ဆရာတော် ဖြစ်နေတဲ့အတွက် ဦးဇင်းကတော့ ယုံလည်းယုံကြည်တယ်။ ကိုယ့်ဆရာတော် ဒါမျိုးလုပ်တာလည်း တစ်ခါမှ  မတွေ့ဖူးဘူးဦးဇင်းတို့။ သောက်စားခြင်းဆိုတာလည်း မရှိပါဘူး သူ့မှာ။အေးအေးချမ်းချမ်းနဲ့ တရားအားထုတ်တယ်။ အေးအေးချမ်းချမ်းနဲ့သူလုပ်စရာရှိတာ စာကိုတော့ အမြဲတမ်းရေးနေပါတယ်။ညတိုင်းပဲရေးတယ် စာကိုတော့။

မီဒီယာ – ဦးဇင်းအနေနဲ့ အခု ဖေ့စ်ဘုတ်မှာပြောနေတဲ့ ဆရာတော်ဟာ ဦးဇင်းရဲ့ဆရာတော်ဆိုတာ အတည်ပြုပါသလားဘုရား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးကောသလ္လ – ဦးဇင်းသိတာတော့ ပုံတင်တဲ့ အပေါ်မှာ လူတွေကစာအုပ်ကလေးနဲ့ ပုံလေးတင် လိုက်တယ်။အဲဒီ ပုံကလေး။ အဲဒီပုံလေးကတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့စာအုပ်မျက်နှာဖုံးမှာ ဦးဇင်းကြည့်လိုက်လို့ပါ။ လူပုံစံကတော့ဦးဇင်းတို့ က သေချာမမြင်ရဘူး။ ဘာလို့လဲဆိုတော့ ခေါင်းအောက်စိုက်နေတာကိုး။ ခေါင်းအောက်စိုက်  နေတာဆိုတော့ လူပုံစံတော့ သေချာမမြင် လိုက် ရဘူး။ ဒါပေမဲ့ စာရွက်ထဲကတော့ သေချာတယ်။ဦးဇင်းတို့ လိုက်ကြည့်တာ မျက်နှာဖုံးမှာ။ သူ့စာအုပ် တွေလည်း ဦးဇင်း သေချာ ရှာခိုင်းထားတယ်။ ရှာပြီးတော့ ဦးဇင်း ပြပါ့မယ်။လောလောဆယ်ဦးဇင်းဆီမှာ မရှိလို့။

မီဒီယာ – ဒါဆိုရင် ဦးဇင်းအနေနဲ့ စာအုပ်လေးထဲကပုံရယ်၊အခင်းဖြစ်တဲ့ ဗီဒီယိုက အသံရယ်ကြောင့် ဘုန်းဘုန်းလို့
သိလိုက်တာပေါ့။

ဦးကောသလ္လ – ဟုတ်ပါတယ်။ သိလိုက်ပါတယ်။ ဘာလို့လဲဆိုတော့သူ့ရဲ့ အသံက သူအမြဲတမ်း ဦးဇင်းတို့က စကား မှား သွားပြီ ဆိုရင်သူက အမှားမခံဘူး။ “ရိုး ရိုး ရိုး ရိုး ရိုး” အမြဲတမ်း အဲဒီစကား ပြောတယ်။ ဦးဇင်းကြည့်လိုက်တဲ့အချိန်မှာ သူ့အသံ ဖြစ်နေပါလား ဆိုတာသိလိုက်တယ်။ ဦးဇင်းက အသံနဲ့ အရင်ဆုံးသိလိုက်တာပေါ့နော်။အသံနဲ့သိပြီး မှ ဦးဇင်း တစ်ရက်လို က်ကြည့်လိုက်တယ်။ ကြည့်ပြီးတော့ ဦးဇင်းမသေချာသေးဘူး။ နောက်ရက် ဆက်တက်လာတယ်။စာရွက်လေး တစ်ရွက်။ အဲဒီမှာ မှတ်ပုံတင်ပုံစံမျိုး သေးသေးလေးပေါ့နော်။အဲဒါကိုမြင်တော့ ဦးဇင်းသိလိုက်တယ်။ အဲကျမှ သိလိုက်တယ်။

