ရှစ်ဆယ့်ရှစ်မျိုးဆက်ပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ မလုပ်ဘဲ ဘယ်သူမှ မလုပ်နိုင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KKG / ရှစ်ဆက်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍ၊ဦးဆောင်မှု သူ့ရဲ့အခန်းကဏ္ဍက အရမ်းကြီးတဲ့အခါကျတော့ သူ့ဆုံးဖြတ်ချက်ဟာ ပင်မစီးကြောင်းဖြစ်တယ်။အဲဒီအချိန်မှာ ရှစ်ဆယ့်ရှစ်တွေ ဘာတွေအကုန်လုံးက …

ရှစ်ဆယ့်ရှစ် မျိုးဆက်သည် ပျောက်ဆုံးတော့မည့် မျိုးဆက် တစ်ခုလားစသည့်အခြေအနေများနှင့် ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဌ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – ရှစ်ဆယ့်ရှစ်မျိုးဆက်ဟာ ပျောက်ဆုံးမျိုးဆက်ဖြစ်သွား မလား။ ဦးကိုကိုကြီး ဘယ်လိုမြင်လဲခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – ကျနော့်အယူအဆပြောရရင် ရှစ်ဆယ့်ရှစ်မျိုးဆက် ပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ မလုပ်ဘဲ ဘယ်သူမှ မလုပ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့ အတွေ့အကြုံဟာနည်းတဲ့ အတွေ့အကြုံ မဟုတ်ဘူး။ ရှစ်ဆယ့်ရှစ်မျိုးဆက်ပျောက်ဆုံးတယ် မပျောက်ဆုံး ဘူးဆိုတာ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေအပေါ်မှာပဲ တည်တယ်။ ကျနော် နှစ်သုံးဆယ် ဖြတ်သန်း လာတဲ့အချိန်မှာ ဒီအတိုင်း သွားရင်တော့ နိုင်ငံရေးဆိုတာ တခြားနည်းလမ်းတွေနဲ့ လုပ်လို့ မရဘူးလား ဆိုတော့ ပရဟိတ အသင်းနဲ့လုပ်တော့ ပရဟိတ အသင်းအတိုင်းအတာပေါ့။NGO၊ CSO လုပ်တော့ NGO၊ CSO အတိုင်းအတာပေါ့။

ရှစ်ဆယ့်ရှစ် မျိုးဆက်တွေကိုရော ကျန်တဲ့ ၉၆ – ၉၈ မျိုးဆက်တွေကိုရော အကုန်လုံးကို ပြောချင်တာက ကျနော်တို့ ရောက်နေတဲ့နေရာကို သေချာပြန်သုံးသပ်ပါ …

ကျနော်တို့က နိုင်ငံရေးမူဝါဒတွေ ပေါ်လစီတွေ အဆင့် လုပ်တော့မယ် ဆိုရင်တော့ ဒီရှစ်ဆယ့်ရှစ်မျိုးဆက်ဟာ နိုင်ငံရေးပါတီ တစ်ရပ် အနေနဲ့ ခိုင်ခိုင်မာမာ ထူထောင်ဖို့လိုတယ်။ တဖြေးဖြေးနဲ့ဒါကို ပိုပြီး ကျစ်လျစ်အောင်၊ ခိုင်မာအောင် လုပ်ဖို့လို တယ်။ ဒါကြောင့်လည်း ကျနော် ဒီပါတီထောင်တာ။ ကျနော်ပါတီ ဖြစ်မြောက်ရေး ကော်မတီကာလကို တစ်နှစ်ကျော်ကျော်လောက် စိတ်ရှည်လက်ရှည်နဲ့ အားလုံးပါနိုင်အောင် အများကြီးကြိုးစားခဲ့ တယ်။နောက်ဆုံးဒီလောက်ကြာပြီးမှ မလုပ်ဖြစ်ဘဲ နေမှာစိုးလို့ စိတ်တူကိုယ်တူ တကယ့်ကို ထက်သန်တဲ့ ရဲဘော်တွေနဲ့ ကျနော် ပါတီထောင်ဖြစ်တာ။ ပါတီထောင်ဖြစ်တဲ့အခါမှာလည်း တိုးတိုးရော၊ ကျယ်ကျယ်ရော ပြောဆိုဝေဖန်ကြတာတွေဟာ ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေပဲ။ ဒါကတော့ တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ပေါ့လေ။ အဲဒီတော့ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေထဲမှာ ကိုယ်ဘယ်နေရာမှာ ရောက်နေလဲ။ကိုယ်ရှေ့ကို ဘယ်လို ဆက်ပြီးတော့ ဖြတ်သန်းမလဲဆိုတဲ့ အပေါ်မှာ လေးလေးနက်နက် ပြန်သုံးသပ်ဖို့လိုတယ်။ ကျနော်ပြောသလိုပဲ ကျနော်လည်း NGO၊ CSO လောကကို ရင်းနှီးပါတယ်။ သို့သော် NGO၊ CSO လုပ်တဲ့သဘာဝဟာ သူ့ရဲ့ပုံစံတစ်ခုပဲ။ အဲတော့ နိုင်ငံရေးအရ လုပ်တော့မယ် ဆိုရင် ကျနော်ကတော့ ရှစ်ဆယ့်ရှစ်မျိုးဆက် အနေနဲ့ ကျနော်ပုဂ္ဂိုလ်ရေးကြောင့် ပါတီထောင်တာမဟုတ်ဘူး။ ရှစ်ဆယ့်ရှစ် မျိုးဆက် ပျောက်ဆုံးမျိုးဆက်ဖြစ်တော့မှာစိုးလို့ တတ်နိုင်သလောက် စုစည်းပြီးတော့ နိုင်ငံရေးပါတီပုံစံနဲ့ ရပ်မှဖြစ်မယ်ဆိုပြီး ထူထောင်တာ။ ထူထောင်တဲ့အချိန်မှာလည်းပဲ ကျယ်ကျယ်ပြန့်ပြန့်ပါအောင် တစ်နှစ်ကျော်လောက် အချိန်ယူပြီး အများကြီး စိတ်ရှည် လက်ရှည်နဲ့ ကြိုးစားခဲ့တာ။အခုလည်း တံခါးဖွင့်ထားတယ်။ ကျနော်ပြောတာက ဒီထက်ပိုကျစ်လျစ်ဖို့ ဒီထက် ပိုအားကောင်း ဖို့ လိုတယ်။အဲဒီတော့ ရှစ်ဆယ့်ရှစ်မျိုးဆက် မပျောက်ဆုံးစေချင်ဘူးဆိုရင် ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်တာ တွေကတော့ တစ်ပိုင်းပေါ့။ကျနော်တို့ ပြည်သူ့ပါတီမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ၊အားဖြည့်ကြဖို့ အခုလည်း ဖိတ်ခေါ်တယ်။

