ရွာသားတွေက ခံစားလာရတော့ အခုချိန်မှာ ဘယ်လိုမှ မနေနိုင်တော့လို့ ပြဿနာ စဖြစ်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ် လှိုင်သာယာ- မအူပင်ကားလမ်းဘေးရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ ပိတ်သိမ်းဖို့ ဒေသခံတွေက တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဒီဇင်ဘာ( ၂၉) ရက်နေ့က စက်ရုံတာဝန်ရှိသူတွေ ၊ ဒေသခံတွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှု ရလဒ်တွေ၊ ဒေသခံတွေနဲ့ စက်ရုံကြား အငြင်းပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ ကိုရဲဝင်းထွဋ် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်ထားပါတယ်။

KYWH / ဒေသခံတွေနဲ့စက်ရုံကြား အငြင်းပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ ကိုရဲဝင်းထွဋ်

ငြမ်းမီဒီယာ – ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံက တာဝန်ရှိသူတွေရယ်၊ ဒေသခံတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်နဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ရလဒ်က ဘယ်လိုထွက်ပေါ်ခဲ့ပါသလဲ။ အဲဒီအခြေအနေလေးရှင်းပြပေးပါ။

KYWH – တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကတော့ စက်ရုံဘက်က ဆက်လက်ဖွင့်လှစ်ဖို့ကိုပဲ ပြောတယ်ပေါ့။ ရွာသားတွေက လုံးဝပိတ်ပေးဖို့ပဲ တောင်းဆိုတယ်ပေါ့။ ရွာသားတွေ ဘက်ကတော့ လုံးဝ ပိတ်သိမ်းဖို့ကိုပဲ တောင်းဆို တယ်ပေါ့။ ရွာသားတွေနဲ့ စက်ရုံကြားထဲမှာ သဘောတူညီမှု မရဘူးပေါ့။ အဲ့ဒါ တစ်ချက်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ချက် ကတော့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ပြည်သူ့ဘက်ကပဲ ရပ်တည်ဖြေရှင်းပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် စက်ရုံနဲ့ ပတ်သက်ပြီး စက်ရုံဘက်က ချိုးဖောက်ထားတဲ့ စည်းကမ်းတွေ၊ ဥပဒေနဲ့ မညီညွတ်တဲ့ ဟာတွေကို အရေးယူဆောင်ရွက်ဖို့ ဆိုပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ရွာသားတွေ ကိုယ်စားပြုပြီး တိုင်ကြားသွားမယ်လို့ မနေ့က ပြောပါတယ်။

ကျနော်တို့ ဘက်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို စက်ရုံနဲ့ မလျော်ကန်တဲ့ ကိစ္စတွေ အားလုံးကို ပေးဖို့ တိုင်ကြားသွားမှာဖြစ်ပါတယ်။

စက်ရုံစဆောက်တုန်း ကလည်း ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေကို သိုလှောင်ရုံလို့ သတင်းလွှင့်ပြီး ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေက …

ငြမ်းမီဒီယာ – ဒေသခံတွေနဲ့စက်ရုံအငြင်းပွားမှုတွေက ဘာကြောင့်စဖြစ်လာတာလဲ။

KYWH – စက်ရုံက စဆောက်ကတည်းက အငြင်းပွားမှု ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၁၇ ခုနှစ်မှာစပြီး တည်ဆောက်တော့ စက်ရုံနဲ့ ဘေးချင်းကပ် မြေပိုင်ရှင်က အထွေထွေဦးစီးဌာန မြို့နယ်ကို စာရေးပြီး တိုင်ကြား ခဲ့တယ်။ သို့သော်လည်း သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်း မရှိဘူး။

အဲဒီ စက်ရုံစဆောက်တုန်း ကလည်း ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေကို သိုလှောင်ရုံလို့ သတင်းလွှင့်ပြီး ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေက လက်မှတ် မထိုးပေးခဲ့ဘူး။ ကုလားတန်းသုံးအိမ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က စက်ရုံဆောက်တာက စောသေးတယ်။ ရှေ့မှာတော့ လက်မှတ် မထိုးပေးနိုင်ဘူး။ ဘာစက်ရုံမှန်း မသိဘူး။ အခြေအနေ မသိသေးတဲ့အတွက် လက်မှတ် မထိုးပေးနိုင်ဘူးလို့ ပြန်လာခဲ့ ကြတယ်။ ဒါပေမယ့်လည်း စက်ရုံကဖြစ်လာတယ်။

