ရွေးကောက်ပွဲ ရလဒ် လက်ခံသင့်မှ လက်ခံမယ် လို့ တပ်ချုပ်ပြောတယ် ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှု ပြင်းထန်နေတဲ့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဖြေရှင်းချက် တစ်စုံတရာ မပေးဘဲ ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်လာပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ လက်ခံသင့်မှ လက်ခံမယ် ဆိုတဲ့ သတင်း တစ်ခုကို ဇွဲမာန်ဝင့် အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာ(၉ ) ရက်နေ့ ည ရှစ်နာရီ ကျော်ခန့်မှာ ဖြန့်ချိခဲ့တာတွေ့ရပါတယ်။  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် သတင်းကို ထပ်ဆင့် ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေ ရှိတာလည်း တွေ့ရပါတယ်။

သည် သတင်းနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးခဲ့ရာမှာ အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား တစ်ခုသာဖြစ်တာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ပါက လက်ခံသင့်မှ လက်ခံမယ် လို့ တပ်ချုပ်ပြောတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒါ့အပြင် တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ပေးလေ့ရှိတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ကလည်း သည်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိပါဘူး။ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ် ပေ့ချ် နဲ့ တပ်မတော် သတင်းတွေ ဖော်ပြတဲ့ မြဝတီ ဝက်ဘ်ဆိုဒ် ကို  သည်နေရာမှာ နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / 7 Day News Journal ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်

ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ (၈)ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်၊ အနော်ရထာအမှတ်(၁) မဲရုံ ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲလာပေးပြီးအပြန်မှာ ” ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ရွေးကောက်ပွဲ ရလဒ်ကို လက်ခံသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။

SS / ဧရာဝတီ သတင်းဌာန ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်

တပ်ချုပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး  သည်နေရာမှာ နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,