လူထု (၁၆,၀၀၀) ကို နေ့စဉ် ထမင်း အလကား ကျွေးနိုင်မယ့် ကိစ္စကို အန်တီတို့ ဖော်ထုတ်ပေးရမှာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရန်ကုန် စောင့်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်း

(၄၁ ဒသမ ၉) ဘီလီယံ ဆိုရင်လည်း နိုင်ငံ တော်မှာ ဆေးရုံတွေ မှာ ဆေးပစ္စည်း ကိရိယာတွေ မရှိလို့၊ သွေးစစ်ဖို့ မရှိလို့၊ အိတ်စ်ရေး မရိုက်နိုင်လို့၊ စီတီ စကင် မရိုက်နိုင်လို့၊ ကင်ဆာ အတွက် ဓာတ်ရောင်ခြည် ကုသမှု မခံယူနိုင်လို့၊ သေနေတဲ့ သူတွေ က ထောင်နဲ့ချီ ရှိတယ်။ နေ့စဉ် တစ်နိုင်ငံလုံး တွက်မယ်ဆိုရင် ရာနဲ့တော့ အသာလေး ရှိတယ်။ တကယ်လို့သာ (၄၁ ဒသမ ၉) ဘီလီယံသာ ပြန်ရမယ် ဆိုရင်…

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ နိုင်ငံတော် နစ်နာမှုများ ကို စုံစမ်းစစ်ဆေးပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလိုက်သည့် ရန်ကုန် စောင့်ကြည့် အဖွဲ့ တည်ထောင်သူ၊ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဒေါက်တာညိုညိုသင်း ကို ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – ဘယ်လို အကြောင်းတွေကြောင့် အဂတိ ကော်မရှင်ကို တိုင်ကြား ခဲ့တာလဲ။

Dr NNT – ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာက နိုင်ငံတော်မှာ နစ်နာမှုတွေ ရှိတယ်ဆိုတာ အထင်အရှားပဲလေ။ အဲဒီ အထဲ မှာ ထင်ထင်ရှားရှား နစ်နာနေတာ (၅) ခု ကို ရွေးထုတ်ပြီးတော့ တိုင်လိုက်တာ။ အားလုံးသိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆုံးရှုံးမှုတွေ အတွက် ကို တာဝန်ရှိ တဲ့သူ ကို အရေးယူ တယ်၊ မယူတယ် ထက် ပြည်သူလူထု အတွက် ဒီဆုံးရှုံး မှုတွေ ပြန်ရချင် တယ်။ ဒါတွေက နည်းတဲ့ ပမာဏတွေ မဟုတ်ဘူး လေ …

