ရောဂါ ပျံ့ပွားမှု ဖြစ်လာရင် ပညာရေးဝန်ကြီးက တာဝန်ယူမလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ညွှန်ကြားချက်နဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံနဲ့က သဟဇာတ လာမဖြစ်ဘူး။အကွာအဝေး လာဖြစ်တယ်။ ဝေးတာပေါ့။ အဲဒါကို ဖြေရှင်းဖို့ …

ဇူလိုင်လအတွင်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြေ ရှိနေပြီး ကိုဗစ်ကာလ ကျောင်းများ ပြန်ဖွင့်မည့် အပေါ် မိဘများ အနေဖြင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ ယင်းအပြင် ယခု အခြေအနေ အရ အောက်ခြေတွင်တာဝန်ထမ်းဆောင် ရမည့် ဆရာ၊ဆရာမ များတွင်လည်း အခက်အခဲများ စွာ ရှိနေသည်ကို သိရသည်။ ကျောင်းသား၊ကျောင်းသူများ အတွက် ဘေးကင်းသော၊ အန္တရာယ်ကင်းသော ဝန်းကျင်၊ စာသင်ခန်း ဖြစ်ရန်မှာမူ ထောင့်ပေါင်းစုံမှ စိန်ခေါ်မှုများစွာ ရှိနေသည်။ ထိုအခြေအနေ များနှင့် ပတ်သက်၍ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာအာကာမိုးသူ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းခဲ့သည်။

AKMT / အရှေ့တိုင်းပညာဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာအာကာမိုးသူ

ကျောင်းစဖွင့်ဖြစ်ရင် Risk ယူရာကျတယ်။ ပြီးရင် ဘယ်လောက် အထိ တာဝန်ယူနိုင်လဲ။ ရောဂါ ပျံ့ပွားမှု ဖြစ်လာရင် …

ငြမ်းမီဒီယာ – အခု လာမယ့် ဇူလိုင်လမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ အခြေအနေရှိနေတော့ ကျောင်းကိုလာမယ့် ကလေးတွေအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်၊အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်၊ ပြီးတော့ လုံခြုံအန္တရာယ်ကင်းတဲ့ စာသင်ကျောင်း၊စာသင်ခန်း ဖြစ်လာနိုင်ပါ့မလား။

Dr.AKMT – အခုကတော့ ဖြစ်ဖို့ခဲယဉ်းတယ်။ နယ်ကကလေးတွေရောပေါ့။ ကျောင်းက ထုထည်ကြီးတယ်လေ။ အခြေခံပညာရေး အဝန်းအဝိုင်းကြီးတစ်ခုလုံးကို ကြည့်မယ်ဆိုရင် ထုထည်ကြီးတယ်။ ထုထည်ကြီးတော့ တစ်ခုလုံးကို လက်လှမ်းမီဖို့ခက်တယ်။ အဲဒီလို တော့မြင်တယ်။ တော်တော်အဆင်မပြေတဲ့ကိစ္စပါ။ ကျောင်းဖွင့် မယ် ဆိုရင် တော်တော်စဉ်းစားရမယ်။ သူက ကျန်းမာရေး လုံခြုံမှု အပြည့်ရှိတယ်လို့ ပြောပေမယ့်လည်း ဒါက လူထုကို လှည့်စားသလိုဖြစ်နေတာပဲ။ ဘာကြောင့်လဲဆိုရင် အောက်ခြေက တကယ် အမှန်တရားနဲ့ ဆို ဒါကမဖြစ်နိုင်ဘူး ဆိုတာ ကျိန်းသေတယ်လေ။ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း ကာကွယ်မှုက ပို စိတ်ချ ရတယ်။အမိန့် အာဏာကြောင့် မဟုတ်ဘဲနဲ့ လူတစ်ဦးချင်းရဲ့ တာဝန်ယူမှုက ရှိတယ်။ အဲဒီတော့ လူတစ်ဦးချင်း တာဝန်ယူ မှုသည် ပတ်ဝန်းကျင် တစ်ခုလုံး တာဝန်ယူမှု နီးပါး ဖြစ်တယ်ဆိုတဲ့ အပြန်အလှန် တာဝန်ယူမှု သဘော တရားမျိုး ဖြစ်သင့်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ အသက်တည်ရှိမှုက အရေးကြီး သလား။ ပညာသင်ယူခြင်းက အရေးကြီးသလားဆိုတာ အစိုးရရဲ့ အမြော်အမြင်က  …

