လူတွေဟာ အစားအသောက်နဲ့ မကင်းနိုင်ကြသလို လိင်ကိစ္စနဲ့လည်း မကင်းနိုင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တချို့ကပြောသေးတယ် လိင်ပညာရေးကို သင်လိုက်ရင် စိတ်ဝင်စားသွားမှာပေါ့တဲ့။ စိတ်ဝင်စားတာ ကောင်းတယ်လေ။ စိတ်ဝင်စားမှ …

မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်ပြီး အခြေခံပညာအဆင့်တွင် သင်ကြားတော့မည် ဆိုသည့် အချက်ကို လူမှုကွန်ရက်ပေါ်တွင် သာမက လူ့အဖွဲ့အစည်းထဲမှာပါ သဘောထား အယူအဆမတူညီမှုများရှိခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ နယ်ပယ် အသီးသီးမှ အမြင်တချို့ ကို စုစည်းဖော်ပြလိုက်သည်။

ကိုအောင်နိုင် (စာရေးဆရာ)

 

ကိုအောင်နိုင်
(စာရေးဆရာ)

လိင်ပညာရေးကိုမပြောခင် လိင်ကိစ္စကိုအရင်ပြောချင်တယ်။တကယ်တော့ လိင်ကိစ္စဆိုတာထမင်းစား ရေသောက် သဘောပါပဲ။ အဲဒီမှာ ထမင်းစားရေသောက်ဆိုတာကို ရှင်းဖို့လိုလာပြီ။ ကျနော်တို့မြန်မာတွေက ထမင်းစားရေသောက် ဆိုတာ အင်မတန် လွယ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ အသုံးပြုတာ။ တကယ်တော့ထမင်းစား ရေသောက်တာသာ တကယ်တတ်ရင် တိုင်းပြည် တည်ဆောက်တာနဲ့ ညီမျှပါတယ်။ထမင်းစားရေသောက်ဟာ အဲဒီအထိ ကြီးကျယ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရှေးနှစ်ထောင်ပေါင်းများစွာ ကနေ ဒီနေ့ခေတ်အထိ လူတွေမှာဖြစ်နေတဲ့ ရောဂါ (၈၀) ရာခိုင်နှုန်းကျော်ဟာ အစာ (food) ကြောင့် ဖြစ်တာတဲ့။ အစားအသောက်ကြောင့်ပဲ အာဟာရဖြစ်ပြီး လူတွေ ရှင်သန် ရပ်တည်နေကြ ရတယ်။အဲဒီ အစားအသောက် ကြောင့်ပဲ လူတွေမှာ ရောဂါဘယတွေ ဖြစ်ကြရပြန်တယ်။ အဲဒီတော့ အစားအသောက်ကို စနစ်တကျ စားသောက်ကြတာဟာ လူတွေ၊ နိုင်ငံသားတွေ ကျန်းမာကြဖို့ပါပဲ။ နိုင်ငံသားတွေကို ကျန်းမာနေအောင် လုပ်နေကြတာဟာ ကျန်းမာရေးဘက်ကနေ တိုင်းပြည် တည်ဆောက်နေ တာပါပဲ။ လူတွေဟာ အစားအသောက်နဲ့ မကင်းနိုင်ကြသလို လိင်ကိစ္စနဲ့လည်း မကင်းနိုင်ကြပါဘူး။

ပရမ်းပတာ လွှတ် ထားတာက တိုင်းပြည် ဖျက်ဆီးနေတာ။ စနစ်တကျ သင်ပေး ထားတာက တိုင်းပြည်တည်ဆောက်နေတာ။ ဆိုတော့ ဖျက်ကြမှာလား။ တည်ဆောက်ယူမလား။ …

