လူတစ်သန်းကျော် အင်တာနက်ပိတ်ခံရတာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ်ခံရတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အိမ်ထောင်ရှင်မိခင်တွေရဲ့ လင်ယောင်္ကျားတွေ၊သားသမီးတွေ ဆုံးရှုံး တာတွေ ပိုများလာတယ်။ ပျောက်ဆုံးတာ ရှိတဲ့ အပြင်ကို၊ ဒဏ်ရာဒဏ်ချက်တွေ …

ရခိုင်ပြည်နယ်မြို့နယ် (၇) မြို့နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် (၁) နှစ်ကြာ အင်တာနက်ဖြတ် တောက်ထားမှု အခြေ အနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှု့ အဖွဲ့အစည်း များနှင့် မီဒီယာများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ လူပုဂ္ဂိုလ် အသီးသီး၏ အမြင်များကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း၍ စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျမတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လွတ်လပ်စွာ ထုတ်ဖော်ခြင်းနဲ့ လွတ်လပ်စွာသတင်း အချက်အလက် ရယူခွင့်ဟာ တကယ့် ဒီမိုကရေစီရဲ့ တကယ့်အဓိက ကျတဲ့ ကြန်အင် လက္ခဏာ တစ်ခုဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတင်းအချက်အလက်ကို အခြားလူတွေ သိအောင် မမျှဝေနိုင်တဲ့ အခြေအနေ ဟာ ကျမတို့ ဘာထက် ဆိုးသလဲဆိုရင် စစ်အုပ်ချုပ်ရေးထက်ဆိုးပါတယ်ရှင့် …

ကျမတို့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြည်နယ် အပါအဝင် တခြားသော ပြည်နယ် ခေါင်းဆောင်များနဲ့ အခုလက်ရှိ အာဏာရပါတီ၊ အာဏာရခေါင်းများအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိုဖော်ဆောင်နေတဲ့ ကာလ ဖြစ်ပါတယ်ရှင့်။

ရခိုင်ပြည်နယ်မှာ တစ်နှစ်လုံးလုံး အင်တာနက် ဖြတ်တောက် ထားခြင်းသည် Leading Party က ချမှတ်ထားတဲ့ သူတို့ရဲ့မူဝါဒကို လိုက်နာဆောင်ရွက်ခြင်း မရှိတာထဲက တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီကို မြှင့်တင်ဖို့၊ လူ့အခွင့်အရေးကို မြှင့်တင်ဖို့ ဆိုရင် ဒီမိုကရေစီ ကြန်အင်လက္ခဏာနဲ့ မပြည့်စုံတဲ့ ဟာတွေ ကို ရုတ်သိမ်းရမယ်။ဖျက်သိမ်းရမယ်။ ဖျက်ဆီး ပစ်ရမှာဖြစ်ပါတယ်။

ပြည်သူလူထု အနေနဲ့ အသက်တွေ၊ဘဝတွေ ရင်းနှီးရပါတယ်။ ပညာရေးတွေ ရင်းနှီးရတယ်။သူတို့ရဲ့ ကျန်းမာရေးတွေ ရင်းနှီးရတယ်။ ဒီလို ဘဝနဲ့ …

လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ လွတ်လပ်စွာ ပြောဆိုမှုဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒီအနှစ်သာရကို အစိုးရက ဖော်ဆောင် ပေးရမယ်လို့ ကျမတို့အနေနဲ့ အပြည့်အ၀ ယုံကြည်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်၊ နောက်ပြီးတော့ အများပြည်သူအကျိုးငှာ ဆိုတဲ့ အကြောင်းပြချက်၊ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်တွေ။ ဒါတွေ ကြောင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန နဲ့ အစိုးရပိုင်း ကနေ အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။

ဒီအပေါ်မှာ ကျမတို့ ဘာကြောင့် တစ်နှစ်ပြည့်ကို လုပ်ရသလဲ ဆိုရင် ဒီဟာက မှားယွင်းတဲ့ မူဝါဒဖြစ်ပါတယ်။ ပြည်သူလူထု အကျိုးစီးပွား အတွက်ဆိုရင် အင်တာနက် ကို ပိုလို့ ဖွင့်ပေး ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမိုကရေစီမှာ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကလည်း ဒီမိုကရေစီမှာ ပါရမယ့် အခြေခံအချက်အလက် တွေ ဖြစ်ပါတယ်။

