လူမျိုးရေးမုန်းတီးမှုတွေပိုများလာတယ်။ တိုင်းပြည်အတွက် မကောင်းဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး

တချို့အပိုင်းတွေမှာ တပ်မတော်နဲ့ ဘယ်လောက်ကွဲကွဲ ရဲရဲတင်းတင်း လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ရမယ်လို့ မြင်တယ်။ အဲဒီလိုမလုပ်ခဲ့တဲ့ အခြေအနေတွေက သုံးလေးနှစ်ဆိုတော့ ပုံပြီး ဒီလေးနှစ်ကာလမှာ . . .

ပြည်သူရွေးကောက်တင်မြှောက်ခဲ့သည့်အစိုးရလက်ထက် တွင် လူထုမျှော်လင့်ချက်၊ လိုအပ်ချက်တွေ ဖြစ်ခဲ့ရဲ့လား။ ငြိမ်ချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောထားနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်း အခြေအနေများကို ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု တည်ထောင်သူ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးနှင့် ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းခဲ့သည်။

ငြမ်း – ပြည်သူရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရသက်တမ်းက နောက်ရွေးကောက်ပွဲတစ်ခုတောင် လာတော့မယ်။ အဲတော့ ဒီနေ့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ၊ လိုအပ်ချက်တွေ ဖြစ်ခဲ့ရဲ့လား။ ဘယ်လိုအခြေအနေရှိသလဲ။

UMA – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ရွေးကောက်ပွဲကာလမှာ ကြွေးကြော်ခဲ့တာ အချက်သုံးချက်။ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေး။ ပြန်ကြည့်မယ် ဆိုရင် တရားဥပဒေ စိုးမိုးရေးကလည်း ကျွန်တော့်အမြင် သိပ်ပြီးတော့ မအောင်မြင်ဘူး ထင်တယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ဗစ်တိုးရီးယားကိစ္စဆို ဟိုလိုလိုဒီလိုလို ဖြစ်နေတယ်။ ဒါက ဒီနေ့အနီးစပ်ဆုံး ဖြစ်နေတာကို ထောက်ပြတာ။ ဒီမတိုင်ခင် သုံးလောင်းပြိုင်တို့၊ လေးလောင်းပြိုင်တို့ ဖြစ်သွားတာ၊ နောက်တစ်ခုက သာကေတမှာသတ်သွားတဲ့ တရားခံကို မမိနိုင်တဲ့ကိစ္စတွေ။တရားဥပဒေစိုးမိုးရေး က လျော့တိလျော့ရဲ ဆန်သလားလို့ မြင်တယ်။ လူ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ကိစ္စ တွေ ကတော့ အများကြီးပြောစရာရှိတယ်။ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို ပြန်ကြည့်ရင် NLD အစိုးရ လက်ထက်မှာ နဂိုထိုးခဲ့တဲ့ အဖွဲ့ ရှစ်ဖွဲ့ရှိတယ်။နောက်နှစ်ဖွဲ့ ထပ်တိုးတယ်။ မွန်ပြည်သစ်ပါတီနဲ့ လားဟူ။ ဒါပေမယ့် နှစ်ဆယ့်တစ်ပင်လုံကို ခြောက်လတစ်ကြိမ် လုပ်မယ်လို့ တိုင်မင်ခေါ်ခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာပြည်မှာ နိုင်ငံရေးစံနှုန်းတွေ ဘယ်လောက်ပြောပြော တကယ်တမ်းပြဿနာဖြစ်လာရင် စံနှုန်းတွေက အနောက်ကို ရောက်သွားပြီး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်တာပဲ။ လက်နက်ကိုင် …

