လိုအပ်နေတဲ့ မိသားစု မှန်သမျှကို ကြိုးစားပြီး လှူနေပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လေးလေးစားစား လှူတဲ့ နေရာမှာ အခြားအမြင်ပုံစံမျိုး ဖြစ်နေရင် မဖြစ်အောင် ဘယ်သူမှ ကျနော်တို့ ဓာတ်ပုံ မတင် ခိုင်းဘူး …

လူငယ်ပရဟိတကုသိုလ် လူမှုရေးအသင်း (Youth Social Group ) သည် ၂၀၁၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ပရဟိတ အသင်းဖြစ်သည်။ Youth Social Group အသင်းသည် မိဘမဲ့၊ဆင်းရဲနွမ်းပါး ကလေးသူငယ်များ နှင့် လူငယ်များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကို ကူညီဆောင်ရွက်ပေးနေသည့် အပြင် သဘာဝဘေးသင့် ပြည်သူများကိုလည်း ကူညီဆောင်ရွက် ပေးနေ သည့် ပရဟိတအသင်းတစ်ခုဖြစ်သည်။ Youth Social Group ပရဟိတအသင်းသည် ကိုဗစ်ကပ်ကာလအတွင်းတွင်လည်း စားဝတ် နေရေး ခက်ခဲနေ သည့် အခြေခံ လူတန်းစား ပြည်သူများ၏ လိုအပ်ချက်များအား တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက် ပေး နေသည် ကိုလည်းတွေ့ရပေသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ Youth Social Group အဖွဲ့၏ ဥက္ကဌ လည်းဖြစ် တည်ထောင်သူလည်း ဖြစ်သည့် ဦးမျိုးသီဟ ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားပါသည်။

YSG / လူငယ်ပရဟိတကုသိုလ် လူမှုရေးအသင်း ၏ ဥက္ကဌ ဦးမျိုးသီဟ

ဒီလငှားနိုင်တယ်။ နောက်လကျ မငှားနိုင်ဘူးဆို သူတို့က မီးရထား သံလမ်းဘေးကို ရောက်သွားတယ်။ အဲဒီသံလမ်းဘေးမှာ …

YSG / YSG မှ သွားရောက်လှူဒါန်းခဲ့သည့် သိမ်ဖြူမီးရထားဝန်း ရှိနေအိမ်များ

ငြမ်းမီဒီယာ – ပရဟိတအသင်းတစ်ခုအနေနဲ့ လူမှုရေးလုပ်ငန်းတွေ၊ အလှူဒါနတွေ၊ကူညီမှုတွေ အများအပြား လုပ်ထားတာ တွေ့ရပါတယ်။ အရင်က လုပ်ခဲ့တဲ့ ပရဟိတအလုပ်တွေ၊ ကူညီမှုတွေနဲ့ အခု ကိုဗစ်ကာလမှာ လုပ်နေတဲ့ ပရဟိတအလုပ်တွေ၊ ကူညီမှုအစီအစဉ်တွေ မှာ မတူတာတွေ ရှိသလား။

UMTH – ကွာခြားချက်လေးတွေကတော့ နည်းနည်းတော့ ရှိပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ လေးလပိုင်း၊ ရှစ်ရက်နေ့ ကနေ စပြီးလှူဒါန်းတာမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေ၊ဈေးသည်တွေ၊ ဆိုက်ကား ဆရာတွေ ၊ နောက်ပြီးတော့ သီလရှင်တွေ တွေ ကျနော်တို့ လှူဒါန်းပါတယ်။ လှူဒါန်းတဲ့နေရာမှာ ပထမတစ်ချက်က ဘာရှိသလဲဆိုတော့ စာရင်းဇယား အချက်အလက် ဒေတာပါ။ ဥပမာ ပြီးခဲ့တဲ့ (၁၆) ရက်နေ့က သိမ်ဖြူ၊ မီးရထားဝန်း၊ ဝန်ထမ်းအိမ်ရာမှာ ရှိတဲ့ ဝန်ထမ်းတွေရော၊ နောက် အဲဒီဝန်ထမ်းအိမ်ရာရဲ့ အိမ်အောက်တွေထဲမှာ ငှားနေတဲ့ မိသားစုတွေ၊အားလုံးပေါင်း ကိုးရာလောက်တော့ ရှိမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