ကိုယ့်ပလက်ဖောင်းနဲ့ကိုယ် ခိုင်ခိုင်မာမာ မရှိဘူးဆိုရင်တော့ တစ်စစီ အခြေအနေ မျိုးမှာ ရှိသွားမှာပဲ။ အဲလိုရှိပြီးတော့ ကိုယ်နိုင်သလောက်ကိုတော့ လုပ်ကြတာပဲ ဆိုတာလေး ကိုယ့်ဘာကိုယ် ရသေ့စိတ်ဖြေပေါ့ အဲဒီလိုမျိုးနဲ့ပဲသွားလိမ့်မယ်။ နောက်ဆုံး …

အမြဲ ဖိတ်ခေါ်တယ်။ ဒါကြောင့်ရှစ်ဆယ့်ရှစ် မျိုးဆက်ပျောက်ဆုံးတယ်၊မပျောက်ဆုံးဘူး ဆိုတာ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေ အပေါ်မှာ ပဲတည်တယ်။ အဲသလိုမဟုတ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် အယူအဆကွဲတာ သဘာ၀ ဆိုပေမယ့်လို့ အလုပ် လုပ်ရကိုင်ရ တာမှာ ဒါလုပ်သင့် လုပ်ထိုက်တဲ့အလုပ်လား။ ဒါကျနော်တို့ ပါတီလုပ်တဲ့ အလုပ်ဟာ ဘာအားနည်းချက်ရှိသလဲ အပြုသဘော ပြောပေါ့။ဝေဖန်ပေါ့။ အဲသလို မဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းရင် သို့မဟုတ် ဝေဖန်ဆန့်ကျင်တာမျိုးတွေ များလာရင်တော့ ကျနော်တစ်ခါ တစ်လေ ကျရင်စိတ်ထဲ တစ်ကယ်ဖြစ်ပါတယ်။ အခုလည်း ကိုယ့်ကလေးတွေနဲ့ ကိုယ့်မိသားစုနဲ့ အေးအေးချမ်းချမ်း လေး နေချင်တဲ့စိတ်ဖြစ်တယ်။ မာန်ကိုတင်းထားတာက ပျောက်ဆုံး မျိုးဆက် ဖြစ်မှာစိုးလို့ဆိုတဲ့ မာန်ကို တင်းထားတာ။ မာန်တင်း ပြီးတော့ မဆုတ်မနစ်လုပ်နေတာဖြစ်တော့ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေကိုရော ကျန်တဲ့ ၉၆ – ၉၈ မျိုးဆက်တွေကိုရော အကုန်လုံးကို ပြောချင်တာက ကျနော်တို့ ရောက်နေတဲ့နေရာကို သေချာပြန်သုံးသပ်ပါ။ ဘာလုပ်သင့် သလဲ ဆိုတာ ကို လုပ်ပါ။ ကျနော်တို့ဒီပါတီကို စတည်ထားတာ တကယ်လုပ်နိုင်မယ့်သူတွေ အရည်အချင်းရှိတဲ့သူတွေအတွက် တိုးချဲ့ဖို့ ရောပြင်ဆင်ဖို့ရော ကျနော်တို့ အဆင်သင့် ရှိတယ်။ ကိုယ့်ထက်လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေရှိရင် လွှဲပေးဖို့လည်း အဆင်သင့် ရှိတယ်။ဒါ ခုနက အဓိကပြောတာ ပျောက်ဆုံး မျိုးဆက် ဆိုတာပြောလို့ အဲဒီ ပျောက်ဆုံးမျိုးဆက် ဖြစ်မှာ စိုးလို့ကို ဒီပါတီကို ခဲရာခဲဆစ်ကြိုးစားပမ်းစားထောင်နေတာ။အဲဒီတော့ အားလုံး အတွက် ကျနော်တံခါးဖွင့်ထားတယ်။

ငြမ်းမီဒီယာ – ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ လွတ်လာပြီး သိပ်မကြာမီ တော်ဝင်စင်တာမှာ သတင်းစာ ရှင်လင်းပွဲ တစ်ခုလုပ်တယ်။အဲဒီအချိန်အထိ ရှစ်ဆယ့်ရှစ်ဟာ သိပ်အားကောင်းနေ သေးတာတွေ့ရတယ်။ နောက်ပိုင်း ပွင့်လင်း ဆိုပြီး နာမည်ပြောင်းတယ်။အရပ်ဘက်အဖွဲ့အစည်း ပုံသဏ္ဍန်ဖြစ်သွားတာလား။ ဘယ်လိုကြောင့် အဲဒီနာမည် ပြောင်းလိုက်တာလဲ။

