လူမဆန်သည့်လုပ်ရပ် ဆက်လက်ကျူးလွန်ပါက နိုင်ငံတကာ စစ်ခုံရုံးသို့ရောက်အောင် ဆောင်ရွက်သွားမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လူမဆန်သည့်လုပ်ရပ်ကို ဆက်လက်ကျူးလွန်နေမည်ဆိုပါ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို နိုင်ငံတကာ စစ်ခုံရုံးသို့ရောက်အောင် နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း…

စက်တင်ဘာ(၁)၊၂၀၁၉၊ရန်ကုန်

လူမဆန်သည့်လုပ်ရပ်ကို ဆက်လက်ကျူးလွန်နေမည်ဆိုပါ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို နိုင်ငံတကာ စစ်ခုံရုံးသို့ရောက်အောင် နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ယနေ့ (စက်တင်ဘာလ၊၁ရက်)ကြေညာချက်ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သေဆုံး၊ဒဏ်ရာရခဲ့သည့် အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ယခုကဲ့သို့ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သြဂုတ်လ(၃၁)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ(၅)ဦး သေဆုံးခဲ့ပြီး(၃)ဦးဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးမှုတွင်လေးလသားအရွယ်ကလေးငယ်တစ်ဦး၊ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး၊၁၄ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ပါဝင်သည်။

လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူ မျာကိုရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည် တိုက်ခိုက်လာခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်သည်သာမက အပြည်ပြည်ဆိုင်ရာစစ်ဥပဒေ ကိုလည်း ထိပါးစော်ကားရာရောက်ကြောင်းနှင့်ထိုကဲ့သို့သောလုပ်ရပ်ကို လုံးဝကန့်ကွက်ရှုတ်ချသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ကြေညာချက်တွင်ရေးသားထားသည်။

အပြစ်မဲ့ပြည်သူ(၅)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဝမ်းနည်းကြေကွဲရပါကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ကွတ်ခိုင်မြို့နယ်ရှိ မော်ဟိတ် – ခါနန် နှစ်ခြင်းအသင်းတော်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သြဂုတ်လ(၃၁)ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့်သေဆုံး ခဲ့သည့် လသားအရွယ် ကလေးငယ်နှင့်လေးဦး အား ကွတ်ခိုင်မြို့၊ ခရစ်ယာန်သုသာန်တွင် ယနေ့(စက်တင်ဘာလ၊၁ရက်) မြေမြှုပ်သဂြိၤုဟ်ခဲ့သည်။

ဓာတ်ပုံ – နယ်စည်းမခြာပရဟိတ(သီပေါ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့်လေးလသားအရွယ်ကလေးငယ်(ပုံ -၁)

လက်နက်ကြီးကျည်ထိမှန်မှုကြောင့်သေဆုံးခဲ့သည့် လသားအရွယ် ကလေးငယ်နှင့်လေးဦး အား ကွတ်ခိုင်မြို့၊ခရစ်ယာန်သုသာန်တွင် ယနေ့(စက်တင်ဘာလ၊၁ရက်) မြေမြှုပ်သဂြိၤုဟ်(ပုံ -၂)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။