ဒါမှမဟုတ် ဒီဟာကိုမဖြစ်မနေ ငါတို့ တာဝန်ယူပါတယ်ကွာ လုပ်ဆိုတဲ့ ဟာက၊ ဒီတာဝန်က အကြောက်တရား ကို အခြေခံတဲ့ တာဝန် က အကြောက်တရား ကို အခြေခံတဲ့ ဟာတွေက မအောင်မြင်တာ များတယ်။ အားလုံးအသိစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ နောက်တစ်ခုက အစိုးရက မလုံလောက်ဘူးဆိုရင် မလုံလောက်ဘူးဆိုတာ ထုတ်ပြောရမယ်။။ပညာရေးဝန်ကြီးဌာနက ဒါကတော့ ပြည်သူပူးပေါင်း ပါဝင်ဖို့ လိုပါတယ်လို့ ပြောရင် ပြည်သူတွေက ဘယ်တော့မှ လက်မနှေးဘူး။ ဆရာ၊ ဆရာမတွေက ဒီအချက်က ပူးပေါင်းပါဝင်သင့်တယ်။ ပညာရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဖို့ ဒီအပိုင်း တွေ၊ဒီအပိုင်းတွေ ရှိတယ်။ ဆရာ၊ဆရာမတွေ လိုအပ် ချက်တွေ ဘာတွေ ရှိမလဲဆိုတာ တင်ပြဆွေးနွေး နိုင်မယ်ဆိုရင်၊ အဲဒီလို ဝိုင်းလုပ်ရင် အဆင်ပြေနိုင်တယ်ဆိုတဲ့ ရှုထောင့်ကို သွားသင့်တယ်။ ဒါမှမဟုတ်ဘဲ လုပ်သာလုပ်ပါ ဒါကဖြစ်တယ် ဆိုတာမျိုးက အောက်ခြေ အဖွဲ့အစည်းမှာ တကယ်ရင်ဆိုင်နေရတဲ့ ဟာနဲ့ က အကွာအဝေး အကြီးကြီးဖြစ်နေတာ။ အဲဒီဟာက လုပ်ငန်းစီစဉ်မှုကို မအောင်မြင်နိုင်ဘူး။

ငြမ်းမီဒီယာ – ဗိုင်းရပ်စ် မကင်းစင်သေးတဲ့ ဒီပညာသင်နှစ်တစ်နှစ်ကို ရပ်လိုက်လို့မရဘူးလား။ အဲလို တွေးကြတဲ့ မိဘတွေလည်း ရှိပါတယ်။ မိဘတွေရဲ့စိုးရိမ်နေမှုကိုလည်း မြင်ရပါတယ်။ အဲဒီတော့ အခြားနည်းလမ်းတစ်ခုပေါ့ အားလုံးလည်း လွှမ်းခြုံနိုင်ပြီး ကလေးတွေလည်း လုံခြုံ၊ မိဘတွေလည်း စိတ်ချမ်းသာ၊ ပညာရေးဌာန အနေနဲ့ လည်း ရည်မှန်းချက်ရောက် အဲဒီလို လုပ်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနိုင်မလဲ ဆရာ။

Dr.AKMT – Win – Win Situation ရနိုင်တဲ့အရာပေါ့။ အခုကျနော်တို့လည်း ဖြေရှင်းတာတွေကို လိုက်ကြည့်တယ်။ ကမ္ဘာမှာ အခုဖြစ်နေတဲ့ ရောဂါ က စာပေသင်ကြားမှုနဲ့ပတ်သက်တဲ့ ဟာကို အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ်လာတယ်။ အဲဒါကို ရှောင်လွှဲ လို့မရဘူး။ ဒါဆို တခြားနိုင်ငံတွေမှာ ဘယ်လို ဖြေရှင်းကြလဲ လို့ပြောတဲ့အခါမှာ သူတို့လည်း အကျပ်ရိုက်တယ်။ ဘယ်နိုင်ငံက ဘယ်လို ဖြေရှင်း နေကြလဲ ဆိုတာ ကျနော်တို့လည်း ချောင်းနေတာပဲ။ ဒီရောဂါဖြစ်သွားတဲ့ အခါမှာ ပညာရေးနည်းလမ်းကို ဘယ်လို မျိုး ပြေလည်အောင် ဖြေရှင်းလဲဆိုတာ တခြားနိုင်ငံတွေကို လိုက်ကြည့်တယ်။ ပညာရေးဆိုတာက အရည်အသွေး တစ်ခုဖြစ်တယ်။

ကလေးတွေရဲ့ စာသင်ကြားခြင်း ဆိုတာ စာကို သင်ကြားတာ မဟုတ်ဘူး။ စိတ်ကို သင်ကြားရတာ။ လွတ်လပ်မှုကို သင်ကြား ရတဲ့ဟာမှာ …

