ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တစ်ချို့ ပိတ်ပင်ခံရ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UEC / နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲအခမ်းအနား

ပွင့်လင်းမြင်သာခွင့်က ၂၀၁၅ နဲ့စာရင် ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားတယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ် …

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်တစ်ချို့ ပိတ်ပင် ခံလိုက်ရကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့PACE အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ပြောသည်။

ရွေးကောက်ပွဲဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များ၊ မဲဆန္ဒရှင် သတင်းအချက်အလက်များ၊ မဲ လက်မှတ်များ ရိုက်နှိပ်ခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ စစ်ဆေးခြင်းနှင့်ဆုံးဖြတ်ခြင်းဆိုသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် (၄) ချက်ကို စောင့်ကြည့်လေ့လာခွင့် ကန့်သတ်ခံရခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က ဇူလိုင်လ (၉) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

“၂၀၁၅ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရော ၂၁၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာရော ရွေးကောက်ပွဲ ဖြစ်စဉ်ကြီး တစ်ခု လုံးကို စောင့်ကြည့်လေ့လာခွင့်ကို open ဖွင့်ထားတယ်။ အခုကျတော့ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာခွင့် ပိတ်ပင် လိုက်လို့ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်ဟာ ဒီဟာကိုဒီတိုင်း ထားမယ်ဆိုရင်ပွင့်လင်း မြင်သာမှုအရ ခြေတစ်လှမ်း နောက်ဆုတ် သွားမယ်လို့ ကျနော် ပြောလို့ရတယ် “ ဟု PACE အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ငြမ်းမီဒီယာ သို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UEC က မှန်ကန်တဲ့ဘက်က ရပ်တည်ပေးရမယ့်အစား မမှန်ကန်တာကိုရပ်တည်တာကတော့ လွဲတယ်

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့်လုပ်ငန်းစဉ်များ၊ ကျင့်ဝတ်များကို ရေးဆွဲစဉ်ကအရပ်ဘက် အဖွဲ့အစည်းများနှင့် အတူ အစအဆုံးရေးဆွဲအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပြင်ဆင်သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ခွင့် မရရှိသည့်အတွက် အသေးစိတ်ကို ရှင်းလင်းမေးမြန်းနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တွေ့ဆုံခွင့် တောင်းဆိုသွားမည် ဟုဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာ သူများ၏ ကျင့်ဝတ်၊ လုပ်ငန်းစဉ်များနှင့် အမိန့်ကြော်ငြာစာများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ WEBSITE တွင် ဖော်ပြထားပြီး၊ ရွေးကောက်ပွဲလေ့လာသူများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံး ထားပြီး လျှောက် ထားနိုင် ကြောင်း ဇူလိုင်လ (၇) ရက်နေ့က သတင်း ထုတ်ပြန် ထားသည်။

မဲဆွယ်စည်းရုံးခွင့် မစတင်မီ ကိုကိုးကျွန်းတွင် NLD ပါတီ ရုံးခန်းအပြီးတည်ဆောက်မည်

“ရွေးကောက်ပွဲကို ကြည့်တော့မကြည့်ရသေးဘူး။ စောင့်ကြည့်လေ့လာခွင့် လုပ်ငန်းစဉ်ကိုကြည့်ရင်တော့ ၂၀၂၀ မှာ ဒီဟာကို စောင့် ကြည့် လေ့လာခွင့် မပေးလို့ ပွင့်လင်း မြင်သာခွင့်က ၂၀၁၅ နဲ့စာရင်ခြေတစ်လှမ်း နောက်ပြန် ဆုတ်သွားတယ်လို့ အကြမ်းဖျင်း ပြောလို့ ရတယ်“ ဟု ဦးစိုင်းရဲကျော်စွာမြင့် က သုံးသပ်သည်။

ကော်မရှင်ဥက္ကဌက သူတို့ ၂၀၁၅ ထက်သာအောင် လုပ်ပါမယ်လို့ ပြောတယ်။ သို့သော် အစီအစဉ်တွေကို ပြောတာမျိုး ဘာမှမပါဘူး။ ကျွန်တော်တို့နဲ့တွေ့တဲ့အခါ …

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဇူလိုင်လ (၂၆) ရက်နေ့က နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်း များအတွက် ကျင့်ဝတ် Code of Conduct လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ် စောင့်ကြည့် လေ့လာသည့်ကိစ္စတစ်ချို့ ကန့်သတ်မည့်ကိစ္စကို အသိပေးခြင်းမရှိခဲ့ကြောင်းနှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ နှင့်ညှိနှိုင်းပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ပါတီမှ ဦးရဲနိုင်အောင် က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို မဲမပေးရန်ပြောခြင်းမှာ လူအခွင့်အရေး ချိုးဖောက်ခြင်းဟုဆို

“နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ့တုန်းက ကော်မရှင်ဥက္ကဌက သူတို့ ၂၀၁၅ ထက်သာအောင် လုပ်ပါမယ်လို့ ပြော တယ်။ သို့သော် အစီအစဉ်တွေကို ပြောတာမျိုး ဘာမှမပါဘူး။ ကျနော်တို့နဲ့ တွေ့တဲ့အခါ ဒီလိုအစီအစဉ်တွေကိုချပြပြီး နိုင်ငံရေး ပါတီတွေရဲ့ သဘောထားကို ယူရမယ်။ ချပြရမယ်။ အခုက လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး နိုင်ငံရေးပါတီ တွေနဲ့လည်း မတိုင်ပင်ဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လည်း မတိုင်ပင်ဘူး။ သူတို့ကောင်းမယ် ထင်တယ် ဆိုတဲ့ ဟာတွေကို လုပ်မယ် ဆိုရင်တော့၊ တစ်ဖက် သတ် သူတို့ ဆုံးဖြတ်ချက်နဲ့ လုပ်မယ်ဆိုရင်တော့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား ဆိုတာ နိုင်ငံရေး ပါတီတွေ ကြားမှာရော၊ ပြည်သူလူထုကြားမှာပါ သံသယတွေပွားနိုင်တယ် “ ဟု ဦးရဲနိုင်အောင် က ပြောသည်။

ဒေါ်စု ယှဉ်ပြိုင်ခဲ့ဖူးသည့် ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်စုစုနွေး ရွေးကောက်ပွဲ ဝင်မည်

ယင်းကိစ္စနှင့်ပက်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

လာမည့် နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,