ရှီကျင့်ဖျင် မြစ်ဆုံကိစ္စပြောမှာမဟုတ်ဘူး။ ပြောရင်လည်း သူနိုင်ငံရေးကစားဖို့ သက်သက်လောက်ပဲ ပြောမယ် – အပိုင်း (၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အခုရှီကျင့်ဖျင်လာတာ မြစ်ဆုံဆိုတာနဲ့ အများစုက တန်ဖဲကိုမြင်တတ်တော့ ဒီဟာကိုတော့ သူ Ignore လုပ်လိမ့်မယ် ထင်တယ်။ သူတို့က အဲဒါကိုကစားနေတာ၊ ဆိုလိုချင်တာက…

Xinhua

၂၀၂၀ ခုနှစ်တွင် တရုတ်သမ္မတ၏ ပထမဦးဆုံး ပြည်ပခရီးစဉ်မှာ မြန်မာနိုင်ငံဖြစ်ပေသည်။ တရုတ်သမ္မတ၏ ယခုခရီးစဉ် သည် တရုတ် – မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နှစ် (၇၀) ပြည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေပေသည်။ တရုတ်သမ္မတ၏ ယခုခရီးစဉ်အပေါ် ခန့်မှန်းသုံးသပ် မှု အများအပြားလည်းရှိသည့်အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာလူထု လက်မခံသည့် စီမံကိန်းများပြန်စလာမည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများလည်းရှိနေပေသည်။ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ လွှဲရှောင်မရသော အင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် မျှတသော၊ ကျင့် ဝတ်လိုက်နာသော၊ လူ့အခွင့်အရေးမျာကို လေးစားလိုက်နာ သော၊ မြန်မာပြည်သူ ပြည်သားများအားလုံး၏ အကျိုးစီးပွားကို ရှေးရှုသော အိမ်နီးချင်းကောင်းအဖြစ် မြန်မာပြည်သူတို့ က တွေ့မြင်လိုကြသည်။ မြန်မာလူထု မျှော်မှန်းသော အခြေအနေမျိုးကို တရုတ်သမ္မတခရီးစဉ်မှာ အစပြုနိုင်မည်လား။ တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဘာတွေ ထူးခြားမှုရှိမလဲ။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရည်မှန်းချက်တွေဘယ်လိုရှိလဲ။ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာMကောန်လကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – တရုတ်နိုင်ငံ သမ္မတကိုယ် တိုင်လာရောက်မယ့် ဒီခရီးစဉ်ဟာ ဘယ်လိုအကြောင်းတရားတွေရှိနိုင်တယ်လို့ ယူဆပါသလဲ။

Dr.MKL – ထူးခြားချက်ကတော့ ဒီလိုဗျ။ ကျနော် DVB Debate မှာပြောသလိုပေါ့။ အဓိကကတော့ အခု လူတွေကထင်နေတာက သာမန် စီးပွားရေးကိစ္စ ဘာညာ ဆွေးနွေးဖို့လောက်ပဲ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရေးသမားတွေ သုံးသပ်တာကတော့ တရုတ်ဟာ သူ့အတွက် ဂယ် ပေါက်ဖြစ်တဲ့ မြန်မာပြည်ကလမ်းကြောင်းကို ပိတ်သွားလို့မဖြစ်ဘူးဆိုပြီး သုံးသပ်တယ်။ ကျောက်ဖြူ – ကူမင်း ဂစ်ပိုက်လိုင်းကြီးက သူ့အတွက် နောက်ဆုံးဂယ်ပေါက်တစ်ခုဖြစ်နေတယ်။ အဲဒီအတွက်သူက မရအရ လာပြီးစီမံရတာ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာအရေးအခင်းတွေကို နှံ့နှံ့စပ်စပ်ကြည့်ရင် ကျနော်တို့မြန်မာနိုင်ငံက Geopolitics အရ ဘယ်လို ဂယက်ရိုက်တယ်ဆိုတာ နားလည်မှာ။ အဲဒါကိုမသိဘဲနဲ့ ပြည့်ပြည့်စုံစုံ နားမလည်နိုင်ဘူး။ နိုင်ငံတကာအရေးအခင်းတွေရဲ့ ရိုက်ခတ်မှုဟာ ကျနော်တို့အတွက် အကောင်းတွေလည်းရှိသလို အဆိုးတွေလည်းရှိတယ်။ အခု ကျနော်တို့မြန်မာ နိုင်ငံမှာ ICJ ကိစ္စရယ်၊ အခု တရုတ်သမ္မတရှီကျင်းပင်လာတဲ့ကိစ္စရယ် နှစ်ခုဖြစ်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာပြည်သူတွေ သူ့အပေါ် အမြင်စောင်းနေတာတွေကအစ အကုန်လုံးကို ဖြေလျော့ ဖို့လိုလာပြီ။ အဲဒါကြောင့် သူကဒီကိစ္စတွေလုပ်ဖို့ အသည်းအသန်လာတာ။ ကျောက်ဖြူ – ကူမင်း ပိုက်လိုင်းကို နောက်ဆုံး  …