တစ်ခါတစ်လေကျရင် စာမေးပွဲတစ်ခုတည်းနဲ့ ဘဝကိုဆုံးဖြတ်တာမျိုး မဟုတ်ဘူး။ ကျနော်တို့ဆို ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှာ တစ်နှစ်ပိတ်တယ်။ ၁၉၉၆ မှာဆို သုံးနှစ်လောက်ပိတ်တယ်။ ပညာရေးစနစ်မှာတော်တော် နစ်နာခဲ့တာတွေ အများကြီး။ ကျောင်းဖွင့် တော့ရော အရည်အသွေးရှိတဲ့ ပညာရေး ရလားဆိုရင် ကျနော်တို့ ကျောင်းတက်ခဲ့တဲ့ ဟာတွေက Waste လာဖြစ်နေ တယ်။ ဒီဟာနဲ့ ပြန်တွက်မယ်ဆိုရင် တော်တော် များများက Waste ဖြစ်တယ်။ ကျနော်တို့ Quality education ကို သွားမယ်ဆိုရင် စဉ်းစားချက်က ဘာလိုလဲ ဆိုရင် အရည်အသွေးရှိတဲ့ ပညာရေးတစ်ခု Educate လုပ်ဖို့ နည်းလမ်းတွေက အဆင်သင့်ဖြစ် ထားဖို့ တော့ လိုတာပေါ့။ ဒါပေမယ့် ပြဿနာက ကျနော်တို့ နိုင်ငံက အဆင်သင့် သွားမဖြစ်ဘူး။ အခြားသော စက်မှုနိုင်ငံ တွေနဲ့ နည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက ဒါကို အဆင်သင့်အနေနဲ့ ဖြေရှင်းနိုင်တဲ့ ကာလ သွားဖြစ်တယ်။ ကျနော်တို့ က အဲဒီဟာကို ကြိုတင် မစဉ်းစား ဖြစ်ဘူး။ ကျနော်တို့ က Third world country သွားဖြစ်တယ်။ အဲဒီတော့ နစ်နာချက်တွေ တော်တော်များတယ်။ ဘယ်လိုမျိုး ဖြေရှင်း နိုင်မလဲ ဆိုတော့ ပြောမယ်ဆိုရင် အွန်လိုင်းစနစ်က ပြောရရင် အွန်လိုင်းကို ကျွမ်းကျင်တဲ့ဆရာ၊ ဆရာမတွေ အများကြီး မရှိဘူး။ အွန်လိုင်းရဲ့ ယဉ်ကျေးမှုကို နားမလည်ဘူး။ အွန်လိုင်းနဲ့ Curriculum ကို စနစ်တကျ ပျိုးထောင်ခံထားရခြင်း မရှိဘူး။ ပြောလို့ သာ စီမံချက်အရ လုပ်တာပဲ ရှိတယ်။ ပြောမယ်ဆိုရင် စနစ်တကျ လုပ်ထား တာမျိုး မရှိထားဘူး။ အဲဒါက လူမှုရေး နစ်နာ ချက် လာဖြစ်လာတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ပြန်တွေးရတာမျိုး ဖြစ်လာတယ်။ ဒါပေမယ့် နည်းလမ်းကတော့ ကျနော်တို့ စဉ်းစားရမယ်။

Marlyne Art

ဆရာ၊ဆရာမတွေ ဆီ တက်လာတာ။ ဘာလဲဆိုတော့ အန္တရာယ် အထုပ်ကြီး တစ်ခုလုံးကို ကိုင်ထားရသလိုမျိုးဖြစ်နေတာ။ အကယ်၍ များ …

ငြမ်းမီဒီယာ – အခု ဆရာမ၊ဆရာ တွေဘက်မှာ ရှိတဲ့ အခက်အခဲက ဘာလဲဆိုတော့ ကျန်းမာရေးဌာန လမ်းညွှန်ချက် တွေနဲ့ လုပ်ရမယ်ဆိုရင်လည်း သူတို့မှာ အခက်အခဲ ရှိတယ်။ ဥပမာ Social distancing လုပ်တာမျိုး။ နောက် နှာခေါင်းစည်း၊ လက်ဆေးရည် အသုံးပြုမှုမှာ အားလုံးခြုံလွှမ်းပြီး စနစ်တကျသုံးနိုင်အောင်၊ ဒါတွေ ရှိပြီ ဆိုရင် တောင် ကလေးငယ်တွေရဲ့ နေမှုထိုင်မှု သဘာ၀ တွေ က ရှိတော့ ကျောင်းတွေဖွင့်ခဲ့တယ် ဆိုရင်တောင် ကျန်းမာရေး ဌာနက လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်နိုင်တဲ့ အန္တရာယ်ကင်း၊ဘေးကင်းလုံခြုံတဲ့ ကျောင်းစာ သင်ခန်းတွေ ဖြစ်ပါ့မလား ဆရာ။