ဒီလိုမျိုး လက်နက်တွေနဲ့ တိုက်တဲ့နေရာမှာ ပြည်သူလူထု အနေနဲ့ အသက်တွေ၊ဘဝတွေ ရင်းနှီးရပါတယ်။ ပညာရေးတွေ ရင်းနှီးရတယ်။သူတို့ရဲ့ ကျန်းမာရေးတွေ ရင်းနှီးရတယ်။ ဒီလို ဘဝနဲ့ ပေးပြီး ရင်းနှီးရတဲ့ နေရာတစ်ခုမှာ သူတို့တစ်တွေရဲ့ သတင်းအချက်အလက်ကို အခြားလူတွေ သိအောင် မမျှဝေနိုင်တဲ့ အခြေအနေ ဟာ ကျမတို့ ဘာထက် ဆိုးသလဲဆိုရင် စစ်အုပ်ချုပ်ရေးထက်ဆိုးပါတယ်ရှင့်။

ဒါကြောင့်မို့ ပြည်သူများရဲ့ ရပိုင်ခွင့်ကို အစိုးရက မဖော်ဆောင်ပေးတဲ့ အပြင် ပြည်သူများ ရရမယ့် ဟာကို အစိုးရက ပိတ်ပင် တားဆီး ခြင်းသည် ဒီမိုကရေစီ အစိုးရလို့ မမည်ပါဘူး။ ဒါကြောင့်မို့ လို့ ကျမတို့အနေနဲ့ ဒါကို လွှတ်တော်ထဲမှာ မေးခွန်း နှစ်ကြိမ်တောင် မေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် မေးခွန်းမေးတဲ့ အခြေအနေ မရောက်လာဘဲနဲ့ ဥက္ကဌ က ပယ်ချခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုအချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေယ်။ ဒါပေမယ့် ဒီ အခြေအနေကို ပြည်သူတွေ မသိပါဘူး။ ကျမတို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်တောင်မှ ဖေ့စ်ဘွတ် ကို သုံးတယ်။ ပြည်သူတွေနဲ့ ဆက်ဆံရေးတွေ ဆောင်ရွက်တယ်။

ဒီလိုမျိုး အခြအနေမှာ နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ်က ဘာတွေ ပြောနေသလဲဆိုတဲ့ ဟာကို ကျမတို့ ရခိုင်ပြည်နယ် (၇) မြို့နယ်၊ ချင်းပြည်နယ် ပလက်၀ မြို့နယ် ၊ရှစ်မြိုကနယ်လောက်က ပြည်သူ တစ်သန်းကျော်လောက်ဟာ မသိရှိပါဘူး။ ဒါကြောင့်မို့ ကျမတို့ အနေနဲ့ကတော့ အင်တာနက်ကို အမြန်ဆုံးဖွင့်ပေးဖို့ တောင်းဆိုတယ်။

ဒါသည် မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်း မှာ ၊မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အင်မတန်မှ အခရာကျတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာမှာတောင်မှ ဒီလောက်ရှည်လျားစွာ အင်တာနက်ပိတ်တာ မရှိပါဘူး။ ကျမတို့ လူတစ်သန်းကျော် အင်တာ နက် ပိတ်တာ ခံရတဲ့ အခြေအနေသည် လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ် ခံရတဲ့ အခြေအနေ လို့ ကျမ သုံးသပ် ပါတယ် ရှင့်။

ဒေါ်စောစံငြိမ်းသူ (ဥက္ကဌ)၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့(RWIO)

ဒေါ်စောစံငြိမ်းသူ (ဥက္ကဌ)
ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့(RWIO)

ကျမတို့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဆီကို ရခိုင်နိုင်ငံရေးပါတီရယ်၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ နဲ့ သတင်း မီဒီယာ အချို့ကနေ အိတ်ဖွင့်ပေးစာ ပေးပို့တယ် ဆိုတာက ဇွန်လ(၂၀) ရက်နေ့ဟာ အင်တာနက်ပိတ်ပင်ထားတာ တစ်နှစ်ပြည့် သွားပြီ။

