လူ့အခွင့်ရေးဆိုတာ ၉၆ ပါး ဆေး တော့မဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UKKG / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊နိုင်ငံရေးသမား ဦးကိုကိုကြီး

ဓားကိုင်သလား တုတ်ကိုင်သလားဆိုတာထက်မျက်မြင်မှာ မြေပြင်မှာ မနေရဲတော့ဘူး။ တကယ်လည်း သတ်ဖြတ်နေ ကြတာ။အဲ့ဒီလို အခြေအနေမှာ အကြမ်းဖက်တယ်၊မဖက်ဘူးကို အငြင်းပွားရမယ့် အခြေအနေ မဟုတ်ဘူး။ အဲ့ဒီ လိုဖြစ်လာ ပြီဆိုရင် …

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်လက်ထက် တွင်ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ခဲ့သူ၊ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် မြန်မာ့နိုင်ငံရေးတွင်အစဉ်တစိုက် ဆောင်ရွက်နေသူ နိုင်ငံရေးသမား ဦးကိုကိုကြီးနှင့် တွေ့ဆုံ မေးမြန်ထားပါသည်။

ငြမ်းမီဒီယာ-ပါတီအမည်ရွေးပြီးပြီးလား။

UKKG – ပါတီအမည်ကရွေးပြီးပြီ။ ဒါပေမယ့် တရားဝင်မကြေညာသေးတာ။ စုံညီအစည်းအဝေးတစ်ခုခေါ်ပြီးရင် ပါတီအမည် အမှတ်တံဆိပ် နောက်ဖွဲ့စည်းပုံအစရှိတာတွေကို အဲ့ဒီကျမှ အတည်ပြုမှာ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ဦးကိုကိုကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

UKKG – ဒီမှာ ကျွန်တော်တို့က မူဝါဒပိုင်းဆိုင်ရာ ရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်။ ဒါသည် နိုင်ငံတော်လုံခြုံရေး အဆင့်ထိ အရေးကြီး တယ်။ဒါကြောင့်မို့ဒီပြသနာကို ဖြေရှင်းတဲ့ အခါမှာ တသမတ်တည်း တည်ငြိမ်တဲ့ မူဝါဒရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲ နိုင်ငံရေးစနစ်မှာ အစိုးရသက်တမ်းက ငါးနှစ်ပဲရှိတယ်။အစိုးရတစ်ဖွဲ့ ပြောင်းလိုက်၊ ဖြေရှင်းပုံမူဝါဒ တစ်မျိုးပြောင်း လိုက် လုပ်နေလို့မရဘူးလို့ ကျွန်တော် မြင်တယ်။ဒါက နိုင်ငံတော်မူဝါဒ အနေနဲ့ပြောတာ။ နောက်တစ်ခုက ရှင်းလင်းတဲ့ မူဝါဒတွေ ဆိုတာမှာ ၊ဒီဘင်္ဂလီ အဖွဲ့အစည်း လူစုလူဝေးနဲ့ပတ်သက်ရင် ဒါသည် လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ စီစစ် အတည်ပြုရမယ့် ကိစ္စ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး စီစစ် အတည်ပြုရမယ့် ကိစ္စဖြစ်တယ်။အဲ့ဒါကို ကျွန်တော် တို့က နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စ လို့ပဲထင်တယ်။အဲ့ဒီကနေပြီးတော့ ဘာသာရေး ပုံစံလိုမျိုး ပုံဖော်လာတဲ့ ကိစ္စကိုတော့ ရှင်းရှင်းလင်းလင်းကွဲပြား ဖို့လိုတယ်။

မွတ်စလင်က ဘာသာ လူမျိုးနဲ့သွားမရောထွေးပါနဲ့ အန္တရာယ်အရမ်းကြီးတယ် လို့အရင်အစိုးရ လက်ထက်ကလည်း ကျွန်တော်ခဏခဏပြောတယ်။လူမျိုးနဲ့ဘာသာ မရောထွေးပါနဲ့။ဒါကအရေးကြီးတဲ့မူဝါဒဆိုင်ရာ ရှင်းလင်းပြတ်သား ချက်ပဲ။ နောက်တစ်ခုက …

မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မြန်မာ နိုင်ငံသားမွတ်စလင်များ နိုင်ငံသားအခွင့်အရေးတန်းတူ ခံစားနိုင်ဖို့ဆိုတာသည် သီးခြား ပေါ်လစီ သီးခြားမူဝါဒ တစ်ခု ။အခုဆိုရင်(၂၀၁၄)သန်းခေါင်စာရင်း ကောက်လိုက်တဲ့အချိန်မှာ အမျိုးအမည် မသတ်မှတ် နိုင်တာ တစ်သန်းကျော်ထွက်လာတယ်။ အဲ့ဒါကဒီလူစုနဲ့ ပတ်သက်လို့က နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့  ဖြေရှင်းရမယ့် ကိစ္စ အဲ့ဒါကို ဘာသာရေး ပုံစံနဲ့ သွားသတ်မှတ်လို့ မရဘူး လို့ထင်တယ်။ဘာကြောင့်လဲ ဆိုရင် မွတ်ဆလင် လို့ပြောရင် ဌာနေတိုင်းရင်းသား အဖြစ် လက်ခံထားတဲ့ ကမန်တွေ ရှိတယ်။ အများစုက မွတ်ဆလင်တွေ နှစ်ပေါင်းများစွာ တစ်ရွာထဲအတူနေပြီး ဆွေမျိုးစုကြားထဲမှာကို နှစ်ဖက် အပြန်အလှန်ဆက်စပ်နေတာ တွေ သွေးတော်စပ်နေတာတွေရှိတယ်။ အဲ့ဒါက နိုင်ငံသား တိုင်းရင်းသား အချင်းချင်း ဆက်ဆံရေး ရှိပြီးသား၊အဲ့ဒီတော့ မွတ်ဆလင် အသိုင်းအဝိုင်းလို့ သတ်မှတ်လိုက်ခြင်းကြောင့် ဒီကိစ္စက ဘာသာရေးပုစံမျိုး ပုံဖော်ခံရမှာ အင်မတန် အန္တရာယ်ကြီးတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ သန်းခေါင်စာရင်းမှာ အမျိုးအမည် မဖော်ပြ နိုင်သော တစ်သန်းဂဏန်းသည် နိုင်ငံသားဖြစ်မူဆိုင်ရာ ပုံစံနဲ့ဖြေရှင်းရမယ်။

နိုင်ငံသားမွတ်စလင်ဘာသာဝင်တွေနဲ့ပတ်သက်လို့ကတော့ မွတ်စလင်က ဘာသာ လူမျိုးနဲ့သွားမရောထွေးပါနဲ့ အန္တရာယ် အရမ်းကြီးတယ် လို့အရင်အစိုးရ လက်ထက်ကလည်း ကျွန်တော်ခဏခဏပြောတယ်။လူမျိုးနဲ့ဘာသာ မရောထွေးပါနဲ့။ ဒါကအရေးကြီးတဲ့မူဝါဒဆိုင်ရာ ရှင်းလင်းပြတ်သားချက်ပဲ။ နောက်တစ်ခုက တိုင်းရင်းသား၊ တိုင်းရင်းသားလည်းလူနည်းစု မွတ်စလင်လည်း လူနည်းစုဆိုပြီး သွားရောမချပါနဲ့။တိုင်းရင်းသားသည် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့်ရှိတယ်။တောင်းဆိုခွင့်ရှိတယ်။ပြည်နယ်ကိစ္စ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စအဲ့ဒါတွေက ဌာနေ တိုင်းရင်းသားတွေနဲ့ဆိုင်တဲ့မူဝါဒ ၊ဒါကြောင့် မိုလို့ ကျွန်တော်က နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စ နိုင်ငံသားတန်းတူ အခွင့်အရေး ဆိုင်ရာကိစ္စ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာကိစ္စ အဲ့ဒါတွေကိုမူဝါဒ ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်လို့ ကျွန်တော်ပြောတာ။

အဲ့ဒီတော့ နိုင်ငံသားတန်းတူအခွင့်အရေး ကိစ္စကိုဖြေရှင်းလိုက်ရင် ဘာသာရေးပဋိပက္ခကို လျော့ချနိုင်မယ် ဒီရခိုင်ကိစ္စကို ဘာသာရေးအသွင်သဏ္ဍန်နဲ့ တစ်ကမ္ဘာလုံးအုံကြွလာ တဲ့ကိစ္စသည်တစ်ခုက နိုင်ငံရဲ့အချုပ်အခြာ အာဏာကို လာပြီး ထိခိုက်တယ်။ပြီးတော့ဒါက စနစ်တကျပြင်ဆင်ပြီးတော့ ကွန်ရက်ဖွဲ့ပြီးဆောင်ရွက်တဲ့ပုံစံမျိုး ဖြစ်လာတယ်။အဲ့ဒါကျတော့ ကျွန်တော်တို့က အမျိုးသားရေးအဖြစ် ရပ်တည်ရတော့မယ်။ ဒီလိုအကျပ် အတည်းဖြစ်လာပြီဆိုရင် ခိုင်မာတဲ့ ပြတ်သား တဲ့ ခေါင်းဆောင်မှုမျိုးလိုတယ်။

