ရွေးကောက်ပွဲ သတင်းအမှားတွေ နဲ့ ရွေးကောက်ပွဲ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ် ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သတင်းဌာန တစ်ခု ပုံစံ အယောင်ဆောင်ထားတဲ့ RFM ဟာ သတင်းအမှားတွေ အမြဲ ဖြန့်လေ့ရှိပါတယ်။ သည်တစ်ခါမှာလည်း နိုဝင်ဘာလ(၂၄) ရက်နေ့ ရက်စွဲနဲ့ ” UEC ဗဟိုက မဲရုံမှူး တွေကို ဘယ်လို ညွှန်ကြားခဲ့သလဲ “ ခေါင်းစဉ်နဲ့ အကြောင်းအရာတစ်ခုကို လူမှုကွန်ရက်မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို မယ်သုဘဒ္ဒ အမည်ရ ဖေ့စ်ဘွတ်ခ်အကောင့် ကနေ နိုဝင်ဘာလ(၂၄) ရက်နေ့က ဖြန့်ချိထားတာဖြစ်ပါတယ်။ သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူတွေ ရှိတာလည်း တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

RFM က ဖြန့်ချိထားတဲ့ အကြောင်းအရာမှာ ပါဝင်တဲ့ ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုတာကလည်း အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံထားတဲ့ အကြောင်းအရာတစ်ခုသာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းကြောင်း ကြေညာချက်အတု

ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းကြောင်း ကြေညာချက်အတု တစ်စောင် ကို နိုဝင်ဘာ(၂၄) ရက်နေ့မှာ Usoelay အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်ကြေညာချက် ကို အတုလို့ ဘာကြောင့်ပြောရသလဲဆိုရင် ကြေညာချက်မှာ နိုင်ငံတော်သမ္မတရုံး အမှတ်တံဆိပ်ကို သုံးထားပေမယ့် နိုင်ငံတော်သမ္မတရုံး ရဲ့ တရားဝင် စာမျက်နှာ မှာ သည် ကြေညာချက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး ။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းလုပ်ငန်းစဉ်များနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာလည်း သည်အကြောင်းနဲ့ ပတ်သက်တာကို ရေးသားဖော်ပြထားခြင်း မျိုးမရှိပါဘူး။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း RFM က ဖြန့်ချိထားတဲ့ အကြောင်းအရာတွေဟာ သတင်း အမှား ဖြစ်ကြောင်း သည်နေ့ ထုတ်ပြန်ထားပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် RFM အမည်နဲ့ ဖြန့်ထားတဲ့ ပါဝင်အကြောင်းအရာတွေဟာ အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် အမျိုးမျိုးသောရည်ရွယ်ချက်တွေနဲ့ ဖြန့်ချိထားတဲ့ သတင်းအတု၊သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

” စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေတဲ့ အချိန်မှာ နိုင်ငံရေးကိုသမာ၊သမတ်ရှိရှိနဲ့ လျှောက်လှမ်းကြပါလို့ ကျနော်တို့က အကြံပြုချင်တယ်။ အဲဒီလို အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့်လည်း ဆရာ၊ ဆရာမတွေက တုန်လှုပ်နေမှာလည်း မဟုတ်ဘူး။ ကိုယ်လုပ်သွားမယ့် လုပ်ငန်းစဉ်တွေကိုဆောင်ရွက်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့၂၀၂၀ရွေးကောက်ပွဲသည် အမျိုးသားရေး၊ တာဝန်တစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် တာဝန်ပေးတဲ့အခါမှာ လုပ်ကြတာပဲ။ဒီဟာနဲ့ ပတ်သက်ပြီး မဲခိုးတာတွေ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့အရာတွေဖြစ်တဲ့အတွက် ဒါကို သတင်းအတုလို့ယူဆပါတယ်။သတင်းအတုလို့ပဲ သတ်မှတ်ပါတယ် ” လို့ ရွေးကောက်ပွဲအခြေအနေမှာ ဆရာ၊ဆရာမတွေကို သတင်းအတု၊သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်နေမှု အပေါ် ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ဦးမင်းမင်းထွဋ် က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,