UKKG – အရင်တုန်းက ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများ ဆိုတာ ၂၀၀၅ လွတ်လာပြီးချိန်မှာ တကယ်တော့ ကိုယ့်ဘာသာ မှည့်တာမဟုတ်ဘူး။ ကျနော်တို့ကို ကြိုဆိုကြတဲ့ ပရိသတ်က ရှစ်ဆယ့်ရှစ်ကျောင်းသားတွေ လွတ်လာပြီ ဆိုပြီ အော်ကြဟစ်ကြ ကြိုဆိုကြနဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများ ဆိုပြီး ဖြစ်သွားတာ။ အဲဒီကနေ ကျနော်တို့ ပြန်ထပ်ပြီး အဖမ်းခံရပြီး ၂၀၁၂ လွတ်လာတဲ့ အချိန်မှာကျတော့ ကျောင်းသားဆိုတာ ဘောင်ကျဉ်းသလိုဖြစ်တယ်။ရှစ်ဆယ့်ရှစ်မှာ ပါခဲ့တာ အလုပ်သမား၊ လယ်သမား၊အခြား အလွှာအသီးသီးပါခဲ့တာဆိုတော့ကျယ်ကျယ် ပြန့်ပြန့် ပါဝင်နိုင်အောင်ဆိုပြီး ကျောင်းသားများကို ဖြုတ်လိုက် တယ်။ နောက်တစ်ခုကတော့ အဲဒါလည်း ကျနော်ခဏ ခဏ ရှင်းရတဲ့ အထဲမှာပါတယ်။ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ ကျနော် မှည့်တာ။ကျနော်တို့က အကျဉ်းထောင် ထဲမှာလည်း ပိတ်လှောင်ခံပြီးနေခဲ့ရတယ်။ အုတ်ရိုးတွေကိုချဲ့ကြည့်လိုက် တော့လည်း နိုင်ငံကလည်း ထိုနည်း ၎င်းပဲ။သူ့ကိုယ်မယုံ၊ကိုယ့် သူမယုံ။မပြောရဲ၊မဆိုရဲ အထိတ်ထိတ် အလန့်အလန့်နဲ့ ။

၂၀၁၂ ကြားဖြတ်ေ ရွးကောက်ပွဲဟာ ကျနော်တို့ နိုင်ငံရေးလောက တစ်ခုလုံးအတွက် အချိုးပါ။ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အပေါ်မှာ …

စိုးရိမ်ကြောင့်ကြမှု ကင်းတဲ့ ပွင်းလင်းတဲ့ လူ့အဖွဲ့အစည်း ကိုဖြစ်ချင်တယ်ဆိုတဲ့အယူအဆ အဲဒါကလည်း စပေးတာ ဟသာၤတ။ အဲဒီမှာ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်များကို ဂုဏ်ပြုကြိုဆိုပွဲဆိုပြီး အခမ်းအနားလုပ်တယ်။ လုပ်တော့ ကျနော်တို့ကို ဂုဏ်ပြုတယ်တွေ ဘာတွေ မလုပ်ပါနဲ့။ တကယ်က တစ်လျောက်လုံးမှာ ကာယကံမြောက်ရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အားပေး ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့တဲ့ ပြည်သူတွေကို ဂုဏ်ပြုရမှာ။ ကျနော်တို့ကို ဂုဏ်ပြုတယ်ဆိုတာ မလုပ်ပါနဲ့။ အဲဒီဆိုင်းဘုတ်ကြီးနဲ့ မလုပ်ပါနဲ့။ အဲဒါဆို ဘယ်လို လုပ်ရမလဲတဲ့။ “ ပွင့်လင်းလူ့အဖွဲ့အစည်းမိတ်ဆက်ဆွေးနွေးပွဲ” ဆိုတဲ့ခေါင်းစဉ် ကျနော်ပေးလိုက်တာ။ပေးလိုက်ပြီး အဲဒီခရီးစဉ်မှာ ပွင့်လင်းဆိုတဲ့ စကားလုံးအရင်ဆုံးစပြီးပေါ်လာတာ။ နောက်မြစ်ကြီးနား စစ်ဘေးရှောင်စခန်းဒုက္ခသည်တွေကို သွား အားပေးရင်းနဲ့ ပြန်တဲ့အခါကျတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိုပါ ဦးစားပေး လုပ်ငန်းစဉ်အနေနဲ့ထည့်မယ် ဆိုတော့ ရှစ်ဆယ့်ရှစ် မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုပြီး ဖြစ်လာတာ။ တစ်ခုကတော့ ကျောင်းသားများကို ဖြုတ်လိုက်တယ်။ ပိုပြီးတော့ အပြန့်ကျယ်သွားအောင်။ ဒါကျနော်တို့ ပေါ်ပေါက် လာတဲ့ ပုံသဏ္ဍန်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များလို့ ပြောလိုက်ရင် အများကြီးတော့ရှိမှာပါ။ ဒါပေမယ့် ဦးကိုကိုကြီးတို့၊ ဦးမင်းကိုနိုင်တို့၊ဦးမြအေး၊ဦးဌေးကြွယ် အစရှိသဖြင့် ကျနော်တို့ စိတ်ထဲမှာ အဲလိုတန်းမြင်ကြတာလေ။ အဲဒီကာလမှာနို င်ငံရေးထုထည်ကလည်း သိပ်ကြီးမားခဲ့ကြတယ်။ ပြည်သူ ကလည်းမျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျသွားတာဘာကြောင့်လဲ။ အခြေခံအကြောင်းတရားေတွကဘာတွေလဲ။