ဒီအမျိုးသမီးတွေကိုယ်တိုင် အသတ်ခံရတာတွေ၊ ပျောက်ဆုံးတာတွေ စသဖြင့်ပေါ့။ ပြီးတော့ အဲဒီနေရာဒေသတွေ မှာ လုံခြုံမှု မရှိလို့ ထွက်ပြေးတိမ်းရှောင် ရတာ …

ဒီတစ်နှစ်ပြည့်ကာလ အတွင်းမှာပဲ အရင် အင်တာနက် မပိတ်ခင် ကတည်းက ထက် ပိုပြီးတော့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ပိုပြီးတော့မှ ပြင်းထန်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စီးပွားအကျပ်အတည်း အခက်အခဲတွေ အတွက်ကိုလည်း အဲဒီဒေသမှာ ရှိတဲ့ ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ ထိပါးလာ စေ တယ်။ အဲဒါကြောင့် ဒါတွေကို နိုင်ငံတော် အကြီးအကဲတွေ သတိမူပြီးတော့မှ အင်တာနက်ဖွင့်ရေးကိစ္စကို အမြန်ဆုံး ဆောင်ရွက် ပေးဖို့ ဆိုတဲ့ ဟာကို ရည်ရွယ်ပြီး အခုလို အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနကနေ ဒီအင်တာနက် ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဒေသရဲ့တည်ငြိမ်အေးချမ်းမှုကို အကြောင်းပြု ပြီးတော့ အခုလိုမျိုး ဖြတ်တောက်ပိတ်ဆို့ တယ်လို့ပြောခဲ့တယ် ဆိုတာကလည်း လက်တွေ့မကျဘူး ဆိုတာ ကိုလည်း အကြီးအကဲတွေ အနေနဲ့ သတိမူလာစေဖို့ ဒီလို ရည်ရွယ်ပြီး ထုတ်ခဲ့တာဖြစ်တယ်။

တစ်ဖက်မှာ ကလည်း တိုင်းပြည်၊ဒေသတစ်ခု တည်ငြိမ်မှု မရှိဘူးဆိုရင် အဆိုးဝါးဆုံး ဒဏ်ခံရ တာက အမျိုးသမီးနဲ့ ကလေး သူငယ်တွေ ။ဆိုတော့ ကျမတို့ပါဝင်ခဲ့တယ်ဆိုတာကလည်း ဒီအမျိုးသမီး အဖွဲ့အစည်းတစ်ခုအနေနဲ့ အခုလိုမျိုး ဒေသ မတည်ငြိမ်မှု တွေကြောင့် ဆိုးဝါးစွာခံစားနေရတဲ့ အမျိုးနဲ့ ကလေးသူငယ်တွေရဲ့အနေအထားတွေ၊ အခြေအနေတွေကို သတိမူပြီးတော့ သူတို့ အတွက်ကာကွယ်စောင့်ရှောက်နိုင်မှုပေးနိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ကျမတို့ပါဝင်ပြီး အခုလို ဆောင်ရွက်ခဲ့တာပါ။

ဒီစစ်ပွဲ အတွင်းမှာ အင်တာနက်ဖြတ်ပြီးတဲ့နောက်မှာဆိုရင် အိမ်ထောင်ရှင်မိခင်တွေရဲ့ လင်ယောင်္ကျားတွေ၊သားသမီးတွေ ဆုံးရှုံး တာတွေ ပိုများလာတယ်။ ပျောက်ဆုံးတာ ရှိတဲ့ အပြင်ကို၊ ဒဏ်ရာဒဏ်ချက်တွေများပြီး တချို့ဆို ထွက်ပြေး တိမ်းရှောင် သွားရတဲ့ သူတွေ ရှိတယ်။ ဒီအထဲမှာ ကိုယ့်လင်ယောင်္ကျား၊ ကိုယ့်သားသမီးတွေ ပျောက်ဆုံးသွားတဲ့ အခြေအနေကို အဆိုးဝါးဆုံး ခံစားရတာကလည်း ဒီအမျိုးသမီးတွေပါပဲ။