YSG / YSG မှ သွားရောက်လှူဒါန်းခဲ့သည့် သိမ်ဖြူမီးရထားဝန်း ရှိနေအိမ်များ

ကိုဗစ်ကာလမှာ လှူဒါန်းတဲ့ တောက်လျာက်မှာ ဆိုရင် မျက်နှာတွေကို မမြင်ရအောင်ပုံကို ဝါး သွားအောင် (Blur) လုပ်တယ်။ တချို့တွေ …

ပထမ ကျနော်တို့ သွားစုံစမ်း တုန်းက သူတို့ပေးလိုက်တဲ့ လူဦးရေ ရှိတဲ့ ဒေတာ က ဥပမာ ဆိုကြပါစို့။ အိမ်ထောင်စု(၈၅၇)စု။ ဒါပေ မယ့် တကယ့် တကယ်တမ်း ကျတော့ တစ်ထောင်နီးပါးလောက်ရှိတယ်။ အဲဒီလိုမျိုး ကျတော့ ကျနော်တို့ သွားပြီးလှူတဲ့ အခါကျရင် တော့ လိုအပ် တာ ရှိတယ်။ အိမ်ခြေ ဆယ်အိမ် လိုတာ၊ဆယ့်ငါးအိမ် လိုတာ အဲဒီလိုမျိုးကျတော့ ကျနော်တို့ အဲဒီမှာ တစ်ခါတည်းပဲ လိုတဲ့ အိမ်ခြေ တွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ပေးတယ်။ တစ်အချက် ကတော့ စာရင်းအင်း မတိကျတာ။ လှူရမယ့် အလှူခံ ပုဂ္ဂိုလ် စာရင်း အင်း အရေအတွက် အခက်အခဲ ရှိတယ်။ နောက်တစ်ခုက အခက်အခဲတော့ မဟုတ်ပါဘူး။ အဲဒါ ဘာလဲဆိုတော့ ကိုဗစ်ကာလမှာ လှူဒါန်းတဲ့ တောက်လျာက်မှာ ဆိုရင် မျက်နှာတွေကို မမြင်ရအောင်ပုံကို ဝါး သွားအောင် (Blur) လုပ်တယ်။ တချို့တွေ ၊တချို့ အဖွဲ့တွေ လည်း လှူကြတယ်။လှူတဲ့အခါမှာ ပုံကို ဒီအတိုင်း တင်လိုက်တဲ့ အခါကျတော့ ကွန်မန့်တွေ ဘာတွေမှာ ဒီလိုကြီး ဖော်ပြတာ မကောင်းဘူး ကွန်မန့် ပေးတာတွေ ရှိတယ်။ ဒါတွေက ကျနော်တို့ ဆင်ခြင်စရာ။ ကိုဗစ်ကာလမှာ စပြီး လှူ ကတည်းက သီလရှင် ဆရာလေးတွေမှ အပ ကျန်တဲ့ကလေးပုံတွေ၊ လူကြီးပုံတွေ အကုန်လုံး ကို ကျနော်တို့ Blur လုပ်ပြီး မှ တင်တယ်။

YSG / YSG ပရဟိတအသင်း၏ လှူဒါန်းမှု

တချို့ နေရာတွေဆို လူတစ်ကိုယ်စာ အိပ်လို့တောင်မရဘူး။ အပေါက်လေးနဲ့နေရာလေး။အဲဒီလို ငှားနေကြတာ။ ကျနော်တို့ …

ငြမ်းမီဒီယာ – အဲဒီတော့ သိမ်ဖြူမီးရထားဝန်းမှာ သွားလှူတုန်းက တွေ့ကြုံခဲ့ရတဲ့ အခြေအနေ တွေကို ဘယ်လို ရှိသလဲ။သူတို့ တွေ ရဲ့နေမှုထိုင်မှု ဘဝတွေကို တွေ့ခဲ့ရသလောက် ပြန်ပြောပြပေးပါဦး။