UKKG – တစ်ခုက Main Stream ပေါ်မှာ ကျနော်တို့ မရှိတဲ့ပြဿနာ။ Main Stream ဆိုတာက ပင်မလမ်းကြောင်းက ၂၀၁၂ လွတ်လာ ပြီးတဲ့အချိန်မှာ ရွေးကောက်ပွဲလမ်းကြောင်းပေါ့။ ၂၀၁၂ မတိုင်ခင်အထိက အနိုင်ရပါတီရော ကျနော်တို့ ရှစ်ဆယ့်ရှစ် တွေရော အားလုံးဟာ တစ်လှေတည်းပေါ်မှာပဲရှိတာ။ အဲဒီတော့ ကျနော်တို့က စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေး ၊ညောင်နှစ်ပင် ညီလာခံ ဆန့်ကျင်ရေးဆိုတဲ့ လမ်ေးကြာင်းပေါ်မှာ တစ်စုတစ်စည်း တည်းရှိ နေခဲ့တယ်။ ရှိနေခဲ့ရာကနေ ၂၀၁၂ ကြားဖြတ်ေ ရွးကောက်ပွဲဟာ ကျနော်တို့ နိုင်ငံရေးလောက တစ်ခုလုံးအတွက် အချိုးပါ။ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အပေါ်မှာ ဗဟိုပြုထားတဲ့ နိုင်ငံရေးဖြစ်စဉ် တစ်ခုလုံး ပြောင်းသွားတယ်။

လူမသိသူမသိ အညတရ သေဆုံးသွားတဲ့သူတွေ ၊လမ်းပေါ်မှာ၊တောထဲမှာ၊ ထောင်ထဲ အကျဉ်းစခန်းတွေမှာ သေဆုံးသွားတဲ့ အညတရ ရဲဘော်တွေ …

အထူးသဖြင့်ဆို စင်ပြိုင် အစိုးရပေါ့။ ပြည်ပမှာ စစ်အစိုးရကို ပိတ်ဆို့ ဖိအားပေးဖို့ လုပ်နေတဲ့ လိုင်းက လုံးဝပျက်သွားတယ်။ ပျက်သွား ပြီးတော့ ပင်မ စီးကြောင်းဟာ နိုင်ငံရေးပါတီပြန်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လမ်းကြောင်းဖြစ် သွားတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍ၊ဦးဆောင်မှု သူ့ရဲ့အခန်းကဏ္ဍက အရမ်းကြီးတဲ့အခါကျတော့ သူ့ဆုံးဖြတ်ချက် ဟာ ပင်မ စီးကြောင်းဖြစ်တယ်။အဲဒီအချိန်မှာ ရှစ်ဆယ့်ရှစ်တွေ ဘာတွေ အကုန်လုံးက ဝန်းရံတဲ့သူတွေပဲဖြစ်သွားတယ်။ ကျနော်တို့က အဓိက Key Player တွေမဟုတ်တော့ ဘူး။ ကျနော်တို့က ဝန်းရံတဲ့ပံ့ပိုးတဲ့အခြေအနေမှာဖြစ်သွားတယ်။ အဲဒီကနေ တောက်လျောက် ၂၀၁၂ ကနေ ၂၀၁၉ ရောက်လာတဲ့ အခါကျတော့ အခုချိန်ထိ ကြိုက်တာ၊မကြိုက်တာ၊ငြင်းတာ ခုန်တာတွေ ထားပြီးတော့ ဒီရွေးကောက်ပွဲ လမ်းကြောင်းက ပင်မစီးကြောင်းဖြစ်နေတယ်။ အဲဒီတော့ ပင်မစီးကြောင်းထဲမှာ ကျနော်တို့ မပါရင် ကျနော်တို့ရဲ့ အခန်းကဏ္ဍဟာ ပင်မ ဇာတ်ကောင်တွေနေရာမှာ မရှိဘူးလို့ပြော ရမှာပေါ့။ဒါ ကျနော် ကြိုက်ခြင်း၊မကြိုက်ခြင်းနဲ့မဆိုင်ဘူး။ ပြီးတော့မှ အဲဒီထဲမှာ ကျနော်တို့ ဘယ်လောက်စုစည်းနိုင်သလဲ ။အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ဘယ်လောက် အပြောင်းအလဲ ဖြစ်အောင်ဖန်တီးနိုင်သလဲ ဆိုတဲ့အပေါ်မှာတည်တယ်။

ငြမ်းမီဒီယာ – အဲဒီအချိန်တုန်းက ပါတီ နိုင်ငံရေးပုံစံလုပ်ခဲ့ရင်ရော။ ဒီလောက်ထိအခြေအနေရောက်ပါမလား။

UKKG – ကျနော်ပွင့်ပွင့်လင်းပြောရရင် အကောင်းဆုံးအချိန်က ငွေရတုအချိန်ပဲ။ ငွေရတုအချိန်က ပြည်တွင်း၊ပြည်ပရော ရှစ်ဆယ့်ရှစ် အင်အားစုတွေ အားအကောင်းဆုံးပြန်ဆုံတဲ့အချိန်။ အဲဒီအချိန်မှာတကယ်က အားလုံး တစ်ညီတစ်ညွှတ်တည်း နိုင်ငံရေးပါတီလုပ်ကြမယ်ဆိုတဲ့ဆုံးဖြတ်အကောင်အထည်ဖော် လုပ်နိုင်ရင်အဲဒါ အကောင်းဆုံးအချိန်ပဲ။