အခုဖြစ်နေတာက အကောင်းရောအဆိုးရော ဒွန်တွဲနေတယ်။ ICJ ကိစ္စကတော့ အဆိုးပေါ့။ အခုရှီကျင်းပင်လာတာကတော့ အကောင်းလို့ ကျနော်ယူဆတယ်။ ကိုယ်က Bargaining လုပ်နိုင်ရမယ်။ ကိုယ့်က ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားကို သူတို့နဲ့ မျှခြေတစ်ခု ကောင်းကောင်းတည်ဆောက်လို့ ရနိုင်တဲ့အနေအထားတစ်ခုကို ရောက်လာတာ။ အဲဒါက ဘယ်သူဖန်တီးတာလဲဆိုတော့ သမ္မတထရန့်နဲ့ သူတို့ရဲ့ Think Tank အုပ်စု ပေါ့။ သူတို့ရဲ့ဖန်တီးချက်က သွယ်ဝိုက်ပြီးတော့ ကျနော်တို့ဆီမှာ ကောင်းဖို့ ဖြစ်လာတာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၀) ရက်နေ့ မှာ ထရန့်က Russia Gazprom ပိုက်လိုင်း (Nord Stream 2) ကို Sanction လုပ်တယ်။ အဲဒီမှာ သူတို့နဲ့အလုပ်လုပ်တဲ့ ကုမ္ပဏီတွေက ဆွစ်ဇာလန်၊ ပြင်သစ်၊ ဟော်လန်၊ ဒိန်းမတ် စတဲ့ကုမ္ပဏီတွေပါတယ်။ အဲဒါကို သူက Sanction လုပ်တယ်။ လုပ်ရတဲ့အကြောင်းက မနှစ်ကစပြီး အထွေထွေသုံးသပ်ချက်နဲ့ ပြောမယ်ဆိုရင် ရှည်ရှည်ဝေးဝေးပြောရမယ်။ ဖြတ် ပြောလို့မရဘူး။ မနှစ်က ဇွန်လ (၁၅) ရက်ကနေ့မှာ အမေရိကန်နဲ့ တရုတ် Trade War စဖြစ်တယ်။ (၅) ရက်နေ့လောက်ကနေ စလုပ်တာ။ အခုပြီးသလောက်တော့ရှိပြီ။ နောက် တစ်ပတ်ထဲလောက်မှာ အမေရိကနဲ့ တရုတ် Trade Deal ကိစ္စလုပ်ဖို့ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ Trade War ကြောင့် တရုတ်ကတော်တော်လေး အထိနာသွားတယ်။ အထိနာတယ်ဆိုတာ အမေရိကထဲမှာရှိတဲ့ သူ့စီးပွားရေး စက်ရုံအလုပ်ရုံ တော်တော်များများ ပိတ်သိမ်းလိုက်ရ တာ တွေရှိတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဘဏ်သုံးခုလဲ ပြိုလဲသွားတာရှိတယ်။ အဲဒီ Trade War ကို Currency War လို့လည်း ပြောလို့ရတယ်။ ငွေကြေးကုန်သွယ်မှုစစ်ပွဲပေါ့။ ကမ္ဘာကိုဦးဆောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ငွေကြေးဈေးကွက်ကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက်ဖြစ်အောင် ဖန်တီးနိုင်ရတယ်။ အဲဒီတော့ တရုတ်ကသူ့ရဲ့ ယွမ်ငွေကိုအဲဒီလို ဖန်တီးဖို့ သူ့ရဲ့ အရံငွေကြေးတွေသုံးပြီး အမေရိကရဲ့ dollarization ကိုတိုက်ဖျက်ဖို့လုပ်လာတယ်။ အမေရိကန်က အဲဒါကိုကာကွယ် တဲ့ အနေနဲ့ ဒီ Trade War ကိုဆင်နွဲတယ်။ အခွန်ကောက်ခံမှုဆိုင်ရာတွေ ဘာတွေကစပြီးလုပ်လာတာ ခပ်တိုတိုပြောရင်တော့ တရုတ်ကမရှုမလှရှုံးတယ်။ အဲဒီတော့ ဒုတိယအချက်အနေနဲ့ တရုတ်ကို အထောက်အပံ့ပေးတာက ရုရှားတွေ။ ကျနော်တို့ ကမ္ဘာ့မြေပုံကိုကြည့်မယ်ဆိုရင် Euro Asia Line ဆိုတာရှိတယ်။ Euro Asia Line မှာ အဓိကအရေးကြီးတာ က တူရကီဖြစ်နေတယ်။ အဲဒီတူရကီရယ်၊ ရုရှားရယ်၊ အီရန်ရယ်က ကုန်သွယ်မှုဆက်ကြောင်းကြီးတစ်ခု တည်ဆောက်ထားတယ်။ ဒါ့အပြင် တရုတ် OBOR လမ်းကြောင်းက တူရကီရယ်၊ မော်စကိုရယ်၊ တီဟီရန်ရယ်ကို ဖြတ်ပြီး ဗဟိုအာရှနဲ့ ကာဇက်စတန်တို့ဘာတို့ကို ဖြတ်ပြီးတော့မှ တရုတ် ရဲ့အလယ်နဲ့ အနောက်ဘက်နယ်တွေကို ဆက်သွယ်မယ့် စီးပွားရေး လမ်းကြောင်းကြီးတည်ဆောက်တယ်။ ကုန်းလမ်း ပေါ့။

အမေရိကန်မဟာမိတ်တွေကို ချဉ်းကပ်လာတဲ့သူ့ဗျူဟာအရဆိုရင် ကျနော်တို့မြန်မာကို လာတဲ့ဟာကလည်း သူ့အနေနဲ့ လက်လွှတ် လို့မရလို့ ဆိုတဲ့အချက်တွေရှိတယ်။ အဲဒီအနေ အထားတွေအပေါ်မှာ …

