လမ်းဘေးက ပေါက်လွှတ်ပဲစား ပုံစံမျိုး ပြောပုံဆိုပုံဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တင် မဟုတ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လမ်းဘေးက ပေါက်လွှတ်ပဲစား ပုံစံမျိုး ပြောပုံဆိုပုံဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တင် မဟုတ်ဘူး။ အမျိုသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးပြောတာဟာ အမျိုးသမီးထုအားလုံးကို စော်ကားသလိုပဲဖြစ်ပါတယ်…

ဦးဝင်းသိန်း
(ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ်)

“ ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်။ဆရာ/ဆရာမတွေ ရပ်ထဲရွာထဲ နေတော့ ဒီကရွာသူရွာသားနဲ့အိမ်ထောင်ကျ။အဲဒါမှပြန်ပြောင်း မသွားမှာ၊ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။လူငယ်လေးေ တွ က လည်း ဆရာမတွေကို ရည်စားစကားလိုက်ပြောကြ။ဒါမှ ရွာမှာမြဲမှာ”

မှတ်ချက် ။ ။ ၂၀၁၉၊အောက်တိုဘာလ(၅)ရက်နေ့ က ပဲခူးတိုင်း ဝန်ကြီးချုပ်နှင့် ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲတွင် ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များနေထိုင်ရေးနှင့်ပတ်သက်၍ ကျေးရွာလူထုမှ တင်ပြရာတွင် ပဲခူးတိုင်းဝန်ကြီး၏ ပြန်လည်ပြောကြားချက်ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောကြားမှုသည် အမျိုးသမီး ပညာရေးဝန်ထမ်းများ အကြမ်းဖက် ခံရမှုနှင့်ဘဝလုံခြုံမှုကို ထိပါးနှောင့်ယှက်စေရန် အားပေးလှုံ့ဆော်မှုဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီ က ကြေညာချက်တစ်စောင်အား ၂၀၁၉၊အောက်တိုဘာလ (၁၁)ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ပြောကြားမှုနှင့် ပတ်သက်၍ အများပြည်သူကြား ပြင်းထန်စွာဝေဖန်ပြောဆိုမှုများရှိနေပြီး အဆိုပါအခြေအနေ များနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမြင်များကို ငြမ်းမီဒီယာ က စုစည်းဖော်ပြလိုက်သည်။

ဒေါ်လေးလေးမွန်
(နိုင်ငံရေးအကျဉ်းသူဟောင်း)

သာမန်လိုတွေးရင် ဒါကဘာမှမဟုတ်ဘူး။သူ့အရပ်၊သူ့ဇာတ်နဲ့ လိုက်ဖက်အောင် ရယ်သွမ်းဖွဲ့ပြောတဲ့ စကားပဲ။ ဒါပေမယ့်ပြောတဲ့ အဆင့်က ဝန်ကြီးချုပ်ဖြစ်နေတာရော ၊နောက်ခံအကြောင်းတွေ ကလည်း တစ်ခုမက ရှိနေတော့ ပြဿနာတက်နိုင်တဲ့ စကားဖြစ်သွားတယ်။ ဖြစ်ချင်တော့ ဆရာ၊ဆရာမတွေကလည်း အစဆွဲချင် တာကြာပြီ ။စောင့်နေတာ။ညံ့တဲ့သူခံပဲ။ လွယ်လွယ် ပဲပြောရရင် ဒီလူကြီးက တာဝန်ကနေတောင်နုတ်ထွက် လိုက်တာမျိုး၊ ပြန်တောင်းပန်တာမျိုးလုပ်သင့်တယ်။

ဒေါ်ဇင်မာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ရန်ကင်းမြို့နယ်)

ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မပြောသင့်တဲ့စကားပါ။ ဆရာ၊ဆရာမတွေ ရွာမှာ မြဲ၊ မမြဲ ဆိုတာ Public Policy နဲ့ Budget ဆိုင်ရာစိန်ခေါ်မှုပါ။အဲဒီလို Policy ပိုင်းဆိုင်ရာ ကိစ္စသေချာ အလေးအနက်ထား ဆောင်ရွက်ရမယ့်ကိစ္စကို ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လက်လွှတ်စပယ် အခုလို မပြောသင့်ပါဘူး။

ဒေါက်တာအာကာမိုးသူ
(ကထိက၊အရှေ့တိုင်းပညာဌာန)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သားသတ်သမားက သားကိုသတ်ရင် ဒါက သူ့ရဲ့ လုပ်နေကျ အလုပ်။သူတော်စင်တစ်ယောက်၊ရဟန်းသံဃာ တစ်ပါးက သားသတ်တယ်လို့ပြောရင် ဒါကအပြစ်လာဖြစ်တာ။ ပဲခူးတိုင်း ဝန်ကြီးချုပ်နေရာယူထားတဲ့တာဝန်နဲ့ ပြောတဲ့စကားက ပြောရမယ်ဆိုရင် လူ့အဖွဲ့အစည်းကို အန္တရာယ်လာရှိစေတဲ့ စကားလာဖြစ်တာ။ ဒီစကားအပေါ် ကျနော်တို့ သဘော မတူဘူး။လမ်းဘေးမှာ ရယ်စရာအနေနဲ့ ပြောတဲ့စကား ကို ပေါ်လစီအနေနဲ့ပြောရင် အန္တရာယ်သိပ်ရှိတဲ့စကားဖြစ်နေတယ်။ ဆရာ၊ဆရာမတွေရဲ့ဘဝကို နှိမ်ချပြောဆိုနေတဲ့သဘောဖြစ်သလို လူမှုဘ၀ လုံခြုံမှုကို အန္တရာယ် ရှိစေတဲ့စကားရပ်အဖြစ်မြင်တယ်။ ဝန်ကြီးချုပ်ရဲ့အဲဒီစကားကို ကျနော်တို့ကန့်ကွက် တယ်။ရှုတ်ချတယ်။

