လူတော် လူကောင်းလေးတွေ ဖြစ်စေ ချင်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဉာဏ်လင်းမောင်ရဲ့ မိခင်ဖြင်သူ ဒေါ်နွယ်နွယ်ဝင်း

အမိန့်ချပြီးရင် ကျောင်းတက် ဖြစ်အောင် တက်ပါ။ အမေကတော့ ဆယ်တန်းအောင်တာပဲ လိုချင် တယ်။ ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့။ ခုသူ့ဘဝမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ။ အဆိုးထဲ …

လုယက်မှုပြစ်ဒဏ်နဲ့အင်းစိန်ထောင်မှာအကျဉ်းကျခံနေရင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဉာဏ်လင်းမောင်ရဲ့ မိခင်ဖြင်သူ ဒေါ်နွယ်နွယ်ဝင်းနဲ့ မီဒီယာတွေ တွေ့ဆုံမေးမြန်မှုကို ငြမ်းမီဒီယာ က ပြန်လည်ဖော်ပြတယ်။

မီဒီယာ- သုံးဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်ရဲ့စိတ်ခံစားမှုကို မျှဝေပေးပါလား။

မိခင် – ဝမ်းသာလို့ မဆုံးပါဘူး။ ရင်ထဲမှာ အရမ်းပျော်ပါတယ်။ သားလေး ဂုဏ်ထူးသုံးဘာသာနဲ့ အောင်တော့ ပြောပြမတတ်အောင် ဝမ်းသာ ပါတယ်။ ဒီကဝန်ထမ်းအားလုံးကို လည်း အထူးကျေးဇူး တင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သားလေးက အရမ်းတော်တယ်။ ငယ်ငယ်ကတည်းက လိမ္မာ တယ်။ အဖေနဲ့အမေက တကွဲတပြားစီဖြစ်နေတာ။ အခု အဖေ ကတော့ ဆုံး သွားပြီ။ အမေ …

ဆရာ ဆရာမတွေနဲ့ အကျဉ်းဦးစီးဌာက ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင် ပါတယ်။ ကျွန်မသားလေး ဂုဏ်ထူးသုံးဘာသာနဲ့ အောင်တဲ့အတွက် ပြောပြ မတတ်အောင် ဝမ်းသာပါတယ်။ ကျွန်မသားလေးအတွက်လည်း ဂုဏ်ယူပါတယ်

မီဒီယာ – သားရဲ့အကြောင်းကိုလဲပြောပြပေးပါလား။

မိခင်- အရင်က ကျွန်မသားလေးက အရမ်းတော်ပါတယ်။ သူက အပေါင်း အသင်း မင်တာပါ။ အပေါင်းအသင်းမှားပြီး ခုလိုဖြစ်သွားတာ ကျွန်မ သားလေးက အရမ်းတော်တယ်။ ငယ်ငယ်ကတည်းက လိမ္မာ တယ်။ အဖေနဲ့အမေက တကွဲတပြားစီဖြစ်နေတာ။ အခု အဖေ ကတော့ ဆုံး သွားပြီ။ အမေတစ်ယောက်ထဲ အုပ်ချုပ်ရတာ ဆိုတော့ သားလေးက အပေါင်းအသင်းမှားပြီး ဒီလိုမျိုး ဖြစ်သွားတာပါ။

မီဒီယာ – ရှေ့ဆက်ပြီး သားအပါ် ဘာတွေမျှော်လင့်ထားလဲ ။

မိခင် – ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ လူတော် လူကောင်းလေးတွေ ဖြစ်စေ ချင်ပါတယ်။

မီဒီယာ – သားဖြစ်သူက အပြင်မှာ နေတုန်းက စာမေးပွဲဖြေတုန်းက ကျရှုံးခဲ့တယ်ပေါ့။ အခုအထဲကနေ စာမေးပွဲပြန်ဖြေတဲ့ အခါ ဘာတွေမျှော်လင့်ထားခဲ့လဲ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိခင် – လပတ် စာမေးပွဲတွေမှာ ဂုဏ်ထူးတွေ ထွက်တော့ အမေကလည်း သူ့ကို ဖိအားပေးတာပေါ့။ အမေကလည်း တတ်နိုင်တဲ့ ဘက်ကနေ ထောက်ပံ့ပေးရတာပေါ့။ သားဟိုရောက်လို့ အမိန့်ချပြီးရင် ကျောင်းတက် ဖြစ်အောင် တက်ပါ။ အမေကတော့ ဆယ်တန်းအောင်တာပဲ လိုချင် တယ်။ ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့။ ခုသူ့ဘဝမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ။ အဆိုးထဲကနေ အကောင်း ထွက်လာလို့ပဲ။ ဝမ်းသာလို့လည်း မဆုံးပါဘူး။

ငြမ်းမီဒီယာ
ဇွန်(၂၀)၊ ၂၀၁၈၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,