အဲဒီဟာကိုကြည့်ရင် ဥရောပနဲ့ တရုတ်ကြားထဲမှာဆိုရင် Euro Asia Line မှာရှိတဲ့ တူရကီ၊ ရုရှား၊ အီရန် ဆက်ကြောင်းကြီးက ဒုတိယအရေးပါလာတယ်။ နံပါတ်တစ် တရုတ်ကို တိုက်ခိုက်ပြီးတဲ့ အခါ ကြည့်လိုက်တော့ တရုတ်ကို အဓိကထောက်ပံ့သူက ရုရှား။ ဆိုတော့ ဒီနေ့ခေတ် နိုင်ငံတ ကာရဲ့ တကယ့်အရင်းအမြစ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်တယ်။ အဲဒီအရင်းအမြစ်အတွက် ရုရှားက သူ့ရဲ့ Gazprom ကုမ္ပဏီနဲ့ ပိုက်လိုင်းကွန်ရက် Network (၁၅) ခုတည်ဆောက်တယ်။ အဲဒီအထဲက အနောက် ဥရောပနဲ့ အရှေ့ဥရောပကိုချိတ်ဆက်တဲ့ Nord Stream 2 က ရုရှား – ဂျာမန်လိုင်းဖြစ်တယ်။ အဲဒီလိုင်းကို အမေရိကန်က စပြီး Sanction လုပ်တယ်။ အဲဒီလိုင်းမှာ ဘာကအရေးကြီးသလဲဆိုတော့ တရုတ်နဲ့ရုရှားဆက်တဲ့ ပိုက်လိုင်းတွေက ဒုတိယအရေးကြီးတယ်။ အဲဒီနေရာကိုကြည့်လိုက်ရင် Altai Gazprom ပိုက်လိုင်းနဲ့ နောက် တစ်ခုက Power of Siberian ဆိုတဲ့ပိုက်လိုင်းနှစ်ခုက မွန်ဂိုလီးယားအနောက်ဘက်ကိုကျ Altai ကဝင်တယ်။ ကာဇက်ဇတန်နဲ့ မွန်ဂိုလီးယားကြားကဝင်တယ်။ နောက်တစ်ခါ မွန်ဂိုလီးယားအရှေ့ဘက် မှာဆိုရင် ရှန်ဟိုင်း ပိုက်လိုင်းတွေနဲ့ Power of Siberian ဆိုတဲ့ Gazprom ပိုက်လိုင်းတွေနဲ့ Link လုပ်တယ်။ အခုမှပြောချင်တာကို ရောက်လာပြီ။ အဲဒီတော့ Gazprom ကုမ္ပဏီကို Sanction လုပ်လိုက်တာနဲ့ တရုတ်က မွန်ဂိုလီးယားအနောက် နဲ့ အရှေ့၊ ပြီးတော့တရုတ်ရဲ့ အနောက်ဘက်ခြမ်း အရှေ့ဘက်ခြမ်း ရှန်ဟဲတို့ဘာတို့ပါတယ်၊ အဲဒီဟာအားလုံးက ပြဿနာရှိလာနိုင်တယ်။ ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတာက မြန်မာနိုင်ငံက ကျောက်ဖြူ – ကူမင်း ပိုက် လိုင်းကြီးပဲကျန်တော့တယ်။ ဒီပိုက်လိုင်းကြီးက Gazprom နဲ့မဆိုင်ဘဲ တရုတ် Only ဖြစ်တယ်။ တရုတ်ရဲ့ CNPC ကလုပ်ထားတာ။ ဒီတော့ ကျောက်ဖြူ – ကူမင်းပိုက်လိုင်းက တရုတ်ရဲ့အနောက်ပိုင်း တစ်ခုလုံးနဲ့ အတွင်းပိုင်းတစ်လျှောက်က Gazprom နဲ့ မဆက်စပ်တဲ့နေရာအားလုံးကို Energy Supply လုပ်ဖို့ဖြစ်လာတယ်။ အဲဒါကြောင့် ဒါဟာတရုတ်အတွက် ဂယ်ပေါက် လိုဖြစ်လာလို့ သူ့အနေနဲ့ သေသေချာချာ ဂရုစိုက်မှရတော့မှာ။ ဒီတော့တရုတ်က ဒီကိစ္စအတွက် မြန်မာနဲ့လာပြီး လက် ဝါးရိုက်မှရတော့မယ်။ လက်ဝါး မရိုက်လို့ကိုမရတော့ဘူး။ အဲဒါကြောင့် လက်ရှိ NLD အစိုးရနဲ့ သူ ညှိရတော့မယ်။ နောက် ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ညှိရမယ်။

မြန်မာဘက်က သဘောထားမှတ်ချက်တွေပေးတဲ့နေရာမှာ ကိုယ့်ရဲ့ National Interest ကို တရုတ် ရဲ့ အခက်အခဲအပေါ်မူတည်ပြီး ဘယ်လောက်ထိ မျှမျှတတ ယူမလဲဆိုတာက သိပ် အရေးပါတယ် …

