ရွေးကောက်ပွဲရလဒ် ပုံစံ ၁၉ မှာ လက်မှတ် မထိုးရင် ဘာဖြစ်မလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LYL / ဥပဒေအကြံပေး ဦးခင်မောင်မြင့်

နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအနိုင်အရှုံး မဲရလဒ် ပုံစံ ၁၉ မှာ လက်မှတ်မထိုးပေးဖို့နဲ့ နောက်ဆက်တွဲ ပုံစံအတိုင်းဖြစ်စဉ် ရေးသွင်းကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ကန့်ကွက်တောင်းဆိုသွားဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ညွှန်ကြားထားတဲ့ စာတစ်စောင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

သည်စာဟာ ကြံ့ခိုင်ရေးပါတီက ထုတ်တာဖြစ်တယ်လို့လည်း ပါတီတာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 ကျနော်တို့ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၆၇ (ခ) အရ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ မဲဆန္ဒစာရင်းပေါ့။ မဲဆန္ဒစာရင်းကို ပါတီအသီးသီးက လွှတ်ထားတဲ့ ကိုယ်စားလှယ်တွေက အတည်ပြု လက်မှတ် ထိုးပေးရပါတယ်။

လက်မှတ်မထိုးဖို့ ညွှန်ကြားတဲ့သူက လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇ ပေါ့။ ဒီ ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ်မှာ မလျှော်မကန်တဲ့နည်းနဲ့ သြဇာလွှမ်းမိုးဖို့ကြိုးစားတယ်။ သို့မဟုတ် လိမ်လည် …

အကယ်၍ သူတို့မရှိဘူး ဆိုရင်လည်း သက်ဆိုင်ရာ ပါတီကို လှမ်းခေါ်ပြီး သူတို့ လွှတ်ပေးတဲ့ ကိုယ်စားလှယ်နဲ့ထိုးပေးရတာပေါ့။ထိုးကိုပေးရမယ်လို့ ဥပဒေကဆိုထားတဲ့အပြင် နောက်ဆက်တွဲ ပုံစံ ၁၉ မှတ်ချက် ၂ မှာ ဘာပါလဲဆိုရင် လက်မှတ်ထိုးဖို့ ပျက်ကွက်ရင် ပျက်ကွက်သူရဲ့ တာဝန်သာဖြစ်တယ်လို့ ဒီလိုဆိုထားပါတယ်။

ဆိုထားတဲ့အခါကြတော့ ဒီပုံစံ ၁၉ မှာသက်ဆိုင်ရာ ကိုယ်စားလှယ်တွေက လက်မှတ်မထိုးလို့ ဘာဖြစ်မလဲဆိုရင် ရွေးကောက်ပွဲ နည်းဥပဒေအရဘာမှမဖြစ်ဘူး။ ရွေးကောက်ပွဲရလဒ်လည်းမပျက်ဘူး။

သို့သော် ဒါတွေလက်မှတ်မထိုးတဲ့သူ၊ လက်မှတ်မထိုးဖို့ ညွှန်ကြားတဲ့သူက လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇ ပေါ့။ ဒီ ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ်မှာ မလျှော်မကန်တဲ့နည်းနဲ့ သြဇာလွှမ်းမိုးဖို့ကြိုးစားတယ်။ သို့မဟုတ် လိမ်လည် လှည့်ဖျားရင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ၁ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြစ်ဒဏ်နဲ့ငြိမယ်။

ဒါမှမဟုတ်ရင်လည်း ဒီရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) လုံးအရလည်းရွေးကောက်ပွဲ အပေါ်မှာ သြဇာလွှမ်းမိုးဖို့ကြိုးစားတယ်ဆိုရင် ထောင်ဒဏ်တစ်နှစ် ငွေဒဏ်နဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့ ပုဒ်မရှိပါတယ်။

ဒီဟာကတော့ ဥပဒေအမြင်နဲ့ကြည့်ရင်တော့ မသင့်မြတ်တဲ့၊ မလျော်ကန်တဲ့ ညွှန့်ကြားချက် ပေါ့။ ဥပဒေအကျိုးသက်ရောက်မှုတွေကိုနားမလည်လို့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်အပေါ်မှာ အနှောင့်အယှက်ပြုတာလို့ပဲ ဒီအတိုင်း ဥပဒေအရမြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြန်ချုပ်ပြောရင်အဲ့လို ပုံစံ ၁၉ မှာကိုယ်စားလှယ်လက်မှတ်မထိုးလို့ ဘာဖြစ်မလဲဆိုရင် ဘာမှမဖြစ်ပါဘူး။ UEC ကနေသွားပြီးတော့ ရွေးကောက်ပွဲရလဒ် အတည်ပြုမှာဖြစ်ပါတယ်။

