လူနည်းစုတိုင်းရင်းသားတွေဖြစ်တော့ ရွေးချယ်ခံရဖို့ အားနည်းပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ULTK / ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလေသာကျော်

တိုင်းရင်းသားမျိုးနွယ်စုတစ်ခုရဲ့ နာမည်ကို ဒီလိုမှားယွင်းဖော်ပြခြင်းဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ စရိုက်လက္ခဏာမဟုတ်ဘူး …

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလေသာကျော်အား ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ဆောင်ရွက် ထားမှုများ အပါအဝင် ပါတီ၏မူဝါဒနှင့် ရည်ရွယ်ချက်များ၊ လူနည်းစုတိုင်းရင်းသားတို့၏ အခြေအနေ တချို့ ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပါတီသမိုင်းကြောင်းနဲ့ နိုင်ငံရေးမူဝါဒကို အကျဉ်းပြောပေးပါ။

ULTK – ကျနော်တို့က တိုင်းရင်းသားလူနည်းစုတွေဖြစ် တာကြောင့် ပါတီက ခမီတိုင်းရင်းသား တစ်ခုလုံးကိုအခြေခံပြီး ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ပါတယ်။ ခမီတိုင်းရင်းသားတွေ အားလုံးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီတည်ထောင်ခွင့်ကို ၂၀၁၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှာရခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှာ ပါတီအမှတ်စဉ် (၃၇) နဲ့ ပါတီမှတ်ပုံတင်ကျပါတယ်။

ကျနော်တို့က တိုင်းရင်းသားမျိုးနွယ်စုငယ်ပါတီဖြစ်တာကြောင့် တိုင်းရင်းသားလူနည်းစုတွေ အတွက် တန်းတူညီခွင့်၊ လွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခွင့်တွေရရှိအောင် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပါတီကိုဖွဲ့စည်းခဲ့တာပါ။

တိုင်းရင်းသားပါတီတွေ၊တိုင်းရင်းသားတွေအားလုံးကို မျက်ကွယ်ပြုလိုက်တယ်

အထူးသဖြင့် ခမီတိုင်းရင်းသားတို့ရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ (National Identity) ကို မပျောက်ပျက်အောင် ထိန်းသိမ်း နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူး ဆိုရင်လည်း ကျနော်တို့တခြားမြို့နယ်တွေမှာ ပြောင်းပြီးအရွေးခံဖို့ မဖြစ်နိုင်ပါဘူး။ …

ပါတီမှာ မူဝါဒအားဖြင့်တော့ (၄) ချက် ချမှတ်ထားပါတယ်။ နံပါတ်တစ်အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ကမ္ဘာ့အလယ်မှာ ခိုင်မာစွာရပ်တည်နိုင်အောင် တိုင်းရင်းသားအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ရေးဖြစ်တယ်။

နံပါတ်နှစ်ကတော့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ တိုင်းရင်းသား အားလုံးနဲ့ အတူ လက်တွဲဆောင်ရွက်ရေးဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်နံပါတ်သုံး အချက်ကတော့ ခမီတိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက် ရင်း တခြား တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုတွေကို အားပေးကူညီ သွားဖို့ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ခမီတိုင်းရင်းသားတို့ရဲ့ အမျိုးသားရေး သွင်ပြင်လက္ခဏာ (National Identity) ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၀ ရွေးကောက်ပွဲမှာ (၃) နေရာဝင်ပြိုင်ခဲ့ရာကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ (၅) နေရာအထိတိုးပြီးဝင်ပြိုင် ခဲ့တာ တွေ့ရ ပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာရော ဘယ်နှနေရာ လောက်အထိ ဝင်ပြိုင်ဖို့စီစဉ်ထားပါသလဲ။

ULTK – အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ (၃) နေရာလောက်ပဲဝင်ပြိုင်ဖို့ လတ်တလော စီစဉ်ထားပါတယ်။ ဝင်ပြိုင်ဖို့ ရွေးချယ်ထားတာကတော့ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ ဘူးသီးတောင်ဆိုပြီး မြို့နယ်လေးခုရွေးချယ်ထားပေမယ့် တိတိကျကျတော့ မဆုံးဖြတ် ရသေးပါဘူး။