နောက်တစ်ခါ မြန်မာပြည်သူတွေ သူ့အပေါ် အမြင်စောင်းနေတာတွေကအစ အကုန်လုံးကို ဖြေလျော့ ဖို့လိုလာပြီ။ အဲဒါကြောင့် သူကဒီကိစ္စတွေလုပ်ဖို့ အသည်းအသန်လာတာ။ ကျောက်ဖြူ – ကူမင်း ပိုက်လိုင်းကို နောက်ဆုံး Agreement တွေ၊ MOU တွေလုပ်ဖိုလာရင်းနဲ့ နောက်ရည်မှန်းချက်တစ်ခုက ရထားလမ်းပါတစ်ခါ တည်း သွားရမယ်။ ကျောက်ဖြူစီးပွားရေးဇုံကြီးနဲ့အတူ ရေအားလျှပ်စစ်စီမံကိန်း ခုနစ်ခုကို ရခိုင်မှာလုပ်ထားတယ်။ အဲဒါနဲ့တွဲပြီး ရထားလမ်းကို ပိုက်လိုင်းတစ်လျှောက် ဟိုဘက်ကူမင်းအထိသွားချင်တာ။ ရထားက စရိတ်အသက်သာဆုံး ကုန်စည်ပို့ဆောင်မှုဖြစ်တယ်။ တစ်ဆက်တည်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းကိုလည်း သူကလုပ် ထားပြီးသား။ အဲဒီမှာ ဆိပ်ကမ်းလည်းပါတယ်။ ဆိုတော့ CMEC နဲ့ ကျောက်ဖြူ – ကူမင်းပိုက် လိုင်း အဲဒီနှစ်ခုကို သူ့အ နေနဲ့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် စကားပြောမှဖြစ်တော့မယ်။ ဒီလိုမှမဟုတ်ရင် သူ့ Energy ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကလည်း အမေရိကန်က အကူအညီ ပေးမယ် ဘာညာလာရင် တစ်နည်းတစ်ဖုံဖြစ်သွားမှာ သူစိုးတယ်။ ဒါကြောင့်လည်း ခါတိုင်းဆို အဆင့်အမြင့်ဆုံး နိုင်ငံခြားရေးဝန်ကြီး လောက်ပဲလွှတ်တာ လာတာရှိပေမယ့် ခုလိုသမ္မတကိုယ်တိုင်လာတယ်ဆိုတာ တော်တော်လေးရှားတယ်။ ခုက သေသေချာချာ ဆွေးေ နွးရမယ့်ကိစ္စတွေဆိုတော့ သူကိုယ်တိုင်လာတာ။ နောက်တစ်ခါ တရုတ်ရဲ့ Strategy တစ်ခုက ဒီရှေ့ပိုင်း ဒီဇင်ဘာ(၂၂) (၂၃) မှာ တောင်ကိုရီး၊ ဂျပန်တို့နဲ့ တွေ့ထားတယ်။ နောက် တစ်ခါ သုံးနိုင်ငံ Summit meeting လုပ်ထားတယ်။

တရုတ်က စီးပွားရေးလမ်းကြောင်းကို အနောက်ဘက်ကဖွင့်ဖို့အတွက်ဆိုရင် မြန်မာ ပြည်ထဲမှာ ကချင်နဲ့ ရခိုင်က သူ့အတွက် ဒုတိယအရေးအပါဆုံးဖြစ်လာတယ်။ ရခိုင်ကဝင်ပေါက်၊ ကချင်က ထွက်ပေါက်ပေါ့။ အဲဒီလို …

တောင်ကိုရီးယားနဲ့ ဂျပန်က ပစိဖိတ်အရှေ့ဖျားမှာ အမေရိကန်အတွက် အကယ့်မဟာမိတ် Base တွေဖြစ်တယ်။ အမေရိကန်မဟာမိတ်တွေကို ချဉ်းကပ်လာတဲ့သူ့ဗျူဟာအရဆိုရင် ကျနော်တို့မြန်မာကို လာတဲ့ဟာကလည်း သူ့အနေနဲ့ လက်လွှတ် လို့မရလို့ ဆိုတဲ့အချက်တွေရှိတယ်။ အဲဒီအနေ အထားတွေအပေါ်မှာ သူကသေသေချာချာ လာပြီးပြင်ဆင်တာဖြစ်တယ်။ ဒါကျနော့်သုံးသပ်ချက် ပဲ။ ဒါကြောင့် မြန်မာအစိုးရက ဘယ်လိုဆွေးနွေးမလဲဆိုတာ သိပ်အရေးကြီးတယ်။ အရေးပါတယ်။ ကျနော်တို့မြန်မာဘက်က သဘောထားမှတ်ချက်တွေပေးတဲ့နေရာမှာ ကိုယ့်ရဲ့ National Interest ကို တရုတ် ရဲ့ အခက်အခဲအပေါ်မူတည်ပြီး ဘယ်လောက်ထိ မျှမျှတတ ယူမလဲဆိုတာက သိပ် အရေးပါတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ ဂရုတစိုက်နဲ့ ဆွေးနွေးနိုင်ဖို့လိုပါတယ်။

ငြမ်းမီဒီယာ – တရုတ်သမ္မတရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ နားလည်မှုစာချွန်လွှာရေးထိုးတာတွေ လုပ်မယ် ဆိုတဲ့အချက်လည်းပါတော့ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်သလဲ။