အဲဒီလို မကင်းနိုင်ကြရင် အဲဒီလိင်နဲ့ ဆက်စပ်တဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို သိထားဖို့လိုပါတယ်။ လိင်ပညာရေး (Sex Education) ဆိုတာ မျိုးဆက်ပွားကျန်းမာ‌ရေးပညာပေးပါပဲ။ မျိုးဆက်ပွားတယ်ဆိုတာ လူ့အဖွဲ့အစည်းကို အဆက်မပြတ်သွားအောင် လုပ်ကြတာပဲ။ အဲဒီလို လုပ်ကြတဲ့အခါ စနစ်တကျ လုပ်ကြဖို့ လိုပါတယ်။ မျိုးဆက်ပွားကျန်းမာရေးကို စနစ်တကျ လုပ်ကြတာဟာ ဒါ တိုင်းပြည်ကို တည်ဆောက် နေကြတာပါပဲ။ (State Building) လုပ်တယ် ခေါ်တာပေါ့။ တိုင်းပြည်ဆိုတာ စနစ်တကျ တည်ဆောက် ယူရ တယ် လေ။ လိင်ကိစ္စကတော့ တားလို့ မရဘူး။ လုပ်ကြမှာပဲ။ အစားမစားဘဲ မနေနိုင်သလိုပေါ့။ ဒီလို လုပ်မယ့်ဟာကို ဒီအတိုင်း ပရမ်းပတာ လွှတ် ထားမလား။ စနစ်တကျ သင်ပေးမလား။ ပရမ်းပတာ လွှတ် ထားတာက တိုင်းပြည် ဖျက်ဆီးနေတာ။ စနစ်တကျ သင်ပေး ထားတာက တိုင်းပြည်တည်ဆောက်နေတာ။ ဆိုတော့ ဖျက်ကြမှာလား။ တည်ဆောက်ယူမလား။ နောက် လိင်ပညာရေး ဆိုတာက လိင်အင်္ဂါတွေရဲ့အလုပ်လုပ်ပုံနဲ့ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကိုသင်တာ။ တချို့ကပြောသေးတယ် လိင်ပညာရေးကို သင်လိုက်ရင် စိတ်ဝင်စားသွားမှာပေါ့တဲ့။ စိတ်ဝင်စားတာ ကောင်းတယ်လေ။ စိတ်ဝင်စားမှ လိင်ရဲ့အလုပ် လုပ်ပုံကို ပိုလေ့လာ။ ပိုလေ့လာတော့ ပိုသိ။ ပိုသိတော့ ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ဖြစ်မှာပေါ့။ ဒါမှ တိုင်းပြည် တည်ဆောက်ရာ ရောက်တော့မပေါ့။

ဒေါက်တာစိမ်းမိုးစက်

ဒေါက်တာစိမ်းမိုးစက်

Sex Education တနည်းအားဖြင့် reproductive Education လို့ခေါ်တဲ့ မျိုးဆက်ပွား ကျန်းမာရေးအကြောင်းကို မသိနားမလည်တဲ့ နောက်ဆက်တွဲအနေနဲ့ ကျမတို့နိုင်ငံမှာ ဆိုးကျိုးတွေအများကြီးရင်ဆိုင်နေကြရပါတယ်။ ဒီ Sex Education ဟာ ကျမတို့ နိုင်ငံမှာ ပညာပေးဖို့အရေးတကြီးကို လိုအပ်နေတယ်လို့မြင်ပါတယ်။

တချို့လူငယ်တွေက လူကြီးတွေ ခန့်မှန်းထားတဲ့အရွယ်ထက်ပိုပြီး သိနေတတ်ကြပါတယ်။ ဒါကြောင့်သူတို့သိထားတဲ့အသိတွေဟာ မှန်ကန်နေဖို့ …

လူငယ်တွေဟာ Sex Education မရှိလို့ ပြဿနာတွေအများကြီးကြုံနေ ရတာတွေရှိပါတယ်။ ဥပမာ မလိုချင်ဘဲကိုယ်ဝန်ရတာ၊ ကိုယ်ဝန်ရလာလို့ အမျိုးသားကမယူချင်ဘဲ အတင်းယူခိုင်းရတာ၊ နောက် နှစ်ဦး နှစ်ဖက်လိုလိုလားလားမရှိတဲ့ အိမ်ထောင်ရေးမျိုးကို တည်ဆောက်ရတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုရလို့ ဘဝတက်လမ်းတွေ နှောင့်နှေးကုန်တာ၊ နောက် တရားမဝင်ကိုယ်ဝန် ဖျက်ချတာကနေ သွေးဆိပ်သင့်တာတို့ ခွဲစိပ်ခန်းဝင်ရတာတို့ အသက်သေဆုံးတာတို့ ဒါမျိုးဖြစ်ရပ်တွေလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် Sexual Abuse လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရတာ၊ တချို့ဆိုရင် ကိုယ်ပြုကျင့်ခံနေရလို့ ပြုကျင့်ခံနေ ရမှန်းတောင် မသိတဲ့ဟာမျိုး၊ နောက် ငယ်ရွယ်စဉ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခံရလို့ စိတ်ဒဏ်ရာရပြီး အသက်ကြီးတဲ့ ထိအောင် လူမှုရေး အိမ်ထောင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံနေရတာမျိုး၊ ဒါမျိုးတွေအများကြီးရှိပါတယ်။