UMTH – အဲဒီနေရာကို မလှူခင်ကျနော်တို့ Survey နှစ်ခေါက်လောက်ဆင်းတယ်။ နေရာက ဝင်္ကပါ လို ဖြစ်နေ တာ။ နောက်ပြီး တော့ အဲဒီက အုပ်ချုပ်ရေးမှူးနဲ့လည်းတွေ့ပြီး ဘာတွေ လိုအပ်လဲ။ ဘယ်လိုနေရာ တွေက လိုအပ်လဲ ။ ကျနော်တို့ တစ်ရပ်ကွက်လုံး ကိုလည်း ပတ်ပြီး လိုက်ကြည့်တယ်။ အကြမ်းဖျဉ်းမြင်အောင် ပြောရ ရင်တော့ အမှိုက်ပုံကြီး အပေါ်မှာ ကျနော်တို့ ထိုင်နေရသလို ပုံစံမျိုးရှိတယ်။ နောက်ပြီး သူတို့မှာ အိမ်သာတွေဘာတွေ မလုံလောက်ဘူး။ကျနော်တို့ သွားနေရင်း နဲ့ ဘာတွေ တွေ့နိုင်သလဲဆို မြောင်းလေးတွေ ရှိတယ်။ အဲဒီမှာ ကလေးတွေဘာတွေ ဆို အိမ်သာ မသွားတော့ဘူး။ တချို့အိမ်သာတွေက သော့တွေ ခတ်ထား တယ်။ သူ့လူနဲ့သူတော့ ရှိမယ်နဲ့တူတယ်။ ကလေးတွေက မြောင်းထဲမှာပဲ မစင်စွန့်ကြတယ်။ အဲဒါက ကလေး တစ်ယောက်တည်း မဟုတ်ဘူး။ အများကြီး။ လမ်းသွားရင် အမှိုက်တွေ ရှိတယ်။ ကလေးတွေရဲ့ မစင်ပုံတွေကို လမ်းသွားရင် ရှောင်ပြီး သွားရတယ်။

လုပ်အား လိုတာ။ လုပ်အားဆိုတာ ဒီမှာ ပစ္စည်းတွေဘာတွေ ဝိုင်းပြီး ထည့်တာ။ ပြင်ဆင်တဲ့နေရာမှာပဲ ကျနော်တို့ လုပ်အား လိုတာပါ။ ကျန်တာတွေ …

