လယ်ယာမြေအငြင်းပွားမှု နိုင်ငံတော်အကြီးအကဲများ သိရန် ဆန္ဒပြမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တိုင်းရင်းသားများအား အမေစုမှကယ်တင် ကူညီပေးပါ၊ သမ္မတကြီးမှ ကူညီ ကယ်တင်ပေးပါ၊ တပ်ချုပ်ကြီးမှ ကယ်တင်ပေးပါ …

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ကွတ်ချိုကျေးရွာတွင်တပ်နှင့်အငြင်းပွားမှုဖြစ်ပေါ်နေသည့် လယ်ယာမြေကိစ္စကို နိုင်ငံတော် အကြီးအကဲများ သိစေရန်အတွက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲဦးဆောင် လျှောက်ထားသည့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသန်းဝင်းအောင် က ပြောသည်။

သန်းဝင်းအောင် / ဆန္ဒထုတ်ဖော်ရာတွင်ကိုင်ဆောင်မည့်ဗီနိုင်းနှင့် ဒေသခံတစ်ဦး

နေလာတာလည်းနှစ် ၃၀၊ ၄၀ ကျော်ပြီး။ အဲဒီလိုမျိုး ကြားမှာ ကျမ ယောင်္ကျား က ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တယ်။ကျမ အမျိုးသားက အီးပီးစီ ဝန်ထမ်းပါ။ သူ့အလုပ်လည်း ထိသွားတယ်။ ကျမ တို့ …

ဆန္ဒထုတ်ဖော်ပွဲကို ငြိမ်းစုစည်ခွင့်ပြုချက်နှင့် ရှမ်းပြည်နယ်ပင်လုံမြို့တွင် ဇူလိုင်လ (၁၁) ရက်နေ့၌ တောင်းဆို ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ပြီး၊ လူစုလူဝေးမဖြစ်စေရန်နှင့် ဆန္ဒပြသည့် အခါ လူငါးဦးအထက် မပိုစေရန်ဦးဆောင် လျှောက်ထားသူ တစ်ဦးနှင့် ဒေသခံ (၃) ဦးသာ ဆန္ဒပြသွားမည်ဖြစ်သည်။

“ထောင်ကျနေသူတွေ ပြန်လွတ်မြောက်ရေးနဲ့မြေမသိမ်းဆည်းရေးအတွက် ဆန္ဒပြမှာပါ “ ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသန်းဝင်းအောင် က ငြမ်းမီဒီယာ သို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သန်းဝင်းအောင် / ဆန္ဒထုတ်ဖော်ရာတွင်ကိုင်ဆောင်မည့်ဗီနိုင်းနှင့် ဒေသခံတစ်ဦး

လွိုင်လင်မြို့နယ်၊ ကွတ်ချိုကျေးရွာတွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် မိသားစု (၇) စုနှင့် လွိုင်လင်မြို့အခြေစိုက် ခရလ (၁၂) တို့အကြား မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းဖြစ်ပွားခဲ့ပြီး၊ ခလရ (၁၂) မှ ဗိုလ်ကြီးတစ်ဦးက တရားလို ပြုလုပ်ကာ တရားစွဲဆို ခဲ့ခြင်းကြောင့် ရွာသား (၃) ဦးကို မြို့နယ် တရားရုံးမှ ပုဒ်မ ၄၄၇ ဖြင့် ထောင်ဒဏ်တစ်လစီကျခံစေရန် ဇူလိုင်လ (၁) ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို အရပ်ဘက်၊ တပ်ဘက် အကြီးအကဲများသိရှိပြီး ထောက်ထားငဲ့ညှာ၊ မေတ္တာ၊ ကရုဏာများဖြင့် ကယ်တင် ကူညီမှုပြုနိုင်ရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ဒေသခံတစ်ဦး က ပြောသည်။

“ ကျမ တို့အိမ်ကလည်းအခိုင်အမာဆောက်ထားတယ်။ နေလာတာလည်းနှစ် ၃၀၊ ၄၀ ကျော်ပြီး။ အဲဒီလိုမျိုး ကြားမှာ ကျမ ယောင်္ကျား က ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တယ်။ကျမ အမျိုးသားက အီးပီးစီ ဝန်ထမ်းပါ။ သူ့အလုပ်လည်း ထိသွားတယ်။ ကျမ တို့မြေပြန်ရအောင် ဆန္ဒထုတ်ဖော်တာပါ “ ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် ဒေသခံ ဒေါ်ပေါ်ဘီသရား က ငြမ်းမီဒီယာ သို့ ပြောသည်။

သန်းဝင်းအောင် / ဆန္ဒထုတ်ဖော်ရာတွင်ကိုင်ဆောင်မည့်ဗီနိုင်းနှင့် ဒေသခံတစ်ဦး

‘နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး ထောင်ကျ ဘဝပျက်ရသည့် တိုင်းရင်းသားများအား အမေစုမှကယ်တင် ကူညီပေးပါ၊ သမ္မတကြီးမှ ကူညီ ကယ်တင်ပေးပါ၊ တပ်ချုပ်ကြီးမှ ကယ်တင်ပေးပါ’ ဆိုသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,