လူထုဆန္ဒနဲ့မကိုက်ညီရင် လူထုကလည်း သူတို့ရွေးချယ်မှုကို ပြန်သုံးသပ်မှာပဲ – အပိုင်း (၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Hurn Kayang / (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ကြုံတွေ့ရနိုင်သည့်အခက် အခဲများနှင့် မြန်မာနိုင်ငံရေးအခြေအနေတချို့ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်အား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

 အမျိုးသားရင်ကြားစေ့ရေးလို့ပြောပြီးတော့မှ တကယ်တမ်းကျတော့ တိုင်းရင်းသားတွေနဲ့သေသေချာချာ ရင်ကြားစေ့တဲ့ကိစ္စကိုလုပ် ဆောင်ရဲ့လား …

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲကို လာမယ့်နိုဝင် ဘာမှာလုပ်မယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ တစ်ဘက် မှာ COVID – 19 ကပ်ရောဂါကလည်းရှိနေတော့ မဲဆွယ် စည်းရုံးရေးတွေလုပ်ဖို့ အခက်အခဲတော့ရှိလာနိုင်ပါတယ်။ ဒီအခက်အခဲတွေအပြင် တခြား ဘယ်လို အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်မိပါသလဲ။

USL – အခက်အခဲဆိုတာက ပထမဆုံးတစ်ချက်အနေနဲ့ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျ မကြေညာသေးတော့ ကျနော် တို့က ဘယ်လိုစပြီးပြင်ဆင်ရမယ်ဆိုတာ လုပ်ရကိုင်ရ ခက်ပါတယ်။ ရွေးကောက်ပွဲကို ဘယ်နေ့လုပ်မယ်၊ နောက် ရွေးကောက်ပွဲ ကျင်းပမယ့်နေရာပေါ့။ ဘယ်ဒေသကိုတော့ချန်ပြီးတော့ ဘယ်ဒေသတွေကိုတော့လုပ်မယ်ဆိုတာ အတိအကျ သိဖို့ လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ချိန်တည်း တပြိုင်တည်း အကုန်လုံးသိရတယ်ဆိုလို့ရှိရင်တော့ ဒါ ပြင်ဆင် ရတာ အဆင်ပြေ မှာပေါ့။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲကျင်းပပြီဆိုလို့ရှိရင် ဘယ်လိုပုံပုံစံမျိုးနဲ့ ကျနော်တို့စည်းရုံးရေးဆင်းလို့ ရမယ်၊ ဘယ်လို ပုံစံမျိုးနဲ့ Campaign ဆင်းလို့ ရမလဲ ဆိုတာ တွေလည်းသိဖို့လိုတယ်။

ရွေးကောက်ပွဲမတိုင်မီမှာ လွတ်လပ်ပြီးတရားမျှတမှုရှိဖို့၊ ရွေးကောက်ပွဲကာလ အတွင်းမှာ လွတ်လပ်ပြီး တရား မျှတမှုရှိဖို့၊ ရွေးကောက်ပွဲပြီးနောက်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ …

ဒါဟာ တခြားနှစ်တွေမှာ၊ တခြား အချိန်တွေ မှာတော့ ထူးထူးခြားခြားမဟုတ်ပေမယ့် ခုကတော့ COVID – 19 ကြောင့် ဒါကတော့ မဖြစ်မနေ ထည့်တွက် ရတော့မှာကိုး။ အဲဒါ ကြောင့်မို့ လူထုကြားထဲကို ဘယ်လိုဆင်းရင်အဆင်ပြေမလဲ။

ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး – အပိုင်း(၁)

UEC အနေနဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကျနော်တို့ တရားဝင်နိုင်ငံရေးပါတီတွေ အကုန်လုံး ကို ဖိတ်ခေါ်ဆွေးေနွးပြီးတော့ သဘောထားတွေ ရယူဖို့လိုအပ်တာပေါ့။

အဲဒီလိုမျိုးမရှိတဲ့အခါကျတော့ အခုကြိုတင်ပြင်ဆင်ရအောင်ကလည်း နောင်လာမယ့် သူတို့ရဲ့ကန့်သတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ရှိရင် အလဟသဖြစ်သွားမှာလေ။ ဒါတွေကတော့ ကျနော်တို့မှာ ဖြစ်နေတဲ့၊ ကြုံတွေ့နေရတဲ့ အခက် အခဲတွေလို့ မြင်ပါ တယ်။

ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတိုင်းက တူညီတဲ့အခွင့်အရေးတွေ ရဖို့လိုအပ်ပါတယ်။ အာဏာရပါတီ အနေနဲ့ ကလည်း…