မီဒီယာ – အဲဒီစာရွက်မှာ လက်မှတ်ထိုးထားတာရှိတယ်။ အဲဒါကရောဘုန်းဘုန်းလက်မှတ်လို့ ဦးဇင်းအနေနဲ့ အတည်ပြုပါ သလား။

ဦးကောသလ္လ – အဲလိုတော့ ဦးဇင်း အတည်တော့ မပြုတတ်ဘူး။ဘာလို့လဲဆိုတော့ လက်မှတ်တွေ ကျတော့ ဦးဇင်းက သိပ်မသိဘူး။

မီဒီယာ – အဲဒီမှာပါတဲ့ မှတ်ပုံတင်က ဓာတ်ပုံလေးကတော့ဒီဘုန်းဘုန်းဆိုတာ သိတယ်ပေါ့။

ဦးကောသလ္လ – သိပါတယ်၊ ဟုတ်ပါတယ်။ ဦးဇင်းရဲ့ ဆရာတော်ဆိုတာသိလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ဦးဇင်းတို့ကျတော့ ဒီမှာ ဒါရိုက်ဖူးနေရတာဆိုတော့ အဲစာရွက်လေးကြည့် လိုက်တော့ သိလိုက်တယ်။ ထိုးကြိတ်တဲ့နေရာမှာတော့ မျက်နှာတော့ မမြင်ရဘူး။ အသံကိုတော့ဦးဇင်းက မှတ်မိတယ်။ ဦးဇင်းတို့ သူ့ကို စကားတစ်ခုခုပြောတော့မယ်ဆိုရင် ကိုယ်မှားနေပြီဆိုရင် သူက အရင်ဆုံးပြောတယ်။ “ရို့ ရို့ ရို့ ရို့” ။သူက အဲလိုမျိုး အမြဲတမ်းပြောပါတယ်။ အဲလိုအသံကို ကြားလိုက်လို့ဦးဇင်း သိလိုက်ပါတယ်။ ပထမလှည်းကူးမြို့နယ် ဆိုတဲ့အသံကိုကြားတော့ဦးဇင်း သတိထားလိုက်ပါတယ်။ ကိုယ့်မြို့နယ်ဆိုပြီး သတိထားလိုက်တဲ့အခါကျတော့ ဦးဇင်းလည်း ကြည့် လိုက်တယ်ပေါ့။ ကြည့်လိုက်တဲ့အခါဒီအသံထွက်လာတော့ သူဆိုတာ အတည်သိလိုက်ပါတယ်။ သိလိုက်တဲ့အခါဦးဇင်း ဦးဇောတိကတို့ ကိုယ့်ဆရာတော်တွေကို လှမ်းချိတ်တယ်။ဒီလိုဒီလိုဟုတ် လားဆိုတော့ သူတို့ကလည်း ပြောပါတယ်။ ဦးဇင်းကိုလိုက်ပြီး လှုပ်ရှားခိုင်းတယ်။ ဒီဥစ္စာလေး နည်းနည်းလေ့လာခိုင်းတယ်။ ဦးဇင်းကလည်း ဟိုဘက်မှာ ကျောင်းထိုင်ဖို့လှုပ်ရှားနေတဲ့အတွက်သိပ်ပြီး မလိုက်ဖြစ်ဘူး ဒီသတင်းကို။ ဒါပေမဲ့ ဆရာတော့်ကို ယုံကြည်တယ်။ မေးတဲ့ သူရှိတဲ့ အတွက် ဖြေရတာ ဝမ်းလည်းသာတယ်။ ဦးဇင်းဆက်ပြီးတော့အမြန်ဆုံး အကောင်အထည်ပေါ်စေ့ချင်တယ်။ အမှန်တရားနဲ့ ရင်ဆိုင်စေ့ချင်ပါတယ်။