ပညာပေးမယ့်သူကိုယ်တိုင်က ရှက်ကြောက်နေတာမျိုး မဖြစ်ဖို့ လိုတာပေါ့။ နောက် စကားလုံးရွေးချယ်မှု၊ ပညာပေးမယ့်အကြောင်းအရာအားလုံးဟာ …

ဒီလိုဖြစ်ရပ်တွေဆိုတာ ကျမတို့ အများစုသိကြရတာ ပင်လယ်ထဲကရေခဲတောင်လိုပါပဲ၊ ရေမှာပေါ်နေတဲ့ အစိတ်အပိုင်း ခပ်သေးသေး ကိုပဲ မြင်ကြရတာ၊ နစ်မြုပ်နေတဲ့ လူမသိသူမသိဖြစ်ရပ်တွေအများကြီးရှိပါတယ်။ ဒီလိုဖြစ်ရပ်တွေကိုကာကွယ်ဖို့ ကျမတို့က မျိုးဆက် ပွား ကျန်းမာရေးကို မဖြစ်မနေသင်ပေးဖို့ လိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပဲပိုင်တဲ့အကြောင်း၊ ကိုယ်ဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ Master အရှင်သခင်ဖြစ်တဲ့အကြောင်း၊ ကိုယ်လက်မခံလို့ရှိရင် မိဘဆွေမျိုးသားချင်းအပါအဝင် ဘယ်သူကမှ ကိုယ့်ခန္ဓာ ကိုယ်ကို ကျန်းမာရေးနဲ့ သန့်ရှင်းရေးကိစ္စကလွဲပြီး နှုတ်အားဖြင့်သော်လည်းကောင်း၊ လက်အားဖြင့် သော် လည်းကောင်း ထိကိုင်ခွင့်မရှိကြောင်း ဒါမျိုးတွေကအစ အသိပေးဖို့လိုပါတယ်။ နောက်တစ်ချက်က လူငယ်တွေ ဆိုတာ စူးစမ်းတတ်ကြပါတယ်။ အခုခေတ်မှာဆိုရင် လေ့လာစရာပစ္စည်းတွေက ပေါလာတာကြောင့် တချို့လူငယ်တွေက လူကြီးတွေ ခန့်မှန်းထားတဲ့အရွယ်ထက်ပိုပြီး သိနေတတ်ကြပါတယ်။ ဒါကြောင့်သူတို့သိထားတဲ့အသိတွေဟာ မှန်ကန်နေဖို့လိုအပ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီအချက်တွေကြောင့် မျိုးဆက်ပွားကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ပညာပေးထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာပေး မယ့်သူ၊ Timing ၊ အချိန်နေရာ သင့်လျော်ဖို့ လိုအပ်ပါတယ်။ ပညာပေးမယ့်သူကိုယ်တိုင်က ရှက်ကြောက်နေတာမျိုး မဖြစ်ဖို့ လိုတာပေါ့။ နောက် စကားလုံးရွေးချယ်မှု၊ ပညာပေးမယ့်အကြောင်းအရာအားလုံးဟာ ယဉ်ကျေးပြီးတော့ အပြုသဘောဆောင်ဖို့ လိုပါတယ်။ နောက်တစ်ချက်က နိုင်ငံတကာမှာ ဘယ်လိုသင်ကြား ပေးနေသလဲဆိုတဲ့ ဒီ Guide Line တွေကို အခြေခံပြီး သင်ကြား ပေးဖို့လည်း လိုအပ်တာပေါ့။ ကလေးတွေပြန်လှန်မေးလာမယ့် မေးခွန်းတွေအတွက်လည်း သင့်လျော်မှန်ကန်တဲ့အဖြေတွေ ပေးနိုင်ဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ မျိုးဆက်ပွားကျန်းမာရေးအတွက် Training သတ်သတ်ပေးထားတဲ့ ဆရာမျိုးဖြစ်ရင် ပိုကောင်းပါတယ်။ အဲဒီလိုနည်းနဲ့ ကျမတို့နိုင်ငံရဲ့ Reproductive Health ရေချိန်ကို မြှင့်တင်နိုင်လိမ့်မယ်လို့ ကျမထင်ပါတယ်။