အခု ၂၀၁၉ ထဲမှာ မဖြစ်တော့ ဟိုတနေ့က သမ္မတရုံးက ဦးဇော်ဌေးက ၂၀၂၀ မှာ လုပ်မယ်လို့ ပြောတဲ့ဟာကို ကြားရတယ်။ အဲဒီတော့ နှစ်ဆယ့်တစ်ပင်လုံရဲ ဆွေးနွေးတဲ့အချက် ရလဒ် (၅၁) ချက်ရှိတယ်။ အဲဒီ (၅၁) ချက်က ဖက်ဒရယ်ကို ဘယ်လောက်ထိ ဦးတည်စေသလဲဆိုတာ ပြန်ဆန်းစစ်ရင် မယ်မယ်ရရမရှိဘူးလို့ပဲ ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီကြားထဲမှာ ရခိုင်ဘက်မှာရှိတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ကြီးထွားရာကတဆင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ မြန်မာပြည်က မကောင်းတဲ့ သတင်း တွေနဲ့ ရောက်သွားတာသွား တွေ့ရတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေမှာဆိုရင် ပြည်တွင်း စစ်တွေက ရခိုင်ဒေသမှာ အေအေနဲ့ တိုက်ပွဲတွေများစွာဖြစ်တာ တွေ့ရတယ်။ ၊ဒီဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာပဲ မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ ဆိုတာပေါ်လာတယ်။ မြောက်ပိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြဿ နာတွေ ပေါ်လာတယ်။

ငြမ်းမီဒီယာ – ကိုမြအေးဆိုလိုတာက NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ထိုက်သင့်သလောက် မအောင်မြင်ဘူးလို့ ပြောတာလား။

UMA – ထိုက်သင့်သလောက် မအောင်မြင်ဘူးလို့ ပြောတာ မဟုတ်ဘူး။ မအောင်မြင်ဘူးလို့ တည်တည့်ပြောတာပါ။ ကျွန်တော် မြင်တာကတော့ အဲဒီအတိုင်းပဲ။ NCA က ကြိုးပြတ်သွားပြီလို့မြင်တယ်။

ငြမ်းမီဒီယာ – အဲဒါက NLD အစိုးရမှာပဲ တာဝန်ရှိတာလား။ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေကိုရော ကိုမြအေးဘယ်လို သုံးသပ်မိလဲ။ ဘာပြောချင်လဲ။

UMA – တစ်ခုရှိတာက ရှောင်ပြောရင်လည်းရတယ်။ ကျွန်တော် ရှောင်မပြောချင်ဘူး။ ရှောင်ပြောမယ်ဆိုရင် ပြည်ထဲရေး ဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဝန်ကြီးဌာန သုံးခုကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ရတာလေ။ အဲတော့ ကာကွယ်ရေး ဦးစီး ချုပ်ရဲ့ သဘောထားဆန္ဒနဲ့ တပ်မတော်သဘောထားဆန္ဒမပါဘဲ NLD ဘာမှလုပ်လို့မရဘူးဆိုတာ နားလည်တယ်။ နားမလည်တာ မဟုတ်ဘူး။ အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်တဲ့အခါမှာ တပ်နဲ့ပဲရင်ကြားစေ့ရေး တည်ဆောက်လို့ မရဘူး။ တိုင်းပြည် အတွင်းမှာ အကွဲကွဲ အပြဲပြဲဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ပါ တည်ဆောက်ရမှာဖြစ်တယ်။ အကွဲကွဲဖြစ်နေတဲ့ လူ့အဖွဲ့အစည်း အချင်းချင်းကြားမှာလည်း သဟဇာတဖြစ်ဖို့ ပြန်တည်ဆောက်ရမှာ။ အဲတော့ ဒီတည်ဆောက်မှု အလားသဏ္ဍာန်တွေကတော့ ကျွန်တော်ကတော့အကောင်းဘက်ကို မမြင်ဘူး။ ဒါ တစ်ချက်။ အစိုးရမှာ အခက်အခဲရှိတယ်ဆိုတာ နားလည်ပါတယ်။ဒါပေမယ့် နိုင်ငံတော်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ်တယ်လေ။ ဒီသမ္မတရဲ့ အောက်မှာမှ အင်္ဂါစဉ်အရသွားတာ။ တချို့ အပိုင်းတွေမှာ တပ်မတော်နဲ့ ဘယ်လောက်ကွဲကွဲ ရဲရဲတင်းတင်း လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ရမယ်လို့ မြင်တယ်။ အဲဒီလို မလုပ်ခဲ့တဲ့အခြေအနေတွေက သုံးလေးနှစ်ဆိုတော့ ပုံပြီး ဒီလေးနှစ်ကာလမှာ သွားပြီး ဘလော့ဂ် (Block) သွားဖြစ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။

