ရွေးကောက်ပွဲ ကော်မရှင် အီးမေးလ်တိုက်ခိုက်ခံခဲ့ရ၊ သတင်းအမှားများ သတိပြုရန်လို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အီးမေးလ်လိပ်စာတစ်ခုဖြစ်တဲ့ [email protected] အီးမေးလ်လိပ်စာ တိုက်ခိုက်ခံခဲ့ရပြီး သည် အီးမေးလ်လိပ်စာကို အသုံးပြုပြီး မမှန်ကန်တဲ့ အကြောင်းအရာတွေ ပေးပို့ခဲ့မှုကို သိရှိရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ ပါတယ်။ သတင်းထုတ်ပြန်ချက်ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

UEC / ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ သတင်းထုတ်ပြန်ချက်

တိုက်ခိုက်ခံခဲ့ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အီးမေးလ်လိပ်စာကို နိုဝင်ဘာလ(၈) ရက်နေ့ ည (၈) နာရီ အချိန်မှာ ပြန်လည် ရယူ အသုံးပြုနိုင်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အီးမေးလ်လိပ်စာကို အသုံးပြုပြီး ပေးပို့လာတဲ့ အကြောင်းအရာတွေ ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးဖုန်းနံပါတ်ဖြစ်တဲ့ ၀၆၇ – ၃၄၀၄၃၁၅ သို့ ဆက်သွယ်အတည်ပြုနိုင်တယ်လို့ အသိပေးထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” အီးမေးလ် ဟက်ခ်ခံလိုက်ရတယ်။ ဘယ်လိုအကြောင်းအရာတွေ ပို့ခဲ့တယ် ဆိုတာ သေချာမသိပါဘူး။ ကျမအနေနဲ့ က ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်ရုံး အီးမေးလ်လိပ်စာနဲ့ မမှန်ကန်တဲ့ အချက်အလက်ပေးပို့မှုတွေ ရှိလာရင် ၀၆၇ – ၃၄၀၄၃၁၅ သို့ ဆက်သွယ် အတည်ပြုနိုင်တယ် ” လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာ ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အီးမေးလ်လိပ်စာ လို့ ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့ အီးမေးလိပ်စာနဲ့ သတင်း ဌာနတွေကို သတင်းအတု၊သတင်းအမှား တွေ ပေးပို့မှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဖေ့စ်ဘွတ်၊ယူကျူ ပလက်ဖောင်း ကိုအခြေပြုပြီး သတင်းအတု၊ သတင်းအမှား တွေ ဖြန့်ချိနေတဲ့ အပြင် အခု ရက်ပိုင်းတွေမှာ အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း အီးမေးလ် အတုအယောင်တွေနဲ့ သတင်းအတု၊သတင်းအမှားတွေ ကို ဖြန့်ချိနေတာဖြစ်ပါတယ်။

သည်လို အီးမေးလ်အတုအယောင်တွေနဲ့ ပတ်သက်ပြီး အများပြည်သူသတိပြုသင့်တာတွေကို MIDO က  အသိပေးထားပါတယ်။  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,