YSG / YSG မှ သွားရောက်လှူဒါန်းခဲ့သည့် သိမ်ဖြူမီးရထားဝန်း ရှိနေအိမ်များ

အဲဒီမှာ အိမ်သာမလုံလောက်ဘူး။နောက်တစ်ခု က ရေမြောင်း။ အဲဒီမှာ ရှိတဲ့ရေမြောင်းတွေက တချို့အဖွဲ့အစည်းတွေဆို လာပြီး ရှင်းပေးတယ်ပြောတယ်။ အဲဒီမှာ အနံ့အသက်တွေ လည်း သိပ်ပြီး မကောင်းဘူး။ နောက်တစ်ခုက အိမ်။ အကုန်လုံးကတော့ ပြည့်ပြည့်စုံစုံနဲ့ နေချင်တာပေါ့။ နေတော့လည်း လွတ်လွတ်လပ်လပ် နေချင်တာပေါ့။အဲဒီမှာကျတော့ ကျနော်တို့သွားတော့ တချို့ နေရာတွေဆို လူတစ်ကိုယ်စာ အိပ်လို့တောင်မရဘူး။ အပေါက်လေးနဲ့နေရာလေး။အဲဒီလို ငှားနေကြတာ။ ကျနော်တို့က မေးကြည့် တယ်။ ဘာဖြစ်လို့ ဒီနေရာမှာငှားနေကြလဲဆိုတော့ သူတို့အိမ်လခမတတ်နိုင်ဘူးတဲ့။ ဆိုကြပါစို့ အဲဒီမှာအိမ်လခ တစ်သောင်း၊ တစ်သောင်းခွဲ အဲဒီလောက်ဆိုတော့ သူတို့အဆင်ပြေတယ်။သူတို့ရဲ့ ရှာတဲ့ဝင်ငွေပေါ့ ။တချို့က ဆိုက်ကားနင်းတယ်။ ကုန်ထမ်း တယ်။ ဈေးရောင်းတယ်။ အဲဒီတော့ ဝင်ငွေက အများကြီး မရှိဘူး။ ကိုဗစ်ကာလမှာဆို ဝင်ငွေမရှိဘူး ဝင်ငွေမရှိတော့ တစ်ကိုယ် စာ သာရှိတဲ့ အိမ်လေးမှာ ကလေးတွေနဲ့ ဒီအတိုင်းစုပြီး နေကြတယ်။ ဒါက ကျနော်တို့ တွေ့ခဲ့တဲ့ ဟာပေါ့။ နောက်တစ်ခုက ကျတော့ သူတို့က ဘယ်လိုပုံစံသွားလဲ ဆိုတော့ အဲဒီက အဖိုးကြီးတစ်ယောက်ပြောတယ်။ အဲဒီအဖိုးက အဲဒီမှာနေနေတာ နှစ်ပေါင်း တော်တော် ကြာပြီ။ အဲဒီမှာနေတဲ့သူတွေက သိပ်ပြီး Stable မဖြစ်ဘူး။ ဒီလငှားနိုင်တယ်။ နောက်လကျ မငှားနိုင်ဘူးဆို သူတို့က မီးရထား သံလမ်းဘေးကို ရောက်သွားတယ်။ အဲဒီသံလမ်းဘေးမှာ အဆင်ပြေသလို နေကြတယ်။ တချို့ကျတော့လည်း တောင်းရမ်း စားတာမျိုး ရှိတာပေါ့။ တချို့ကျတော့လည်း သူတို့ လုပ်ငန်း လေးတွေ ရှိတယ်။ ပိုက်ဆံလေးဘာလေး နည်းနည်းပါးပါး ပြည့်ပြီဆိုရင် ပြန်ပြီးတော့ အိမ်ငှားနေတယ်။ အဲဒီလို ပုံစံမျိုးနဲ့ သူတို့ သံသရာ လည်နေကြတာ။

YSG / YSG မှ သွားရောက်လှူဒါန်းခဲ့သည့် သိမ်ဖြူမီးရထားဝန်း ရှိနေအိမ်များ

ငြမ်းမီဒီယာ – အခု လူငယ်ပရဟိတကုသိုလ် လူမှုရေးအသင်း (Youth Social Group ) အနေနဲ့ ကိုဗစ်ကာလမှာ လုပ်ရတဲ့ အခက်အခဲ တွေ က ဘာတွေ ရှိမလဲ။