ငြမ်းမီဒီယာ – လက်နက်ကိုင်မှာ တပ်မတော်တစ်ခုတည်းမဟုတ်ဘူး။ အခြားအဖွဲ့အစည်းတွေပါရှိတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပါဝင်ပတ်သက်မှု၊ ဒီအပေါ်ရပ်တည်ထားတဲ့သူတို့အခြေအနေကိုရော ကိုမြအေး ဘယ်လိုသုံးသပ်မိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်းရဲ့ အကျိုးစီးပွား။ အကျိုးစီးပွားဆိုတာ သူတို့လူမျိုးစုဆိုင်ရာ ကိစ္စ ကိုပြောတာနော်။ ဒီ အကျိုးစီးပွားတွေကတော့ တူနိုင်မယ်မထင်ဘူး။ ပဋိပက္ခတွေကလည်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအချင်းချင်းကြားမှာရှိတယ်။ ဒါက အကုန်လုံးမြင်ကြပါတယ်။ ဥပမာ TNLA နဲ့ RCSS ထိတွေ့မှုတွေ ဖြစ်တဲ့ကိစ္စကအစ မြင်နေရတာပဲ။ အဲလိုရှိကြတယ်။ ဒါပေမယ့်ပြဿနာက ဘာလဲဆိုတော့ မြန်မာပြည်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ကိစ္စက တိုင်းရင်းသား အားလုံးရဲ့ ဘုံသဘော တူညီချက်။ ဒါက UNFC ကာလကတည်းက အကုန်ပါတဲ့ဟာကိုပြောထားတာ။

တိုင်းရင်းသား လက်နက်ကိုင်လုပ်လည်းကျွန်တော်လက်မခံဘူးဗျာ။ အဲဒီကားတွေအပေါ်မှာ စစ်သားတွေ ပါတာမဟုတ်ဘူး။ တပ်ကလုပ်တယ်ဆိုလည်း ကျွန်တော်လက်မခံဘူး။ အဲဒီကားတွေပေါ်မှာ …