(၄၁ ဒသမ ၉) ဘီလီယံ အန်တီတို့ နစ်နာထားတယ်။ ပြည်သူလူထု နစ်နာထားတယ်။ အဲဒါ က ဘာလဲဆိုတော့ လူပုဂ္ဂိုလ် တစ်ဦးနှစ်ဦး ကို မြေဧက ထောင်ချီ ပြီး ပေးထားတဲ့ ကိစ္စ၊ နောက်တစ်ခါ လူတစ်ယောက်တည်း ကို မြေကွက် (၂၁) ကွက် ချပေးထားတဲ့ ကိစ္စရယ်၊ပြည်သူ့ဥယျာဉ်ထဲမှာ လစဉ် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေ (၁) ဘီလီယံ ဆုံးရှုံးနေတဲ့ ကိစ္စရယ်၊ နောက်တစ်ခါ ဗဟန်းမှာ (၃ ဒသမ ၈) ဘီလီယံ ဆုံးရှုံးတဲ့ ကိစ္စရယ်၊ ကန်တော်ကြီး၊ ကန်တော်မင်နဲ့ မြိုင်ဟေဝန် ဥယျာဉ် တွေမှာ နှစ်စဉ် (၂) ဘီလီယံ ဆုံးရှုံးတယ်။ နောက် ဗိုလ်တထောင် (၄၅) လမ်းက စီမံကိန်းက (၉ ဒသမ ၂) ဘီလီယံ ဆုံးရှုံးတယ်။။ အဲဒီ ဆုံးရှုံးမှုတွေဟာ ထင်ရှားတဲ့ ဆုံးရှုံးမှု တွေဖြစ်တယ်။ ဒီဆုံးရှုံးမှုတွေ အတွက် ကို တာဝန်ရှိ တဲ့သူ ကို အရေးယူ တယ်၊ မယူတယ် ထက် ပြည်သူလူထု အတွက် ဒီဆုံးရှုံး မှုတွေ ပြန်ရချင် တယ်။ ဒါတွေက နည်းတဲ့ ပမာဏတွေ မဟုတ်ဘူး လေ။ ဒါကြောင့်မို့ ကော်မရှင် က စုံစမ်းဖော် ထုတ်ဖို့ တင်ပြတာ။ ဒီ စာရင်းစစ်ချုပ် အစီရင်ခံစာလောက် ခိုင်လုံတဲ့ အထောက် အထား ဆိုတာ မရှိဘူးလေ။ ဒါကြောင့်မို့ ဒါကို တင်ပြ တယ်။ ကျော်စော သတင်း ဖြစ်ပေမယ့် လည်း တစ်ခါ တလေ မှာ ကော်မရှင် က သတိ မထားမိတာ ဖြစ်ကောင်း ဖြစ်မယ်လေ။ အန်တီ က တိကျ အောင် ဒါကို ကျော်စောသတင်း အနေနဲ့ မှတ်ယူ လို့ လည်း ရတယ်။ နောက်ပြီးတော့ အန်တီ့ရဲ့ တိုင်စာ အရလည်း မဖြစ်မနေ စုံစမ်း ဖော်ထုတ် နိုင်အောင် ရည်ရွယ်ပြီး ဒီကိစ္စကြီး (၅) ခု ကို နိုင်ငံတော်ရဲ့ ဆုံးရှုံးနစ်နာမှုတွေ အတွက် တိုင်တာပါ။ စုစုပေါင်း လိုက်ရင် ဘီလီယံ (၆၀) ကျော်မယ်။ အဲဒါအတွက် တိုင်လိုက်တာ။ ဒါဆိုရင် ကော်မရှင် က စုံစမ်းစစ်ဆေးမယ်။ ဟုတ်လို့ ရှိရင် ပြည်သူ လူထုရဲ့ ရပိုင်ခွင့်တွေ ပြန်ရမယ်ပေါ့။

ငြမ်းမီဒီယာ – ကော်မရှင်ကို ဘယ်တုန်းက တိုင်ကြားစာ ပို့လိုက်လဲ။

Dr NNT – ညက Email ပို့ထားတယ်။ စာတိုက်ကတော့ တနင်္လာနေ့ မှ ရောက်မယ် ထင်ပါတယ်။ ဒီနေ့ပို့လိုက်မယ်။ တနင်္လာနေ့တော့ ရောက်မှာပေါ့။

ငြမ်းမီဒီယာ – စာရင်းစစ်ချုပ် အစီရင်ခံစာပေါ် အခြေတည်ပြီး တိုင်ကြားခွင့် ရှိလား။

Dr NNT – အဲဒါက ခိုင်လုံတဲ့ အထောက်အထား။ တိုင်ကြားလို့ ရတာပေါ့။ အန်တီမှ မဟုတ်ဘူး။ ဘယ်သူမဆို တိုင်ကြားလို့ ရတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ အတိအလင်း ပြဌာန်း ထားတယ်။ နိုင်ငံတော်မှာ နစ်နာမူ ရှိရင် ဘယ်သူမဆို ခိုင်လုံတဲ့ အထောက်အထားနဲ့ တိုင်လို့ရတယ်။ အခုဟာ က ခိုင်လုံတဲ့ အထောက်အထား လည်း ရှိနေတယ်။ နိုင်ငံတော်မှာ နစ်နာနေ တာ လည်း သေချာတယ်။ ဒါကြောင့်မို့ အန်တီတိုင်တာ။ အမှန်ကတော့ ဒီကိစ္စ က လွှတ်တော်နောက်ဆုံးနေ့မှာ အစိုးရက ဖြေရှင်းတယ် ဆိုရင်တော့ တိုင်စရာ မလိုဘူးပေါ့။ ဒါပေမဲ့ လွှတ်တော် နောက်ဆုံး နေ့မှာ အစိုးရ က ဒါကို မဖြေရှင်းသွားဘူး။ မဖြေရှင်းသွားတော့ အန်တီ ယူဆတာပေါ့နော်၊ မှားရင်လည်း မှားမယ်။