တစ်ဖက်မှာလည်း ဒီအမျိုးသမီးတွေကိုယ်တိုင် အသတ်ခံရတာတွေ၊ ပျောက်ဆုံးတာတွေ စသဖြင့်ပေါ့။ ပြီးတော့ အဲဒီနေရာဒေသတွေ မှာ လုံခြုံမှု မရှိလို့ ထွက်ပြေးတိမ်းရှောင် ရတာ တွေ ရှိတယ်။ စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေ အတွက်လည်း စိန်ခေါ်မှုတွေက ကြီးတယ်။ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆိုရင် ဒါကပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ တည်ငြိမ်မှုဆိုတဲ့ ဟာကို အကြောင်းပြပြီးတော့ အင်တာနက် ပိတ်ပင်ထားမှုက ဘာမှ မထိရောက်ဘူး။

ပြည်သူတိုင်းက အင်တာနက်ရယူခံစားခွင့်ဆိုတာကို နိုင်ငံသားတစ်ယောက် အနေနဲ့ ရယူခံစားခွင့်ရှိရမယ်ဆိုတဲ့ အခြေခံ အခွင့်အရေး အပေါ်မှာလည်း သတိမူမိဖို့ ရည်ရွယ်ပြီး ကျမတို့ အခုလို အိတ်ဖွင့်ပေးစားပေးပို့တာဖြစ်ပါတယ်။

ဦးကျော်စန်းလှိုင် – Executive Director ၊(Peace and Development Initiative – Kintha foundation)

ဦးကျော်စန်းလှိုင် – Executive Director
(Peace and Development Initiative – Kintha foundation)

အင်တာနက် သူတို့ပိတ်တာကို အကြောင်းပြချက်က အမုန်းစကားတွေ ဖြစ်မှာစိုးလို့၊နောက်ပြီး တခြားဟာ တွေပေါ့။ ရပ်ရွာ သာယာရေး ကို ပျက်ပြားစေလို့ဆိုပြီး သူတို့က အဲဒီလို ပိတ်တာ။ အခုဆို တစ်နှစ်ဖြစ်သွားပြီ။

တကယ်ကလည်း အင်တာနက်ပိတ်ပြီးကတည်းက စစ်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ အထူးသဖြင့် ဒီလဆိုရင် ဧပြီ တို့၊မေ တို့ ဆိုရင် လူ အသေအပျောက် တော်တော်များတာ …

ဒါပေမယ့် တကယ်က ယန်းဟီလီလည်း ပြောထားတာရှိပါတယ်။ မြန်မာတပ်မတော်ရယ် အခြား လက်နက်ကိုင်အဖွဲ့တွေရယ် လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာကို ဖုံးကွယ်ချင်လို့ ဒီဟာကို ပိတ်ထားတာလို့ ယန်းဟီလီ ကိုယ်တိုင် ပြောထားတာရှိတယ်လေ။

နောက်တစ်ခုက အဲဒီမှာ ရှိတဲ့ ပြည်သူလူထုက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဟာတွေ ၊စစ်ပွဲကြောင့် ဒဏ်ရာရတာတွေ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေကို ပြည်သူတွေက Report လုပ်မှာစိုးလို့ အင်တာနက်ကို ပိတ်ထားတာဆိုပြီး အဲဒီလိုပဲ ကောက်ချက် ချကြတာကိုး။

တကယ်ကလည်း အင်တာနက်ပိတ်ပြီးကတည်းက စစ်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ အထူးသဖြင့် ဒီလဆိုရင် ဧပြီ တို့၊မေ တို့ ဆိုရင် လူ အသေအပျောက် တော်တော်များတာပဲ။

ကျနော်ထင်တယ် အင်တာနက်ပိတ်ထားတဲ့ ဟာက ဥပမာဗျာ AA ကနေပြီးတော့ အင်တာနက် သုံးပြီးတော့ communication လုပ် တယ်။ သို့မဟုတ် AA က အင်တာနက် သုံးပြီးတော့ လမ်းမိုင်းတွေ ဘာတွေ လုပ်တယ်ဆိုရင် AA တို့ဘာတို့က communication ကတော့ သူတို့ဘာ သူတို့ တစ်မျိုးတော့ ရှိနေကြမှာပဲ ။