သူနေတာကတော့ အေးအေးပဲ။ စာရေးတာပဲ။ တရားတွေဘာတွေဟောတယ်။ ဟောပေမယ့် ဗမာလူမျိုးမဟုတ်တော့၊
တိုင်းရင်းသားဆိုတော့ ရခိုင်က ရခိုင်လေသံနဲ့ကျတော့ တရားဟောတဲ့နေရာကျတော့ ဗမာသံ သိပ်မထွက်ဘူးပေါ့။ နည်းနည်းဝဲတယ်၊ ဝါးတယ်ပေါ့။ ကျန်တဲ့အပိုင်းကတော့ ပဌာန်းတို့ ဘာတို့ကစပြီးတော့ အကုန်လုံးဘယ်ကျောင်းပင့်ပင့် ပဌာန်းပွဲ၊ သာသနာနဲ့ သက်ဆိုင်တဲ့ပွဲ ဝါတွင်း ဒီမှာအေ(၁၁) လမ်းထဲမှာဆိုရင် …

မီဒီယာ – ဦးနာမည်လေးအရင်စပြောပါဦး။

ဦးမြင့်ကြိုင် – ဦးနာမည်က ဦးမြင့်ကြိုင်ပါ။ ဦးက ဟိုဘက် ငြိမ်းချမ်းသာယာအေ(၉) လမ်းမှာနေ ပါတယ်။ ဒီမှာတော့ သာသနာရေးနဲ့ ပတ်သက်လို့အဘ ရပ်မိရပ်ဖတစ်ယောက်ပါပဲ။ ဘာသာရေးနဲ့ ပတ်သက်လို့။

မီဒီယာ – ဒီကျောင်းတိုက်က ဆရာတော် ရိုက်နှက်ခံရတာ ဘယ်လိုသိရတာလဲ။

ဦးမြင့်ကြိုင် – ပထမရက်ကတော့ ဒီဘုန်းကြီးမှန်း မသိလို့လေ။လိုင်းပေါ်မှာတော့ တွေ့မိတယ်။အဘ မနေ့တုန်းကပဲဒီအကွက်ကို ပြန်ရောက်တယ်။ ဟိုဘက်မှာလည်း အဘ ဘာသာရေးလုပ်ငန်းတွေလုပ်နေရတာရှိလို့။ အဲဒီတော့ ပြန်ရောက်တဲ့အချိန်မှာ မနေ့တုန်းက တစ်နေကုန်ဝင်ကြည့်တယ်။ မတွေ့ဘူး။ ဒီနေ့တစ်နေကုန်ကြည့်တယ်။မတွေ့ဘူး။ မတွေ့တော့စိုးရိမ်ပြီးတော့ ဒီနေ့ဆို (၄)ခေါက် လောက်ရှိပြီ။ဒီနေရာကို ရောက်တာ။