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲတုန်းက တချို့ပါတီတွေဟာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေး တို့ကိုတွင်တွင်ပြောပြီး ကိုယ်စားလှယ် လောင်းရွေးချယ်တဲ့ အခါ ဘာသာရေးအရ ခွဲခြားမှုတွေ လုပ်ခဲ့တာတွေ့ရပါတယ်။ SNLD ရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကရော ဘာသာရေး၊ လူမျိုးရေးနဲ့ပတ် သက်ပြီး ဘယ်လိုကန့်သတ်ချက်တွေရှိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USL – ကျနော်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အရည်အချင်းသတ်မှတ်မှုမှာ ဘယ်ဘာသာကိုဖြင့် မရွေးဘူး၊ ဘယ်ဘာ သာကိုပဲ ရွေးမယ် ဆိုတာမျိုး သတ်မှတ်ထားတာမရှိဘူးဗျ။ ကိုးကွယ်မှု ဘာသာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားကန့်သတ် ထားတာ၊ ဘောင်ခတ် ထားတာမရှိပါဘူး။

တကယ်လို့ ဒီလိုသာလုပ်ကြတယ်ဆိုရင် ဒါဟာအခြေခံအခွင့်အရေးကို ကန့် သတ်လိုက်သလို ဖြစ်သွားမှာပဲ။ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးကိုကန့်သတ်ရာရောက်တဲ့အတွက် လုပ်မယ်ဆိုရင်လဲ မလုပ်ထိုက်ဘူးလို့ ကျနော်တို့ဒီအတိုင်းပဲယူဆပါတယ်။

တစ်ဖက်က လူပုဂ္ဂိုလ်တစ်ယောက်ပြောသလိုပေါ့။ ဘယ်နယ်ပယ်ဒေသမှာတော့ဖြင့် အကြောက်တရားတွေရှိနေလို့မို့ သူတို့ကိုအားမပေးဘူးဆိုတာမျိုးက …

ငြမ်းမီဒီယာ – ရွေးကောက်ပွဲရက်ကို တရားဝင်သတ်မှတ် ကြေညာတာမျိုး မရှိသေးတော့မဲဆွယ် စည်းရုံးရေး ကာလဆိုတာလည်း တိတိကျကျသတ်မှတ်လို့မရသေးဘူး။ ဒါပေမယ့်နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ သတင်းကလည်းထွက်နေတော့ ခုလို လပိုင်းလောက်ပဲ လိုတဲ့ကာလမှာ အာဏာရပါတီ အစိုးရရဲ့ လုပ်ဆောင်ချက်တချို့ဟာ မဲဆွယ်စည်းရုံးရေးကို တရားဝင် လုပ်ခွင့် ရသလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

ဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး – အပိုင်း(၂)

USL – ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတိုင်းက တူညီတဲ့အခွင့်အရေးတွေ ရဖို့လိုအပ်ပါတယ်။ အာဏာရပါတီ အနေနဲ့ ကလည်း နိုင်ငံ့တာဝန်ကိုထမ်းဆောင်ရင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်၊ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည် ဖော်တာပဲဖြစ်ဖြစ်၊ စည်းရုံးရေးလုပ်ငန်းရယ်လို့ အတိအကျမဟုတ်ပေမယ့် သူက တစ်နွယ်ငင်တစ်စင်ပါလုပ် သွားလို့ရတယ်။ ကျွဲကူးရေပါ လုပ်သွားလို့ ရတယ်။ ဒါ နိုင်ငံရေးရဲ့ပေးထားချက်အရ သူ့မှာလုပ်ပိုင်ခွင့်ရှိနေတဲ့သဘောပေါ့။

အဲဒါကြောင့်မို့လို့လည်း ရွေးကောက်ပွဲရက်ကိုအတိအကျကြေညာပြီး စည်းရုံးရေးဆင်းလို့ရမယ့် ပုံသဏ္ဍန် ကိုလည်းပဲ နိုင်ငံရေးပါတီ အကုန်လုံးက သဘောတူညီထားတဲ့စံနှုန်းတစ်ခုကို အသေအချာသတ်မှတ်ဖို့လိုအပ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီလိုမဟုတ် ဘဲနဲ့ အခု အခွင့်အရေးရတဲ့ပါတီကတော့ သူ့ မှာလိုအပ်ရင်လိုအပ်သလို၊ ထိုက်သင့်ရင် ထိုက်သင့်သလို စည်းရုံးခွင့် ရနေပြီး၊ ကျန်တဲ့ပါတီတွေက ဒီအခွင့်အရေးတွေ ဆုံးရှုံးနေမယ်ဆို လို့ရှိရင် ဒါဟာ ‘ရွေးကောက်ပွဲမတိုင်ခင် လွတ်လပ်ပြီး တရား မျှတမှု’ ဆိုတဲ့ အချက်နဲ့၊ အဲဒီစံနဲ့ကွဲလွဲနေပါလိမ့်မယ်။ စံမမီဘူးဖြစ်သွားမှာပေါ့။