အစိုးရ အခု လုပ်တဲ့ဟာက အကုန်လုံးကို ပညာပေးတဲ့ သဘော ဖြစ်နေတယ် လို့ ကျနော်ထင်တယ်။ ကျနော်တို့မှာ အခက်အခဲ ရှိတဲ့ ဟာက အင်တာနက်ပိတ်ခံ ထားရတဲ့ ရှစ်မြို့နယ်က ပြည်သူတွေရဲ့ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး အကုန်လုံး ထိခိုက်တာတွေ ရှိ တယ်။

အဲဒီတော့ အစိုးရကို ကျနော်တို့ ပြောချင်တဲ့ ဟာက အမုန်းစကားတွေဖြန့်လို့၊ ရပ်ရွာ တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေလို့ အင်တာနက် ပိတ်တာ မှန်သလား။ ပြန်ပြီး ရီဗျူး လုပ်ဖို့ပေါ့။ အခုလာမယ့် သြဂုတ်လမှာ တစ်လ တိုးထားတာ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကို အင်တာနက်တွေပြန်ပြီး ဖွင့်ပေးဖို့ ကျနော်တို့ တိုက်တွန်းတာဖြစ်တယ်။

ဒေါ်စောမြရာဇာလင်း(ALP ၏ ငြိမ်ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် )

ဒေါ်စောမြရာဇာလင်း
(ALP ၏ ငြိမ်ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် )

ကျမတို့ပါတီ က အင်တာနက်ဖြတ်တော်ခံရမှုနဲ့ပတ်သက်ပြီး အရင်ကလည်း Statement နှစ်စောင် ထုတ်ဖူး ပါတယ်။ အခု အချိန် မှာ အင်တာနက်ဖြတ်တော်မှုက တစ်နှစ်ကျော်လာပါပြီ။ အခုထိကိုကျမတို့ဆီမှာ အင်တာနက် ပြန်ပေးတာ မရှိသေးဘူး။

အင်တာနက် ဖြတ်တောက် ခံရခြင်းသည် ကျမတို့ ရခိုင်ပြည်သူတွေ အတွက်ရော၊ ချင်းပြည်နယ် ပလက်၀ ပြည်သူတွေ အတွက်ရော အင်မတန်မှ နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်တယ် …

ဒီနေ့ကာလမှာ ဒါ အင်မတန်မှ အရေးကြီးတယ်လို့ ကျမပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် COVID – 19 ကာလဖြစ်နေတဲ့ အတွက်ကြောင့် လူတွေက အပြင်ကိုထွက်လို့လည်း မလွယ်ဘူး။

အလုပ်လုပ်ရတဲ့ သူတွေမှာလည်း အင်တာနက်မရှိဘူးဆိုရင် တော်တော်အခက်အခဲ ရှိပါတယ်။ တခြားမြို့နယ်က လူတွေက အလုပ် လုပ်ဖို့ မလွယ်ကူလို့ စစ်တွေကိုလာပြီး လုပ်ဖို့ဆိုတာ ကလည်း မလွယ်ကူ ပါဘူး။ ဒီနေ့ခေတ်က အင်တာနက်နဲ့ အလုပ် လုပ်ရတဲ့ ခေတ်ပါ။

အဲဒီတော့ ရခိုင်ပြည်နဲ့ ချင်းပြည်နယ် က တော်တော့် ကို အခက်အခဲဖြစ်ပါတယ်။ ဒီနေ့ကာလက အင်တာနက်မရှိဘူးဆိုရင် နိုင်ငံ တကာကလည်း အဆက်အသွယ် မရတော့ဘူး။ အဲဒီမှာ တစ်ဖက်က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာလုံခြုံရေး ကို ပြောတာ တစ်မျိုး ပေါ့။