ဒေါက်တာစိမ့်စမ်းဖြူ

ဒေါက်တာစိမ့်စမ်းဖြူ

မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်လို့ ကလေးတွေကို သင်ကြားပေးဖို့ပြင်ဆင် လာကြ တယ်ပေါ့။ ဆိုတော့ Sex Education ကို သင်ဖို့ လိုအပ်တယ်လို့ နားလည်တဲ့ လူကြီးက ဘယ်နှယောက် ရှိတာလဲ။ လူနည်းစုဖြစ်နေတယ်။ ကျမတို့က စဉ်းစားကြည့်မယ် ဆိုရင် အခုအချိန် လူကြီးဖြစ်နေတဲ့သူတွေက သူတို့ကြီးပြင်းခဲ့တဲ့တောက်လျောက်မှာ ဒါကို သင်ရကောင်းမှန်း လက်ခံခဲ့တဲ့ လူ့အဖွဲ့အစည်း မှာ ဖြတ်သန်းခဲ့ကြတာ မဟုတ်ဘူး။ အဲဒီတော့ မိဘတွေကိုယ်၌က၊ ဆရာသမားတွေ ကိုယ်၌က မှန်ကန်တဲ့ အသိရှိဖို့ လိုတယ်။ သူသိထား တာ မှန်မှ၊ သူတို့လက်ခံ ထားတာမှန်မှ အခုမျိုးဆက်တွေကို မှန်ကန်တဲ့အသိတွေ လက်ဆင့်ကမ်း ပေးနိုင် မှာ။ အခုဖြစ်နေတာက ဒါတွေကိုရှက် စရာလို့ ယူဆတယ်၊ အတင်းဖုံးကွယ်ထားတယ်။ အဲဒီလိုဖုံးကွယ်ထားတော့ ကလေးတွေက မမြင်မစမ်းနဲ့ စမ်းတဝါးဝါး လျောက်ကြတဲ့အခါ ချော်လဲတဲ့အခါမျိုးရှိမယ်၊ ချောက်ထဲကျတဲ့အခါမျိုးရှိမယ်။ အဲဒီလိုမဖြစ်ဘူး ဆိုရင် တောင် ဒီကလေးတွေကို ဒုက္ခပေးမယ့်သူတွေက အခွင့်ကောင်းကိုစောင့်နေတာမျိုးရှိနိုင်တယ်။ ဆိုတော့ ကျမတို့က သူတို့ မျက်စိတွေကို ပိတ်ထားမယ့် အစား သူတို့ကို မျက်စိဖွင့်ပေး သင့်တယ်။ ဘယ်လမ်းကသွားရင် ဘယ်ကိုရောက်တယ်၊ ဘာလုပ်ရင် ဘာဖြစ်မယ်၊ ဘယ်ခရီးမှာတော့ ချောက်ရှိတယ် စသဖြင့်ပေါ့။

လိင်အကြမ်းဖက် မှုတွေ၊ အမျိုးသမီးတွေအပေါ်မှာ နိုင်ထက်စီးနင်း လုပ်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ စတဲ့ပြသတွေဟာလည်း ဒီအကျိုးဆက်ကြောင့် ဖြစ်လာရတာ …

သူတို့လျောက်မယ့်လမ်းမှာ လမ်းကြောအခြေအနေကို သူတို့ နားလည် ထားဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် နည်းလမ်းတွေကို သိဖို့လိုတယ်။ ဒါမှကျမတို့ မျိုးဆက် ကလေး တွေဟာ လမ်းမှန်ကမ်းမှန်ကိုရောက်အောင် သွားနိုင်ကြမှာ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြမှာ။ အခုအရွယ်မရောက်သေးဘဲ ကိုယ်ဝန်ဆောင်ပြီး ကလေးဖျက်ချလို့ အသက်ဆုံးရှုံး ရတာတွေရှိတယ်။ တချို့ rape case တွေမှာ ကိုယ်ဝန်ရတာတွေရှိတယ်။ တခြားအကြောင်းမျိုးစုံကြောင့် ကိုယ်ဝန်ရတာတွေ ရှိတယ်။ ဒီမှာ ကိုယ်ဝန်ဖျက်ချတဲ့အခါ အရွယ်မရောက်သေးတဲ့ မိခင်က အသက်ဆုံးရှုံးရတာတွေရှိတယ်။ အမျိုးသမီးငယ် လေးတွေ တော်တော်များများ အသက်ဆုံးရှုံး ရတာတွေရှိတယ်။ ကိုယ်ဝန် ဖျက်ချတဲ့အခါ မအောင်မြင်လို့ မွေးလာတဲ့ ကလေးမှာ ကိုယ်လက်အင်္ဂါမစုံတာတွေ၊ ဉာဏ်ရည် မမီတာတွေ စသဖြင့်နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာတယ်။ အဲဒီလို မဖြစ်တောင် မလိုချင်ဘဲ မွေးလာတဲ့ ဒီကလေးတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိလာ နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးရတနာဆိုတာ လိုချင်တဲ့မိသားစုမှာမွေးမှ ရတနာဖြစ်တာ။ မလိုချင်တဲ့မိသားစုမှာမွေးရင် ရတနာမဖြစ်ဘူး။

အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ကလေးငယ် တွေရဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေ၊ ဒါတွေအများကြီးကို Control လုပ်သွားနိုင်တယ် …

အဲဒီတော့ မလိုချင်ဘဲမွေးလာတဲ့ ကလေးတွေဟာ ကလေးတစ်ယောက်အတွက် တကယ် လိုအပ်တဲ့ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ပြုစုဂရုစိုက်မှုတွေရဖို့၊ သွန်သင်ထိန်းကျောင်းမှုတွေရဖို့ မလွယ်ဘူး။ ဒါတွေက မျိုးဆက်ပွားကျန်းမာရေးကို မှန်မှန်ကန်ကန် မသင်ကြားခဲ့ရခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပဲ။ လိင်အကြမ်းဖက် မှုတွေ၊ အမျိုးသမီးတွေအပေါ်မှာ နိုင်ထက်စီးနင်း လုပ်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ စတဲ့ပြဿနာတွဟာလည်း ဒီအကျိုးဆက်ကြောင့် ဖြစ်လာရတာတွေ များတယ်။ ပိုဆိုးတာက ခုနကပြောတဲ့ အခြေအနေမျိုးတွေမှာဆိုရင် မိခင်ရော ကလေးပါ Psychological Trauma တွေက အများကြီး ရနိုင်တယ်။ အဲဒါတွေကို သိဖို့လိုအပ်တယ်။ အဲဒီတော့ ကျမတို့အခု ကျောင်းတွေမှာစသင်တော့မယ်ဆိုရင် သင်ပေးမယ့်ဆရာမတွေကို အရင် Training ပေးဖို့လိုအပ်တယ်။

ဆရာတွေ ဆရာမတွေကလည်း နားလည်ဖို့၊ လက်ခံဖို့လိုအပ်တယ်။ ဆရာ ဆရာမတွေအနေနဲ့ သင်ဖို့အဆင်မပြေတာမျိုးတွေ ရှိရင် လည်း ဆရာဝန်တွေက ကျောင်းတွေမှာ ဟောပြောပွဲတွေလုပ်ပေးလို့ရတယ်။ ကျမတို့ငယ်ငယ်ကဆိုရင်လည်း ကျောင်း ကျန်းမာ ရေး အဖွဲ့တွေ ကျောင်းတွေမှာ ဆေးစစ်ပေးတာတွေ၊ ကျန်းမာရေးအသိပညာပေးတာတွေ လာလုပ်ပေး ကြတာရှိတယ်။ အခုလည်း အဲဒီလိုပေါ့။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသဖြင့်ကလေးတွေကို သူ့အသက်အရွယ်အပိုင်းအခြားအလိုက် ဆရာဝန်တွေ လာဟောပြောပို့ချလို့ရနိုင် တာပေါ့။ Volunteer အနေနဲ့ လာပြောပေးဖို့ဆိုရင် လုပ်ပေးမယ့်ဆရာဝန်တွေအများကြီးရှိနိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Sex Education ကိုမှန်မှန်ကန် ကန်ရခဲ့တဲ့ကလေးက မရခဲ့တဲ့ကလေးတွေထက် ဘဝမှာပိုပြီး အဆင်ပြေ အောင်မြင် နိုင်တယ်။ ဒီကလေးတွေ …