နောက်တစ်ခုက NCCT မှာ အခုဖြစ်နေတဲ့ AA၊ TNLA၊ MNDA သုံးဖွဲ့လုံးပါတယ်။ စာချုပ်ပြင်တဲ့ထဲမှာကို ပါခဲ့တယ်။ ဒါပေမယ့် လက်မှတ်မထိုးလိုက်ရတဲ့ အကြောင်းက သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ဒီသုံးဖွဲ့ကို ပယ်လိုက်လို့။ အထူးသဖြင့် တပ်ကပယ် လို့။ သူတို့သုံးဖွဲ့ကိုတော့ ပေးမထိုးနိုင်ဘူးဆိုတော့ အဲဒီအပေါ်မူတည်ပြီးတော့ အဖွဲ့နှစ်ဆယ်လောက် ပါမယ့်ကိစ္စက ရှစ်ဖွဲ့ပဲ ဖြစ်သွား ရတာဖြစ်တယ်။ အဲဒီအချိန်တုန်းက အဲဒီအဖွဲ့သုံးဖွဲ့က ဒီလောက်အားမကောင်းဘူး။ အခုအား အရမ်းကောင်းသွားပြီ။ နိုင်ငံရေး အရ ကြည့်မယ်ဆိုရင် အားလုံးရဲ့ ဘုံသဘောတူညီချက်သည်ဖက်ဒရယ် စစ်စစ်ပြည်ထောင်စု တည်ဆောက်ချင်တယ် ဆိုတဲ့အပေါ်မှာ တော့ သွားတူတယ်။ တချို့တွေ ဒါကိုကျွံပြီး ပြောဆိုတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် နည်းတယ်။ အခြေခံသဘောတူညီချက်က ဒါပဲ။ NCA စာချုပ်မှာလည်း ဘာပါလဲဆိုတော့ အဲလောက်အဆင့်မဟုတ်ပေမယ့် ဘာပါလဲဆိုတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်မယ် စကားရပ်အတိုင်း သုံးထားတာပါတယ်။ ဒါကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း လက်မှတ်ထိုးထားတယ်။ နိုင်ငံတော်သမ္မတကလည်း လက်မှတ်ထိုးထားတယ်။ တိုင်းရင်းသာလက်နက်ကိုင် ခေါင်းဆောင်တွေလည်း လက်မှတ်ထိုးထားတယ်။ အဲဒီအဆင့်ကို ဘယ်လိုသွားမလဲဆိုတာကို ကျွန်တော်တို့က နိုင်ငံရေးအရ ဖြည်ရမယ်လို့ မြင်တယ်။ တည့်တည့်ပြောရရင် ဖက်ဒရယ်စနစ်တည်ဆောက်ကို တည်ဆောက်မှ ရမယ်လို့ ကျွန်တော်မြင်တယ်။ ဒါမှဒီမိုကရေစီ ရှင်သန်မယ်။ ဒါမှ ငြိမ်းချမ်းမယ်။ အဲဒီဟာကို မသွားနိုင်ဘူး။ ဝေ့နေတယ်။ အဲဒါကိုသွားမယ်ဆိုရင် ကျွန်တော်တို့ Form Of State ကို မဆွေးနွေးလို့ မရဘူး။ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ဖြစ်စဉ် တစ်လျောက်လုံးက အားကြီးတဲ့ အခါမှ စကားပြောတယ်။ အားသေးတဲ့အခါမှာ လုံးဝဂရုမစိုက်ဘူး။ ဒါက လုံးဝလွဲမှားတဲ့ စံပဲ။ လုံးဝလွဲမှားတဲ့ အတွေးအခေါ်ပဲ။

ငြမ်းမီဒီယာ- ဒါဆို ရခိုင်မှာတိုက်ပွဲတွေဖြစ်တာ၊ အခုမြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေက အားကြီးမှအစိုးရက အသိအမှတ် ပြုတယ်ဆိုတဲ့ အခြေအနေကိုရောက်ဖို့ သူတို့ဖော်ဆောင်တယ်လို့ ကိုမြအေးပြောတာလာ။