Dr.MKL – သူလာလုပ်မှာက အဓိက ကျောက်ဖြူအထူး စီးပွားရေးဇုံ (SEZ) ကိစ္စရယ်၊ နောက် ပိုက်လိုင်း တလျောက် မှာ ရထားလမ်းထည့်ဖို့။ ပိုက်လိုင်းကြီးကတော့ ပြီးသွားလို့ ဂစ်တွေလွှတ်နေပြီ။ ဒါပေမယ့် SEZ နဲ့ ရေနက်ဆိပ်ကမ်း။ SEZ ကို မနှစ်က ပေကျင်းမှာလုပ်တဲ့ OBOR Summit မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဆွေးနွေးထားတာရှိတယ်။ (၂ ဒသမ ၄) ဘီလီယံပေါ့၊ (၇ ဒသမ ၄) ဘီလီယံကို တစ်ခါတည်းမလုပ်ဘဲ တစ်ဆင့်ချင်း လုပ်မှာ။ ပထမအဆင့်ကို (၂ ဒသမ ၄) ဘီလီယံနဲ့ စမယ်ဆိုပြီး လုပ်ထားတယ်။ ဒါပေမယ့် အဲဒါ Agreement မဟုတ်သေးဘူး။ အခုကျတော့ ကျနော် သိသလောက်က အဲဒါကိုအပြီးဖြတ်မယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံကိစ္စကို အပြီးဖြတ်မှာကတစ်ချက်၊ နောက်တစ်ချက်ကကျတော့ CMEC ကိစ္စ။ CMEC ကိစ္စက လည်း သူတို့အတွက်က အသည်းအသန်ဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုတော့ မြို့သစ်ကရပြီးပြီ၊ ဆိပ်ကမ်းလည်းရှိပြီ။ အဲဒီဟာကို ဒီဘက်ကမန္တလေးအထိက အရှေ့ဘက်လမ်းကြောင်း၊ ဒုတိယ ကျောက်ဖြူ – မန္တလေး က အနောက်ဘက်လမ်းကြောင်း။ အဲဒီကနေ လားရှိုး – မူဆယ်၊ မူဆယ်ကနေ ရွှေလီ၊ ရွှေလီကနေ ကူမင်းအထိ၊ တရုတ်ရဲ့ ယူနန်ပြည်နယ်ထဲဝင် တဲ့ လမ်းကြောင်းပေါ့။ အဲဒီလမ်းကြောင်းကလည်း ရန်ကုန်နဲ့ ကျောက်ဖြူ ဆိပ်ကမ်း တစ်ခုခုကနေ ဒါမှမဟုတ် နှစ်ခုလုံးကနေ တရုတ်ပြည်က ထွက်တဲ့ကုန်စည်တွေ၊ ကမ္ဘာကနေတင်သွင်းမယ့်ကုန်စည်တွေ အကုန်လုံးကို Malacca Strait ကိုမဖြတ်ဘဲ အဲဒီကနေသွားဖို့။ လမ်းကြောင်းနှစ်ခုဆိုတော့ Result အဖြစ်ထားထားတာ။ ဆိုတော့ တခြားစီးပွားရေး နားလည်မှု စာချွန်လွှာဆိုတာကတော့ အဓိက CMEC ပဲ။ China – Myanmar Economic Corridor ကြီးပေါ့။ ရန်ကုန် – မန္တလေး – လားရှိုး – မူဆယ်။ အဲဒီဟာကို ကားရော၊ ရထားလမ်း ရော အဓိကသဘောတူညီချက်လိုတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြစ်ဆုံလို့ပြောလိုက်တာနဲ့ အများစုက တန်ဖဲကိုမျက်စိထဲသွားမြင်ကြတယ်။ ဒါပေမယ့် မြစ်ဆုံမြစ်ဝှမ်း စီမံကိန်းက တန်ဖဲတစ်ခုတည်းမဟုတ်ဘူး။ သူ့အထက်မှာ (၆) ခုရှိတယ်။ မလိခဘက်မှာ တစ်ခု၊ မေခဘက်မှာ (၅) ခုရှိတယ်။ ဆိုတော့ အဲဒီ …

ငွေကြေးတွေ သူဖြတ်မယ်။ ဖြတ်ဖို့လာတာ။ အဲဒါလည်း ဖြတ်နိုင်ရင်လည်းဖြတ် မယ်၊ မဖြတ်နိုင်ရင်တော့တစ်မျိုးပေါ့။ အဲဒီအတွက် သူလာတာ။ နောက် တစ်ချက်က Border Trade တွေကိစ္စပဲဖြစ်မယ်။ တရုတ်နဲ့ Border Trade ဆို ကချင်က အရေးပါလာတယ်။ ကချင်မှာ ကန်ပိုက်တီးရှိတယ်။ ကန်ပိုက်တီး စီးပွားရေးဇုံကို သူတို့လုပ်ဖို့ရှိတယ်။ အခုနန်ကျင်စီးပွားရေးဇုံရှိတယ်။ တစ်နေ့က ကျနော်ပြောတယ်၊ NLD ကစီးပွားရေးတာဝန်ခံ အဲဒီဟာကို မသိဘူးဖြစ်နေတယ်။ သူမသိတာကို ကျနော်ကအံ့သြနေတယ်။ အဲဒါမသိစရာအကြောင်းကိုမရှိတာ။ ဒါပေမယ့် ကျနော်ကြည့်ရတာ သူတကယ်မသိတာ၊ ညာတာတော့မဟုတ်ဘူး။ အဲဒါက ဝေဖန်စရာတွေတော့အများကြီးပေါ့။ အမှန်က ကချင်မှာ Border Trade က ကန်ပိုက်တီးနဲ့ လွယ်ဂျယ် နှစ်ခုရှိတယ်။ လွယ်ဂျယ်က ဗန်းမော်ကနေသွားတာ။ အခုအဲဒီလမ်းကို လည်း OBOR လမ်းဆိုပြီး တရုတ်တွေစပြီးဖောက်နေပြီ။ ကန်ထရိုက်ဆွဲနေတယ်။ ဟိုဘက်တရုတ် ကုမ္ပဏီတချို့ လာလုပ်နေကြတယ်။ မြေတွေကို ဆင်းဝယ်နေကြတယ်။

၂၀၂၀ မှာ NLD ပဲဖြစ်ဖြစ်၊ USDP ပဲဖြစ်ဖြစ် တစ်ပါတီတည်း အစိုးရဖွဲ့ဖို့မသေချာေ တာ့ဘူးလို့ သူတွက်ဆလိမ့်မယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေးကလည်း အုပ်စုသုံးစုဖြစ်လာတယ် …