ဒီပုံစံ ၁၉ မှာလည်း အတိအကျ ဖော်ပြထားတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ်က လက်မှတ်ထိုးဖို့ ပျက်ကွက်ခဲ့ရင် ပျက်ကွက်ခဲ့သူရဲ့တာဝန်ဖြစ်တယ်လို့ ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ၆၇ (ခ) မှာ လည်း အဲ့လိုရွေးကောက်ပွဲမှာ ကိုယ့်ရဲ့မဲရုံဟာ တာဝန်ကျတဲ့ ကိုယ်စားလှယ်ဟာ အတည်ပြုတဲ့ ပုံစံ ၁၉ မှာလက်မှတ်ထိုးပေးရမယ်လို့၊ လက်မှတ် မထိုးရင် လက်မှတ်ထိုးဖို့ ပျက်ကွက်ရင် ပျက်ကွက်သူရဲ့တာဝန်သာဖြစ်တယ်လို့ ကျနော်တို့ တိတိကျကျ ပြဌာန်းပေးပြီးသားဖြစ်ပါတယ်။ သက်ဆိုင်ရာပါတီတွေက ဒီဥပဒေကိုကြည့်ကြဖို့လိုတာပေါ့။

နောက်တစ်ခုကအခုကန့်ကွက်နေတယ်။ကန့်ကွက်ဖို့ညွှန်ကြားနေတယ်။တစ်ကယ်တမ်းပြောရရင် ကျနော် ဥပဒေအရဆိုရင် ဒီကိစ္စတွေသည် ရွေးကောက်ပွဲ ကျင်းပမယ့် မဲစားရင်းတွေ မှတ်တမ်းတင်တဲ့ အချိန်မှာ တစ်ပြိုင်တည်း လုပ်ခဲ့ရမှာ။ဥပမာအားဖြင့် မဲရုံမှုးက သော်လည်းကောင်း၊ မဲရုံဝန်ထမ်းကသော်လည်ကောင်း ရွေးကောက်ပွဲဥပဒေနဲ့မညီတာတွေ လုပ်ခဲ့တယ်၊ မဲမသမာမှု လုပ်ခဲ့ရင် သက်ဆိုင်ရာ ကိုယ်စားလှယ်က စာနဲ့တရားဝင် မဲရုံမှုးကိုကန့်ကွက်ရမှာ။ အဲဒီမှာ တည်းဖြတ်နေတဲ့ ရပ်ကျေးကော်မရှင်ကို တိုင်ကြားရမှာ။ အဲဒါ တိုင်ကြားပြီးမှ မကျေနပ်ဘူးဆိုရင်၊ ခရိုင်ကော်မရှင်၊ တိုင်းဒေသကြီးကော်မရှင်ကို တင်ပြပြီး တင်ပြချက်အားလုံးသည်အထောက်အထား အခိုင်အမာဖြစ်မှသာလျှင် ပုံစံ ၁၉ မှာ လက်မှတ် မထိုးနိုင်ဘူးလို့ သူက ငြင်းဆိုပိုင်ခွင့်ရှိတယ်။

ပုံစံ ၁၉ မှာ မထိုးဘဲ သူကနေ ထပ်ပြီးမှ ရွေးကောက်ပွဲရလဒ်နဲ့ အညီရွေးကောက်ပွဲ ကော်မရှင်ကိုတင်ပြခွင့်ရှိတယ်။မူလကနဦးမဲပေးတဲ့ နိုဝင်ဘာလ(၈) ရက်နေ့မဲရေတွက်ချိန်၊ ဒီပုံစံ ၁၉ တင်သွင်းချိန်မှာတုန်းက သက်ဆိုင်ရာကိုယ်စားလှယ်တွေက မလာရောက်ခဲ့တာလည်းဖြစ် မယ်။ ရှိနေသော်လည်း သို့တည်းမဟုတ် တစုံတရာပြဿနာမရှိလို့ ဘာမှ မကန့်ကွက်ခဲ့ဘူး ဆိုခဲ့ရင်တော့၊ ပုံစံ ၁၉ မှာ လက်မှတ်မထိုးခဲ့ရင် မထိုးတဲ့ကိုယ်စားလှယ်ရဲ့ တာဝန်ပဲဖြစ်မယ်။

ရွေးကောက်ပွဲလွှတ်တော်ဥပဒေပုဒ်မ ၅၇ အရ ကော်မရှင်ကတိုင်ကြားရင် အရေးယူ ခံရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်ကတော့ ဥပဒေအရ ပျက်သွားစရာအကြောင်းမရှိပါဘူး။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,