လုံခြုံရေး အကြောင်းပြချက် ရှေးတန်းရောက်ပြီဆိုရင် စစ်တပ်ရဲ့အခန်း ကဏ္ဍရှေ့တန်းရောက်လာ မှာပဲ။ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးဟာ ခုနကကိစ္စနဲ့တိုက်ရိုက်ဆက်စပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကိုကိုင်တွယ်တော့မယ် ဆိုရင် အစိုးရနဲ့ …

တရားဥပဒေစိုးမိုးမှုနဲ့နိုင်ငံတော် လုံခြုံရေး ကိစ္စမျိုးဖြစ်လာတဲ့အခါမှာ နိုင်ငံတော်လုံခြုံရေးက ရှေ့တန်းပြဿနာ။ နိုင်ငံတကာ မှာလည်းဒီလိုပဲ အမေရိကမှာ ၉/၁၁ဖြစ်တော့ လုံခြုံရေးက ရှေ့တန်းရောက်လာတယ်။ သို့သော် ကျွန်တော်တို့က လုံခြုံရေး ကိစ္စကို ကိုင်တွယ်တဲ့အခါမှာ လူ့အခွင့်အရေးရှုထောင့်တွေ တရားဥပဒေစိုးမိုးရေးကိစ္စတွေကိုတော့ အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။နောက်တစ်ခုတော့ ကျွန်တော်တို့က ငြင်းပယ်ယုံသက်သက်နဲ့တော့ ဖြေရှင်းလို့ မရဘူး။ ကျွန်တော်တို့ဘက်က သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းမှုပုံစံတော့ချထားဖို့လိုမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော်တို့ဒီလိုဖြေရှင်းမယ်။အတတ်နိုင်ဆုံး မျှမျှတတဖြေရှင်းမယ် သို့သော် တစ်ဖက်က ဒီကိစ္စသည် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကိစ္စဆိုတာကိုတော့ ကျွန်တော်တို့ကအခိုင်အမာ ကိုင်ဆုပ်ထားဖို့လိုတယ်။ ဒီကိစ္စမှာ ခိုင်မာပြတ်သားတဲ့မူဝါဒ ခိုင်မာပြတ် သားတဲ့ခေါင်းဆောင်မှုလိုတယ်။ဒါဟာ နိုင်ငံတော်အနေနဲ့ ရပ်တည်ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံရဲ့အသွင် ကူးပြောင်းမှု နုနယ်သေးတယ်။ဒီအချိန်မှာ ခုလိုချိန်သားကိုက် ဖြစ်ပေါ်လာတဲ့ကိစ္စ တွေအတွက် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းခရီးမှာ ဘယ်လို သက်ရောက်မှုတွေဖြစ်လာမယ်လို့ယူဆပါသလဲ။

UKKG – ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ အရေးကြီးဆုံးပြသနာက အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နောက်တစ်ခုက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပဲ။အဲ့ဒီနှစ်ခုက ကလေးတွေငယ်ငယ်ကကစားတဲ့ စီးဆောလိုပဲ တစ်ဖက်ကို အလေးသာလိုက်ရင်တစ်ဖက်ကထောင်သွားမှာပေါ့။သူကိုမျှခြေရအောင်ရှာပေးနိုင်ဖို့ ကိစ္စ စစ်တပ်က ဘာကြေင့် နိုင်ငံရေးဖြစ်စဉ်မှာ ပါလာလဲဆိုတော့ သူကလုံခြုံရေးအကြောင်းပြချက်နဲ့ပါလာတာ။ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ် ချောက်ထဲကျတော့မယ်ဆိုတဲ့ အတွေးနဲ့ပဲပါလာတာ။လုံခြုံရေး အကြောင်းပြချက် ရှေးတန်း ရောက်ပြီဆိုရင် စစ်တပ်ရဲ့အခန်း ကဏ္ဍရှေ့တန်းရောက်လာ မှာပဲ။စစ်ဘက်အရပ်ဘက် ဆက်ဆံရေးဟာ ခုနကကိစ္စနဲ့တိုက်ရိုက်ဆက်စပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကိုကိုင်တွယ်တော့မယ် ဆိုရင် အစိုးရနဲ့လက်ရှိတပ်မတော်စစ်ဘက်နဲ့ဆက်ဆံရေးကို တစ်စုတစ်စည်းထဲ ကျွန်တော်တို့က စုစည်းညီညွတ်တဲ့ပုံစံဘယ်လိုလုပ်မလဲဆိုတာ အရေးကြီးတယ်။