ပြည်သူ့ဥယျာဉ်က ရမယ့် လစဉ် (၁) ဘီလီယံဟာ ရန်ကုန်မြို့မှာရှိတဲ့ ဆင်းရဲသား ပြည်သူ (၁၆၀၀၀)ကို နေ့တိုင်း မနက်ရော၊ ညရော တန်ဖိုးသင့် အစာကျွေးလို့ရတယ်။ တစ်ထောင်တန် တန်ဖိုးသင့် အစာပေါ့။ ဒါဟာ လူထု (၁၆၀၀၀) ကို နေ့စဉ် ထမင်း အလကား ကျွေးနိုင်မယ့် ကိစ္စ …

အစိုးရ အနေနဲ့ ဒါတွေ ကို လုပ်ဖို့ကိုင်ဖို့ ခက်နေတယ်လို့ ယူဆတယ်။ မျက်နှာ နာနေ ရတာတွေ ရှိကောင်း ရှိမယ်လေ။ ဒါကြောင့် အန်တီက အငှားပေါ့၊ ဗိုက်အငှားနဲ့ဓားထိုး ခံလိုက်တဲ့ သဘောပေါ့။ ဒီထဲမှာ (၄၁ ဒသမ ၉) ဘီလီယံ ဆုံးရှုံးတဲ့ ကိစ္စဆိုရင် အဲဒီ စီးပွားရေး လုပ်ငန်းရှင်တွေ က ဦးဆောင်ပါတီ နဲ့ မလွှဲသာ မကင်းသာ ကိစ္စတွေ တွေ့နေရတယ်။ အလှူငွေ လှူဒါန်းတာတို့၊ ဘာတို့ပေါ့။ အဲလို ရှိနေတော့ အန်တီ တွေးတာပေါ့။ မလွှဲသာ မကင်းသာ ကိစ္စတွေ များ ရှိနေသလားပေါ့။ ဒါကြောင့်မို့ အစိုးရ အနေနဲ့ မျက်နှာ နာစရာ ရှိနေရင် ပြည်သူ တစ်ယောက်အနေနဲ့ လုပ်စရာ ရှိတဲ့ အလုပ်ကို လုပ်လိုက်တာပဲ။ ဒီနေရာမှာ ရှင်းချင်တာ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို တိုင်တာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ အထင်အရှား ရှိနေတဲ့ ဒီ နစ်နာမှုတွေ ကို ကော်မရှင် က စုံစမ်းဖော်ထုတ်ပေးဖို့ ပြောတာ။ အဲဒီတော့ တိုင်ရခြင်း ရည်ရွယ်ချက် က ဒီလုပ်ငန်းရှင် တွေ၊ တိုင်ကွန်းတွေ ကို ထောင် (၁၀) နှစ်ချဖို့၊ ထောင် (၁၅) နှစ် ချဖို့ ရည်ရွယ်ချက် မဟုတ်ဘူး။ နိုင်ငံတော် က နစ်နာနေတဲ့ ကိစ္စတွေ ကို သူတို့ ပြန်ပေး ဖို့။ ကော်မရှင် က စုံစမ်းဖော်ထုတ် လို့ တွေ့ပြီဆိုရင် ဒါဟာ ထင်ရှား နေပြီ ဆိုရင် နိုင်ငံတော်ပိုင် ပစ္စည်းတွေဖြစ်မယ်။ အဲဒါဆို ပြန်ပေး ရမယ်။ ဒီထဲမှာ ပါတဲ့ လုပ်ငန်းရှင်ကြီးတွေ ဆိုရင် ဆယ်သက် စား မကုန်တဲ့ လုပ်ငန်းရှင်ကြီးတွေ ဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အစိုးရကို ဝေဖန်လို့ဆိုပြီး အမြဲတမ်း တိုက်ခိုက် ခံရတာပဲ။ နောက်ဆုံး အသက် အန္တရာယ် ကို ခြိမ်းခြောက်တဲ့ အထိ အိမ်မှာမြွေတွေ ဘာတွေ လွှတ်တဲ့ အထိ ခြိမ်းခြောက်ခံရတာ ရှိတာပဲ။ အခုလို ဝေဖန်တဲ့ သူတွေ အပေါ်မှာ ဘာမှတော့ မပြောချင်ဘူး။ သူတို့…