UMA – ကျွန်တော်တိုက်ရိုက်တော့ မဆိုလိုဘူး။ ဒါပေမယ့် အစဉ်အဆက်က ဒီအတိုင်းတည်ဆောက်လာတာ။ ဥပမာအားဖြင့် “ဝ” ဗျာ။ “ဝ”ဆိုရင် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ့်ဘာသာကိုယ် ရနေတဲ့ ဒေသတစ်ခုလို့သုံးလို့ ရတယ်လေ။ NCA ထဲမှာ လက်မှတ် မထိုးထားဘူး။ နှစ်ဆယ့်တစ်ပင်လုံထဲမှာ ဆိုလည်း သူ့အနေနဲ့ ဝင်ရောက်ဆွေးနွေးမှု အရမ်းနည်းတယ်။ ဒါမြင်မှာပါ။ အဲဒီအပေါ်မှာကျတော့ အစိုးရက တစ်မျိုးဆက်ဆံတယ်။တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကျတော့လည်း ဟိုအဖွဲ့ ကျတော့ တစ်မျိုး၊ ဒီအဖွဲ့ကျတစ်မျိုး အဲဒီလိုကျွန်တော် မဖြစ်စေချင်ဘူး။ ထားပါတော့။ ဒီကိစ္စက ကျယ်ပြန့်လွန်းအားကြီးတယ်။ ကျွန်တော်တို့ စဆွေးနွေးရမယ့်ကိစ္စက ဒီနေ့ဒီအချိန်မှာ လွတ်လပ်ရေးတောင်းဆိုမယ့် အချိန်ကာလလိုပဲ ကျွန်တော် မြင်တာက ဒုတိယပင်လုံပဲ။ ကျွန်တော် နားလည်တာက တိုင်းရင်းသား တွေနဲ့ ပြည်မနဲ့ကြား ပြည်ထောင်စုကြီးကို ငါတို့ဘယ်လို တည်ဆောက် ကြမလဲဆိုတာ သဘောတူညီမှု တစ်ခုယူရတော့မှာ။ အဲဒါ Form Of State။ ဥပမာအားဖြင့် ဘယ်လို ပြည်နယ်တွေနဲ့ ဖွဲ့စည်းမလဲ ဆိုတာ သွားရမယ်။ ဒါသွားပြီး Decentralized လုပ်တာတို့၊ ဘတ်ဂျတ်ခွဲတာတို့။ ဖက်ဒရယ်က ဒါအစပဲ။ ဥပမာ ပြည်နယ်မရသေးတဲ့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရဘူး။ “ ဝ” ကို ဘယ်လိုသဘောထားမလဲ။ “ ဝ” က ပြည်နယ် အတိအလင်းတောင်းထားတာ ရှိတယ်။ ရှမ်းနဲ့ “ ဝ” ကြား ဘယ်လိုညှိပေးမလဲ။ ဟုတ်ပြီ “ ဝ” ကိုဒီလို သဘောထားပြီး အခြား တိုင်းရင်းသားတွေကို ဒီလိုမလုပ်ပေးလို့ မရဘူးလေဗျာ။ ပြည်နယ် ပေးသင့်ပေးအပ်တဲ့ Criteria တွေ ဆွေးနွေးရတော့မှာ မဟုတ် ဘူးလား။ နိုင်ငံရေးက Principle နဲ့သွားရတာ။ဒါတွေကို သွားရမှာလို့ ကျွန်တော်မြင်တယ်။ အဲဒီအဆင့်တွေ မတက်လှမ်းဘဲ ကျန်တဲ့ ဆွေးနွေး ချက်တွေက ယေဘုယျဆန်တတဲ့ဟာတွေပဲ ထွက်လိမ့်မယ်။ ဘာမှဖြစ်မလာဘူး။

ငြမ်းမီဒီယာ – ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်။ လက်နက်ကိုင်တိုက်နေသူတွေက ငြိမ်းချမ်းရေးကို ပိုလိုလားတယ် ဆိုတာမျိုး ပြောဆိုခဲ့တဲ့ အသံတွေရှိခဲ့တယ်။ အခု စစ်ဘေးဒုက္ခသည်တွေရဲ့ ငြိမ်းချမ်းရေးကို တောင်းတတဲ့ဆန္ဒကို ကျွန်တော်တို့ ပိုကျယ်ကျယ်လောင်လောင် ကြားလာရတဲ့အခြေအနေ။ လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားမှာ ပြည်သူတွေရဲ့ အခြေအနေကို မကြည့်ကြတော့ဘူးလား။ ငြိမ်းချမ်းရေးစကား ပြောတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာ စစ်ဘေးဒုက္ခသည် အရေအတွက်က တိုးလာတယ်။ ဒါကိုရော ကိုမြအေး ဘယ်လိုပြောချင်လဲ။