ဆရာဝန်တွေဆိုရင် ကလေးတွေကိုပြောပြတဲ့အခါ ဆေးပညာပိုင်းနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်ပိုပြောနိုင်မယ်။ ကလေးတွေကို ဒီအကြောင်းအရာတွေ ရှင်းလင်းပညာပေးတဲ့ အခါ လွဲနေလို့လည်းမရဘူး။ ဥပမာ ကလေးလေးတွေကို ပြောတာရှိပါတယ်။ “သားကို ချက်ကမွေးတယ်” တို့ ဘာတို့ ပြောကြတာမျိုးပေါ့။ ကလေးတွေကို မှန်ကန်တဲ့ အချက်အလက်ကို သူတို့အသက်အရွယ်အရ သူတို့သိသင့်သိထိုက်တာသိဖို့ စနစ်တကျပြောပြ တာမျိုးလိုအပ်တယ်။ ဆရာဝန်တွေကတော့ ဒီအပိုင်းမှာ ပိုအဆင်ပြေနိုင် လိမ့်မယ်လို့ထင်တယ်။ အဲဒီလိုမှမဟုတ်ရင် လည်း ဘယ်လိုသင်ကြားပို့ချရမယ်ဆိုတာ ဆရာဆရာမတွေကို Training လုပ်ပေး သင့်တယ်။ တဖက်မှာလည်း မိဘတွေပါဝင်ရင် ပိုပြီးထိရောက်မယ်လို့ကျမထင်တယ်။ အဲဒီတော့ မိဘတွေကို Promote လုပ်ပေး ရမယ်၊ Health Education လုပ်ပေးရမယ်၊ ဆရာဆရာမတွေကို Training တွေပေးရမယ်။ နောက်တစ်ဆင့် လုပ်နိုင်တာက ကျန်းမာရေး ဝန်ထမ်းတွေက ကျောင်းတွေမှာ အစုအဖွဲ့နဲ့ ဟောပြောတာမျိုး သင်ပေးတာမျိုး လုပ်ပေးသင့် တယ်။ ဒီလိုဆိုရင် ဒီပြသနာက ပိုပြေလည်လာမယ်လို့ ကျမထင်တယ်။ နောင်လာမယ့် မျိုးဆက်တွေမှာ ဒီလိုမဖြစ်အောင် ကျမတို့က ခုမှ စလုပ် ရမှာကိုး။ Sex Education ကိုမှန်မှန်ကန် ကန်ရခဲ့တဲ့ကလေးက မရခဲ့တဲ့ကလေးတွေထက် ဘဝမှာပိုပြီး အဆင်ပြေ အောင်မြင် နိုင်တယ်။ ဒီကလေးတွေ Reproductive Health ကို မှန်မှန်ကန် ကန်ရသွားရင် သူတို့ကမွေးလာမယ့် ကလေးတွေကိုလည်း မှန်ကန်တဲ့ Information ပေးနိုင်မယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းသွားနိုင်ရင် နောင်လာမယ့် မျိုးဆက်တွေ မှာ ကျမခုနကပြောတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ကလေးငယ် တွေရဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေ၊ ဒါတွေအများကြီးကို Control လုပ်သွားနိုင်တယ်လို့ ကျမထင်တယ်။

မသဉ္ဇာရွှန်းလဲ့ရည်(လူငယ်အရေးဆောင်ရွက်သူ)

မသဉ္ဇာရွှန်းလဲ့ရည်
(လူငယ်အရေးဆောင်ရွက်သူ)

မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းကို အသက်အရွယ်အလိုက် သင်ကြားပေးဖို့ဆိုတဲ့ကိစ္စက ကျမတို့ အနေနဲ့ အရမ်းကိုနောက်ကျကျန်ခဲ့တဲ့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စလို့ ကျမမြင်တယ်။ နောက်တစ်ခုက ဒီဟာကိုလုပ်သင့် မလုပ်သင့် ဆိုပြီး တော့ လူမှုကွန်ရက်မှာရော၊ ဆရာဆရာမတွေကြားမှာပါ ငြင်းခုံနေတဲ့ကိစ္စက မလိုအပ်ဘူးလို့ ကျမမြင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုတဲ့ကိစ္စကို သတင်းအချက်အလက်သိပိုင်ခွင့်၊ လက်လှမ်းမီပိုင်ခွင့်က လူသားတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်သိရမယ်ဆိုတာ အခြေခံ ရပိုင်ခွင့်၊ သိပိုင်ခွင့်ပါ။

မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တယ်။ လုပ်တာတောင် တော်တော်လေး နောက်ကျနေပါတယ်။ ကျမတို့နိုင်ငံ အနေနဲ့ …