နောက်တစ်ခုက အင်တာနက် မရဘူးဆိုရင် အခြားမြို့ရွာတွေကို သွားပြီး အလုပ်လုပ်ရတာ အတွက် ဒီနေ့ကာလဟာ အင်မတန်မှ ခက်ခဲတယ်။ လူသားတွေရဲ့ လုံခြုံရေးအရ အင်မတန်မှ အရေးကြီးတဲ့ ကာလ ဖြစ်တယ်လို့ပဲ ကျမပြောချင်တယ်။ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ အလုပ်လုပ်ရမယ့်ကာလ လို့လည်း မြင်တယ်။ ဟိုသွားလိုက်၊ဒီလာလိုက်နဲ့ကတော့ အဆင်မပြေပါဘူး။

အဲဒီလို အဆင်မပြေတဲ့ကာလမှာ အင်တာနက် ဖြတ်တောက် ခံရခြင်းသည် ကျမတို့ ရခိုင်ပြည်သူတွေ အတွက်ရော၊ ချင်းပြည်နယ် ပလက်၀ ပြည်သူတွေ အတွက်ရော အင်မတန်မှ နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ကျမမြင်တယ်။အဲဒါကြောင့် အင်တာနက် ဖြတ်တောက်ခြင်း ကို ရပ်တန့်သင့်ပြီ။ အင်တာနက် ဖွင့်ပေးဖို့ ကျမတောင်းဆိုပါတယ်။

ဒေါ်အေးနုစိန်(ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်)

ဒေါ်အေးနုစိန်
(ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်)

အစိုးရ တာဝန်ရှိသူတွေကတော့ စစ်ရေးအနေအထားကို အဟန့်အတား လုပ်နိုင်ဖို့ အင်တာနက်ကို ဖြတ်တောက်တယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေကို ကြားရတယ်။ တရားဝင် ပြောဆိုချက်တွေကို ကြားရတယ်နော်။

စစ်ဘေးရှောင် နှစ်သိန်းကျော် ဆိုတဲ့ စာရင်းတွေပဲမြင့်တက်လာတယ်။ အဲဒီတော့ အင်တာနက် ဖြတ်တောက်ထားရင် စစ်ရေး အနေအထား ကို လျှောချနိုင်တယ်လို့ပြောတဲ့ အနေအထားဟာ မမှန်ဘဲနဲ့ …

ဒါပေမယ့် အင်တာနက်ကို ဖြတ်တောက်ထားလိုက်တဲ့အတွက် ဒီတစ်နှစ်အတွင်းမှာ စစ်ပွဲအရှိန်တွေဟာ အမှန်တကယ်ပဲ လျှော့နည်း သွားသလား။ စစ်ပွဲတွေ ရပ်သွားသလား။ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေ၊ ထိခိုက်မှုတွေ၊ သေဆုံးရမှုတွေ ၊ရွာတွေ ပျက်စီးသွား ရမှုတွေဟာ လျှော့နည်းသွားတဲ့ အဆင့်ကို ရောက်သွားသလား။ ဘာမှ မဖြစ်တဲ့အပြင်စစ်ရေး အရှိန်ပဲ မြင့်တယ်။

စစ်ဘေးရှောင် နှစ်သိန်းကျော် ဆိုတဲ့ စာရင်းတွေပဲမြင့်တက်လာတယ်။ အဲဒီတော့ အင်တာနက် ဖြတ်တောက်ထားရင် စစ်ရေး အနေအထား ကို လျှောချနိုင်တယ်လို့ပြောတဲ့ အနေအထားဟာ မမှန်ဘဲနဲ့ အမှန်တကယ် သတင်း စီးဆင်းမှုတွေကို အဟန့်အတား လုပ်ရာပဲ ရောက်တယ်။

သတင်းတွေကို အမှန်အတိုင်းအချိန်နဲ့တပြေးညီ မသိနိုင်တဲ့အတွက် စစ်ရေးအရှိန်တွေနဲ့ ပြည်သူတွေရဲက အတိဒုက္ခတွေပဲ ပိုမို များပြားလာတယ်။ ဒါကြောင့်ဒါဟာ အခွင့်အရေးတစ်ခုကို ပိတ်ပင်လိုက်တဲ့ အပြင် ဒုက္ခတွေပိုပြီးတော့ ရောက်အောင် ဆောင်ရွက် လိုက်တာရောက်တယ်လို့ ပြောချင်တယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,