လူထုနဲ့တွေ့တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘယ်မဲဆန္ဒနယ်ကို ကိုယ်စားပြုသလဲ။ ဘယ်ပြည်သူတွေကို ကိုယ်စားပြုသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာရှိတာပေါ့ဗျာ။ တကယ်တော့ …

အောက်တိုဘာ(၁၇)၊၂၀၁၉၊ရန်ကုန်
The Nyang News

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တချို့သည် ရွေးကောက်ခံ ကိုယ်စားလှယ်ရှိသည့် မဲဆန္ဒနယ်ရှိ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ်လျက် ရှိပြီး အဆိုပါအခြေအနေသည် အငြင်းပွားဖွယ် အခြေအနေဖြစ်နေ သည်ဟု သုံးသပ်မှုများလည်းရှိသည်။ယင်းအပြင် တပ်မတော်သားကိုယ်စားလှယ်များ၏ ယခုကဲ့သို့ပြုရပ်အပေါ် မနှစ်သက်သည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခေါ်)ဦးတင်သစ် အား ငြမ်းမီဒီယာက အောက်တိုဘာလ(၁၅)ရက်နေ့တွင် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

ငြမ်း – အခု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ မဲဆန္ဒနယ်တွေကို ဆင်းလာတာနဲ့ပတ်သက်ပြီး ဘယ်လို ထင်မြင်သလဲခင်ဗျ။ဘာမှတ်ချက်များပေးချင်ပါလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးရည်မွန် – ဒါက ဥပဒေဆိုင်ရာကိစ္စတော့ ဖြစ်နေတာပေါ့။ တပ်မတော်သားကိုယ်စားလှယ်တွေ ပြည်သူနဲ့မတွေ့ရဘူးဆိုတဲ့ အကန့်အသတ်မျိုးတော့လည်း မရှိဘူး။ သို့သော် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘယ်မဲဆန္ဒနယ်ကို ကိုယ်စားပြုသလဲ။ ဘယ်ပြည်သူတွေကို ကိုယ်စားပြုသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာရှိတာပေါ့ဗျာ။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရသာ လွှတ်တော်ထဲမှာ သူတို့ရှိနေတာကို။အဲဒီတော့ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်၊ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်ဆိုတာတော့ မရှိဘူးလို့ပဲ ပြောရမှာပေါ့။ ပြည်သူကနေ တိုက်ရိုက်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ဒီကိုယ်စားလှယ်တွေ မှာ သူတို့ကိုယ်စားပြုထားတဲ့ မဲဆန္ဒရှင်နဲ့ မဲဆန္ဒနယ်မြေတွေ ရှိတာဆိုတော့ မဲဆန္ဒနယ်မြေ၊မဲဆန္ဒရှင်တွေရဲ့ ကိစ္စနဲ့ပတ်သက်ရင် အဓိက တာဝန်ရှိတာကတော့ ရွေးကောက်ခံ လွှတ်တာ်ကိုယ်စားလှယ်ေ တွပဲဖြစ်မှာပေါ့ဗျာ။

ငြမ်း – သက်ဆိုင်ရာနယ်မြေမှာ သက်ဆိုင်ရာရွေးကောက်ခံ ကိုယ်စားလှယ်တွေ ရှိလျက်နဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ ဒီလို ဆင်းလာတာကိုရော ဦးရည်မွန်ဘယ်လို ယူဆသလဲခင်ဗျ။

ဦးရည်မွန် – အခု ပုဗ္ဗသီရိအပါအဝင်ပေါ့။တခြားမဲဆန္ဒနယ် တချို့မှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေ ဆင်းကြတယ်လို့ ကြားတယ်။ ဒီလိုမဲဆန္ဒနယ်မြေတွဆင်းပြီး လူထုနဲ့တွေ့တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကတော့ ကျနော်တို့ကိုယ်တိုင်လည်း စဉ်းစားနေတဲ့အချက်ပေါ့ဗျာ။

ငြမ်း – အခု မကြာခင် ရွေးကောက်ပွဲကလည်း လာတော့မှာပါ ။ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ရှိတဲ့ မဲဆန္ဒနယ်တွေမှာ လူထုနဲ့ အခုလို တပ်မတော်သားကိုယ်စားလှယ်တွေ လာတွေ့တာဟာ တပ်မတော်ခေါင်းဆောင်ပိုင်းရဲ့ နိုင်ငံရေးခြေဆန့်မှု အစပျိုးတာလား ခင်ဗျ။

ဦးရည်မွန် – တကယ်တော့ တပ်မတော်ရဲ့ ပရော်ဖက်ရှင်နယ်က၊ တပ်မတော်ရဲ့ အဓိကတာဝန်က ဘာလဲဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ တပ်မတော်ဆိုတာ နိုင်ငံရေးပါတီ မဟုတ်ဘူး ဗျာ။နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင်လည်း နိုင်ငံသားတိုင်းမှာဆောင်ရွက်ခွင့်ရှိတာပဲ။ သို့သော်တပ်မတော်က အငြိမ်းစားယူတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ တပ်မတော်က နုတ် ထွက်ပြီးတော့ပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ဆောင်ရွက်လို့ရတာပဲဗျာ။ အဲဒီတော့ ဒီအခြေအနေမျိုးတော့ ရှိပါတယ်။

ငြမ်း – သက်ဆိုင်ရာ ရွေးကောက်ခံကိုယ်စားလှယ်တွေ ရှိတဲ့ မဲဆန္ဒနယ်တွေ မှာ ဒီလို တပ်မတော်သား ကိုယ်စားလှယ်တွေ လာတာကရော ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ ခင်ဗျ။ဘာပြောချင်လဲခင်ဗျ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးရည်မွန် – ကျနော့်အမြင်တော့ အများကြီးတော့ သက်ရောက်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒနယ်မြေတစ်ခုကို တာဝန်ယူပြီး ပြည်သူနဲ့ထိတွေ့ဆက်ဆံရတယ်ဆိုတာ သိပ်တော့ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ဘူး။ ပြောက်ကျားပုံစံနဲ့ ဟိုတစ်ရွာ၊ဒီတစ်ရွာ ဆောင်ရွက်ရုံနဲ့ ဘာမှထိရောက်တဲ့ လုပ်ဆောင်ချက်ဖြစ်မှာတော့ မဟုတ်ပါဘူး။

ငြမ်း – ကျေးဇူးတင်ပါတယ် ဦးရည်မွန်ခင်ဗျ။

ဓာတ်ပုံ – (ဦး) Maung Tin Thit Fb

ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခေါ်)ဦးတင်သစ်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။