၂၀၁၉ ခုနှစ်မှာတော့ ရေဆိုးတွေက စက်ရုံရှေ့မြောင်းထဲကို စွန့်ပစ်တော့ ငါးတွေသေတယ်။ အဲဒီ မြောင်းနဲ့ ကျေးရွာနဲ့က ဆက်စပ်နေလို့ ကျေးရွာသူကျေးရွာသားတွေက ဝိုင်းတိုင်တော့ ပြဿနာဖြစ်တယ်။ နောက်တစ်ကြိမ် ၂၀၁၉ ၊ နှစ်လယ်ပိုင်းမှာကြတော့ အနံ့အသက်ဆိုးတွေ ထွက်တာပေါ့။ မခံမရပ်နိုင်အောင်ပေါ့။ စိမ်းရွှင်ရွှင်နဲ့ အမိုးနီးယားနံ့တွေ ထွက်တာပေါ့။ အသက်ရှုရင် ခေါင်းကိုက်မယ်၊ ဇက်ကြောတက်မယ်။ မူးဝေအော့အန်မယ်။တချို့ဒီရောဂါ အခံရှိတဲ့သူတွေဆို မူးလဲတာတွေဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ခုက ၂၀၂၀၊ ဒီဇင်ဘာလထဲရောက်တော့ ကျေးရွာရဲ့သောက်ရေကန်က ပျက်စီးသွားတယ်။ စက်ရုံက ထွက်တဲ့ နမိုးနီးယားအမှုန်တွေ ကြောင့်လို့ ယူဆရတယ်။ ပြီးတော့ စက်ရုံဘေးက ကွမ်းခြံ တစ်ခြံလုံး သေသွားတယ်ပေါ့။ ကွမ်းခြံပိုင်ရှင်က နစ်နာဆုံးရှုံး သွားရတယ်။

အဓိက အဲဒီစက်ရုံက ထွက်တဲ့ အနံ့အသက်ဆိုးနဲ့အမှုန်တွေ အဲဒီ ဒဏ်ကို ရွာသားတွေက ခံစားလာရတော့ အခုချိန်မှာ ဘယ်လိုမှ မနေနိုင်တော့လို့ ပြဿနာ စဖြစ်တာပေါ့။ အရင်ကနဦး တုန်းကလည်း အနံ့နံလို့ သွားတိုင်တယ်။ သက်ဆိုင်ရာမြို့နယ်ကို။ မြို့နယ်က လာပြီး ဆင်းစစ်တဲ့ ရက်ကြရင် အနံ့က မနံဘူး။ ပြီးရင် မြို့နယ်က လူတွေပြန်သွားတာနဲ့ အနံ့က ချက်ချင်း ပြန်နံတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်က အငြင်းပွားနေတဲ့ ကာလမှာ စက်ရုံကို ယာယီရပ်ဆိုင်းထားဖို့ပြောတယ်။ စက်ရုံဘက်က မလိုက်နာခဲ့ဘူး။ ဒီပြဿနာတွေကြောင့် ရွာသားတွေနဲ့ ညှိလို့မရတဲ့ အခြေအနေဖြစ်တာပေါ့။

အဆိပ်သင့်ပစ္စည်း၊ ဓာတုပစ္စည်းတွေ ထွက်ရှိတဲ့ စက်ရုံမျိုးတွေ၊ ဒေသခံသဘောထား မပါဘဲနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့ ခွင့်ပြုလိုက်တဲ့ ဇစ်မြစ်ကို စစ်ဆေးဖော်ထုတ် သွားမှာပါ။ နိုင်ငံတော်မှာ …

ငြမ်းမီဒီယာ – ရေကန်တွေ ညစ်ညမ်းတယ်။ အနံ့အသက်တွေ နံနေတာတွေနဲ့ ပတ်သက်ပြီး စက်ရုံဘက်က ဘယ်လိုမှတ်ချက်ပေးတာမျိုးရှိလဲ။

KYWH – သူတို့ဘက်ကတော့ သောက်သုံးရေကန် ပျက်စီးတာ သူတို့ကြောင့် မဟုတ်ဘူး။ သူတို့နဲ့ မဆိုင်ဘူး။ ကွမ်းခြံ ပျက်စီး တာလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ငြင်းချက် ထုတ်ထားပါတယ်။ ရေအဖြေက ပြီးခဲ့တဲ့ ရက်က မြို့နယ်ကျန်းမာရေး က ရေဓာတ်ခွဲ နမူနာပေးပို့ပြီး ပြန်ကျလာတဲ့ အဖြေမှာတော့ PH တို့ဘာတို့က ကောင်းတယ်။ မြို့နယ်ကျန်းမာရေးဌာနက အမိုးနီးယာကို ထည့်မစစ်ထားဘူး။ ဒါက မေးခွန်းထုတ်စရာဖြစ်တာပေါ့။