Dr.AKMT – မဖြစ်နိုင်ဘူး။ တကယ်တမ်း ပြောမယ်ဆိုရင် ကျနော်ခုနက ပြောခဲ့တဲ့ စကား အတိုင်းပဲ လူတစ်ဦး ချင်းရဲ့ တာဝန်ယူမှု ဖြစ်နေတယ်။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်၊ အမိန့် အာဏာဆန်တဲ့ ဟာ တစ်ခုမျိုးက အရမ်း မထိရောက် ဘူး။လူထုကို အမိန့်အာဏာ ထက် ကဏ္ဍတစ်ခု ချမှတ်တယ်ဆိုရင် လူထုကို ပါဝင်ဖို့ ပူးပေါင်းဖို့ အစိုးရက လိုတာ ကူညီတာမျိုး  ဖြစ်ရမယ်။အဲဒါက လူထုရဲ့ ပူးပေါင်း ပါဝင်မှု မြင့်တက်နိုင်တဲ့ သဘောသဘာဝလို့ ကျနော်တို့က ယူဆတယ်။ ဒါက အရေးပါတယ်။ အရေးပါတဲ့ အတွက်ကြောင့်မို့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက် တွေ က အကုန်လုံးအပေါ်မှာ အများကြီး မလွှမ်း ခြုံနိုင်ဘူး။ ဘာကြောင့် မလွှမ်းခြုံနိုင်လဲ ဆိုတော့ ကလေးတွေ ဖြစ်နေတာကိုး။ နောက် ကလေးတွေရဲ့ စာသင်ကြားခြင်း ဆိုတာ စာကို သင်ကြားတာ မဟုတ်ဘူး။ စိတ်ကို သင်ကြားရတာ။ လွတ်လပ်မှုကို သင်ကြား ရတဲ့ဟာမှာ ဒီဟာမျိုး သွားဖြစ်နေတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပညာရေး အညွှန်းကိန်း အောင်မြင်တယ်ဆိုတဲ့ဟာကို လက်ခမောင်း ခတ်တဲ့ဟာကိုပဲ သွားနေတယ်ဆိုရင်တော့ လွဲနေပြီလို့ကျနော်တို့ မြင်တယ် …

ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်နဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံနဲ့က သဟဇာတ လာမဖြစ်ဘူး။အကွာအဝေး လာဖြစ်တယ်။ ဝေးတာပေါ့။ အဲဒါကို ဖြေရှင်းဖို့ အတွက် ဆို ဆရာ၊ ဆရာမတွေ အတွက် တော်တော်ခက်ခဲမယ်။ စိန်ခေါ်မှု အသစ်တစ်ခုပဲ။ အဲဒီ ဝန်ထုပ်ဝန်ပိုး က ဘယ်သူ့ဆီ တက်လာလဲ ဆိုရင် ဆရာ၊ဆရာမတွေ ဆီ တက်လာတာ။ ဘာလဲဆိုတော့ အန္တရာယ် အထုပ်ကြီး တစ်ခုလုံးကို ကိုင်ထားရသလိုမျိုးဖြစ်နေတာ။ အကယ်၍ များ လူစုလူဝေး ရှိတဲ့ နေရာ။ Starter လာဖြစ်မယ်ဆိုရင် သူ့နေရာ လာဖြစ် မယ်လေ။ အန္တရာယ်တစ်ခုလုံးကို စီမံခန့်ခွဲရတဲ့ သူဖြစ်လာတယ်။ ဆရာ၊ဆရာမတွေ က အရေးကြီးတဲ့ အခန်း ကဏ္ဍ တစ်ခုမှာ ပါလာတယ်။ သူ့ကိုပြောမယ့် Social security က အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်လာ တယ်။ သူ့ရဲ့ကိုင်တွယ်ပုံ၊ ကျန်းမာရေး အသိပေး သတင်းအချက်အလက်က အချိန်နဲ့တပြေးညီ ရဖို့လိုတယ်။ ဥပမာ အရင်က သုံးပေအကွာ၊ ပြီးတော့ ခြောက်ပေ အကွာ။ အချိန်နဲ့အမျှ ပြောင်းနေ တာလေ။ ကလေးက စိတ်ချရတယ်။နောက်တော့ ကလေးတွေ လည်း ကူးတယ်တို့်။ ရောဂါ အခြေအနေ က ပြောင်းနေတော့ အချိန်နဲ့ တပြေးညီ ဆရာ၊ဆရာမတွေဆီကို အင်ဖော်မေးရှင်း ရောက်နေဖို့ လိုတယ်လေ။ သတင်း အချက်အလက် ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာ ပါတယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – ဇူလိုင် ဘယ်ရက်ဆိုတာ မသိပေမယ့် ကျောင်းတွေဖွင့်မယ်လို့ ပညာရေး တာဝန်ရှိသူတွေ က ကြေညာပြီဆိုတော့ ဒီအခြေအနေအပေါ်ကို ရော ဆရာ ဘာများ မှတ်ချက်ပြုချင်လဲ။

