လိုလို မလိုလို ဝယ်ထားပြီးဖြစ်သလိုထားခြင်းနှင့်ပညာရေးဘတ်ဂျတ်များ လေလွှင့်ရခြင်းအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေနွေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လိုလို မလိုလို ဝယ်ထားခြင်းနှင့် ပညာရေးသုတေသနနှင့်လက်တွေ့ လုပ်ငန်းများ အတွက် ဘတ်ဂျက ်တိုးမြှင့်ချထားသော်လည်းတန်ဖိုးရှိသည့် ဘတ်ဂျတ်များလေလွှင့်ဆုံးရှုံးနေရခြင်းအကြောင်း

သြဂုတ်(၂၈)၊၂၀၁၉၊ရန်ကုန်

လိုလို မလိုလို ဝယ်ထားခြင်းနှင့် ပညာရေးသုတေသနနှင့်လက်တွေ့ လုပ်ငန်းများ အတွက် ဘတ်ဂျက ်တိုးမြှင့်ချထားသော်လည်းတန်ဖိုးရှိသည့် ဘတ်ဂျတ်များလေလွှင့်ဆုံးရှုံးနေရခြင်းအကြောင်း ယနေ့လွှတ်တော် အစည်းအဝေးတွင်မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာလှမိုးကဆွေးနွေးသွားသည်။

ယင်းသို့ဆွေးနွေးသွားရာတွင် တက္ကသိုလ်အသီးသီးရှိ ဓာတ်ခွဲခန်း မှတ်တမ်း ဓာတ်ပုံများကို အထောက်အထားဖြင့်ပြဆိုသွားပြီး တက္ကသိုလ်ကြီးတစ်ခု၏သုတေသနဓာတ်ခွဲခန်းတစ်ခုကိုလည်း ဓာတ်ပုံအထောက်အထားဖြင့်ပြသဆွေးနွေးသွားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“တက္ကသိုလ်အသီးသီးမှာရှိတဲ့ သုတေသနပစ္စည်းတွေလိုလို မလိုလို ဝယ်ထားပြီးကြီးကြပ်မှုလည်း မရှိပါဘူး။တကယ့်အကောင်းစား ဓာတ်ခွဲခန်းကြီးတွေမှာဒီအတိုင်းပါ။ဒါတက္ကသိုလ်ကြီးတစ်ခုရဲ့ဓာတ်ခွဲခန်းတစ်ခုပါ။လိုလို မလိုလိုဝယ်ထားပြီးဖြစ်သလိုထားတာပါ။ ပါကင်တောင် မဖောက်ရသေးဘူး။ဂိုဒေါင်သဖွယ် အသုံးပြုထားတဲ့ဟာတွေပါ” ဟု”ဓာတ်ပုံအထောက်အထားများဖြင့်ပြသဆွေးနွေးစဉ်ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

သုတေသနလုပ်ငန်းနှင့်လက်တွေ့လုပ်ငန်းများအတွက် ဝယ်ယူထား သည့်ပစ္စည်းများကို ထိရောက်စွာ အသုံးပြုနိုင်ရန် အဓိကတာဝန်ရှိ သူများမှာ တက္ကသိုလ်အသီးသီးမှပါမောက္ခချုပ်များ၊ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာဦးဆောင်သူများဖြစ်သည်ဟု၎င်းကပြောသည်။

ယင်းအပြင်အဆိုပါပုဂ္ဂိုလ်များအနေဖြင့် တက္ကသိုလ်အသီးသီးတွင် သုတေသနဦးဆောင်ကြီးကြပ်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းခြင်း ၊နိုင်ငံတော်နှင့်ဒေသဆိုင်ရာလူမှုစီးပွားဘဝကိုအထောက်အကူပြုသည့် Integrated Project များကိုသတ်မှတ်ပြီးလက်တွေ့ အသုံးချသုတေသန ကိုတွန်းအားပေး နိုင်ရမည် ဖြစ်ကြောင်းနှင့်သုတေသနနှင့်လက်တွေ့ လုပ်ငန်းများကိုဦးဆောင်မည့်ပညာရှင်များနှင့်ကြီးကြပ်မည့်သူများကိုမှန်ကန်စွာတာဝန်ပေးအပ်ရမည်ဟုပူးပေါင်းကော်မတီ၏တင်ပြချက်ကို ဒေါက်တာလှမိုးက ထောက်ခံဆွေးနွေးသွားသည်။

ယခုကဲ့သို့မလုပ်နိုင်ခြင်းကြောင့် လွှတ်တော်တွင်တင်ပြတောင်းခံသူ အများစုသည် ရည်ရွယ်ချက်ရေရေရာရာ မရှိဘဲတောင်းခြင်း၊ဆိုင်ဆိုင် မဆိုင်ဆိုင်တောင်းခြင်း၊လိုလို မလိုလိုတောင်ခြင်း၊တောင်းပြီးလျင် ဝယ်ယူထားသည့်ပစ္စည်းများကို စနစ်တကျအသုံးချနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

အဆင့်ဆင့်စီစစ်တင်ပြသူများသည်လည်းထဲထဲဝင်ရေရေရာရာမသိခွင့်ပြုပြီးနောက်ဝယ်ယူထားသည့်ပစ္စည်းများကိုစနစ်တကျသုံးစွဲရန်ကြီးကြပ်မှုမရှိခြင်း၊ပူးပေါင်းဆောင်ရွက်ရန်အပြန်အလှန်ဖလှယ်သုံးစွဲရန်စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့်နောက်ဆက်တွဲရလဒ်အနေဖြင့်ပညာရေးသုတေသနနှင့်လက်တွေ့လုပ်ငန်းများအတွက်ဘတ်ဂျတ်တိုးမြှင့်ချထားသော်လည်းတန်ဖိုးရှိလှသည့်ပညာရေးဘတ်ဂျတ်များလေလွှင့်ဆုံးရှုံးရခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့်လွှတ်တော်တွင်ပူးပေါင်းအဖွဲ့(၈)၏ သုံးသပ်အကြံပြုချက်နှင့်သဘောထား မှတ်ချက်ကိုဒေါက်တာလှမိုးက ထောက်ခံဆွးနွေးသွားသည်။

ဒေါက်တာလှမိုးသည် ၁၉၈၇ မှ၁၉၉၇ ခုနှစ်အထိ မန္တလေး တက္ကသိုလ်တွင်ရုက္ခဗေဒအထူးပြု တက်ရောက်ခဲ့ပြီး B.Sc ဘွဲ့နှင့် M.Scဘွဲ့တို့ကို ရရှိခဲ့သည်။ ၂၀၀၃ -၂၀၀၄တွင် ဂျာမနီနိုင်ငံ၊Marburg ၊Philipps Universityတွင် DAAD Sandwich Programကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မှ Ph.D ဘွဲ့ရရှိခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်

ဒေါက်တာလှမိုးဆွေးနွေးချက်တွင်ထည့်သွင်းပြသခဲ့သည့်တက္ကသိုလ်များ၏ဓာတ်ခွဲခန်းနှင့်သုတေသနအခန်းများ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။