မီဒီယာ – ဆရာတော်က ဒီမှာ သီတင်းသုံးတာ ကြာပြီလား။

ဦးမြင့်ကြိုင် – သီတင်းသုံးတာ ကြာပါပြီ။ ပဌာန်းတို့ ဘာတို့ ပင့်တာဖိတ်တာအကုန်လုံး ကြွ ဖြစ်တယ်။ ဆရာတော်ရဲ့သက်တော်က (၆၇)နှစ်၊ ဝါတော်က(၄၇)ဝါ။ ဓမ္မာစရိယ ကျမ်းပြုနေတဲ့အချိန် သူထုတ် တဲ့စာအုပ်တွေလည်း တော်တော်များများရှိတယ်။ အဲဒီတော့ ပထမ ဖယောင်းတိုင်လေးနဲ့ရေးနေတဲ့ အချိန်။ ဟိုအပေါ်က ဆိုလာတို့၊ မီးတို့ဆိုရင် ဗေဒင်ဆရာမတစ်ဦးကနေ ပြီးတော့ ဆင်းရဲတဲ့ကျောင်း လှူချင်တယ်ဆိုတော့ အဘတို့ကိုယ်တိုင် ဒီမှာလိုက်လာပြီး ပြပေးတယ်။ စာရေးတဲ့ ဘုန်းကြီး။ မီးလေး ဘာလေးနဲ့ ပေါ့နော်။ အဲလိုနေပါတယ်။ သူတစ်ပါးတည်း။ ပျောက်နေတော့၊ အကျိုး အကြောင်းလဲ မသိရဘူးဖြစ်နေတော့ ဘယ်လို ဖြစ်လို့လဲပေါ့။ ဘုန်းကြီးပါ မတွေ့တော့စိတ်ပူတဲ့အပိုင်းလေး ရှိတယ် ပေါ့။ မနေ့တုန်းကရော၊ ဒီနေ့ရောဒီကျောင်း ဘက် လာလာလှည့်ကြည့်တယ်။ အခု မီဒီယာအဖွဲ့နဲ့တွေ့တဲ့အချိန် တကယ်လို့မတွေ့ရင် ဓာတ်ပုံလေး ဘာညာရိုက်ပြီးမေးသင့်တဲ့နေရာ တွေ အဘလိုက်မေး မယ်။ အဲဒီလို တွက်လာတာပါ။

မီဒီယာ – မတွေ့တာ မနေ့က စပြီး မတွေ့တာလား။

ဦးမြင့်ကြိုင် – အဘက မနေ့တုန်းက ပြန်ရောက်တာ။ မနေ့တုန်းကအဘရောက်တဲ့အချိန် လာကြည့် တယ်။ ဒီနေ့တစ်နေကုန်ကြည့် တယ်။ကျောင်းက ပိတ်ထားလျက်ပဲ။ ဆရာတော်ရဲ့ဇာတိက ရမ်းဗြဲဇာတိလို့ပြောပါတယ်။ ဒီမှာတစ်ပါးတည်းပဲ။ တစ်ခါတလေကျတော့ သူ့မိတ်ဆွေရဟန်းသံဃာ လာတယ်။ အာဂန္တုတွေ လာတယ်။ ဝါတွင်းလည်းဒီမှာပုံမှန်။ အကုန် ဝါဆိုသံဃာစာရင်း ရှိပါတယ်။ အပြည့်အစုံ။

မီဒီယာ – အဘအနေနဲ့ ဒီဘုန်းဘုန်းကို ဘယ်နှခုနှစ်ကတည်းက စသိတာလဲ။ သူ့ရဲ့နေထိုင်ပုံကိုရော အဘအနေနဲ့ ဘယ်လို မြင်မိလဲ

ဦးမြင့်ကြိုင် – သူနေတာကတော့ အေးအေးပဲ။စာရေးတာပဲ။တရားတွေဘာတွေဟောတယ်။ ဟောပေမယ့်ဗမာလူမျိုး မဟုတ် တော့၊တိုင်းရင်းသားဆိုတော့ ရခိုင်က ရခိုင်လေသံနဲ့ကျတော့ တရားဟောတဲ့နေရာကျတော့ ဗမာသံ သိပ်မထွက်ဘူးပေါ့။ နည်းနည်းဝဲတယ်၊ ဝါးတယ်ပေါ့။ ကျန်တဲ့အပိုင်းကတော့ ပဌာန်းတို့ ဘာတို့ကစပြီးတော့ အကုန်လုံး ဘယ်ကျောင်းပင့်ပင့် ပဌာန်းပွဲ၊ သာသနာနဲ့ သက်ဆိုင်တဲ့ပွဲ ဝါတွင်း ဒီမှာအေ(၁၁) လမ်းထဲမှာဆိုရင် ဥပုသ်နေ့တိုင်း     ဆွမ်းလောင်း ပွဲရှိတယ်။အမြဲတမ်းကြွ တယ်။အသက်ကလည်း ကြီးနေပြီ၊ ပျောက်လည်းနေတယ်ဆိုတော့ စိုးရိမ်တာပါ။