အဲဒါက ဗန်းမော် – လွယ်ဂျယ်လမ်း။ ဗန်းမော်ကို ရောက်ပြီဆိုတာနဲ့ ဗန်းမော် – နန့်ခမ်းက (၆၅) မိုင်ပဲရှိတယ်။ မန်စီကနေဖြတ်တာ။ အရမ်းနီးတယ်။ အဲဒါက ဟိုဘက် Link ကြီးတစ်ခုလုံးကို CMEC နဲ့ ဝင်ချိတ်လို့ရတယ်။ ဒါအပြင် မြစ်ကြီးနားဆိုရင် ကန်ပိုက်တီးပေါ့။ ကန်ပိုက်တီးက ဟိုဘက် ချီဘွေထဲမှာရှိတယ်။ ချီဘွေ ဆော့လော်မှာ။ အဲဒီချီဘွေနဲ့ ကန်ပိုက်တီးက (၆) နာရီပဲ မောင်းရတယ်။ လမ်းအရမ်းကောင်း တယ်။ တရုတ်တွေလမ်းခင်းပြီးသား။ အဲဒီဟာက မြစ်ကြီးနားရောက်ပြီဆိုရင် မြစ်ကြီးနား – ဗန်းမော် မဟာဗျူဟာလမ်းမကြီးနဲ့ ချိတ်လိုက်ရင် ခုနက CMEC ကို နန့်ခမ်းကနေ ထပ်ဖောက်လို့ရသွားမယ်။ အဲဒါကြောင့်အရမ်းအရေးကြီးတယ်။ အရေးကြီးတယ်ဆိုတော့ တရုတ်နဲ့ဆက်စပ်တဲ့ နယ်စပ်ဂိတ် ကိုပဲ ကျနော်ပြောတာ။ သူက မူဆယ်နဲ့ချိတ်မှာလေ။ မူဆယ် ၁၀၅ မိုင်စခန်းကြီးက အကြီးကြီး၊ နောက် ချင်းရွှေဟော်ရှိတယ်။ သူတို့အဓိက အသုံးပြုမှာက မူဆယ် ၁၀၅ မိုင်စခန်းကို နံပါတ်တစ်ထားပြီး အဲဒီကနေ ကချင်ပြည်နယ်မှာရှိတဲ့ Dehong ၊ Dehong နဲ့ ဆက်စပ်တာ မူဆယ် ၁၀၅ မိုင်စခန်း၊ တရုတ်ဘက်နဲ့ ဆက်စပ် တာကျတော့ Boashan နယ်နဲ့ ဆက်စပ်တာ။ လွယ်ဂျယ်က ဒီဟောင်ထဲ မှာပါပြီး ကန်ပိုက်တီးက Boashan ထဲမှာပါတယ်။ Boashan greffier ထဲမှာပါတယ်။ ဆိုတော့ တရုတ်က စီးပွားရေးလမ်းကြောင်းကို အနောက်ဘက်ကဖွင့်ဖို့အတွက်ဆိုရင် မြန်မာ ပြည်ထဲမှာ ကချင်နဲ့ ရခိုင်က သူ့အတွက် ဒုတိယအရေးအပါဆုံးဖြစ်လာတယ်။ ရခိုင်ကဝင်ပေါက်၊ ကချင်က ထွက်ပေါက်ပေါ့။ အဲဒီလို အဝင် အထွက်ပေါက်ကြီးဖြစ်နေတယ်။ တရုတ်သမ္မတလာတာ အဲဒီကိစ္စတွေလည်း ပါလိမ့်မယ်။ ဒါကြောင့်မို့ ဘာဖြစ်လာလည်း ဆိုတော့ သူက တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၀) နဲ့လည်း တွေ့ဖို့ရှိတယ် ဆိုတဲ့ အချက်ပေါ်လာတယ်။ ဒီအချက်အလက်တွေ အကုန်ချုပ် လိုက်ရင် နိုင်ငံရေးပါတီတွေ ဘက်ကိုလည်း သူကလမ်းကြောင်း လှည့်ထားတယ်။ ဘာကြောင့်လည်းဆိုတော့ ၂၀၂၀ မှာ NLD ပဲဖြစ်ဖြစ်၊ USDP ပဲဖြစ်ဖြစ် တစ်ပါတီတည်း အစိုးရဖွဲ့ဖို့မသေချာေ တာ့ဘူးလို့ သူတွက်ဆလိမ့်မယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေးကလည်း အုပ်စုသုံးစုဖြစ်လာတယ်။ NLD တစ်စု၊ USDP တစ်စုနဲ့ တိုင်းရင်းသား တစ်စုဆိုတဲ့ဟာက Competition ဖြစ်လာတယ်။ ဒါကြောင့် သူက တိုင်းရင်းသားပါတီတွေကိုလည်း ဝင် ကာတယ်။ ကာတဲ့နေရာမှာ သူရဲ့ Proxy ဖြစ်တဲ့လူတွေနဲ့ ကာမှာ။ သူလာတာအဲဒီအတွက်လည်းရည်ရွယ်ချက်ပါပါလိမ့်မယ်။ အဲဒါကြောင့် ခုနက စီးပွားရေးကိစ္စတွေနဲ့ ဆက်စပ်ပြီး နယ်မြေကိုပြန်ကြည့်လိုက်ရင် ကချင်နဲ့ ရခိုင်ကိုဆွဲတော့မှာ။ အဲဒါကို ကျနော် ဒီလိုပဲသုံးသပ်ချင်ပါတယ်။

MKL / ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာMကောန်လ

ငြမ်းမီဒီယာ – တရုတ်သမ္မတရဲ့ ဒီခရီးစဉ်မှာ မြစ်ဆုံကိစ္စကရော ဘယ်လို ထူးခြားချက် ရှိလာလိမ့်မယ်လို့ သုံးသပ်ပါသလဲ။