Dr.AKMT – လူမျိုးတုန်း ဖြစ်သွားနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခု။ လက်ရှိမှာ ကျနော်တို့ အသက်တည်ရှိမှုက အရေးကြီး သလား။ ပညာသင်ယူခြင်းက အရေးကြီးသလားဆိုတာ အစိုးရရဲ့ အမြော်အမြင်က အရေးပါတဲ့အခန်းကဏ္ဍ တစ်ခု ဖြစ်လာတယ်။ ပညာရေး ဝန်ကြီးဌာနက ဘာကိုတန်ဖိုးထားသလဲ။ ကိန်းဂဏန်းကိုတန်ဖိုး ထားနေသလား။ ဒါမှ မဟုတ် လူတွေရဲ့ အသက်ကို တန်ဖိုးထားသလား။ ဒါက ကျနော်တို့ နိုင်ငံတစ်ခုလုံးရဲ့ ပညာရေးမှာ တာဝန်ယူထားတဲ့ သူရဲ့ အမြော်အမြင်က ဘယ်အပေါ်မှာ စဉ်းစားချက်ရှိလဲဆိုတာ အရေးကြီးတဲ့အခန်းကဏ္ဍ တစ်ခုဖြစ်တယ်။ သူတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားက ဘယ်ကို ကိုင်းနေလဲ။

ဒီနှစ် နောက်ကျသွားမလားဆိုတဲ့ စိုးရိမ်စိတ်က အရမ်းကြီးတယ်။ ဒါက တစ်ခု။ နောက်တစ်ခု က အဲဒီကိုပို့ရင် ရောဂါ ကူးမလားဆိုတဲ့ စိုးရိမ်ချက်။အဲဒီတော့ …

ဘာကိုစဉ်းစားလဲ။ လူသားတစ်ခုလုံးရဲ့ လုံခြုံစိတ်ချတဲ့ ဝန်းကျင်နဲ့ အသက်ရှင်သန်မှုကို ဦးစားပေးသလား။ ပညာရေး အညွှန်းကိန်း အောင်မြင်တယ်ဆိုတဲ့ဟာကို လက်ခမောင်း ခတ်တဲ့ဟာကိုပဲ သွားနေတယ်ဆိုရင်တော့ လွဲနေပြီလို့ကျနော်တို့ မြင်တယ်။ ပညာရေး နောက်ကျ မယ်ဆိုတာ အကုန်သိပြီးသား။ လက်ခမောင်း ထခတ်နေစရာ မလိုဘူး။ ကျနော်တို့ရဲ့ ကိန်ဂဏန်းတွေသည် ဒေတာ မမှန်ဘူးဆိုတာ ကမ္ဘာက သိပြီးသား။ ကျနော်ပြောတာက အခုမှ လုပ်ပြစရာမလိုဘူး။ ကျနော်တို့ရဲ့ နစ်နာချက်တွေကို ဘယ်လို ကုစားမလဲဆိုတာ ဒါက အရေးကြီးတဲ့ အခန်း ကဏ္ဍလို့ ကျနော်မြင်တယ်။ အခု ဇူလိုင်လ ကျောင်းစဖွင့်ဖြစ်ရင် Risk ယူရာကျတယ်။ ပြီးရင် ဘယ်လောက် အထိ တာဝန်ယူနိုင်လဲ။ ရောဂါ ပျံ့ပွားမှု ဖြစ်လာရင် ပညာရေးဝန်ကြီးက တာဝန်ယူမလား။ ပညာရေး ဝန်ကြီး က အလုပ် ထွက်သည် အထိ တာဝန်ယူနိုင်မလား။ အဲဒါမျိုးစေခိုင်းတဲ့အတွက်ကြောင့်မို့ တရားဥပဒေကို ရင်ဆိုင်ရဲလား။ ဒေသန္တရ အမိန် တို့ ဘာတို့ကို ဖောက်ဖျက်တဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ ဝန်ကြီးက တက်လို့ ပြောတယ်။ ဒေသန္တရ အမိန့် ကတော့ ဘယ်အထိရွှေ့ဆိုင်း ထားတယ်ပြောတယ် ဆိုတော့ ကြားထဲမှာ ဒေသန္တရအမိန့် နဲ့ ပြည်ထောင်စု အမိန့် ပြောင်းပြန် အချိုးလာကြ ရင် ဒါက အန္တရာယ် ပဲလေ။ တရားဥပဒေ စိုးမိုးရေး ဆိုတာမှာ ပြောစရာ စကား ဝင်လာ တာပေါ့။ ဒါတွေကို ဘယ်လို သွားမလဲ ဆိုတာ နှလုံးသားနဲ့ ဉာဏ် အမြော်အမြင်က အရေးကြီးတယ်လို့ ကျနော်သုံးသပ်တယ်။