ဓာတ်မြေသြဇာဘေးက သောက်ရေကန် ပျက်လို့ လှမ်းပြီးစစ်တာ အမိုးနီးယားကို ထည့်မစစ်ထားတဲ့ ကိစ္စရပ်ဖြစ်လို့ မနေ့က ကျန်းမာရေးဌာနကိုမေးတော့ အမိုးနီးယားကို ထပ်ပြီး ပေးပို့စစ်ဆေးပေးပါမယ်လို့ ပြောပါတယ်။ ကျနော်တို့ ရွာသားတွေဘက်ကလည်း ပုဂ္ဂလိက ဓာတ်ခွဲခန်း တစ်ခုပေးပို့ပြီး စစ်ဆေးခိုင်းထားတဲ့ အဖြေက မရသေးပါဘူး။ ဒီဇင်ဘာလ ကုန်လောက်မှာရမယ် ။နောက်ထည့်အဖြေတွေကတော့ ဇန်နဝါရီလလယ်လောက်မှာ ရမယ်လို့ပြောပါတယ်။

ငြမ်းမီဒီယာ – သဘာဝပတ်ဝန်ကျင်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး စက်ရုံဘက်က ဘယ်လိုဆောင်ရွက်ပေးမယ်လို့ပြောတာမျိုး ရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KYWH – အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာသူရွာသားတွေ သောက်သုံးရေရအောင် ဆောင်ရွက်ပေးမယ်။ ရေရှည် အနံ့ မထွက်အောင်လို့ သူတို့ဆောင်ရွက်ပေးမယ်လို့ ကတိတွေပေးတယ်။ ရွာသားတွေဘက်က အရှေ့ပိုင်းမှာ က နှစ်နှစ်နီးပါးက ကျနော်တို့ နည်းမျိုးစုံနဲ့ပြောခဲ့ကြတယ်။ တိုင်ခဲ့ကြတယ်။ အနံ့ထွက်မြဲ ထွက်နေတယ် ဆိုတော့ ရွာသားတွေဘက်က မယုံတော့ဘူး။

သူတို့ပေးတဲ့ ကတိတွေကို ရွာသားတွေကို ဘယ်လိုဖွံဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ ဘယ်လို အာမခံပေးမယ်ပြောပြော၊ ရွာသားတွေကမယုံတော့ဘူး။ ဖြတ်သန်းမှု အခြေအနေကို ကြည့်ပြီး ကျေးရွာသူ ကျေးရွာသားတွေကမယုံတော့တာပါ။

ငြမ်းမီဒီယာ – ရွာသားတွေက ပိတ်ပေးဖို့ တောင်းဆိုတယ်။ စက်ရုံဘက်က ဆက်ဖွင့်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ်လို့ ပြောထားတော့ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

KYWH – ကျနော်တို့က ဒီလိုစက်ရုံမျိုးက လိုင်စင်သက်တမ်းနဲ့ လည်ပတ်ရတာ။ အထူးသဖြင့် ဒေသခံ ပြည်သူလူထုရဲ့ သဘောထားမပါဘဲနဲ့ စက်ရုံတွေက လည်ပတ်ခွင့် မရှိဘူး။ ဒီလိုစက်ရုံမျိုးက အဆိပ်သင့်ပစ္စည်း၊ ဓာတုပစ္စည်းတွေ ထွက်ရှိတဲ့ စက်ရုံမျိုးတွေ၊ ဒေသခံသဘောထား မပါဘဲနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့ ခွင့်ပြုလိုက်တဲ့ ဇစ်မြစ်ကို စစ်ဆေးဖော်ထုတ် သွားမှာပါ။ နိုင်ငံတော်မှာ ဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေတွေအတိုင်း စိစစ်ဆောင်ရွက်ပြီး စက်ရုံပိတ်သိမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ။

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောစရာရှိမလား။

KYWH – ပြောချင်တာက ဒီဖြစ်စဉ် တစ်လျှောက်လုံးကို ကြည့်လိုက်ရင် ဒီဥပဒေတွေရဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး ဒေသခံပြည်သူလူထုရဲ့မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းအချို့က ဒါကို အခွင့်အရေးယူပြီး လုပ်ဆောင်သွားလို့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,