UMA – လက်နက်ဘာကြောင့် ကိုင်သလဲ အကြောင်းတရားကိုတော့ သိဖို့လိုမယ်တော့ ထင်တယ်။ ကျွန်တော့်အမြင် လက်နက် ကိုင်တယ်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများက လူမျိုးရေးအရ၊ သူတို့နယ်မြေအရ၊ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးလို့ နိုင်ငံရေးကြွေးကြော်သံနဲ့ အတူ လက်နက်ကိုင်တယ်။လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ တည်ရှိမှုတွေက သူတို့တည်ရှိ တဲ့ဒေသ လူထုထောက်ခံမှုမရှိရင် သူတို့ရပ်တည်လို့မရဘူး။ ဥပမာအားဖြင့်နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဘယ်လိုဖြစ်သွားလဲ။ တည်ရှိနေတဲ့ဒေသရဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုရမှ။လူထုရဲ့ထောက်ခံမှုရအောင် သူတို့ရဲ့ ရည်မှန်းချက်တွေ၊ နိုင်ငံရေးစံနှုန်းတွေဟာလူထုနဲ့ ထပ်တူထပ်မျှဖြစ်နေတာ သွားတွေ့ရတယ်။ ပြောချင်တာက နိုင်ငံရေးစကားလုံးကို ပြန်ကောက် လိုက်မယ်။ ဒါဆိုရှင်းတယ်။ သူတို့ပြည်နယ်ကို သူတို့လွတ်လွတ်လပ်လပ် စီမံခန့်ခွဲချင်တယ်။ ဒါတရားတယ်။ကျွန်တော်မြင်တာ တရားတယ်။ လက်နက်ကိုင်ထိုးစစ်မဟုတ်ဘူး။ ခုခံစစ်ဖြစ်တယ်။ ပြောရင် ကျွန်တော့်ကို ဝိုင်းဆဲဦးမယ်။ သူတို့ရဲ့အမြင်မှာ သူတို့ စိတ်ထဲမှာ တစ်ချိန်တုန်းက အင်္ဂလိပ်က မြန်မာပြည်ကို ကိုလိုနီလုပ်ထားသလို သူတို့ဒေသတွေကိုပြည်မမှာရှိတဲ့ ဗမာတွေက ကိုလိုနီလုပ်ထားတယ်။ နယ်ချဲ့တယ်လို့ မြင်တဲ့သူတွေ အများကြီးပဲ။ ပြောချင်တာက ဒါက နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခေါင်းဖြတ်သတ်ထားတဲ့ လူသေအလောင်းတွေကိုလမ်းအလယ်ခေါင် ချထားတာ။ ကျွန်တော်တို့နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ မကိုက်ညီတာ။ မြန်မာပြည်မှာ …

အဲတော့ လက်နက်ကိုင်ရင်းနဲ့မှ လက်နက်ကိုင်ထားပြီဆို ဘယ်အဖွဲ့အစည်းမဆို အစိုးရဆိုင်ရာ လက်နက်ကိုင် ထားတဲ့ ပုဂ္ဂိုလ် များရော၊ ဟိုဘက်က လက်နက်ကိုင် ထားတဲ့သူတွေမှာရော ကောင်းတဲ့သူတွေပါသလို ဆိုးတဲ့သူတွေလည်း ပါတယ်။ စစ်ဖြစ်တော့ နှစ်ဖက် ကြားမှာ ကြားထဲက ပြည်သူက မြေဇာပင်ဖြစ်တယ်။ ပြည်သူလူထု မြေဇာပင်ဖြစ်ရတဲ့အတွက် လက်နက်အဖွဲ့ နှစ်ဖွဲ့လုံး မဟုတ်ဘူး ဆိုတဲ့ တရားကလည်း မှန်တယ်လို့ တစ်ရာရာခိုင်နှုန်း ယူဆလို့မရဘူး။ လက်နက်ကိုင်တဲ့အကြောင်းတရားကိုသိမှ လက်နက် ကိုင်တိုက်ပွဲတွေ လျော့အောင်လုပ်လို့ရမယ်။ လက်နက်ကိုင်တဲ့ အကြောင်းတရားသည် နိုင်ငံရေးပြဿ နာဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေးပြဿ နာကို ပြေလည်အောင်ဖြေရှင်းဖို့က နိုင်ငံရေးသမားတိုင်းမှာတာဝန်ရှိတယ်။ ကျွန်တော် အဲအတိုင်း မြင်တယ်။ ဖြေရှင်း ပါလျက်နဲ့လက်နက် ဆက်ကိုင်ထားမယ် ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်ထားတဲ့ ကာလပတ်လုံး တိုင်းရင်းသားတွေဘက်က မှန်တယ်လို့ ကျွန်တော်ယူဆတယ်။