ငြမ်း / ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားရာ ထိုင်းနိုင်ငံ၊မဲဆောက်မြို့ ရှိ ကျောင်း

ကျောင်းခေါ်ချိန်နဲ့ ကန့်သတ်လိုက်တာမျိုးကတော့ လူမှုရေးနစ်နာချက်တွေ အကြီးအကျယ် ပေါ်နိုင်တယ် …

ငြမ်းမီဒီယာ – မိဘတချို့ကလည်း ဘေးကင်းရေးက ပိုအရေးကြီးတယ်။ ဒီတစ်နှစ်စောင့်လိုက် တာမျိုး၊အခြေအနေ တစ်ခုအထိ ဒီနိုင်ငံမှာ ရောဂါကင်းစင်တာမျိုး ဖြစ်ဖို့ ဒီတစ်နှစ်အောက် လိုက် တာမျိုး လိုလားကြ သူတွေလည်း ရှိတယ်။ ပညာရေးတစ်နှစ် အောက်လိုက်ရင် ရော ဘယ်လို ထိခိုက်နိုင်တာတွေ ရှိမလဲ။ ပြီးတော့ ဘာတွေ အကျိုးသက်ရောက်မှု ဒီအခြေအနေမှာ ရှိမလဲ။

Dr.AKMT – အီတလီတို့ ဘာတို့ဆို အောက်ပေးလိုက်တယ်။ လူထုကို အာမခံလိုက်တဲ့ ဟာတွေ ရှိတယ်။ ကပ်ရောဂါနဲ့ ပတ်သက် လာရင် သူက အာမခံလိုက်တယ်။ စိုးရိမ်ပူပန်မှုရှိတဲ့ ကိန်းဂဏန်းတစ်ခုကို ဖြေဖျောက် လိုက်တာပဲ ရှိတယ်။ ပညာတစ်ခုရဲ့ Semester တစ်ခုအပေါ်တက်ရောက်ခြင်း အပေါ်မှာ သူက မဆုံးဖြတ်ဘူး။ လူသားတွေရဲ့အရင်းအမြစ် အပေါ်မှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ်။ ဥပမာ ကျနော်တို့ စဉ်းစားရမှာ တစ်နှစ်တက်လိုက်လို့ ရရှိလာတဲ့ အကျိုးအမြတ်က တစ်တန်းကြီး လာမယ်။ အဲဒီတစ်တန်းကြီး လာတာက အသိပညာဘယ်လောက်တိုးလဲဆိုတာ တိုင်းတာလို့မရဘူး။ အဓိက က အသိပညာ ကိစ္စ လာဖြစ် နေတယ်။ ကျနော်တို့ က ပညာရေးဘောင်ကို စဉ်းစားတဲ့ အခါမှာ ဘွဲ့ယူတဲ့ နှစ်နဲ့ လာ စဉ်းစား တာက ပြဿနာ လာဖြစ်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျောင်းမလာလို့ဆိုပြီး ကျောင်းသားကို ပညာရေး ကနေ ဖယ်ထုတ်လိုက်တဲ့ ဟာမျိုး က လူမှုရေးနစ်နာမှု အကြီးဆုံးဖြစ်နိုင်တယ်။ အဲဒီပြဿနာကို …

ဘွဲ့ယူတဲ့ နှစ်နဲ့ ပြဿနာလာဖြစ်နိုင်တဲ့ အချက်ကို အစိုးရအနေနဲ့ ကုစားလို့ရတာတွေ အများကြီး ရှိပါတယ်။ အစိုးရရဲ့ အမိန့်အာဏာ အပေါ်မှာ မူတည်တဲ့ ဆုံးဖြတ်ချက်တွေက ဘွဲ့ယူတဲ့နှစ်ကို ဆုံးဖြတ်ရတဲ့ တာဝန်သွားဖြစ်တယ်။ သူ့မှာ ဆုံးဖြတ်လို့ရတဲ့ အခွင့် အာဏာ အပြည့်ရှိတယ်။ ပညာရေး စနစ်ရဲ့ အရွှေ့တစ်ခုကို ကိုင်နိုင်တဲ့ အဝန်းအဝိုင်းတစ်ခု အစိုးရမှာ ရှိတယ်။ ပညာရည် အမှန် တကယ် ရရှိခြင်းနဲ့ Educated လုပ်တဲ့ဟာ မျိုးကတော့ တော်တော်ခက်တဲ့ဟာ သွားဖြစ်တယ်။ ဘွဲ့ရပြီး သည့်တိုင်အောင် Educated ဖြစ်ချင်မှ ဖြစ်တာ လေ။ ဘွဲ့သာရသွားတာလေ။ အဲဒီအထဲမှာ ကျနော်တို့ ပြောတဲ့ ဆုံးဖြတ်နိုင်စွမ်းတို့၊ တီထွင်နိုင်စွမ်း တို့ ဆိုတဲ့ ဟာ တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လေ။ ကိန်းဂဏန်းတစ်ခုရဲ့ ဖြည့်ဆည်းဖို့ဟာက အစိုးရ Authority မှာ ရှိတယ်။ အရည်အသွေးပံ့ပိုးပေးဖို့ ကာလတွေက အစိုးရကကြိုတင် စဉ်းစား ထားရမှာ။ အရည်အသွေးရှိတဲ့ လူမှု အဖွဲ့အစည်း တစ်ခုကို ကြိုတင် ပြင်ဆင်ထားဖို့ ဆိုတာတွေကို စဉ်းစားထားဖို့လိုတယ်။ အဲဒါက အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုလို့ အဲဒါက ကျနော် လောလောဆယ်စဉ်းစား ထားတာပဲရှိတယ်။ Completed တော့ မဖြစ်ဘူး။

