ရုရှားတွင် မြန်မာ့တပ်မတော်သား (၄)ဦး ကိုဗစ် ရောဂါပိုးကင်းစင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Jaunt And Joy

ရုရှားနိုင်ငံတွင် COVID-19 ပိုး ကူးစက်ခံရသည့် မြန်မာ့တပ်မတော် သင်တန်းသား အရာရှိ(၅) ဦး အနက် (၄) ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရတော့ဘဲ ရောဂါပိုး ပျောက်ကင်းခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသည့် တပ်မတော်သား (၅) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း တပ်မတော် က ဧပြီ ၂၉ ရက်နှင့် မေ ၃ ရက်နေ့တို့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်မတော်သား (၅) ဦးအား ရုရှားကျန်းမာရေး ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပြီး ထပ်မံ စစ်ဆေးခဲ့ရာ (၄) ဦးတွင် ရောဂါပိုးမတွေ့ရှိတော့ဘဲ ရောဂါပိုး ပျောက်ကင်း ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျန်ရှိနေသည့် တပ်မတော်သား (၁) ဦး သည် လည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများခံယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်ဟု တပ်မတော် က ဆိုသည်။

နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်တာဝန် ထမ်းဆောင်နေသည့် စစ်သည်တစ်ဦးတွင်လည်း COVID-19 ရောဂါပိုး တွေ့ရှိ ခဲ့ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန် လျက် ရှိသည်ဟု မေလ(၄) ရက်နေ့က တပ်မတော်က လွှင့်တင် ထား သည့် မြဝတီသတင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရာရှိကြီးများ၊ ၎င်းတို့၏မိသားစုဝင်များ အားလုံးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ ၅၅ ရာခိုင်နှုန်းကျော်အား COVID-19 ရောဂါပိုး စစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့(မတွေ့) ရှိကြောင်း မေလ(၁၂) ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

တပ်ချုပ် COVID-19 ရောဂါပိုးစစ် ၊ ရောဂါပိုး မရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,