ငြမ်းမီဒီယာ – အဲဒီတုန်းက မလုပ်နိုင်ခဲ့ဘူးပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKKG – မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ခဲ့ဘူးဆိုတာက ပြည်ပက ဝင်လာတဲ့သူတွေကလည်း ဧည့်သွားဧည့်ပြန်။ လာပြီးတော့ ပြန်သွား ကြတဲ့ သဘောမျိုးရှိတယ်။ ပြည်တွင်းမှာ ကျတော့လည်း ပါတီလုပ်ဖို့ကို တစ်ညီတစ်ညွှတ်တည်း မဖြစ်ဘူး။ တစ်သံတည်း မဖြစ် ဘူး။ ကျနော်တို့ စဉ်းစားချက်တွေရှိခဲ့တယ်။ဒါပေမယ့် ခုနကပြောသလို အားလုံးပါစေချင်တဲ့ဆန္ဒနဲ့ တစ်ယောက် သဘော၊ တစ်ယောက်ရဲ့အမြင်လေးတွေကို စောင့်ဆိုင်းရင်း တဖြေးဖြေးနဲ့ ကျနော်တို့ကြာသွားတာ။ ၂၀၁၅ ပြီးမှပဲ ပါတီထောင်ဖို့စပြီးတော့ ဖြစ်မြောက်ရေးကော်မတီ ဆိုပြီး စတည်ဖြစ်တာ ဖြစ်သွားတယ်။

ငြမ်းမီဒီယာ – အင်အားကောင်းကောင်းနဲ့ ရှစ်လေးလုံးငွေရတုမှာ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို မဖော်ဆောင်နိုင်ခဲ့ဘူး။ ဘာကြောင့် မဖော်ဆောင် နိုင်ခဲ့တာလဲ။

UKKG – Key Player အဓိက ဇာတ်ကောင်တွေ နေရာမှာ မဖြစ်တဲ့ အားနည်းချက်ပေါ့။ သို့သော်လည်းပဲ ဒီဆုံးဖြတ်ချက် (၃) ချက် ကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုယ်၌က ဒီသုံးချက်ဘောင်ထဲမှာပဲ ဆက်ပြီး ရှိနေတယ်။ နောက်ဆုံး ပြောရရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသောဆိုတာ ဒါငွေရတု ဆုံးဖြတ်ချက်ပဲ။ အဲဒီ မတိုင်ခင်တုန်းက ဖက်ဒရယ်ကို အဲဒီလောက်    ကျယ်ကျယ် လောင်လောင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဘယ်သူမှမပြောရဲဘူး။ ပြောလည်းမပြောခဲ့ဘူး။ ဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံတော်ဟာ ရှစ်လေးလုံး ငွေရတုကနေ ချမှတ်လိုက်တဲ့ ကြွေးကြော်သံလမ်းကြောင်းလို့ပြောလို့ရတယ်။ ကျနော်တို့ ရှစ်လေးလုံးလောက်က ဒီမိုကရေစီ ရရှိရေးပဲဖြစ်ခဲ့တာ။ ရှစ်လေးလုံး ငွေရတုမှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသော နိုင်ငံတော် ဖြစ်ဖို့ဆိုတာဟာ ဒါ ရှစ်လေးလုံး အင်အားစုတွေအားလုံး ရဲ့ ကြိုးပမ်းမှုလို့ကျနော်တို့ ပြောလို့ရတယ်။

ငြမ်းမီဒီယာ – ရှစ်ဆယ့်ရှစ်မျိုးဆက်ဟာ နောင်မျိုးဆက်ကို အမွေ လက်ဆင့်ကမ်းခဲ့တယ်ဆိုရင် အဲဒီအမွေက ဘာများဖြစ်မလဲ။

UKKG – ရှစ်လေးလုံးတုန်းက ကျနော်တို့အရွယ်နဲ့ ကျနော်တို့ဖြတ်သန်းမှုကိုပဲ အမွေတစ်ခုအနေနဲ့ ကျနော်တို့ ပြန်ပြောရမယ် ထင်တယ်။ အဲဒီအချိန်တုန်းက တော်တော်များများကတားတယ်။မင်းတို့နံရံကို ခေါင်းနဲ့ဆောင့်တော့ ဘာဖြစ်မှာလဲ။ ကျနော်တို့ စုံမှိတ်ပြီးဆောင့်ခဲ့တယ်။ ပြောရရင် ဘာဖြစ်မယ်ဆိုတာ ဘာမှမရေရာတဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာ မျှော်လင့်ချက်တွေ၊အကျိုး   စီးပွား တွေ ဘာမှမပါဘဲနဲ့ တကယ်နံရံကို ဆောင့်ခဲ့ကြတာ။ အားရပါးရကြီးကို ခေါင်းနဲ့ပြေးဆောင့်ခဲ့ကြတာ။ အဲဒါကြောင့်လည်း ဒီနိုင်ငံ အပြောင်းအလဲ လမ်းစပွင့်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက အုပ်စုဂိုဏ်းဂဏလည်း သိပ်မရှိဘူး။ အားလုံး က ဒီဦးတည်ချက်တစ်ခုတည်း၊ဒီတစ်သံတည်းအပေါ်မှာ ဘာကိုယ်ကျိုးစီးပွားမှမပါဘဲနဲ့ ဆောင်ရွက်ခဲ့ကြတာနော်။ ဒါကြောင့်မို့ လို့လည်း ကျနော်တို့ကို ထောင်ချတဲ့အခါ မကြားဝံ့ မနာသာတွေချခဲ့တာ။ ကျနော်ပထမဦးဆုံးဆိုရင် နှစ်(၂၀) တစ်သက်တစ်ကျွန်း၊ အဲဒီကနေ လွတ်ရက်စေ့ချိန်မှာ တစ်ခါ ၁၀(က)နဲ့ နောက်ထပ် ငါးနှစ်ခွဲ ။ အဲဒါလွတ်လာပြီး နောက်တစ်ခေါက်ပြန်ကျတော့ ၆၅    နှစ် ခြောက်လ။ ဒါကျနော်တို့ကို မကျိုး ကျိုးအောင်ရိုက်ချိုးခဲ့တာ။အဲဒီကြားထဲက ကျနော်တို့ ရှင်ပြန်ထမြောက်ခဲ့တယ်ပေါ့။ အခု ချိန်ထိ ဒါကို ကြံ့ကြံ့ခံလာခဲ့တယ်။ ဒါကိုပြောရတာ ဂုဏ်ဖော်ချင်လို့ ပြောတာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့အပြောင်းအလဲမှာ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေဟာ ဒါကျနော်တစ်ဦးချင်းဖြတ်သန်းမှု ကိုပြောတာဖြစ်ပေမယ့် ကျနော့်လို နာမည်မပေါ်တဲ့ လူမသိ  သူမသိ အညတရ သေဆုံးသွားတဲ့သူတွေ၊လမ်းပေါ်မှာ၊ တောထဲမှာ၊ ထောင်ထဲ အကျဉ်းစခန်းတွေမှာ သေဆုံးသွားတဲ့ အညတရ ရဲဘော်တွေ မြောက်မြား စွာရှိပါတယ်။ အခုထက်ထိလည်းမိသားစု ပြန်မဆုံနိုင်သေးတဲ့ ရဲဘော်တွေအများကြီးရှိတယ်။ သူတို့ရဲ့ ပေးဆပ်မှု  မျိုးဟာ နောင်မျိုးဆက်အတွက် နမူနာ ယူစရာ တစ်ခုတော့ဖြစ်လိမ့်မယ်လို့ကျနော်တော့ အဲလို မျှော်လင့်တယ်။