ငြမ်းမီဒီယာ – ဆရာသာ မိဘတစ်ယောက်အနေနဲ့ စဉ်းစားမယ်ဆိုရင် ဆရာ့ရဲ့ ကလေးကို ဒီလို အခြေအနေမှာ ကျောင်းသွားအပ် မလား၊ကျောင်းတက်ခိုင်းမလား။ တခြားမိဘတွေကိုရော ဘာအကြံပြုချင်လဲ။

Dr.AKMT – ကျနော့်မှာ စဉ်းစားစရာ နှစ်ချက် ရှိမယ်။ နံပါတ်တစ်က ကျနော့်မှာ တွေဝေစိတ် တစ်ခုဖြစ်တယ်။ ကျနော် မပို့ရဲဘူး။ဒါပေမယ့် တခြားသူတွေ သွားနေတယ်ဆိုရင်တော့ ကိုယ့်ကလေး ပညာရေး နောက်ကျမယ်ဆိုတဲ့ စိုးရိမ်ချက် လာဖြစ်တယ်။

ဒီကာလမှာ လူထုအသံကို ပို နားထောင် သင့်တယ်။ လူထုကို ပိုအခြေပြုရမယ့် ကာလလို့ ကျနော်က မြင်တယ်။ အဲဒါက …

အဲဒါက တွေဝေသွားစေတဲ့ အချက်ပဲ။ ငါတို့ကလေး ဒီနှစ် နောက်ကျသွားမလားဆိုတဲ့ စိုးရိမ်စိတ်က အရမ်းကြီးတယ်။ ဒါက တစ်ခု။ နောက်တစ်ခု က အဲဒီကိုပို့ရင် ရောဂါ ကူးမလားဆိုတဲ့ စိုးရိမ်ချက်။အဲဒီတော့ သူ့မှာ အမြဲတမ်းဒွန်တွဲနေတယ်။ အဲဒီနှစ်ခုကို ပြေလျော့ သွားစေတဲ့ နည်းလမ်းကို စဉ်းစားရင် တစ်ညီတည်းဖြစ်တဲ့ Postpone (ရွှေ့ဆိုင်း) လုပ်တာက ဖြေရှင်းနည်း အမှန်တစ်ခု လာဖြစ် နေတယ်။ ကျနော်ထင်တာကတော့ သုံးပုံမှာ တစ်ပုံကတော့ ကျောင်းပို့ဖို့ ခဲလိမ့်မယ်။ ကျန်တဲ့ဟာ ကတော့ ရတယ် ပို့လိုက်မယ် ဆိုတဲ့ စဉ်းစားချက်ဖြစ်နိုင်တယ်။ သုံးပုံ နှစ်ပုံဆိုရင် ပညာရေးကလည်း သူလုပ်တာ အောင်မြင်တယ်ဆိုပြီး သူက သွားမှာ။ သွားမယ် ဆိုရင် အမှားတွေ ဆက်ပေါ်နိုင်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်။ တစ်ညီတည်း ဖြစ်စေနိုင်တဲ့ အရာတွေကို ကုစားဖို့ ဘာတွေ ရှိသလဲဆိုတဲ့ ဟာတွေကို ကြိုတင် စဉ်းစားထားဖို့ လိုအပ်တယ်။ ကျောင်းပို့ဖို့ နောက်ကျတဲ့ သူတွေကို ကျန်းမာရေးအရ သူတို့ဟာ လူထု ဝန်ဆောင်မှု တစ်ခု လုပ်ပေးနေတယ်ဆိုတဲ့ စဉ်းစားချက်တစ်ခုရှိရမယ်။ ဒါက ကျန်းမာရေးထမ်းဆောင် နေတာ ပဲလေ။ ကျောင်းပို့ရမယ့် သူ့ကလေးကို ကျောင်းမပို့ဘူး ဆိုတာ သူက Social Distancing လုပ်တာပဲ။ ဒါက ကျနော်တို့ စဉ်းစားတဲ့ စဉ်းစား ချက်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျောင်းမလာလို့ဆိုပြီး ကျောင်းသားကို ပညာရေး ကနေ ဖယ်ထုတ်လိုက်တဲ့ ဟာမျိုး က လူမှုရေးနစ်နာမှု အကြီးဆုံးဖြစ်နိုင်တယ်။ အဲဒီပြဿနာကို ပြေလျော့ဖို့ အတိုးအလျှော့လုပ်လို့ရတဲ့ ဘောင်တစ်ခုကို စဉ်းစားထားသင့် တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်တွေမှာ မတူဘူးလေ။ ရန်ကုန်က ပို့ဖို့ခက်တယ်။ ဆိုပါစို့ အင်းစိန်တို့ ဘာတို့ဆို ကျောင်းပို့ဖို့ နည်းနည်း ခက်မယ်။ အဲဒီလို နေရာတွေမှာ လူမှုရေးကုစားချက်တွေ၊ဘာတွေ လုပ်မယ်ဆိုရင်တော့ ကျောင်းလာလို့ နောက်ကျတာကြောင့် ပစ်ပယ်လိုက်တာ၊ကျောင်းခေါ်ချိန်နဲ့ ကန့်သတ်လိုက်တာမျိုးကတော့ လူမှုရေးနစ်နာချက်တွေ အကြီးအကျယ် ပေါ်နိုင်တယ်လို့ မြင်တယ်။