ဒါကြောင့် တိုင်းပြည်က အရမ်း ဆင်းရဲနေတဲ့ အချိန်မှာ ဒီပိုက်ဆံတွေ ဟာ ဥပမာအားဖြင့် ပြည်သူ့ဥယျာဉ်က ရမယ့် လစဉ် (၁) ဘီလီယံဟာ ရန်ကုန်မြို့မှာရှိတဲ့ ဆင်းရဲသား ပြည်သူ (၁၆၀၀၀)ကို နေ့တိုင်း မနက်ရော၊ ညရော တန်ဖိုးသင့် အစာကျွေးလို့ရတယ်။ တစ်ထောင်တန် တန်ဖိုးသင့် အစာပေါ့။ ဒါဟာ လူထု (၁၆၀၀၀) ကို နေ့စဉ် ထမင်း အလကား ကျွေးနိုင်မယ့် ကိစ္စကို အန်တီတို့ ဖော်ထုတ်ပေးရမှာပေါ့။ ဒါက ဥပမာ တစ်ခု။ ကျန်တဲ့ဟာတွေ (၄၁ ဒသမ ၉) ဘီလီယံ ဆိုရင်လည်း နိုင်ငံ တော်မှာ ဆေးရုံတွေ မှာ ဆေးပစ္စည်း ကိရိယာတွေ မရှိလို့၊ သွေးစစ်ဖို့ မရှိလို့၊ အိတ်စ်ရေး မရိုက်နိုင်လို့၊ စီတီ စကင် မရိုက်နိုင်လို့၊ ကင်ဆာ အတွက် ဓာတ်ရောင်ခြည် ကုသမှု မခံယူနိုင်လို့၊ သေနေတဲ့ သူတွေ က ထောင်နဲ့ချီ ရှိတယ်။ နေ့စဉ် တစ်နိုင်ငံလုံး တွက်မယ်ဆိုရင် ရာနဲ့တော့ အသာလေး ရှိတယ်။ တကယ်လို့သာ (၄၁ ဒသမ ၉) ဘီလီယံသာ ပြန်ရမယ် ဆိုရင် နိုင်ငံတော်ရဲ့ ဆေးရုံတွေမှာ စက်ကိရိယာ ပစ္စည်းတွေလည်း ဝယ်နိုင်မယ်။ နောက်ပြီးတော့ ဒီဟာကို စံပြလည်း ဖြစ်စေချင်တယ်။ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ နိုင်ငံတော်ရဲ့နစ်နာဆုံးရှုံးမှုတွေ ရှိလာမယ် ဆိုရင်၊ ရှိထားမယ်ဆိုရင် စာရင်းစစ်ချုပ်တွေ က သူတို့ရဲ့ တာဝန်အရ စစ်ဆေးဖော်ထုတ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဥပဒေ အတိုင်း အရေးယူမယ် ဆိုရင်တော့ အန်တီတို့ လူထု ဆုံးရှုံးနစ်နာနေတာတွေ အထိုက်အလျောက် ပြန်ရမယ်လို့ ယုံကြည်တယ်လေ။

