ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
ရှစ်လေးလုံးအရေးတော်ပုံသည် မင်းပြောင်းမင်းလွဲအတွက် မဟုတ်ဘဲ စနစ်ပြောင်းလဲရေး အတွက်သာဖြစ်ကြောင်း ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောသည်။
ဇူလိုင်လ (၁၅) ရက်နေ့က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်းသား ကိုယ်စားလှယ်များ ကော်မတီက စီစဉ်ကျင်းပ သော အာဇာနည်နေ့အကြို စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ အခမ်းအနားအပြီးတွင် သတင်းဌာနများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး (၃၂) နှစ်တာကာလ ဖြတ်သန်းမှု အတွင်း အောင်မြင်မှုရှိ/ မရှိသတင်းထောက်တစ်ဦး၏ မေးမြန်းခြင်းကို
“ကျနော်က အားလုံးအတွက်ပဲ စဉ်းစားတာပါ။ အားလုံးကဘာလုပ်ခဲ့လည်းဆိုရင် စနစ်ပြောင်းဖို့ လုပ်ခဲ့တာ။ ဒါတော်တော် အရေးကြီး ခဲ့တာလို့ မြင်တယ်။ ဒါသည် မင်းပြောင်းမင်းလွဲ အတွက် မဟုတ်ဘူး ဆိုတာကိုတော့ နားလည်ထားရမယ်။ မဟုတ်ရင် ဘာဖြစ်သလဲ ဆိုတော့ ဟို ကုလားထိုင်မှာ ဟိုလူနေရာ ဝင်ထိုင်တယ်ဆိုတာလောက်နဲ့တော့မရဘူးလေ။ ဘယ် ရာထူးကို ဘယ်သူ ရသလဲဆိုတဲ့ မေးခွန်းနဲ့ မပြီးသွားစေချင် ဘူး။ဘယ်လောက်ပြောင်းသလဲဆိုတာ စနစ် ဘယ်လောက် ပြောင်းသလဲ အပေါ်မှာ အာရုံစိုက်စေ ချင်တယ်” ဟု ကိုမင်းကိုနိုင် က ပြောသည်။
→ ရှစ်လေးလုံး ဆိုတာ အတိတ် သမိုင်းထဲမှာ အိပ်မောကျနေတာ မဟုတ်ပါဘူး
ရှစ်လေးလုံးအရေးတော်ပုံ၏ ရည်မှန်းချက်များဖြစ်သည့် စစ် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးတို့ တောင်းဆို လာသည်မှာ လာမည့်သြဂုတ်လ (၈) ရက်နေ့တွင် (၃၂) နှစ် ပြည့်ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် ၈၈ မျိုးဆက်အသီးသီးသည် နိုင်ငံရေးကဏ္ဍအပါအဝင် ပညာရေး၊ စီးပွားရေးနှင့် တခြားနယ်ပယ် အသီးသီးတွင် ရောက်ရှိနေကြပြီး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် လောကကိုအလှဆင်သူများဖြစ်နေလျှင် ကျေနပ်ကြောင်း ကိုမင်းကိုနိုင် က ပြောသည်။
→ ပြည်သူတွေရဲ့ မျက်နှာ ရွှင်နေသလား၊ တည်နေသလား၊ မဲ့နေသလား
“လောကကြီးကိုတည်ဆောက်မယ်။ လှအောင်လုပ်မယ်။ ယဉ်ကျေးအောင်လုပ်မယ်။ အဲဒီလိုမျိူး ဆိုရင် ကျနော်တို့မျိုးဆက်တွေက ဘယ်နယ်ပယ်ကိုရောက်သွားပါစေ၊ ဘယ်တာဝန် ထမ်းရပါစေ ပြဿနာမရှိဘူး။ တချို့ကျတော့ ရာထူးရလား၊ မရလားဆိုတဲ့အပေါ်မှာ ဇွတ် ဆုံးဖြတ်လိုက်တဲ့အခါမှာ စိတ်ဝမ်းတွေကွဲကြတယ်။ ပြောကြဆိုကြတယ်။ ကျနော်ပြောချင် တာက နောက်ဆုံးပျောက်သွားလည်း အရေးမကြီးဘူး။ နောက်ဆုံး ဘယ်လောက်ကောင်းအောင် လုပ်နိုင်လဲဆိုတာနဲ့ပဲကြည့်ချင်တယ်။ ဒီအတွက်လည်း ကျနော် အငြင်း မပွားလိုပါဘူး” ဟု ကိုမင်းကိုနိုင် က ပြောသည်။
ငြမ်းမီဒီယာ
→ သိပ်မကြာခင်ပျောက်ဆုံးမျိုးဆက် ဖြစ်သွားမှာပဲ လို့ ဆိုလာတဲ့ ဦးမြအေး
→ ရှစ်ဆယ့်ရှစ်မျိုးဆက်ပျောက်ဆုံးအောင် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ မလုပ်ဘဲ ဘယ်သူမှ မလုပ်နိုင်ဘူး