ဒါကို ပိတ်ပင်တာ၊ ငြင်းခုံ နေကြတာကိုက မလိုအပ်တဲ့အလုပ်တွေလုပ်နေတယ်လို့ ကျမမြင်တယ်။ ဆိုတော့ အစိုးရအနေနဲ့ ဒီဟာတွေ အပေါ်မှာ ကန့်ကွက်သူ များတယ်၊ စိုးရိမ်တဲ့သူတွေများတယ် ဆိုတာမျိုးကို ထည့်သွင်း စဉ်းစားစရာကိုမလိုဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါသည် မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တယ်။ လုပ်တာတောင် တော်တော်လေး နောက်ကျနေပါတယ်။ ကျမတို့ နိုင်ငံ အနေနဲ့ဆိုရင်လည်း တော်တော်လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် မဖြစ်မနေလုပ်ရမယ်လို့ ကျမမြင်တယ်။

ဒေါက်တာနန်းမွေစံ

ဒေါက်တာနန်းမွေစံ

ကျမရဲ့အမြင်ကတော့ Sex Education ကို သင်ကြားသင့်ပါတယ်။ နိုင်ငံတကာမှာလည်း ဒါကို တက္ကသိုလ်တွေမှာ၊ အထက် တန်း အလယ်တန်းအဆင့်တွေမှာ စသဖြင့် စနစ်တကျ သင်ကြား ပို့ချပေးနေတာရှိပါတယ်။ အခုဖြစ်တာက ယဉ်ကျေးရှုမှုထောင့် ကနေ ကြည့်ပြီး Shock ရသွားတဲ့သဘောမျိုးလို့ ကျမထင်ပါတယ်။ ဒါပေမယ့် တခြားသောရှုထောင့်တွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စိတ်ပညာ စတဲ့စတဲ့ရှုထောင့်တွေကလည်း ကြည့်သင့်ပါတယ်။ အကျိုးနဲ့အပြစ်ကို ချိန်ဆသုံးသပ် ကြည့်ရင် ကျမတို့ရဲ့အနာဂတ် မျိုးဆက် လူငယ်တွေအတွက် သင်ကြားဖို့လိုအပ်တယ်လို့ ကျမမြင်ပါတယ်။ ဒီသင်ကြားမှု ကြောင့် ဆိုးကျိုးဖြစ်စေမယ်လို့ မမြင်ပါဘူး။ ဆေးပညာရှုထောင့်ကအမြင်အရပြောရရင် လူသားတိုင်းနဲ့ဆိုင်တဲ့ အခြေခံ အသိပညာကို သင်ကြားပို့ချတာဖြစ်တယ်လို့ ပြောနိုင် ပါတယ်။

ယဉ်ကျေးမှုရှုထောင့်ကပဲရပ်ပြီး ကြည့်နေမယ်ဆိုရင်တော့ တစ်မျိုးတည်းသော အမြင်နဲ့ Shock ရစရာဖြစ်နေမှာပေါ့။ ဒါပေမယ့် …

ကလေးတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို စနစ်တကျ မှန်မှန်ကန်ကန် သိထားရင် ရောဂါနဲ့ ပတ်သက်ပြီး ကိုယ့်အသိနဲ့ကိုယ် တစ်ဦးချင်းစီကာကွယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာ မယ်။ မဖြစ်သင့်တာတွေမဖြစ်အောင် ရှောင်ရမယ့်အချက်တွေကို သိလာမယ်။ နောက် Reproductive Health နဲ့ဆိုင်တဲ့ ကိစ္စတွေ၊ ဥပမာ အရွယ်မရောက်မီကိုယ် ဝန်ဆောင်တဲ့ကိစ္စမျိုးတွေပေါ့။ ဒါတွေကိုလည်း အတော် များများ ထိန်းချုပ်သွားနိုင် လိမ့်မယ်လို့ ကျမထင်တယ်။ ယဉ်ကျေးမှုရှုထောင့်ကပဲရပ်ပြီး ကြည့်နေမယ်ဆိုရင်တော့ တစ်မျိုးတည်းသော အမြင်နဲ့ Shock ရစရာဖြစ်နေမှာပေါ့။ ဒါပေမယ့် တခြားသော ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ ကြည့်ပြီး ကျမတို့ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေအတွက် အကျိုးရှိစေမယ့်ကိစ္စကို မြင်တတ်ဖို့လိုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,