ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ် ရွှေ့ဆိုင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလာပေးသည့် ပြည်သူများ

မေလ (၂၁) ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ဆောင်ရွက်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်သည့် အစီအစဉ်များ၊ လမ်းညွှန်ချက်များအား မေလ(၃၁) ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ထားသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို မူလ သတ်မှတ် ထားသည့် မေလ(၂၁) ရက်နေ့တွင် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည် မတ်လ(၃၀) ရက်နေ့ကလည်း ကိုဗစ်ကူးစက်ရောဂါ ပျံ့ပွားမှုကို ကာကွယ် ထိန်းချုပ်သည့် အစီအမံများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရှေးရှုလျက် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ် ကို ဧပြီလ(၂) ရက်နေ့မှ ဧပြီလ(၃၀) ရက်နေ့အထိ ယာယီရပ်ဆိုင်းခဲ့သေးသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ သည် ပုံမှန်ကျင်းပချိန်ထက် နောက်ဆုတ်သွားနိုင်ကြောင်း နိုင်ငံရေးပါတီ တချို့က သုံးသပ် ထားကြသည်။

“ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကလည်း တကယ်လို့ ကိုဗစ် အခြေအနေ က ထိန်းချုပ်လို့ မရသေး ဘူးဆိုရင် ပုံမှန်တိုင်း ဖြစ်ချင် မှ ဖြစ်နိုင်မယ်။ ဆုတ်သွားနိုင်တယ် လို့တောင် ကျနော် ကတော့ ထင်တယ်။ ဒါပေမယ့် ဆုတ်မယ်ဆိုရင်လည်း အားလုံး သဘော တူညီမှု ယူပြီးမှ ဆုတ်ရ မယ့် သဘောတော့ ရှိတယ်။ ဒီအချိန်မှာ မဆုတ်လို့ မဖြစ်ဘူးဆိုတာ အားလုံးက လက်ခံနိုင် ပါတယ်။ တကယ်လည်း စိုးရိမ်စရာ ရှိတယ်” ဟု ကရင်အမျိုးသားပါတီ (KNP) ၏ အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်း က ငြမ်းမီဒီယာ ၏ အင်တာဗျူး တစ်ခုတွင် ပြောကြားထားသည်။

တတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲသည် ပြည်သူနှင့်နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ပြီး ပွင့်လင်းမြင်သာမှုနှင့် အများ ယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က ကတိပြုထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,