UMTH – ကျနော်တို့အသင်းက ငါးလပိုင်း (၁၅) ရက်နေ့ဆို ကိုးနှစ် ပြည့်သွားပြီ။ ဆယ်နှစ်ထဲ ရောက်လာပြီ။ ကျနော်တို့ လှူတဲ့ အလှူတွေက ပြင်ဆင်တဲ့ အချိန်တွေအားနည်းတယ်။ အားနည်းတယ်ဆိုတာ အချိန်နည်း တာပါ။ဥပမာဒီနေ့ မနက်မှာ ဆိုလည်း မှော်ဘီ၊စာဖြူစုအရပ်မှာ အိမ်ခြေ (၁၂) အိမ်၊လူဦးရေ (၆၀) စာလောက် လိုတယ်ဆိုလို့ မနေ့ညက အားချင်းစီစဉ်ပြီး သွားလှူ လိုက် တယ်။ ဆိုလိုချင်တာက တကယ်လိုတဲ့ နေရာ ဆိုရင် အချိန်လေးနည်းနည်းပဲယူပြီးတော့ ကျနော်တို့ သွားလှူကြတယ်။ အိမ်ခြေ (၉၀၀) သိမ်ဖြူ တုန်းကဆိုရင် ကျနော်တို့ တစ်ပတ်လောက် အချိန်ယူလိုက်တယ်။ ကျနော်တို့အတွက် အခက်အခဲ က ဘာရှိသလဲ ဆိုတော့ ခုနက ဒေတာကောက်တာတို့ ဘာတို့ပါ။ ဒါပေမယ့်ကျနော်တို့ အသင်း အနေနဲ့ ပြောရရင် အလှူရှင်တွေက ဝိုင်းပြီး လှူကြ တယ်။ ပြောရမယ်ဆိုရင် ငွေရေးကြေးရေး အလှူတိုင်းမှာ အလှူငွေကတော့ ပြည့်မီပါတယ်။ ဒါပေမယ့် တစ်ခုပဲ ဘာလိုတာလဲဆိုတေ့ လုပ်အား လိုတာ။ လုပ်အားဆိုတာ ဒီမှာ ပစ္စည်းတွေဘာတွေ ဝိုင်းပြီး ထည့်တာ။ ပြင်ဆင်တဲ့နေရာမှာပဲ ကျနော်တို့ လုပ်အား လိုတာပါ။ ကျန်တာတွေကတော့ အကုန်လုံး အဆင်ပြေ ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုကိုဗစ်ကာလက ကြာရှည်လာတာနဲ့အမျှ လူတွေရဲ့အခက်အခဲက ပိုကြီးလာတယ်။ ဒီအခြေအနေတွေကို လိုက်မီ အောင် ကူညီနိုင်ဖို့ ပြင်ဆင်တဲ့ အနေအထားမှာလည်း ပရဟိတ အသင်းတွေမှာ လည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါ တယ်။ ရေရှည်အခြေအနေအပေါ်မှာရော ဘယ်လို သုံးသပ်မိလဲ။

UMTH – ကျနော်တို့က ဘယ်လို လုပ်ထားလဲဆိုတော့ ပြင်ပက အလှူရှင်တွေ လှူထားတာ ကျနော်တို့မှာ Mask တွေရှိတယ်။ ရှေ့ဆက်လုပ်မယ့် အလှူတွေအတွက် အလှူခံထားတာ ရှိတယ်။ အဲဒီမှာ Mask တွေကို လိုတဲ့ နေရာလှူပြီးတော့ ကျန်တဲ့ ဟာ တွေ ကို သိမ်းထားတယ်။ ဥပမာ ကလိုရင်းဆေးဖြန်းတဲ့ ဟာမျိုးပေါ့။ ကျနော်တို့ စဉ်းစားတယ် ။ကိုဗစ်ကာလ ပြီးလား၊ မပြီးလား မသိဘူး။ ဒါပေမယ့် ပြီးသွားပြီဆို ကလေးတွေ ကျောင်းတွေ ပြန်ဖွင့်မယ်။ ကျောင်းတွေ ဖွင့်မယ်ဆိုရင် ကျနော်တို့ တတ်နိုင်တဲ့ ကျောင်း တွေကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းပြီး ကျောင်းတွေကို ဆေးဖြန်းတာ တို့ဘာတို့ လုပ်ဖို့ ဆေးတွေ စုထားတာ မျိုးတော့ ရှိ တယ်။ အဲဒီလိုမျိုးတော့ ရှိတယ်။ ဒါကတော့ ကျနော်တို့ အသင်းအနေနဲ့ လုပ်ဆောင်ထားတာပါ။

ချက်ခြင်း လှူနိုင်အောင်တော့ ကျနော်တို့ စီစဉ်နေတယ်။ ကိုဗစ်ကာလက ဘယ် အချိန်ထိ ရောက်မလဲ ကျနော်တို့မသိဘူး။ ဒါပေမယ့် ကျနော်တို့ …

ငြမ်းမီဒီယာ – အခုသွားလှူနေတာကို အခြေခံလူတန်းစားတွေကို တိုက်ရိုက်သွား လှူတာတွေ့ရ ပါတယ်။ အဲဒီလို တဲ့အခါမှာ လူအများစုရဲ့ လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ လှူချင်တဲ့ သူတွေကရော ဘယ်လို ဆက်သွယ် ရမလဲ။