အဓိကကတော့ ရွေးကောက်ပွဲမတိုင်မီမှာ လွတ်လပ်ပြီးတရားမျှတမှုရှိဖို့၊ ရွေးကောက်ပွဲကာ လအတွင်းမှာ လွတ်လပ်ပြီး တရား မျှတမှုရှိဖို့၊ ရွေးကောက်ပွဲပြီးနောက်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ဆိုတဲ့စံနဲ့ လုံး၀ ကိုက်ညီနေရပါမယ်။ အဲဒါမှ လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲလို့ ကျနော်တို့ မှတ်ချက်ချလို့ရမှာပါ။ အဲဒီလိုအနေအထားမျိုး ရောက်မနေဘူးဆိုရင် ဒါဟာ ချွတ်ယွင်း ချက် ရှိနေပြီလို့ သုံးသပ်ရမှာပါ။

တရားဥပဒေစိုးမိုးရေးတို့၊ တန်းတူညီမျှရရှိရေးတို့ အဲဒီလိုမျိုးကြွေးကြော်နေပြီးတော့မှ၊ လုပ်ဆောင်နေပြီးတော့မှ လက်တွေ့ဘဝမှာ အံမဝင်ခွင်မကျတဲ့ …

ငြမ်းမီဒီယာ – ၂၀၁၀၊ ၂၀၁၅ ကာလတွေနဲ့ယှဉ်ကြည့်ရင် ၂၀၂၀ မှာ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား ပါတီတွေ ပိုအား ကောင်း လာတာ တွေ့ရပါတယ်။ ဒီအချက်က NLD နဲ့ တိုင်းရင်းသားတွေကြားမှာ ပိုဝေးကွာလာတယ်ဆိုတဲ့ သဘောများ ဖြစ်နေ ပါသလား။

ဒေါ်အောင်ဆန်းစုကြည် မဲမဆွယ်ရင် သူတို့လည်း သိပ်တော့ မလွယ်ဘူး

USL – တိုင်းရင်းသားပါတီတွေအင်အားကြီးလာတာ၊ အနိုင်ရမှုပိုများလာတာနဲ့ NLD ပါတီနဲ့ ပိုပြီးဝေးကွာလာတာက တိုက်ရိုက်တော့ မပတ်သက်ပါဘူး။ တကယ်တော့ တိုင်းရင်းသား ပါတီတွေအနေနဲ့လည်း သူ့ရဲ့မဲဆန္ဒရှင်ရှိရာ၊ သူအခြေပြုရာဒေသမှာ လူထုရဲ့ ထောက်ခံမှု ရရင်ရသလို သူ့မှာလည်းပဲအခွင့်အရေးတွေရှိနိုင်တာပေါ့။ ဖြစ်လည်းဖြစ်သင့်တယ်။

တစ်ဖက်က လူပုဂ္ဂိုလ်တစ်ယောက်ပြောသလိုပေါ့။ ဘယ်နယ်ပယ်ဒေသမှာတော့ဖြင့် အကြောက်တရားတွေရှိနေလို့မို့ သူတို့ကို အားမပေးဘူးဆိုတာမျိုးက ဒါ ဓမ္မဓိဌာန်ကျတဲ့ သုံးသပ်ချက်မဟုတ်ပါဘူး။ ဥပမာ ကျေးသီး၊ မိုင်းရှူးမှာ NLD ပါတီအနေနဲ့ တစ်မြို့နယ် မှာ သူ့ရဲ့ပါတီဝင်အင်အားက ရာဂဏန်းလောက်ပဲရှိတယ်။ ရာဂဏန်းတောင်မှ သေးသေးလေး ရှိတာပါ။ အဲဒီလိုဒေသမှာ သူ့ပါတီကို မဲမထည့်ရ ကောင်းလား ဆိုပြီး ဒါ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေတယ်၊ ဘာဖြစ် တယ်ညာဖြစ်တယ်ဆိုပြီး ပုတ်ခတ် စွပ်စွဲတာက လုံးဝကို ဓမ္မဓိဌာန် မကျဘူး။