ငြမ်းမီဒီယာ – ရှစ်ဆယ့်ရှစ်မျိုးဆက်ဟာပျောက်ဆုံးမျိုးဆက် ဖြစ်မသွား ဘူး။ဦးကိုကိုကြီးအနေနဲ့ ပြည်သူ့ပါတီ ထောင်ထား တယ်။ကျန်တဲ့ မျိုးဆက်အသီးသီးကိုလည်းဖိတ်ခေါ်ထားတယ်။ ဆိုတော့ ဘယ်လိုဆိုပျောက်ဆုံးမျိုးဆက်ဖြစ်သွားမလဲ ခင်ဗျ။

UKKG – တစ်ဦးချင်းရဲ့မှန်းဆချက်တွေကတော့ ဘယ်လိုတွေရှိလဲ ကျနော်လည်းမသိဘူး။ ဆိုလိုတာက အခုလက်ရှိ ခုနက ကျနော် ပြောတဲ့စကား တာဝန်လည်း ကြီးပါတယ်။အခုလက်ရှိ ကျနော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ပင်မရေစီးဟာ လွှတ်တော် နိုင်ငံရေးဖြစ်နေတယ်။ အပြင်မှာ လည်းပဲ ဒီလက်နက်ကိုင် နိုင်ငံရေး သီးခြား ရှိနေတယ်ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးစားနေသလို ၊ ငြိမ်းချမ်းရေး လမ်းကြောင်းကနေကြိုးစားနေတာ တွေလည်းရှိတယ်။သို့သော် အများစု လူဦးရေရဲ့ ရာခိုင်နှုန်းအများဆုံး လိုက်ပါနိုင်တဲ့ လမ်းကြောင်းဟာ ပင်မရေစီးဟာ လွှတ်တော်နိုင်ငံရေး ဖြစ်နေတယ်။ အဲဒီတော့ ရှစ်ဆယ့်ရှစ်မျိုးဆက်က အဲဒီလွှတ်တော် နိုင်ငံရေး ထဲမှာ ကိုယ့်အင်အားစုတစ်ခုအဖြစ်နဲ့ သီးခြားပေါ့ ကိုယ့်ပလက်ဖောင်းနဲ့ကိုယ် ခိုင်ခိုင်မာမာ မရှိဘူးဆိုရင်တော့ တစ်စစီ အခြေအနေ မျိုးမှာ ရှိသွားမှာပဲ။

ကျနော်တို့ပြောနေတာ လက်စားချေရေးတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေမဟုတ်ဘူးနော်။ နိုင်ငံတစ်နိုင်ငံမှာ လူ့အဖွဲ့အစည်း တစ်ခု ပြုပြင်ပြောင်းလဲရေးမှာ ပေးဆပ်ခဲ့ရတဲ့သူတွေရှိတယ် …

အဲလိုရှိပြီးတော့ ကိုယ်နိုင်သလောက်ကိုတော့ လုပ်ကြတာပဲ ဆိုတာလေး ကိုယ့်ဘာကိုယ် ရသေ့စိတ်ဖြေပေါ့ အဲဒီလိုမျိုးနဲ့ပဲ သွားလိမ့် မယ်။ နောက်ဆုံးဝေါဟာရ တွေအငြင်းပွားတာနဲ့တင်တကယ့် အနှစ်သာရကိုမရောက်ဘဲနဲ့ အားနည်းချိနဲ့ တဲ့ပုံစံမျိုး ဖြစ်သွားရင်တော့ ချက်ခြင်းတော့မပျောက်ဘူး Fade Out ပေါ့။ မှေးမှိန်ပြီးတဖြေးဖြေး ပျောက်သွားလိမ့်မယ်။ သို့သော် အဲဒီပျောက်ခြင်း မပျောက်ခြင်း က အပြင်က လူတွေ မလုပ်နိုင်ဘူး။ ရှစ်ဆယ့်ရှစ်မျိုးဆက် မပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက် တွေ လုပ်နိုင်တယ်။ ပျောက်ဆုံး အောင်ဆိုတာ ရှစ်ဆယ့်ရှစ်မျိုး ဆက်တွေ လုပ်မှပဲပျောက်မှာ။

ငြမ်းမီဒီယာ – ဒါဆိုအခု ရှစ်ဆယ့်ရှစ်ရဲ့ အခြေအနေက ဘယ်လို အနေအထား မှာရှိနေလဲ။ အဆင့်သတ်မှတ်ချက်နဲ့ဆို ဘယ်အဆင့် လောက်ကို ပြောမလဲ။