UMTH – ကျနော်တို့ကတော့ ဒီမှာ အလှူကြီးမယ်၊ နေရာကြီးမယ်ဆို ကျနော်တို့အသင်းပေ့ချ်မှာ ကြေညာပါ တယ်။ အလှူရှင် တွေ ကို လည်း အကူအညီတောင်းတယ်။ နောက်ပြီး ရှေ့ဆက် အလှူတွေ အတွက် ဝိုင်းပြီး လှူထားတာ ရှိတယ်။ အဲဒါတွေကို လည်း အလှူရေးရာအဖွဲ့ကနေ စာရင်းအင်းနဲ့ ပြန်ပြီးတော့ တင်ပြတယ်။ ပြီးတော့ ဒီနေ့လိုမျိုး လတ်တလော လိုတဲ့ ဟာမျိုးဆို အလှူ ရေးရာအဖွဲ့က တိုင်ပင်ပြီး သွားလှူတယ်။ ချက်ခြင်း လှူနိုင်အောင်တော့ ကျနော်တို့ စီစဉ်နေတယ်။ ကိုဗစ်ကာလက ဘယ် အချိန်ထိ ရောက်မလဲ ကျနော်တို့မသိဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ပရဟိတအသင်းအနေနဲ့ အလှူရှင်တွေ စုပေါင်းပြီး လုပ်တာဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ဆောင်ရွက်ထားပါတယ်။

YSG / YSG ပရဟိတအသင်း၏ လှူဒါန်းမှု

ငြမ်းမီဒီယာ – နောက်ဆုံးမေးခွန်းပါ ပထမဖြေသွားတုန်းက ဓာတ်ပုံကိစ္စလေး ပါတော့ ဒီမေးခွန်းကို မေးချင်တာပါ။ ပရဟိတ လုပ်သူ အချို့က အလှူပြုတဲ့နေရာမှာ ဓာတ်ပုံရိုက်ပြီး တင်တာမျိုးပေါ့။ တချို့ကလည်း ဒီလို ဓာတ်ပုံ ရိုက်ပြီးတင်တဲ့ အပေါ်မှာ သဘောမတွေ့ ကျဘူး ။ Youth Social Group က တင်တဲ့ ဓာတ်ပုံတွေ မှာတော့ Blur လုပ်ထားတာတွေ့ရပါတယ်။ အဲဒီအတွက်လည်း တန်ဖိုးထား ပါတယ်။ အဲဒီတော့ ပရဟိတ အလှူတွေရဲ့ ဓာတ်ပုံကိစ္စမှာ ဘာတွေ ဆောင်သင့်လဲ၊ဘာတွေ ရှောင်သင့်လဲ ဆိုတာ ပြောပြပေးပါဦး။