မုံရွာအောင်ရှင်
(NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး)

ကျနော့်အမြင်ကတော့ ပဲခူးတိုင်းဝန်ကြီးချုပ်က သူ့ရဲ့ ဝသီလို့ပဲ ဆိုပါစို့။သူလုပ်လေ့လုပ်ထရှိတယ်။ အရပ်ထဲမှာပြောသလို သူပြောလေ့ပြောထရှိတယ်ဗျ။ဒီတစ်ကြိမ်တင်မဟုတ်ဘူး။ကျနော်တွေ့နေတာ နှစ်ကြိမ်၊သုံးကြိမ် ရှိပြီ။ခဏခဏ ရပ်ရွာအနေနဲ့ ကသိကအောင့်ဖြစ်တာပေါ့ဗျာ။ကျနော့်ကို မေးကြတယ်။ ဒါကိုပါတီက အရေးယူတာတွေလုပ်နိုင်သလားဆိုတော့ ဝန်ကြီးချုပ်ကိစ္စတွေကျတော့ နိုင်ငံတော်သမ္မတ တို့ ၊ဒေါ်အောင်ဆန်းစုကြည်တို့ အဲလိုပုဂ္ဂိုလ်တွေကနေပြီးတော့ပဲ အဓိက ကိုင်တွယ်ကြတာလေ။ပါတီအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တာ ကျနော်မကြုံဖူးဘူး။ လွှတ်တော် ကိုယ်စားလှယ်ကိစ္စဆိုပါတီက ကိုင်တယ်။ဝန်ကြီးချုပ် ကိစ္စက တော့မသေချာဘူး။ကိုင်တွယ်မယ်လို့ ကျနော်အတိအကျ မပြောဘူး။တကယ်တမ်းကိုင်တွယ်မယ်ဆိုရင် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပဲ ခေါ်ပြောတာပြုတာ ဖြစ်နိုင်စရာ ရှိပါတယ်။ကျနော့်သဘောကတော့ ကိုယ်ကလူကြီး တစ်ယောက်ပဲဗျာ ။ပြည်သူလူထုကလေးစား တယ်။ပြည်သူ လူထုက မျှော်လင့်ထားတဲ့လူကြီး တစ်ယောက်က လက်လွတ်စပယ် ဟာသပြောတာပဲဖြစ်ဖြစ် ၊ပျော်စရာ၊ ရယ်စရာပြောတာပဲဖြစ်ဖြစ်ဖြစ် မပြောသင့်ဘူးလို့ ကျနော်တော့မြင်ပါတယ်။

ဒေါ်ခင်လေး
(Triangle Women Support Group ၏ Founder & Director)

ဒီဝန်ကြီးချုပ်ပြောတဲ့ဟာက ပထမအကြိမ်လည်း မဟုတ်တော့ ဘူး။ဒီလိုပဲ သူထင်ရာမြင်ရာတွေ လျောက်ပြော တာ။အရင်တုန်းကလည်းပြောခဲ့တာ ရှိတယ်။အခုလိုပြောတဲ့ အပေါ်မှာ လုံး၀ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီအချိန်မှာ ဝန်ထမ်းတွေ၊ ဝန်ထမ်း ဆိုတာ မှာတောင် အထူးသဖြင့်တော့ ကျောင်းဆရာ၊ဆရာမတွေရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အစိုးရအနေနဲ့ ကြိုးစားနေတဲ့ အချိန်ဖြစ်တယ်။ ဝန်ထမ်းတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတဲ့အချိန်မျိုးမှာ ပြည်ထောင်စုအစိုးရရဲ့မူဝါဒနဲ့လည်း မကိုက်ဘဲ သူထင်ရာမြင်ရာပြောတာဟာ ဒီအစိုးရရဲ့ ပုံရိပ်ကို လည်း အများကြီးထိခိုက်စေတယ်။နောက်တစ်ခုက အမျိုးသမီး ကျောင်းဆရာမတွေ။ အများစုက ကျောင်းဆရာမတေဖြစ်တယ်ွ။ ဒီလိုမျိုးသူတို့ဘဝလုံခြုံရေး အတွက်၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားပေးရမယ့်အစား လမ်းဘေးက ပေါက်လွှတ်ပဲစား ပုံစံမျိုး ပြောပုံဆိုပုံဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တင် မဟုတ်ဘူး။ အမျိုသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးပြောတာဟာ အမျိုးသမီးထုအားလုံးကို စော်ကားသလိုပဲဖြစ်ပါတယ်။

ဒေါ်တင်တင်ချို
(နိုင်ငံရေးအကျဉ်းသူဟောင်း)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါ ဝန်ကြီးချုပ်တစ်ယောက်ပြောရမယ့် စကားလား။ အမျိုးသမီးတွေအပေါ်လုံးလုံးစော်ကားလိုက်တာပဲ ။အောက်တန်း ကျတဲ့စကားပ။ဲ အစိုးရအဖွဲ့ဝင်တယောက်ဟာ ပြည်သူလူထုကို အကာအကွယ်ပေးရမှာ ဝန်ကြီးချုပ်တယောက်က ဒီလိုပြောပြီဆို မှတော့ ပြည်သူတွေရဲ့ဘဝအကာအကွယ်ဘယ်လောက်မဲ့ပြီလဲ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။