UKKG – ကျနော်တို့ အချိန်မီသေးတယ်။

ငြမ်းမီဒီယာ – မီသေးတယ်ပေါ့။

UKKG – မီသေးတယ်။ အခုအချိန်မှာကျနော်တို့ စုစည်းမယ်ဆိုရင် ကျနော်တို့ စုစည်းလို့ရတယ်။ဒါကြောင့်မို့ ကျနော်က ပြည်သူ့ပါတီ အနေနဲ့ ပြောရရင်တော့ လက်ရှိရှိနေတဲ့ ပြည်သူ့ပါတီရဲ့ ဖွဲ့စည်းပုံကိုယ်၌က တံခါးပိတ်ပြီး အသေ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ တံခါးဖွင့် ထားတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အမြဲတမ်း ဖိတ်ခေါ် ထားတယ်။ အဲဒီတာ့ ကျနော်တို့ပါတီရဲ့ မူဝါဒ သဘောထားတွေမှာ လည်း ပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ဘာမှသိပ်ပြီးတော့ အငြင်းပွားစရာ မရှိတဲ့ အချက်တွေ။ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခြေခံတွေကျနော်တို့မှာ ရှိထားပြီး ဖြစ်တယ်လို့ကျနော်မြင်တယ်။

ဒီလူ့အဖွဲ့အစည်းက ဒီပဋိပက္ခကြောင့် တရားမျှတမှုမရှိတဲ့အခြေအနေမျိုးတွေမှာ နစ်နာဆုံးရှုံးခဲ့သူတွေကို လူ့အဖွဲ့အစည်းက အသိ အမှတ်ပြုတယ် ဆိုတဲ့သဘောပဲ။ တလေးတစားအသိအမှတ်ပြုတယ် …

ငြမ်းမီဒီယာ – All Inclusive မဖြစ်နိုင်ဘူးဆိုတာ လက်ခံပါတယ်။ဒါပေမယ့် ရှစ်ဆယ့်ရှစ်မျိုးဆက်အများစုက စုစည်းလို့ရတဲ့အနေ အထားမှာရှိပါ့မလား။

UKKG – တချို့က နိုင်ငံရေးအကဲဖြတ်ချက်တွေနဲ့ဆိုင်တယ်။ ဥပမာအားဖြင့် လက်ရှိ ရှိနေတဲ့အခင်းအကျင်းကိုပဲ စောင့်ကြည့် မယ်ဆိုတဲ့ သူတွေရှိတယ်။ နောက်တစ်ခုကလည်း အခုအချိန်မှာ ကိုယ်ရွေးချယ်ထားတဲ့ အစိုးရဖြစ်တဲ့ အတွက်ကြောင့် ပြောစရာ ဝေဖန်စရာရှိရင်တောင် မပြောဘဲ မဝေဖန်ဘဲ ထိန်းနေကြ တာရှိတယ်။ အဲဒီလိုအခြေအနေကြောင့်မို့ သီးခြား ပလက်ဖောင်း တစ်ခုနဲ့ ဆောင်ရွက်တဲ့အပေါ်မှာပဲလည်း တွန့်ဆုပ်နေ တာတို့ နောက်ထပ်ဖြစ်ပေါ်လာမယ့် အခြေအနေတွေကိုစောင့်ကြည့်နေ တာဆိုတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ ကြုံနေရတယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးအကျဉ်းသားတွေ နာမကျန်းဖြစ်တဲ့ ကိစ္စမျိုးတွေ၊ သူတို့ရဲ့ ကျန်းမာရေး ကိစ္စမျိုးတွေမှာ ဦးကိုကိုကြီး  ကူညီ ဆောင်ရွက် တာ၊အားပေးတာမျိုးကျနော်တို့တွေ့ရ ပါတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသာခေါင်းဆောင်တွေထဲကို ကြည့်ရင် ဦးကိုကိုကြီးအပါအဝင်အနည်းစုလောက်က မိသားစုနောက်ခံ အခြေအနေ၊ လက်ရှိ အခြေအနေတွေအရ လူမှုစီးပွား ကျန်းမာရေးမှာ သိပ်အခက်အခဲ မရှိနိုင်ပေမယ့် တချို့တွေမှာ တော်တော်လေးခက်ခဲ တာလုံးဝကိုနာလံမထူနိုင် တာတွေ ကိုတွေ့ရပါတယ်။ဒါတွေကိုရော ဒီမျိုးဆက်ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘာတွေစဉ်းစားမိလဲ။ဒီလိုခက်ခဲမှုများစွာကို ကြုံတွေ့နေရတဲ့သူတွေကို ဘယ်သူတွေက လုပ်ဆောင်ပေး သင့်လဲ။

UKKG – ကျနော်တို့အခုလုပ်နေကြတာတွေက တစ်နိုင် တစ်ပိုင်လုပ်နေကြတာ။ ကျနော်ဆို 5J ကလပ်မှာ လစဉ် အလှူငွေထည့် တယ်။ အဲဒီတော့ 5J ကလပ်ကနေစုပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ သူတွေကို ကူညီတာ ရှိတယ်။ ဆင်ပါးစပ် နှမ်းပက်ပဲ။ ဘယ်လောက်လုပ်နိုင်မှာလဲ။ ဒါပုဂ္ဂလိက တစ်နိုင် တစ်ပိုင်လုပ်နေတာလေ။ တကယ်တော့ ဒီဟာက နိုင်ငံတော် အနေနဲ့ကို လုပ်သင့်တဲ့ကိစ္စလို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ- ဒါပေမယ့်လည်း တချို့က အကြွေးမတောင်းနဲ့လို့လည်း ပြောထားတာကိုး။