Dr.MKL – ကျနော်တို့က မြစ်ဆုံလို့ပြောလိုက်တာနဲ့ အများစုက တန်ဖဲကိုမျက်စိထဲသွားမြင်ကြတယ်။ ဒါပေမယ့် မြစ်ဆုံမြစ်ဝှမ်း စီမံကိန်းက တန်ဖဲတစ်ခုတည်းမဟုတ်ဘူး။ သူ့အထက်မှာ (၆) ခုရှိတယ်။ မလိခဘက်မှာ တစ်ခု၊ မေခဘက်မှာ (၅) ခုရှိတယ်။ ဆိုတော့ အဲဒီဟာတွေအားလုံးကို ခြုံငုံပြောမှ ပြည့်စုံမယ်။ တန်ဖဲကဟာက မလုပ်ရလည်း သူ့အတွက်ဘာမှအရေးမပါဘူးဗျ။ အခုရှီကျင့်ဖျင်လာတာ မြစ်ဆုံဆိုတာနဲ့ အများစုက တန်ဖဲကိုမြင် တတ်တော့ ဒီဟာကိုတော့ သူ Ignore လုပ်လိမ့်မယ် ထင်တယ်။ သူတို့က အဲဒါကို ကစားနေတာ၊ ဆိုလိုချင်တာက အဲဒီ တန်ဖဲ က ဟာကို မလုပ်ဘူး ဆိုပြီးတော့ မြန်မာပြည်သူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားလိမ့်မယ်။ ဒါကျနော့်အမြင်ပေါ့။ ဒါပေမယ့် သူက တန်ဖဲအထက်မှာ (၆) ခုတောင်ရထားတယ်လေ။ အဲဒီ (၆) ခုက မဖျက်ဘူးဗျ။ ရှိတယ်။ အဲဒါကြီးတွေက တည်ဆောက်နေဆဲဗျ။

မြစ်ဆုံကိစ္စဆူပွက်တော့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ယောင်ယောင် ယောင်ယောင်လောက်ပဲရှိတယ်၊ မြစ်ဆုံ (တန်ဖဲ) ကိုရပ်လိုက်အချိန်ကျမှ ရန်ကုန်မြို့သစ်စီမံကိန်းကို မရရအောင်လုပ်မယ်ဆိုပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုဒီဟာကိုအတည်ပြုလိုက် တယ်။ အဲဒီလို …

လူတွေအာရုံစိုက်တာက တန်ဖဲပဲ၊ ကချင်တွေအာရုံစိုက် တာလည်း ဒီတန်ဖဲပဲ။ ဒီအထက်မှာ နောက်ထပ် (၆) ခုရှိသေးကြောင်း ကျနော်လည်း အတန်တန်ပြောတယ်။ မြစ်ဆုံ (တန်ဖဲ) က မဂ္ဂါဝပ် (၆,၀၀၀) ပဲလုပ်တာ။ သူ့အထက်က (၆) ခု ပေါင်းက မဂ္ဂါဝပ် (၁၅,၅၀၀) ရှိတယ်။ စုစုပေါင်း (၇) ခုဆိုရင် မဂ္ဂါဝပ် (၂၁,၅၀၀) ရှိတယ်။ ကမ္ဘာပေါ်မှာ မဂ္ဂါဝပ် နှစ်သောင်းကျော်တဲ့ဟာ စုစုပေါင်း (၅) ခုမပြည့်ဘူး။ အဲဒီဟာတွေက အမေရိကနဲ့ ဘရာဇီးမှာရှိတယ်။ အခုကျန်တာက ကျနော်တို့မြန်မာပြည်က မြစ်ဆုံပေါ့။ အခု ပြောလိုက်ရင် အများစုက တန်ဖဲပဲမြင်နေတာဆိုတော့ အဲဒီတန်ဖဲ မဂ္ဂါဝပ် (၆,၀၀၀) ကပိတ်လိုက်လို့ သူ့အတွက်ဘာမှမဖြစ်ဘူး။ ကျန်တဲ့ မဂ္ဂါဝပ် (၁၅,၅၀၀) ဆိုတဲ့ဟာကြီးက သူ့အတွက် အများကြီးရနေပြီ။ လက်ရှိ မြန်မာတစ်နိုင်ငံလုံး သုံးနေတာတောင် မဂ္ဂါဝပ် (၃,၀၀၀) ပဲရှိတာဆိုတော့ အဲဒါကိုတွက်ကြည့်ပေါ့။ အဲဒီတော့ ဒါကြီးက သူတို့တရုတ်ပြည် အတွက်လည်းမဟုတ်ဘူး၊ ကျနော်တို့မြန်မာပြည်အတွက်လည်း ဒီလောက်ကြီးမလိုအပ် ဘူး ဆိုတော့ ဘာအတွက်လည်းဆိုတာ ရှင်းရှင်းလေးပဲ။ ဒီဟာက သူ့တရုတ်ပြည်ထဲကို ဝင်တဲ့ South East Asia တစ် ခုလုံးက OBOR လမ်းကြောင်းကြီး အတွက်ပဲ။ South East Asia တစ်ခုလုံးမှာ ကွန်ရက်ကြီးနဲ့ သွားမယ့်လမ်းကြောင်းက တရုတ်ပြည်ထဲဝင်မယ့် အပေါက်ရှိတယ်။ ကူမင်းကနေပတ် ဝင်တာ။ မြေပုံကြည့်လိုက်ရင် သိပါတယ်။ အဲဒီကနေ ဗီယက်နမ် ဟိုချီမင်းစီးတီးအထိရောက်တယ်။ ဒါနန်းဆိပ်ကမ်း အထိရောက်တယ်။ အဲဒီကနေမှ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း အဲဒီလို ကုန်းတွင်း Link ကြီးတည်ဆောက်ထားတာ။

