ရေကျော် City Mark မှာ ဓားနဲ့ထိုးပြီးလုယက်တယ်ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အဒေါ်ကြီးမှာလည်း ဒဏ်ရာရသွားတယ်။ ကောင်မလေး မှာ လည်း လက်မှာ ပတ်တီးစည်းထားတယ်။ အဲဒီလိုဖြစ်တာ။ လုတာတွေဘာတွေ …

သြဂုတ်လ (၂၈) ရက်နေ့ ညနေပိုင်းလောက်က ပုစွန်တောင်၊ ရေကျော် City Mark အမျိုးသမီး အိမ်သာအတွင်းမှာ အမျိုးသမီးငယ် တစ်ဦးက ဓားနဲ့ထိုးပြီး လုယက်တယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်းကို ပြောပြလိုပါတယ်။

သည်သတင်းအမှားဟာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး ဖေ့စ်ဘွတ်ခ် အကောင့်တွေ၊ ဂရုတွေ၊ Page တွေမှာလည်း မျှဝေဖော်ပြနေကြ ပါတယ်။

သည်သတင်းနဲ့ပတ်သက်ပြီး ငြမ်းမီဒီယာက အမှား၊ အမှန် စစ်ဆေးဖို့အတွက် ပုစွန်တောင်မြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းထံကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ သတင်းအမှားသာဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“အမျိုးသမီးငယ်တစ်ယောက်ရယ်၊ အသက် (၅၀) ကျော် (၆၀) လောက်ရှိတဲ့ အမျိုးသမီးကြီး တစ်ယောက်ရယ်ပေါ့။ အဲ့ဒီအမျိုးသမီး အိမ်သာမှာ ကောင်မလေးက ဖုန်းမေ့တာကို ပြန်ယူတယ်။ ယူတဲ့အခါမှာ အသက်ကြီးတဲ့အမျိုးသမီးကနည်းနည်း ပြောလိုက်တာပေါ့။ စည်းကမ်းမရှိဘူး ဆိုတဲ့ပုံစံပေါ့။ ကောင်းမလေးကလည်းခံပြောတယ်။ အဲဒီမှာ ရန်တွေဖြစ်ပြီး အဒေါ်ကြီးတပ်ထားတဲ့ မျက်မှန် ကျိုးသွား တယ်။ ကျိုးတဲ့မျက်မှန်ကိုင်းနဲ့ ပြန်ထိုးတယ်လို့ ကြားတယ်။ အဒေါ်ကြီးမှာလည်း ဒဏ်ရာရသွားတယ်။ ကောင်မလေး မှာ လည်း လက်မှာ ပတ်တီးစည်းထားတယ်။ အဲဒီလိုဖြစ်တာ။ လုတာတွေဘာတွေမဟုတ်ပါဘူး” လို့ ပုစွန်တောင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

ပြည်တွင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven Media မှာတော့ ဒီသတင်းနဲ့ပတ်သက်လို့ ရဲစာကို ကိုးကားပြီး “ ပုစွန်တောင်မြို့နယ် City Mark ရှိအမျိုးသမီး သန့်စင်ခန်း အတွင်း စကားများ ရန်ဖြစ်ပြီး အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး မျက်မှန်ကိုင်းကျိုးဖြင့် ထိုးခံရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြထားပါတယ်။

ကနဦးမှာ သည်သတင်းနဲ့ပတ်သက်တဲ့ သတင်းအမှားကို တစ်ဆင့်ပြန်လည်ဖော်ပြသူတွေ၊ မျှဝေသူတွေအများအပြား ရှိခဲ့ တာကြောင့် သတင်းအမှားဟာ ပျံနှံ့မှုမြန်ခဲ့ပြီး လူမှုကွန်ရက် အသုံးပြုသူတွေကြား စိုးရိမ်ထိတ် လန့်စရာ သတင်း တစ်ခုဖြစ်ခဲ့ ပါတယ်။

လူမှုကွန်ရက်အသုံးပြုမှုကျယ်ပြန့်လာတဲ့ ယနေ့ အချိန်မှာ သတင်းအမှားတွေကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဖြန့်ချိ ကြသူတွေ ရှိနေတာကြောင့် ထိလွယ်ရှလွယ် သတင်းတွေနဲ့ပတ်သက်ရင် သတိထားပြီးမျှဝေဖို့လိုအပ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,