ငြမ်းမီဒီယာ – ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ။

Dr NNT – အမှန်တော့ ဒီကိစ္စက တိုင်းအစိုးရမှာ ဖြေရှင်းဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့ လုပ်ခဲ့တာ ဟုတ်ချင်မှ ဟုတ်မယ်။ မဟုတ်နိုင်ဘူး။ ဒီကိစ္စကြီး (၅) ခုလုံးအတွက် ဘယ်သူ့မှာ တာဝန်ရှိနေလဲတော့ မသိဘူးလေ။ ဥပမာ ပြည်သူ့ဥယျာဉ်က ကိစ္စဆိုရင်တော့ အရင်အစိုးရ ရဲ့ ကိစ္စ ထင်ရှားတယ်ပေါ့။ ဒါတွေက ဘာကြောင့် ဒီလောက် တောင် မှ ဆုံးရှုံးနစ်နာမှုတွေ ရှိနေ တာလဲ။ အခုလက်ရှိက ဘာပဲ ပြောပြော မပြေးသော်လည်း ကံရာရှိ လက်ရှိ အစိုးရအဖွဲ့ က တာဝန်ယူ ထားတာ ဆိုတော့ သူတို့ က ဖြေရှင်းပေးဖို့ တာဝန် ရှိတယ်။ သူတို့ က ဥပဒေအရ တာဝန် ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ သူတို့ က နိုင်ငံရေး အရ တာဝန် ရှိတယ်။ ဒါကို ဖြေရှင်းပေးဖို့အတွက် တာဝန်ရှိတယ်။ ဒါပေမဲ့ လွှတ်တော်နောက်ဆုံးနေ့မှာ အစီရင်ခံစာတွေ အပေါ် ပြန်ဖြေရှင်း သွားတာ မရှိဘူး။ မရှိတဲ့ အတွက်ကြောင့် အစိုးရ အနေနဲ့ လုပ်ရကိုင်ရ ခက်နေတဲ့ အနေအထားလား လို့ တွေးမိတယ်။ ဒါကြောင့်မို့ အခုလိုမျိုး အန်တီက တိုင်လိုက်ရင်တော့ အစိုးရ အဖွဲ့လည်း အနေချောင် သွားမယ်လို့ ထင်တယ်။ သူတို့ မထိရဲတဲ့ ကိစ္စတွေကို ကိုယ်ကဝင်ပြီး လက်ဝင် လိျှုပေးလိုက်တဲ့ အတွက် ကြောင့်မို့ သူတို့လည်း လုပ်သာကိုင်သာ ရှိသွားမယ်လို့ ထင်တယ်လေ။

ငြမ်းမီဒီယာ – နိုင်ငံတကာမှာရော ဒီလိုမျိုး စာရင်းစစ်ချုပ် အစီရင်ခံစာ ကို အခြေခံပြီး တိုင်ကြားတာမျိုး လုပ်လေ့ရှိလား။

Dr NNT – နိုင်ငံတကာမှာကတော့ စာရင်းစစ်ချုပ် အစီရင်ခံစာ ဆိုတာ လူတိုင်း လွယ်လွယ် ကူကူ သိနေကြတဲ့ ကိစ္စပဲလေ။ စာရင်း စစ်ချုပ် အစီရင်ခံစာ မတိုင်ခင် ကတည်းကိုက အဂတိ လိုက်စားမှုနဲ့ သံသယ ရှိပြီဆိုရင် အဂတိ လိုက်စားမှုဆိုင်ရာ ရဲတွေက ဖမ်းဆီး စစ်ဆေးတာ တွေရှိတယ်လေ။ အစီရင် ခံစာကြီး ထွက်လာမှ မဟုတ်ဘူးပေါ့။ အန်တီ တို့ သိသလောက် ကတော့။ ဒီမှာကတော့ ခိုင်မာတဲ့ အထောက် အထားရှိမှ ဆိုတော့ စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်လာမှ တိုင်ရသလို ဖြစ်နေတာပေါ့။ အမှန်ကတော့ ကောလာဟလ အဆင့်မှာ ကတည်းက၊ မသင်္ကာ ကတည်းက အဂတိတိုက်ဖျက်ရေး ကော်မရှင်က နိုင်ငံတကာမှာဆို ပြောပါတယ်။ သူတို့က စောင့်ကြည့် နေ ပြီးတော့ ဒီအမတ် တစ်ယောက် ဟာ သူရတဲ့ ဝင်ငွေနဲ့ မလျော်တဲ့ အဆင့်အတန်း ရှိနေပြီ၊ ဒီအစိုးရ အဖွဲ့ဝင် တစ်ယောက်ဟာ သူရတဲ့ ဝင်ငွေနဲ့ မလျော်တဲ့ အဆင့်အတန်းနဲ့ နေထိုင် စားသောက် လုပ်ကိုင်နေပြီဆို ကတည်း က နိုင်ငံတကာက ကော်မရှင်တွေ ကတော့ စစ်တာပဲ။