တိုင်းရင်းသားတွေ လိုလားချက်တွေကို NLDအစိုးရ အကောင်အထည်မဖော်နိုင်ဘူး

ငြမ်းမီဒီယာ – အခုလက်ရှိရွေးချယ်ထားတဲ့မြို့နယ်တွေက စစ်ရေးအခြေအနေတင်းမာနေတဲ့ မြို့နယ်တွေဖြစ်နေတော့ အကယ်၍ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ အဆင်မပြေ ဘူး ဆိုရင် တခြားနေရာကိုရွေ့ပြီး ဝင်ပြိုင်ဖို့ စီစဉ် ထားတာမျိုးရှိပါသလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ULTK – အဲဒီလိုတော့မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ခမီ တိုင်းရင်းသား မျိုးနွယ်စုတွေ က အဲဒီမြို့နယ် တွေမှာပဲ အများဆုံးနေထိုင်ကြတာဆိုတော့ တကယ်လို့ အဲဒီမြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူး ဆိုရင်လည်း ကျနော်တို့တခြားမြို့နယ်တွေမှာ ပြောင်းပြီးအရွေးခံဖို့ မဖြစ်နိုင်ပါဘူး။

တခြားမြို့နယ်တွေမှာက ကျနော်တို့ခမီတိုင်းရင်းသားတွေ သိပ်မရှိပါဘူး။ ကျနော်တို့ ပါတီက ခမီတိုင်းရင်းသားမျိုးနွယ်စုကို အခြေခံ ထားတဲ့ပါတီဖြစ်တာကြောင့် ကိုယ့်လူမျိုးတွေမရှိတဲ့ မြို့နယ်တွေမှာတော့ အရွေးခံဖို့မရှိပါဘူး။

ငြမ်းမီဒီယာ – ခမီတိုင်းရင်းသားဆိုတာ ချင်းတိုင်းရင်းသား မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တယ် လို့ သိထားရတော့ ခမီအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီအနေနဲ့ ချင်းပြည်နယ်ထဲကမြို့နယ် တွေ မှာရော ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံဖို့ အစီအစဉ်မရှိဘူးလား။

ULTK – အဲဒီလိုမျိုးအစီအစဉ်တော့မရှိဘူးခင်ဗျား။ ဒီအချက်ကိုလည်းကျနော် နည်းနည်း ပြောပြ မယ်။ ကျနော်တို့ ရခိုင်ပြည်နယ် ထဲမှာရှိတဲ့ ခမီတိုင်းရင်းသားတွေက ရခိုင်မျိုးနွယ်စုထဲမှာ ပါဝင် ထားပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုက ‘ခမီး’ ပါ။ သူတို့ကို ‘ခမီး’ လို့သတ်မှတ်ထား တယ်။ ကျနော်တို့ခမီတွေကတော့ ဒီ ရခိုင်ပြည်နယ်မှာပဲ အခြေချနေထိုင်ကြတယ်။

ရခိုင်ပြည်နယ်မှာ ဆိုပေမယ့် အဓိက ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင် အဲဒီ ခြောက်မြို့နယ်မှာပဲ အများစု နေထိုင်ကြတယ်။ အဆက်ဆက်က အစိုးရတွေက လည်း ကျနော်တို့ကို ရခိုင်မျိုးနွယ်စုထဲမှာပဲ ထည့်သွင်းထားခဲ့ကြတယ်ခင်ဗျာ။

ဓလေ့ထုံးတမ်းစဉ်လာ အရတော့ ‘ခမီ’ နဲ့ ‘ခမီး’ က တူတာတော့တူပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကျနော်တို့ခမီတွေကို ကျတော့ ရခိုင်မျိုးနွယ်စုဆိုပြီး အဲဒီလိုသတ်မှတ် ထားပါတယ်။ ဘာသာစကားတို့ ဘာတို့မှာတော့ နည်းနည်းပါပါးလောက်ပဲ ကွာပါ တယ်။ ကျန်တဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကတော့ အတူတူပါပဲ။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအနေနဲ့ ဘယ်လိုပြင်ဆင် ဆောင်ရွက်နေပါသလဲ။

ULTK – ကျနော်တို့ခမီတိုင်းရင်းသားတွေအများစု နေထိုင်တဲ့နေရာတွေကိုတော့ ရွေးကောက်ပွဲ အတွက် တရားဝင်စည်းရုံးခွင့် ရတဲ့ အချိန်မှာ သွားရောက်စည်းရုံးနိုင်ဖို့ ပြင်ဆင် ထားပါတယ်။ နောက် ဒီကြားထဲမှာလည်း ပါတီဝင်တွေက သူတို့နဲ့နီးစပ်ရာနီးစပ်ရာကို ပြောဆိုထားတာ မျိုးတွေတော့ ရှိပါတယ်။