UKKG – အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုကို ဘယ်လောက်အလေးအနက်ထားလဲ ဆိုတဲ့အပေါ်မှာ မူတည် တယ်။ ကျနော်တို့ပြောနေတာ လက်စားချေရေးတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေမဟုတ်ဘူးနော်။ နိုင်ငံတစ်နိုင်ငံမှာ လူ့အဖွဲ့အစည်း တစ်ခု ပြုပြင်ပြောင်းလဲရေးမှာ ပေးဆပ်ခဲ့ရတဲ့သူတွေရှိတယ်။ ဥပမာ တချို့နိုင်ငံတွေမှာဆိုရင် Victim Law တွေဘာတွေ ဥပဒေပြ ဌာန်း ပြီးတော့ လုပ်တာ ရှိတယ်။ ကျနော် အိုင်ယာလန်ရောက်တဲ့အခါကျတော့နှစ်နေရာ ရောက်ခဲ့တယ်။ တခြားနေရာတွေလည်း ကျနော် သွားလေ့လာတယ်။ တစ်ခုက တရားရေးဝန်ကြီးဌာန ဆိုတာ ကို ရောက်ခဲ့တယ်။ နောက်တစ်ခုက အိုင်ယာလန်မှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုတာရောက်ခဲ့တယ်။ အိုင်အာအေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အိုးအိမ်၊အသက်၊ကိုယ်လက်ခန္ဓာ ဆုံးရှုံး သွားတဲ့သူတွေကို စိစစ်ပြီးတော့လျော်ကြေးပေးတာ။ မျက်လုံးတစ်ဖက်ဆုံးရှုံးသွားရင်ဘယ်လောက်၊လက် တစ်ဖက်ဆုံးရှုံး သွားရင် ဘယ်လောက်၊အိမ် မီးလောင်သွားရင် ဘယ်လောက် ။အဲဒီငွေကြေးပမဏ ဟာ လူ့အသက်ကို တန်ဖိုးဖြတ်လို့မရဘူး။ ဒါပေမယ့် ဒီလူ့အဖွဲ့အစည်းက ဒီပဋိပက္ခကြောင့် တရားမျှတမှုမရှိတဲ့အခြေအနေမျိုးတွေမှာ နစ်နာဆုံးရှုံးခဲ့သူတွေကို လူ့အဖွဲ့အစည်းက အသိ အမှတ်ပြုတယ် ဆိုတဲ့သဘောပဲ။ တလေးတစားအသိအမှတ်ပြုတယ်။ ဂုဏ်ပြုတယ်။ကျနော်ပြောတာ နိုင်ငံရေးအကျဉ်းသား ထာင်တွေ အတွက်ကြီးပဲ ပြောနေတာမဟုတ်ဘူး။ ဒီကာလကြီး တစ်လျောက်မှာ နယ်စပ်ဒေသမှာတိုင်းရင်းသားတွေ အကုန်လုံး အတိဒုက္ခရောက်ခဲ့ တာတွေအများကြီးရှိတယ်။ နောက်ဆုံး စစ်တပ်ထဲမှာခြေပြတ်လက်ပြတ် ဖြစ်သွားတဲ့ ရဲဘော်တစ်ယောက်ဟာ ပြီးခဲ့တဲ့ကာလ စနစ်တွေရဲ့သားကောင်ပဲ။ ကျနော်တို့က ကိုယ့်ဘက်ကြီးပဲ ကိုယ်ပြောနေတာမဟုတ်ဘူး။ နောက်နောင် ဒီလို အနိဌာရုံ တွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြ မလဲ။ ဘယ်လိုဆောင်ရွက်ကြမလဲ။ ဒီအနိဌာရုံတွေကို ဘယ်လို ကုစားကြမလဲဆိုတဲ့ဟာမျိုး ဒီလောက်ကတော့ စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်။ဆန္ဒရှိရင် လုပ်နိုင်တယ်လို့ကျနော်မြင် တယ်။ ဥပမာဆို ချက်တို့ဘာတို့မှာ ဆိုရင် ကျနော်တို့ပြောရင် ရယ်စရာတောင် ဖြစ်တယ်။ ကျနော်တို့အကြွေးတောင်း တာ မဟုတ်ဘူး။လိုချင်လို့ပြောနေတာမဟုတ်ဘူး။ ကျနော့်အတွက် လည်း ပုဂ္ဂိုလ်ရေး မလိုဘူး။ ဒါပေမယ့်ကျနော်တို့လို ဘဝတူ ခံစားခဲ့ရတဲ့ ရဲဘော်တွေ အတွက်တော့ အဲဒီ အသိအမှတ် ပြုမှုလေးတော့လိုတယ်။ ချက်မှာထောင်ကျတယ် ရက်နဲ့တွက်ပြီး လျော်ကြေးပေးတာ။ ကျနော်ပြောတာ ငွေကြေး ပြောတာ မဟုတ်ဘူးအသိအမှတ်ပြုမှု။ငွေကြေးအရ ဈေးမကြီးပါဘူး။ ဒါပေမယ့် တန်ဖိုးသိပ်ကြီးပါတယ်။ အသိအမှတ်ပြုပါ။ ကျနော့်ပုဂ္ဂိုလ်ရေး အတွက်ပြောတာ မဟုတ်ဘူး။ တတ်နိုင် သလောက် ကျနော် သတင်းကြားရင် သွားနိုင်သလောက် လိုက်သွားတယ်။ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာပေါ့ အားပေးမှု၊အသိအမှတ်ပြုမှုလေး ကျနော့်ရဲဘော်တွေ အတွက်လုပ်ပေးတာ။

ငြမ်းမီဒီယာ – ကျေးဇူးပါ ဦးကိုကိုကြီး

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

သိပ်မကြာခင်ပျောက်ဆုံးမျိုးဆက် ဖြစ်သွားမှာပဲ လို့ ဆိုလာတဲ့ ဦးမြအေး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,