အမုန်းစကားဖြန့်ဖြူးသူများ၊လှုံ့ဆော်သူများနှင့် အမျိုးသားရေးအမည်ခံ အစွန်းရောက်များ အား အစိုးရအနေဖြင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်သော်လည်း ပျက်ကွက်လစ်ဟာမှုများရှိနေဆဲဖြစ် …
MSCO
မြန်မာနိုင်ငံတွင် လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးညီညီညွတ်ညွတ်ဖြင့် အေးအေးချမ်းချမ်းနေနိုင်ခြင်းသည် နိုင်ငံ၏သိက္ခာ ဖြစ်သည်ကို အားလုံးသဘောပေါက်စေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ(၂၃)ရက်နေ့က တမူးမြို့နယ်သို့ရောက်ရှိနေစဉ် ဒေသခံပြည်သူများနှင့် တွေ့ဆုံချိန်၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး။ဆင်းရဲချမ်းသာ တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ …
“တစ်ဦးနဲ့ တစ်ဦး လေးစားရမယ်၊ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားရမယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရမယ်။ ကိုယ်နဲ့ မတူတဲ့သူတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးဆေး ဆေး၊ ပျော်ပျော်ရွှင်ရွှင်နေနေတာကို မြင်ရင် စိတ်ချမ်းသာရမယ်။အဲဒီအရာတွေ ကို အမြဲဂုဏ်ယူပါတယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
MSCO
နိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးစု မျိုးစုံ၊နိုင်ငံသူနိုင်ငံသား မျိုးစုံ တို့သည် တစ်ဦး နှင့်တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်သည်ကို တွေ့ရပါက ၎င်းအနေဖြင့် ဂုဏ်ယူစိတ်ချမ်းသာရပြီး ထိုကဲ့သို့သော အခြေအနေသည် နိုင်ငံ၏အင်အားဖြစ်ပြီး အနာဂတ်ကို တည်ဆောက်ရမည့် ပြည်ထောင်စုကြီး၏ အခြေခံ စိတ်ဓာတ်လည်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကိုးကွယ်ရာဘာသာ၊လူမျိုး အပေါ်တည်၍ ခွဲခြားဆက်ဆံမှုများ၊ဖိနှိပ်မှုများ ရှိနေသည်။ယင်းအပြင် လူ့အဖွဲ့အစည်းအတွင်းရှိ တည်ငြိမ်အေးချမ်းမှုနှင့်သဟဇာတဖြစ်မှုအား ပျက်ပြားစေသည့် …
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး။ဆင်းရဲချမ်းသာ တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟု ပြဌာန်းထားသည်။
MSCO
ထိုကဲ့သို့ပြဌာန်းထားသော်လည်း ကိုးကွယ်ရာဘာသာ၊လူမျိုး အပေါ်တည်၍ ခွဲခြားဆက်ဆံမှုများ၊ဖိနှိပ်မှုများ ရှိနေသည်။ယင်းအပြင် လူ့အဖွဲ့အစည်းအတွင်းရှိ တည်ငြိမ်အေးချမ်းမှုနှင့်သဟဇာတဖြစ်မှုအား ပျက်ပြားစေသည့် အမုန်းစကားဖြန့်ဖြူးသူများ၊လှုံ့ဆော်သူများနှင့် အမျိုးသားရေးအမည်ခံ အစွန်းရောက်များ အား အစိုးရအနေဖြင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်သော်လည်း ပျက်ကွက်လစ်ဟာမှုများရှိနေဆဲဖြစ်သည်။