ငြမ်းမီဒီယာ – ဘယ်သူလုပ်တယ်ဆိုတာ သက်သေပြဖို့ခက်နေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိပ်မကြာသေးခင်က အရပ်သားတွေ တိုက်ခိုက်ခံရတယ်။ ကားတွေ မီးရှို့ခံရတယ်။အဲဒီနေ့မနက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း လုပ်နေတဲ့နေ့။ ဒီလိုတိုက်ခိုက်တဲ့အပေါ်မှာအပြန်အလှန် စွပ်စွဲပြောဆိုမှုတွေလည်း ရှိတယ်။ ဒီလိုအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ဘာမှတ်ချက်ပေးချင်လဲ။

UMA – ကျွန်တော်လက်မခံဘူး။ ကားတွေမီးရှို့ခံရတာမှာ ကျွန်တော် စိတ်မကောင်းဘူး။ ဒီကိစ္စမျိုးက လက်ခံလို့ကို မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်လုပ်လည်းကျွန်တော်လက်မခံဘူးဗျာ။ အဲဒီကားတွေအပေါ်မှာ စစ်သားတွေပါတာမဟုတ်ဘူး။ တပ်ကလုပ်တယ်ဆိုလည်း ကျွန်တော်လက်မခံဘူး။ အဲဒီကားတွေပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေပါတာမဟုတ်ဘူး။

ရခိုင်မှာ ရခိုင်ပြည်သူတွေ အတော်များများ အသတ်ခံနေရတာ။ဟိုဘက်က သတ်လိုက်၊ ဒီဘက်ကသတ်လိုက်။ တချို့လည်း စစ်ရင်း သေတာရှိတယ်။ အဲဒါတွေက မဖြစ်သင့်တော့ဘူး …

ဒါ ကျွန်တော်တို့ရဲ့စံ။ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တိုင်းရင်းသား ဒေသခံပြည်သူတွေရဲ့ အသံတွေကလည်းပါဖို့ လိုတယ်လို့ အမြဲတမ်း ကျွန်တော်တို့ ဒါကြောင့်ဒီဟာကို ပြောတာ။ လက်နက်ကိုင်တွေချည်းပဲ ဆုံးဖြတ်တာ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားတစ်စီးရဲ့တန်ဖိုးနည်းတာမဟုတ်ဘူး။ ဒီကားတစ်စီးကို ပိုင်ဆိုင်ဖို့ ပိုင်ဆိုင်တဲ့သူကဘယ်လောက် ကြိုးစားခဲ့ရလဲ။ အခု ခဏလေး အတွင်းမှာ ဆုံးရှုံးသွားတာ ဘယ်သူ့တာဝန်လဲ။ ပြီးတဲ့အခါမှကျွန်တော်တို့ မှားပါတယ်။ ဒါ လုပ်လို့မရဘူးလေ။ ဘယ်သူတာဝန် ယူမလဲပြော။ လက်နက်ကိုင်လုပ်တယ်ဆို အဲဒီလက်နက်ကိုင်ပြော။ ဒါ လုံးဝလက်မခံဘူး ရှင်းရှင်းပဲ။ ဒါပေမယ့် ပြဿနာက ဘာလဲ ဆိုတော့ ဒါက စစ်ရဲ့အနိဌာရုံ၊ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေ၊ ကောင်းကျိုးမှ မရှိတာ။ မဟုတ်ဘူးလား။ နေရင်း ထိုင်ရင်း ကလေး လေး တွေ သေရတာ။ ဘယ်ကပစ်မှန်း မသိဘူး။ ဒီဘက်ကပြောတာ ဟိုဘက်က။ ဟိုဘက်က ပြောတော့ ဒီဘက်က။ ကြားထဲမှာသေပြီ။ ဒါပေမယ့် ဒီလိုသေရကောင်းလားဆိုပြီး မင်းတို့လည်း မတိုက်နဲ့၊ မင်းတို့လည်း မတိုက်နဲ့ဆိုရင် ရွှေပြည်အေးတရား သွားဟောတာနဲ့ သွားတူမယ်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ဒီစကားကို ကျွန်တော်တို့သွားပြောလို့ မရဘူး။ ဖြေရှင်းပြီးမှအဲလို လုပ်နေမယ်ဆိုရင် အကြမ်းဖက်သမား ဖြစ်သွားပြီ။ မဖြေရှင်းဘဲနဲ့ ကျွန်တော်တို့ လုပ်လို့မရဘူး။