UMTH – မှတ်တမ်းယူတဲ့ကိစ္စမှာ ကျနော်တို့အသင်းအနေနဲ့ ဘယ်လိုစီစဉ်သလဲဆိုတော့ အလှူ တစ်ခု သွားပြီ ဆိုရင် မီဒီယာ တာဝန်ခံပါတယ်။ မီဒီယာတာဝန်ခံက လွဲရင် ကျန်တဲ့လူက ဓာတ်ပုံ ရိုက်လို့ မရဘူး။ ဓာတ်ပုံ မရိုက် ခိုင်းဘူး။ ပြီးသွားပြီဆိုမှ ခွင့်ပြုပြီ ဆိုမှ ဓာတ်ပုံရိုက်ချင်ရိုက်။ လှူတဲ့ ပုံတွေကို အသင်းနဲ့ လိုက်ပါလာတဲ့သူတွေက ကျနော်တို့ အသင်းခွင့်ပြုချက် မရဘဲ ဒီအတိုင်း သွားပြီး ဓာတ်ပုံကို မတင်ခိုင်းဘူး။ ဥပမာ မျက်လုံး အနေအထား က အစပေါ့ ။ကိုယ်တွေလှူတယ်ဆိုတာ အောက်ကျို့ပြီးလှူရတာကိုး။ အောက်ကျို့ပြီး လေးလေးစားစား လှူတဲ့ နေရာမှာ အခြားအမြင်ပုံစံမျိုး ဖြစ်နေရင် မဖြစ်အောင် ဘယ်သူမှ ကျနော်တို့ ဓာတ်ပုံ မတင် ခိုင်းဘူး။ အလှူရေးရာ အဖွဲ့ရယ်၊ မီဒီယာအဖွဲ့ရယ် က ပုံတွေကို စီစစ်ပြီးမှ တင်တယ်။ နောက်တစ်ခုက ကျတော့ အလှူမှတ်တမ်း ယူတယ် ဆိုတဲ့ ဟာမှာလေ အချို့ကိစ္စတွေမှာတော့ Personal သွားလှူတာ ရှိတယ်။ ဒါလည်း သူတို့ မှတ်တမ်း အနေနဲ့ ယူတာ ပေါ့။ ကျနော်တို့ အနေနဲ့ ကျတော့ ဘယ်လိုဆောင်ရွက်သလဲဆိုတော့ ကျနော်တို့ မှတ်တမ်း ယူရခြင်း၏ ရည်ရွယ်ချက်သည် ဆိုကြ ပါစို့ ။ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ သဟပုညကာရီကျောင်း မှာ သီလရှင် အပါး (၈၀) လောက်ရှိတယ်။ ဆွမ်းဆန်ကလည်း မရဘူး။ ကျနော်တို့သွားကြည့်တော့ သူတို့မှာ ဆွမ်းဆန်က တစ်ပြည်လောက်ပဲ ကျန်တော့တယ်။ ဆွမ်းဆန်မထွက်ရတာလည်း နှစ်လ နီးပါးလောက်ရှိပြီလို့ကြားတယ်။ အဲဒါနဲ့ ကျနော်တို့ သွားလှူတယ်။ ကျနော်တို့မှတ်တမ်း တင်တယ်။ မှတ်တမ်းတင်ပြီး ကျနေ်ာတို့ ဘာလုပ်ပေးလဲ ဆိုတော့ ဒီကျောင်းမှာ ကျနေ်ာတို့ရဲ့ အလှူရေးရာအဖွဲ့က Survey ဆင်းတယ်။ သွားလှူတဲ့ အခါမှာ လည်း အမှန် တကယ် လိုအပ်နေ ပါတယ်။ အဲဒီတော့ ဒီကျောင်းလေးကို လှူဒါန်းချင်တဲ့သူတွေအနေနဲ့ ဆက်သွယ်လို့ ရပါတယ် အစရှိသဖြင့် ကျောင်းနာမည်လေးနဲ့ ပုံတွေ တွဲပြီး တင်ပေးလိုက်တယ်။ တင်ပေးလိုက်တဲ့ အခါကျတော့ နောက်အလှူရှင်တွက ကျနော်တို့ကို ဆက်သွယ်တယ်။ အဲဒီကျောင်လေးက ဘယ်နားမှာလဲ။ တချို့ဆိုရင်နိုင်ငံခြားကလှမ်းပြီး ဖုန်းဆက်တာမျိုး ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မရှိတဲ့ သူတွေ ရော၊ နောက် မရလိုက်တဲ့ လူတွေရော အစရှိသဖြင့် ကြာနေရတဲ့ လူတွေရော ကျနော်တို့တွေ လည်း …