ငြမ်းမီဒီယာ – အန်တီနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ အစိုးရကိုပဲ အပြစ်ပြောနေတယ်၊ ထိုးနှက်နေတယ် ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေ၊ ကန့်ကွက်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တော့ရော ဘာများပြောချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr NNT – အန်တီကတော့လေ အရင်အစိုးရ ခေတ်ကတည်းကိုက အစိုးရကို ဝေဖန်လို့ဆိုပြီး အမြဲတမ်း တိုက်ခိုက် ခံရတာပဲ။ နောက်ဆုံး အသက် အန္တရာယ် ကို ခြိမ်းခြောက်တဲ့ အထိ အိမ်မှာမြွေတွေ ဘာတွေ လွှတ်တဲ့ အထိ ခြိမ်းခြောက်ခံရတာ ရှိတာပဲ။ အခုလို ဝေဖန်တဲ့ သူတွေ အပေါ်မှာ ဘာမှတော့ မပြောချင်ဘူး။ သူတို့ အန်တီ့ရဲ့ ရာဇဝင်ကို မသိလို့ ဝေဖန် တယ်လို့ပဲ သတ်မှတ်ပါတယ်။ အခု အစိုးရ ခေတ်မှာမှ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ များလာတာကိုး။ အန်တီက အရင်အစိုးရ ခေတ်ကတည်းက တစိုက်မတ်မတ် ဝေဖန် ထောက်ပြခဲ့ တယ်ဆိုတဲ့ အန်တီ့ရဲ့ သမိုင်း အစဉ်အလာကို မသိတော့လည်း။ အထူးသဖြင့် လော်ဘီ အုပ်စုတွေပေါ့။ စနစ်တကျ တိုက်ခိုက်တာတွေ ရှိတယ်။ အန်တီ့ Page ကို စောင့်ကြည့် ပြီးတော့ ဘက် နှစ်ဘက်စလုံးက ညှပ်ပြီး အမြဲတမ်း တိုက်ခိုက်တာကို ခံရတယ်။ ဒါပေမဲ့လည်း ပြည်သူလူထု အတွက် အန်တီက လိပ်ပြာ သန့်သန့်နဲ့ လုပ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် ဘာမှတော့ နောင်တ မရဘူး။ သေသေချာချာ လေ့လာ သုံးသပ် ဆင်ခြင်အား ရှိစေ ချင်တယ်။ ကိုယ်ဝေဖန်တော့မယ် ဆိုရင် ဝေဖန်မယ့်သူက ဘယ်လို လူမျိုးလဲ ဆိုတာ သေသေချာချာ သိစေချင်တယ်။ ဥပမာ အားဖြင့် အန်တီက ဒေါက်တာညိုညိုသင်း။ အစိုးရ ကို မဝေဖန်လို့ ရှိရင်လည်း အန်တီသည် ဥပဒေ ပညာရှင် ဒေါက်တာညိုညို သင်း အနေနဲ့ နေနိုင်၊ စားနိုင်တယ်။ ဘာကြောင့်အစိုးရ ကို ထောက်ပြပေးနေလဲ၊ ဝေဖန် ပေးနေလဲ ဆိုတော့ အန်တီလိုမျိုး အစိုးရကို ဝေဖန် ထောက်ပြနိုင်တဲ့ လူက အရမ်းနည်းနေလို့။ အန်တီ့ ဝေဖန်ထောက်ပြ ချက်တွေ ကလည်း အန်တီ့ ကိုယ်ကျိုး စီးပွား တစ်ခုမှ မပါဘူး။ ပြည်သူလူထု အတွက်ပဲ။ လူထုနစ်နာမှုကို အန်တီ ထောက်ပြဝေဖန်ခြင်း အားဖြင့် သက်ဆိုင်ရာလူတွေက နည်းနည်း ကိုယ်ရှိန်တန့် သွားတဲ့ သဘောမှာ ရှိတယ်။ အမြဲတမ်း။ ဒါကြောင့် အန်တီက ဝင်ဝင်ပြော ပေးရတာ။ အန်တီ အနေနဲ့ကတော့ အစိုးရကို ဝေဖန်လည်း ဒေါက်တာ ညိုညိုသင်း ပဲ။ မဝေဖန်လည်း ဒေါက်တာ ညိုညိုသင်း ပဲ။ အန်တီ့ရဲ့ ကိုယ်ကျိုးစီးပွား ဘာမှ ကျသွား တာ မရှိဘူး။ သို့သော်လည်း အန်တီ ဝေဖန် လိုက်လို့ အကျိုးရှိ သွားတာက ပြည်သူ လူထုပဲ ဖြစ်တယ်။ အဲဒါကိုတော့ အန်တီက သေသေချာချာ နားလည်စေချင်တယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,