ရေချိုစွမ်းအားအရင်းအမြစ်က ကျနော်တို့ မြန်မာနိုင်ငံလောက် သူတို့အားမကောင်းကြဘူး။ ကျနော်တို့မြန်မာနိုင်ငံက ဧရာဝတီ၊ သံလွင်၊ စစ်တောင်း အဲဒီလို တွေရှိတယ်။ ဒါကြောင့် သံလွင်မှာ (၅) ခုလုပ်တယ်၊ ဧရာ၀ တီမှာ (၇) ခုလုပ်ဖို့စီစဉ်တာ။ အဲဒီဟာတွေ …

အဲဒီဟာ ဘယ်မှာပြန်ဖောက်ထွက်လဲဆိုတော့ မော်လမြိုင်ဘက်က ပြန်ထွက်တယ်။ အဲ မော်လမြိုင်နဲ့ ရန်ကုန်က Link ပြန်ရှိတယ်။ ဒီလမ်းတွေက အကုန်တည်ဆောက်ထားပြီးသား။ အဲဒီတော့ အရှေ့တောင်အာရှ အင်ဒိုချိုင်းနားဒေသကြီးတစ် ခုလုံးကို supply လုပ်ဖို့ဆိုရင် လာအိုကလွဲပြီး ကျန်တဲ့နိုင်ငံတွေက သူတို့နိုင်ငံအတွက် သူတို့လောက်ရုံပဲရှိတယ်၊ ကျနော် တို့ဗမာလိုပေါ့။ ဒါပေမယ့် ရေချိုစွမ်းအားအရင်းအမြစ်က ကျနော်တို့ မြန်မာနိုင်ငံလောက် သူတို့အားမကောင်းကြဘူး။ ကျနော်တို့မြန်မာနိုင်ငံက ဧရာဝတီ၊ သံလွင်၊ စစ်တောင်း အဲဒီလို တွေရှိတယ်။ ဒါကြောင့် သံလွင်မှာ (၅) ခုလုပ်တယ်၊ ဧရာ၀ တီမှာ (၇) ခုလုပ်ဖို့စီစဉ်တာ။ အဲဒီဟာတွေ အားလုံးက တရုတ်ရဲ့ OBOR ကို Drive လုပ်ဖို့အတွက်၊ ရှိသမျှစက်မှုဇုံတွေ၊ အထူးစီးပွားရေးဇုံတွေကို Drive လုပ်ဖို့၊ Power Grid တွေတည်ဆောက်ဖို့ ဒီကထုတ်တာ။ ဒါကြောင့် တရုတ်က တန်ဖဲကိုလက်လွှတ်ပြီး ကျန်တဲ့ဟာတွေကို အေးအေးဆေးဆေး လုပ်သွားလိမ့်မယ်။ နောက်တစ်ချက်က တန်ဖဲကိုတရုတ်က သိပ်စိတ် မဝင်စားတော့ဘူး၊ နိုင်ငံရေးကစားဖို့အတွက်လောက်ပဲသုံးနေတာ။ ဒီ တန်ဖဲနဲ့ အလဲအထပ်ကို သူတို့လုပ်ထားပြီးပြီ။ ဒါက ကျနော့်သုံးသပ်ချက်ပေါ့။ အတိအကျကြီးတော့ ကျနော်မဆိုလိုဘူး။ ကျနော်က စာချုပ်ကြည့်ရတဲ့သူ မဟုတ် ဘူး၊ ဆွေးနွေးတဲ့သူ မဟုတ်ဘူး။ ကျနော်တို့က အချက်အလက် အချိန်အခါတွေနဲ့ တရုတ်ရဲ့အသွားအလာကို ကြည့်ခြင်းအားဖြင့် ဒီတန်ဖဲ မဂ္ဂါဝပ် (၆,၀၀၀) အစား ရန်ကုန်မြို့သစ်စီမံကိန်းကို သူတို့ရလိုက်တာ။ အလဲအထပ်လုပ်တဲ့သဘောပေါ့။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံကိစ္စဆူပွက်တော့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ယောင်ယောင် ယောင်ယောင်လောက်ပဲရှိတယ်၊ မြစ်ဆုံ (တန်ဖဲ) ကိုရပ်လိုက်အချိန်ကျမှ ရန်ကုန်မြို့သစ်စီမံကိန်းကို မရရအောင်လုပ်မယ်ဆိုပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုဒီဟာကိုအတည်ပြုလိုက် တယ်။ အဲဒီလိုလုပ်ထားတယ်ဆိုတော့ ကျနော်တို့က ဒါကို နားလည်ဖို့လိုတယ်။ အခု ရှီကျင့်ဖျင်လာတယ်၊ မြစ်ဆုံကိစ္စ သူဘာမှပြောမှာမဟုတ်ဘူး။ ပြောရင်လည်း သူ နိုင်ငံရေးကစားဖို့ သက်သက်လောက်ပဲ ပြောလိမ့်မယ်။ သူလုပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဟာကိုထိလိုက်ရင် သူ့ရဲ့ကျန်တဲ့ဟာအကုန်လုံးကို ထိလာနိုင်တာကို သူသိတယ်။ အဲဒါကြောင့် ဒီကိစ္စကို တစ်မျိုးလှည့်ပြီး သူအသုံးပြုမှာဖြစ်တယ်။ ဒါ ကျနော့်အမြင်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

မြန်မာက တရုတ်ကိုလိုအပ်တယ်ချည်းပဲ မသတ်မှတ်နဲ့ တရုတ်က မြန်မာကို လိုအပ်တဲ့အချိန် ရှိနေပြီ – အပိုင်း (၂)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,