ကျနော့်အသိ တစ်ယောက်ကို သွားလှူခိုင်းမလို့။ အဲဒီလိုမျိုးပေါ့။ ကျနော်တို့က အဲဒီလိုလေးဖြစ်စေချင်တာ။ ကျနော်တို့ သွားလှူတဲ့ နေရာလေး သည် လိုအပ်နေတယ်။ နောက် အလှူရှင်တွေလည်း ကျနော်တို့ လိုပဲ သဒ္ဓါတရားပေါက်ပြီး သွားလှူရအောင် ရည်ရွယ်ချက်နဲ့ ပုံလေးကို တင်ပေးတာ။ ပြီးတော့ သူတို့ကို လမ်းညွှန် ပေးလိုက်တယ်။ အခုဆိုရင်လည်း ဒီသီလရှင်ကျောင်းလေး ကို လူတွေ အတော် များများသွားပြီးလှူနေကြတယ်ပေါ့။ လှူကြတယ်ဆိုတော့ ကျနော်တို့ ဝမ်းသာတာပေါ့။ ဒါဆိုဒီနေရာလေးက ပြည့်စုံသွား တယ်။ ဆိုလိုချင်တာက ကျနော်တို့ ဓာတ်ပုံမှတ်တမ်းတင် ယူရခြင်း ရည်ရွယ်ချက် သည် လိုအပ်နေတဲ့ နေရာကို တခြား နောက် လူတွေ ကလည်း မြင်ပြီးတော့ အော် ဒီနေရာလေး က တကယ်လိုအပ်နေပါလား။ အစရှိသဖြင့်ပေါ့ ကျနော်တို့ Survey ဆင်းထား တယ်။ လှူတဲ့ မှတ်တမ်း ပြန်တင်ပြ တဲ့ အခါကျတော့ နောက်လူတွေက သွားလှူတော့ ဒီနေရာလေးက ပြည့်စုံသွား တာပေါ့။ ကျနော်တို့ မှတ်တမ်း တင်တာကတော့ အဲဒီ ရည်ရွယ်ချက်ပါ။ ဒီနေရာမှာ ကျနော့်အမြင်ကတော့ အဖွဲ့အစည်းအနေနဲ့ ဆိုရင် မှတ်တမ်းယူရမယ်ပေါ့။ ဒါကို နားလည် ပေးရမယ်။ ကျနော်ပါစင်နယ်တော့ မပြောတော့ဘူး။ မှတ်တမ်းရှိမှ သာလျင် တခြားလူတွေကို ကျနော်တို့ ဖော်ပြလို့ရမယ်။ ဖော်ပြမှ တခြားလူတွေကလည်း ဒီအသင်းက အလှူ အရေအတွက် ဘယ်လောက် လုပ်ထားတယ်။ Activity ဘာတွေ ရှိတယ်။ဘယ်နှနှစ် ရှိသွားပြီ။ အစရှိသဖြင့် ဒီလို Record လုပ်မှသာလျင် ကျနေ်ာတို့က ကျန်တဲ့သူတွေကို ပြမှ ၊ပြမှသာလျင် ယုံကြည်မှာ။ ယုံကြည်မှလည်း ရှေ့ဆက်အလှူတွေမှာ လုပ်လို့ရမှာပေါ့။ ကျနော်တို့က တော့ အလှူတိုင်းမှာ မှတ်တမ်း က မဖြစ်မနေ ယူပါတယ်။ ဒါပေမယ့် ဒီ ကိုဗစ်ကာလအတွင်းမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေသည် သူတို့ရဲ့ ပါစင်နယ်ကို ထိခိုက်မှာစိုးလို့ ကျနော်တို့အကုန်လုံး Blur လုပ်ပြီးတင်တယ်။

ငြမ်းမီဒီယာ – အခြားဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါဦး။

UMTH – ကျနော်တို့ ပရဟိတအသင်းတွေ ၊နိုင်ငံတော်အစိုးရရော ဦးဆောင်ပြီးတော့ အကုန်လုံး ဝိုင်းဝန်း ကူညီပြီးတော့ မရှိတဲ့ သူတွေ ရော၊ နောက် မရလိုက်တဲ့ လူတွေရော အစရှိသဖြင့် ကြာနေရတဲ့ လူတွေရော ကျနော်တို့တွေ လည်း ဘယ်လူမျိုး၊ ဘယ်ဝါ ဆိုပြီး ခွဲခြားပြီး မလှူပါဘူး။ လိုအပ်နေတဲ့ မိသားစု မှန်သမျှကို ကြိုးစားပြီး လှူနေပါတယ်။ တခြားသော ပရဟိတအဖွဲ့တွေရော၊ အချင်းချင်း ရော ဝိုင်းပြီးတော့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ဗျာ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,