မီဒီယာ – ဘုန်းဘုန်းနဲ့ပတ်သက်ပြီး အဘတို့ရပ်ကွက်ထဲမှာ ကောင်းသတင်း၊မကောင်းသတင်း ဘယ်လိုရှိလဲ။

ဦးမြင့်ကြိုင် – ဘုန်းဘုန်းက ဒီအတိုင်းပဲလေ။ ဆွမ်းခံ ဘာ ညာ သံဃအလုပ်၊သံဃာအတိုင်းပဲ လုပ်တယ်လေ။ ဒီပြင်ကိစ္စတော့ ဘာမှ မရှိဘူး။ပဌာန်းတွေ ဘာတွေပင့်၊ ပင့်တဲ့နေရာအထိ လိုက်ကြွတယ်။သူ့ဟာလေးနဲ့သူ တစ်ခါတလေကျရင် ချက်ပြုတ်စားနေတယ်။ တွေ့တာအဲဒီလိုပဲ တွေ့ပါတယ်။ မိုးရော၊ နွေရော ဒီမှာ အမြဲတမ်းပဲ ရှိပါတယ်။ပျောက်တာ အခုရက်ပိုင်းမှ ပျောက်သွား တာ။

မီဒီယာ – ဆွမ်းခံကြွတာ တွေရောရှိလား။

ဦးမြင့်ကြိုင် – နေ့ဆွမ်းမခံဘူး။ နေ့ဆွမ်းချက်စားတယ်။ အရုဏ်ဆွမ်းကျတော့ ဒီမှာဆွမ်းလောင်းတဲ့ အသင်းလေးတွေရှိတယ်။ ကြာသပတေး၊သောကြာ ဆွမ်းပတ်ရှိတယ်။ နောက် ဥပုသ်နေ့တိုင်း ဒီကွက်သစ်လေးမှာဆွမ်းပတ်ရှိတယ်။ ဒီနှစ်မှ စရှိတာ။ အဲဒီဆွမ်းပတ်တွေ ကြွတယ်။နေ့ဆွမ်းကျတော့ ချက်စားတယ်။ ဒီအနီးအနားက ချက်ပြုတ်ပြီးခေါ်ကပ်ပေါ့။ ဘုန်းကြီးကလည်း တော်တော်အသက် အရွယ် အိုပါပြီ။(၆၇) ဆိုတော့ တော်တော်အိုပါပြီ။

မီဒီယာ – အဘတို့အနေနဲ့ ဖေ့စ်ဘုတ်ခ်မှာ ဒီလို သတင်းကြားလိုက်တော့ဘယ်လိုမျိုး မြင်ရလဲ။ ဘယ်လိုမျိုးသိလဲ။

ဦးမြင့်ကြိုင် – ပထမအနေနဲ့ကတော့ ရိုက်တယ် ဘာညာဆိုတော့အဘတို့ ဖွင့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဆရာတော်ကိုသဲသဲကွဲကွဲ မတွေ့လိုက်တဲ့အတွက် ဒီဆရာတော်ပဲလို့ မတွက်ဘူး။အဘ မနေ့တုန်းက ပြန်ရောက်တော့ ဦးဣန္ဒက ကြီးဆိုတော့ဘုန်းကြီး အစစ် အမှန်ကို ဘာလို့လုပ်တာလဲ။ အဘတို့လည်းသွားလာနေတာပါ။ သာသနာရေးနဲ့ ပတ်သက်လို့ကကောင်းတဲ့ ကိုယ်တော်လည်း ကောင်းသလို ဘေးကနေသာသနာရေးနဲ့ပတ်သက်လို့ အထောက်အပံ့ပေးတယ်။မဟုတ်က ဟုတ်က ကျတော့လည်း အဘတို့ကိုယ်တိုင်ကို ကြဉ်တာပေါ့။

ငြမ်းမီဒီယာ
ဒီဇင်ဘာ(၂)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,