လူမျိုးကြီးတွေရဲ့ စိတ်ထဲမှာတော့ သူတို့အတွက် ဘယ်လိုမှ မခံစားရတာ၊ သတိမထားမိတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တချို့အခြေအနေတွေမှာ …

ကျနော်တို့မှာ ပါတီဝင်အင်အားက (၆၀၀) နီးပါးရှိပါတယ်။ တစ်ခုရှိတာက ကျနော်တို့က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်း ရွေးချယ် ခံရဖို့ကတော့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့က ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီး နေရတဲ့ လူနည်းစုတိုင်းရင်းသားတွေဖြစ်တော့ ရွေးချယ်ခံရဖို့ကတော့ အားနည်းပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ နိုင်ငံရေးပါတီဥပဒေအရ အနည်းဆုံး (၃) နေရာဝင်ရောက်ယှဉ်ပြိုင်မှ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည် ခွင့် ရှိတော့ ကျနော်တို့အနေနဲ့ (၃) နေရာကိုတော့ ဖြစ်အောင် ယှဉ်ပြိုင်ရမှာပါ။

တိုင်းရင်းသားတွေရဲ့ဝန်းရံမှု၊ ပေးဆပ်ခဲ့မှုတွေ အလဟဿဖြစ်ကုန်တယ်

ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ အသေးစိတ်ကိစ္စတွေကိုတော့ လာမယ့်ဇူလိုင်လပထမ သီတင်းပတ် ထဲမှာ လုပ်မယ့် ပါတီအစည်းအဝေး ကျတော့မှ ဆုံးဖြတ်နိုင်မှာပါ။

ငြမ်းမီဒီယာ – လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ် တော့ တခြားသော အင်အားကြီး တိုင်းရင်းသားမျိုးနွယ်စုတွေက ခွဲခြား ဆက်ဆံတာတွေ၊ ဖိနှိပ်တာမျိုးတွေရှိပါသလား။

ULTK – အဲဒီကိစ္စတွေက လုံးဝမရှိဘူးလို့တော့ ပြောရခက်ပါတယ်။ ဒီကိစ္စတွေက ပြောရတာလည်း ခက်ပါတယ်။ မျိုးနွယ်စုကြီး တွေနဲ့ မျိုးနွယ်စုငယ်တွေကြားထဲမှာတော့ ဒီကိစ္စတွေက ဖြစ်လေ့ဖြစ်ထတော့ရှိတတ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ ဓမ္မတာတစ်ခုလိုတောင်ဖြစ်နေပါပြီ။ လူမျိုးကြီးတွေရဲ့ စိတ်ထဲမှာတော့ သူတို့အတွက် ဘယ်လိုမှ မခံစားရတာ၊ သတိမထားမိတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တချို့အခြေအနေတွေမှာဖြစ်တတ်တဲ့ တချို့ကိစ္စတွေ မှာတော့ ကျနော် တို့ လူနည်းစုတိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ ဒီလိုမျိုးခံစားရတာတွေရှိပါတယ်။

လက်ရှိ အစိုးရက အလေးထား ဆက်ဆံ တာ မျိုး သိပ်မရှိဘူးလို့ပဲ ပြောရမှာ ပေါ့။ အထူးသဖြင့် ကျနော်တို့လို လွှတ်တော်ကိုယ်စားလှယ် အနိုင်မရတဲ့ ပါတီတွေ အပေါ်မှာဆို …

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်နေကြတဲ့ ခမီတိုင်းရင်းသားဦးရေ ဘယ်လောက်ရှိပါသလဲ။

ULTK – ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ကျနော်တို့ခမီတိုင်းရင်းသားဦးရေက ခန့်မှန်းချေ တစ်သိန်း ဝန်းကျင်လောက် ရှိပါတယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး လက်ရှိအစိုးရရဲ့အသိအမှတ်ပြု ဆောင်ရွက်ပေးမှု အခြေအနေကို နိုင်ငံရေးပါတီအတွင်းရေးမှူး တစ်ယောက်အမြင်နဲ့ ဆို ဘယ်လိုသုံးသပ်မလဲ။

ULTK – ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေကို လက်ရှိအစိုးရက သိပ်အလေးမထားတဲ့ သဘောမျိုး မြင်ရပါတယ်။ ရေလာမြောင်းပေးသဘော လောက်တောင်မရှိပါဘူး။

ပြောမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားပါတီတွေအပေါ်မှာ လက်ရှိ အစိုးရက အလေးထား ဆက်ဆံ တာ မျိုး သိပ်မရှိဘူးလို့ပဲ ပြောရမှာ ပေါ့။ အထူးသဖြင့် ကျနော်တို့လို လွှတ်တော်ကိုယ်စားလှယ် အနိုင်မရတဲ့ ပါတီတွေ အပေါ်မှာဆို ပိုဆိုးတာပေါ့။ ကျနော်တော့ အဲဒီလိုပဲ ခံစားမိပါတယ်။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲကိုရော တရားမျှတမှုရှိလိမ့်မယ်လို့ မျှော်လင့် ထားပါသလား။

ULTK – ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေချင်ပါတယ်။ တကယ်ကျင်းပတဲ့အခါမှာလည်း တရား မျှတမှု ရှိနိုင်ပါစေလို့ ကျနော်တို့ဆုတောင်းပါတယ်။

လူထုဆန္ဒနဲ့မကိုက်ညီရင် လူထုကလည်း သူတို့ရွေးချယ်မှုကို ပြန်သုံးသပ်မှာပဲ – အပိုင်း (၁)

ငြမ်းမီဒီယာ – လက်ရှိ NLD အစိုးရရဲ့ အမျိုးသားသင့်မြတ်ရေးဆောင်ရွက်ချက်တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် တွေဟာ တိုင်းရင်းသားတွေအတွက် ဘယ်လောက် ထိရောက် အကျိုးရှိတယ်လို့ အကဲခတ်မိပါသလဲ။

ULTK – သူတို့ရဲ့ အဲဒီလုပ်ဆောင်ချက်တွေမှာ အားနည်းချက်တွေရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ကျောင်းသုံးသင်ရိုးထဲမှာတောင်မှ ကျနော်တို့ ခမီလူမျိုးနာမည်ကို တလွဲဖော်ပြနေတယ်။

ကျနော်တို့တိုင်းရင်းသားမျိုးနွယ်စုရဲ့ နာမည် ကို ကျောင်းသုံး ပြဌာန်းချက် စာအုပ် မှာ လွဲမှားစွာဖော်ပြထားချက်ကို အမြန်ဆုံးပြင် ဆင်ပေး …

သတ္တမတန်းသင်ရိုး ပြဌာန်းချက်ထဲမှာရေးသားဖော်ပြထားတဲ့ အဲဒီ ‘ခမွီး’ ဆိုတဲ့အသုံးအနှုန်းကို ကျနော်တို့ ခမီ တိုင်းရင်းသားတွေ အနေနဲ့ ဘယ်လိုမှလက်ခံလို့မရပါဘူး။ ဒီ ခမီ ဆိုတဲ့ အသုံးအနှုန်း ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း ‘ခမီ’ လို့ သုံးခဲ့ ပါတယ်။

အခု NLD အစိုးရလက်ထက်ရောက်မှ ကျနော်တို့ကို ဒီလိုအသုံးအနှုန်းနဲ့ ကျနော်တို့ခမီ လူမျိုးတွေ ကို သုံးနှုန်းတယ်ဆိုတာကတော့ တော်တော်ကို စိတ်မသက်သာစရာဖြစ်ရပါတယ်။ ဒါကို ကြေညာချက်ထုတ်ကန့်ကွက်ဖို့ ခမီစာပေနဲ့ယဉ်ကျေးမှုကော်မတီကလည်း ပြင်ဆင်နေ ပါပြီ။ ဒီအချက်တွေကိုကြည့်ရင် လက်ရှိအစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် အလေးထားမှု ဆိုတာဟာ အားနည်းချက် တွေ ရှိနေတယ်လို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

ULTK – လက်ရှိအခြေအနေအရ ပြောရမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားမျိုးနွယ်စုရဲ့ နာမည် ကို ကျောင်းသုံး ပြဌာန်းချက် စာအုပ် မှာ လွဲမှားစွာဖော်ပြထားချက်ကို အမြန်ဆုံးပြင် ဆင်ပေးဖို့ ပြောချင်ပါတယ်။

တိုင်းရင်းသားမျိုးနွယ်စုတစ်ခုရဲ့ နာမည်ကို ဒီလိုမှားယွင်းဖော်ပြခြင်းဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ စရိုက်လက္ခဏာမဟုတ်ဘူး ဆိုတာကို နိုင်ငံကိုဦးဆောင် နေတဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ သိနားလည်လိမ့်မယ်လို့ ကျနော်တို့ ခမီတိုင်းရင်းသားတွေက ယူဆပါတယ်။

ဒါကြောင့် တာဝန်ရှိသူသူတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးထိထိရောက်ရောက် အလေးထား ဆောင်ရွက်ပေးပါလို့ ကျနော်ပြောချင် ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,