ငြမ်းမီဒီယာ- ရခိုင်ပြည်နယ်က မတည်ငြိမ်သေးတဲ့အခြေအနေမှာ ရှိနေတုန်းပါ။ အဲဒီလိုအခြေအနေမှာ ခေါင်းဖြတ် သတ်ခံ ရတယ်ဆိုတဲ့ အဖြစ်အပျက်က ပြည်သူတွေကြားမှာ တော်တော်လေး တုန်တုန်လှုပ်လှုပ်ဖြစ်ကြတယ်။ ကိုမြအေး ဒီအပေါ်ရော ဘာပြောချင်သေးလဲဗျ။

UMA – လုပ်ဟန်တွေက အဓိပ္ပာယ်မရှိဘူး။ ခေါင်းဖြတ်သတ်ထားတဲ့ လူသေအလောင်းတွေကိုလမ်းအလယ်ခေါင် ချထားတာ။ ကျွန်တော်တို့နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ မကိုက်ညီတာ။ မြန်မာပြည်မှာ နိုင်ငံရေးစံနှုန်းတွေ ဘယ်လောက်ပြောပြော တကယ်တမ်းပြဿ နာဖြစ်လာရင် စံနှုန်းတွေက အနောက်ကို ရောက်သွားပြီး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်တာပဲ။ လက်နက်ကိုင် ထားတဲ့သူတွေက ဘယ်တော့မှ စည်းကမ်းမရှိကြဘူး။ တပ်လည်းတပ်အလျောက် စံတွေဘာတွေ လျောက်ပြောနေတာ။ အဲဒီလိုပဲ တိုင်းရင်းသားလက်နက်ကိုင်အချို့လည်း ဒီအတိုင်းပဲ။ စည်းကမ်းက စာရွက်ပေါ်မှာပဲ ဖြစ်နေတယ်။ ဒီလိုမျိုး ခေါင်းဖြတ်သတ် တာမျိုးက တော်တော်လေးကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုအမူတွေပဲလို့ ကျွန်တော်မြင်တယ်။ ဒီလိုဖြစ်ရပ်တွေကိုတော့ နှစ်သက်စရာ၊ လက်ခံစရာကိုမရှိဘူး။ တကယ်တမ်း ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းတွေ ဘာတွေကိုတောင်မှ ဒီလိုလုပ်ခွင့် မရှိဘူးလေဗျာ။ နောက် ကျွန်တော်တို့ မြင်တယ်၊ ရခိုင်မှာ ရခိုင်ပြည်သူတွေ အတော်များများ အသတ်ခံနေရတာ။ဟိုဘက်က သတ်လိုက်၊ ဒီဘက်ကသတ်လိုက်။ တချို့လည်း စစ်ရင်း သေတာရှိတယ်။ အဲဒါတွေက မဖြစ်သင့်တော့ဘူးလေဗျာ။ ကြာတော့ ဘာဖြစ်လာသလဲဆိုတော့ လူမျိုးရေးမုန်းတီးမှုတွေ ပိုများလာတယ်။ တိုင်းပြည်အတွက် မကောင်းဘူး။

ငြမ်းမီဒီယာ

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,