ငြမ်းမီဒီယာ – ဖြည့်စွက် ပြောလိုတာမျိုး ရှိမလား ဆရာ။

Dr.AKMT – ကျနော်တို့လည်း ဒီရောဂါကြီးကို မဖြစ်ချင်ဘူး။ အကုန်လုံးက အလုပ် လုပ်ချင်နေကြပြီ။ ခရီး သွားချင်ပြီ။ နောက်ပြီးတော့ အကုန်လုံးက လက်ဖက်ရည်ဆိုင်လည်း လွတ်လွတ်လပ်လပ် ထိုင်ချင်ပြီပေါ့ဗျာ။ ဒီလိုမျိုးနေရတဲ့ ဟာကြီးက စိတ္တဇကြီး ။ မလန်း ဆန်းဘူး။မတက်ကြွဘူး။ အကုန်လုံး ရင်တထိတ်ထိတ် ဖြစ်နေတဲ့ ကာလကြီးကို လွန်မြောက်ချင်ပြီ။ အဲဒီကာလမှာ အပြင်မထွက်ရဲ သူတွေ၊ အလုပ်ထွက်လုပ်ဖို့ မရဲတဲ့သူတွေကို အပြစ်မတင်သင့်ဘူး။ မလာတဲ့သူတွေကို အပြစ်တင်တာ။ ကျနော်တို့ ပညာရေးဝန်ကြီး ဌာနက တိကျတဲ့ မူဘောင်အားနည်းတယ်။ အမိန့်အာဏာတစ်ခု လုပ်မယ်ဆို ပြည်ထောင်စု ကအမိန့်ချမှတ်ရမယ့် ဟာကို ဟိုလူ့ လွှဲ၊ဒီလူ့လွှဲ ဆိုတာ မဖြစ်သင့်ဘူး။ တိကျတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိသင့်တယ်။ ဇူလိုင်လဆို ကျောင်းဖွင့်မယ် အကုန်လုံးရဲ့ သဘောထားဆန္ဒကို ကောက်ယူတာမျိုးလုပ်ရမယ်။နောက်ပြီးတော့ ဆရာ၊ ဆရာမတွေ ရဲ့ သဘောထားဆန္ဒတွေ ကောက်ယူတာ မျိုးတွေ၊အများစုရဲ့ သဘောဆန္ဒတွေကို ယူရမယ်။ လုပ်ရမယ်။ အမိန့်အာဏာတစ်ခုချလိုက်တိုင်း Centralization မဖြစ်ရဘူး။ ဒီကာလမှာ လူထုအသံကို ပို နားထောင် သင့်တယ်။ လူထုကို ပိုအခြေပြုရမယ့် ကာလလို့ ကျနော်က မြင်တယ်။ အဲဒါက အစိုးရ တစ်ရပ်ကို ကူညီပံ့ပိုးဖို့ ပိုအဆင်ပြေလိမ့်မယ်ထင်တယ်။ မဟုတ်ရင် ပိုပြီးတော ဝေးကွာသွားသောအရာတွေ ဖြစ်သွား လိမ့်မယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ဆရာ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

ကိုဗစ်ကာလ ကျောင်းတွေ ဖွင့်သင့်လား၊ မဖွင့်သင့်ဘူးလား


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,