အဲဒီတော့ မြန်မာပြည်မြေပြန့်လိုနေရာမျိုးကျတော့ သူ့ (NLD) ကို တခဲနက် အုံလိုက်ကျင်းလိုက် ထောက်ခံတာမျိုးက ဘာမှမဆန်းဘူး လေ။ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီတွေ ရှိနေရက်နဲ့ သူ့ကိုမထောက်ခံရုံနဲ့ တခြားသောကိစ္စမျိုးတွေ ဆွဲထည့်တယ် ဆိုတာက ဒါလုံးဝမဖြစ် သင့်တဲ့အနေအထားပါ။

ဒါကြောင့်မို့လို့ သူတို့ (တိုင်းရင်းသားတွေ) ရဲ့နိုင်ငံရေးနိုးကြားမှု၊ နောက်လက်ရှိ အာဏာရပါတီ အစိုးရရဲ့ ရွေးကောက်ပွဲ ကတိကဝတ် ကို အကောင်အထည်ဖော်မှုဆိုင်ရာ Performance နဲ့ဆိုင်ပါလိမ့်မယ်။ပေးထားတဲ့ ရွေးကောက်ပွဲ ကတိကဝတ်နဲ့ တကယ်တမ်း လက်တွေ့ လုပ်ဆောင်တဲ့အနေအထားကလူထုဆန္ဒနဲ့ မကိုက်ညီဘူး ဆိုရင် လူထုကိုယ်တိုင်ကလည်း သူတို့ရဲ့ရွေးချယ်မှုကို ပြန်ပြီးသုံးသပ်မှာပဲလေ။

အဲဒီအခါကျရင် ရွေးကောက်ပွဲရလဒ် ကလည်း ပြောင်းလဲမှာပဲ။ နောက်တစ်ခါ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်ရမယ်၊ ကိုယ့်ရဲ့ ဒေသခံ ပါတီတွေ အားကောင်းမှ ကိုယ့်ရဲ့ပြည်နယ် အားကောင်း မယ် ဆိုတဲ့ အမြင်မျိုးရှိလာတာနဲ့အညီ ရွေးကောက်ပွဲရလဒ် ကလည်း ပြောင်းလဲလာနိုင်တာပဲ။

အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲတာတစ်ခုတည်းကို ကြည့်ပြီးတော့မှ NLD ပါတီနဲ့ တခြားတိုင်းရင်းသားတွေနဲ့ အဟ ကွာလာတယ်လို့သုံးသပ်တာကတော့ သဘာ၀ မကျဘူးလို့ ကျနော်မြင်ပါတယ်။

စနစ်ကမပြောင်းဘူး၊ လူကပြောင်းသွားတာ

ငြမ်းမီဒီယာ – ပြည်မနိုင်ငံရေးသမားတွေဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေအပေါ် တိုင်းရင်းသားတွေရဲ့ယုံကြည် မှု ကျဆင်း လာရတဲ့ အကြောင်းအရင်းက ဘာများဖြစ်နိုင် ပါသလဲ။

USL – အဓိကကတော့ ကတိကဝတ်ပေါ့ဗျာ။ ကတိကဝတ်ဆိုတာ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပေါ့။ အမျိုးသား ရင်ကြားစေ့ရေးလို့ ပြောပြီးတော့မှ တကယ်တမ်းကျတော့ တိုင်းရင်းသားတွေနဲ့သေသေချာချာ ရင်ကြားစေ့တဲ့ကိစ္စကိုလုပ် ဆောင်ရဲ့လားပေါ့။ နောက် တရားဥပဒေစိုးမိုးရေးတို့၊ တန်းတူညီမျှရရှိရေးတို့ အဲဒီလိုမျိုးကြွေးကြော်နေပြီးတော့မှ၊ လက်တွေ့ဘဝမှာ အံမဝင်ခွင်မကျတဲ့ အနေအထားမျိုး ဆိုရင် ဒါ ပိုပြီးတော့ ဟ သွားမှာပဲလေ။ အဲဒီတော့ စောစောကပြောသလို ပါပဲ။ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်းသေသေချာချာ စီစဉ် ဆောင်ရွက်တယ်၊ ပေးထားတဲ့ ကတိအတိုင်း လုပ်တယ်ဆိုလို့ရှိရင် တော့ ဒါ ထူးခြားပြီးတော့မှ ကွဲပြားသွားစရာမရှိပါဘူး။

ဆက်လက်ဖော်ပြပါမည်

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,