ရွေးကောက်ပွဲ ရလဒ် ဒုတပ်ချုပ် ပြောဆိုတဲ့ သတင်းအမှား နဲ့ သတင်းအမှားတွေ ဖြန့်နေတဲ့ ပေ့ချ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲရလဒ် အားရ ကျေနပ်ဖွယ်မရှိဟု ဒု တပ်ချုပ်ပြော ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းအမှား တစ်ပုဒ်ကို နေလ New Media အမည်ရှိတဲ့ အမည်ရှိတဲ့ ဖေ့စ်ဘွတ် ပေ့ချ်ကနေ နိုဝင်ဘာလ(၁၂) ရက်နေ့ က ဖြန့်ချိခဲ့တာတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

နေလ New Media ရဲ့ သတင်းဖော်ပြချက် အကျဉ်းကတော့ ဒုတပ်ချုပ် အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့စီမံခန့်ခွဲမှုတွေနဲ့ ရရှိလာတဲ့ ဆန္ဒမဲ ရလဒ်တွေကို အားရကျေနပ်မှု မရှိတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံအတွင်း မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်လာမည်ကိုလည်း ဒုတပ်ချုပ် အနေနဲ့စိုးရိမ်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

နေလ New Media ရဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး သတင်းအမှား၊အမှန် ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးခဲ့ရာမှာ သတင်းအမှား၊သတင်းအတု ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် သတင်းနဲ့ ပတ်သက်ပြီး ဘာကြောင့် သတင်းအမှား၊သတင်းအတု အတည်ပြုနိုင်သလဲဆိုရင် သတင်းလုပ်ငန်းစဉ်တွေ နဲ့ အညီ ဖော်ပြထားတဲ့ သတင်းဌာနတွေမှာ သည် သတင်းကို ဖော်ပြထားခြင်း မရှိပါဘူး။ နိုဝင်ဘာလ (၈) ရက်နေ့ က တပ်မတော်ခေါင်းဆောင်တွေ ဆန္ဒမဲ ပေးအပြီး မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ပဲ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS/ ဧရာဝတီ သတင်းဌာန ရဲ့ ဖော်ပြချက်

ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ပြောပြီးသားဖြစ်၍ သီးသန့် ထပ်ပြောရန် မရှိကြောင်း တပ်မတော်ဘက်က ပြောကြားထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နေလ New Media ရဲ့ သတင်းဖော်ပြချက် ဟာ သတင်းအမှား၊သတင်းအတု သာ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

နေလ New Media ပေ့ချ်မှာ ဖော်ပြချက်တွေကို မှတ်ချက်ပေးသူ၊React ပြုသူနည်းပေမယ့် သည်ဖော်ပြချက်ကို ကော်ပီယူပြီး ထပ်ဆင့်ပြန်လည်ဖြန့်ချိသူတွေ ကြောင့် သည်သတင်း အမှား ဟာ အများအပြား ပျံ့နှံ့ နေတာကို လည်းတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

နေလ New Media ဟာ သတင်းအမှား၊သတင်းအတု တွေကို ဖြန့်ချိလေ့ရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုသာ ဖြစ်ပါတယ်။ နေလ New Media က ဖြန့်ချိခဲ့တဲ့ သတင်းအမှား သတင်းအတုတွေ ကို  သည်နေရာမှာ နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

နောက်ထပ်ပြောပြလိုတဲ့ သတင်းအမှား၊သတင်းအတု တစ်ပုဒ် ကတော့ မြန်မာနိုင်ငံရွေးကောက်ပွဲ အားရကျေနပ်ဖွယ်မရှိတဲ့ အတွက် ထောက်ပံံ့မှုတွေ ရပ်ဆိုင်းသွားမယ်လို့ EU ပြောတယ်ဆိုတဲ့ သတင်း ကို နေလ New Media ကပဲ နိုဝင်ဘာလ(၁၀) ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် အချက်အလက်နဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးခဲ့ရာ EU အနေနဲ့ သည်လို ပြောဆိုထားတာခြင်းမျိုး ရှိတာ မတွေ့ရပါဘူး။ နိုဝင်ဘာလ(၁၀) ရက်နေ့ က Europen Union In Myanmar က ထုတ်ပြန်ထားတဲ့ ကြေညာချက် မှာ လည်း သည်လို အကြောင်းအရာ တွေ မပါဝင်ပါဘူး။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် သတင်းတွေဟာ သတင်းအမှား တွေသာဖြစ်တယ်လို့ မုံရွာအောင်ရှင်က အတည်ပြုပြောကြားပါတယ်။

” အခု သူတို့ပြောတဲ့ EUက လုံးဝ မထောက်ခံဘူး ဆိုတာ မဟုတ်ပါဘူး။ ခု NLD နိုင်တဲ့ ကိစ္စမှာလည်း EU ကလည်း ဝမ်းမြောက်ဝမ်းသားနဲ့ပြောနေသံတွေ ကြားနေရပါတယ်။ EU အပြင် ၊အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများကလည်း ရွေးကောက်ပွဲရလဒ်ကို တော်တော်များများ ထောက်ခံတယ်” လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့၊အတွင်းရေးမှူး မုံရွာအောင်ရှင် က ငြမ်းမီဒီယာ ကို ပြောပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,