လူ့အခွင့်ရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံခဲ့ရတာဖြစ်တော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လူအခွင့်အရေး ချိုးဖောက်ခံရတာမျိုးကို ကျွန်တော်တို့ မလိုလားဘူး။ဒါကလူသားတစ်ယောက် အနေနဲ့ပေါ့။ နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ပြောရင်တော့ နိုင်ငံတော် နဲ့သူ့နိုင်ငံသားတွေရဲ့အခွင့်အရေးက နံပါတ်တစ်ဦးစားပေးပဲ။ဘာဖြစ်လို့လဲ …

တကယ့် တကယ့် လုံခြုံရေး ပြဿနာဖြစ်လာရင်စစ်တပ်မပါဘဲ ဖြေရှင်းလို့မရနိုင်ဘူး။ ပထမဆင့်ကတော့ ရဲပေါ့။ ပြည်ထဲရေး ။ပြည်ထဲရေးအဆင့်မလုံလောက်တော့ဘူးဆိုရင် ကာကွယ်ရေးပေါ့ ။ဒါကြောင့်မိုလို့စစ်ဖက်နဲ့အစိုးရရဲ့ကြားထဲမှာ ဘုံရပ်တည် ချက်တစ်ခုတော့ရှိဖို့လိုတယ်။အဲ့ဒီလိုမဟုတ်ရင် လုံခြုံရေးကိုအကြောင်းပြုပြီး စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးပါလိမ့်မယ်။

ငြမ်းမီဒီယာ -နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာ အမြင်က ပုံစံပြောင်းလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့အဖြစ်အပျက်တွေအပေါ်မှာ ရပ်တည်နေတာနဲ့ပတ်သက်ပြီး ဦးကိုကိုကြီး အနေနဲ့ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

UKKG – တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ကယုံကြည်လေးစားမှု တောက်လျှောက်ရှိလာခဲ့ တယ်။အခု ဒီရခိုင်ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုပါ ထိခိုက်တာတော့ အမှန်ပဲ။သို့သော်မူလ ရှိရင်းစွဲ ယုံကြည်ထောက်ခံမှုကို အသုံးပြုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ဖက်ကလည်း လူ့အခွင့်ရေး စံချိန်စံညွှန်းကိစ္စ တစ်ဖက်ကလည်း နိုင်ငံတော်လုံခြုံရေးကိစ္စအတွက် သူလည်းတတ်နိုင်သလောက် ကြိုးစားလိမ့်မယ် လို့ယုံကြည်ပါ တယ်။ကျွန်တော်တို့ အနေနဲ့ကလည်း အခုဒီကိစ္စ အင်မတန် အရေးကြီးတဲ့အချိန်မှာ သူ့ဘက်ကနေပြီး ခိုင်မာတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဖြေရှင်းမှုမျိုးကို ကျွန်တော်တို့ကိုယ်တိုင်လည်း မျှော်လင့် ပါတယ်။ ဒီအချိန်မှာတော့ တစ်စုတစ်စည်းထဲရှိနေဖို့လိုတယ်လို့မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- ဦးကိုကိုကြီးအနေနဲ့ နိုင်ငံအတွက်ရော ဒီမိုကရေစီရေး၊လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ်လုပ်ခဲ့လို့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတာလည်းရှိတယ်။ဒီနေ့ရခိုင်အရေးမှာ လူ့အခွင့်အရေးရှုထောင့်ကနေရပ် ပြောလာသူတွေရှိတယ်။ဥပမာ ဆိုရင် ပြည်ပမှာနေတဲ့ဒေါက်တာဇာနည်တို့လို ပုဂ္ဂိုလ်တွေက လူအခွင့်ရေးရှုထောင့်ကနေ ရပ်ပြောလာတယ်။

UKKG – အဓိကက ကျွန်တော်တို့ကိုယ်တိုင်လည်း လူ့အခွင့်ရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံခဲ့ရတာဖြစ်တော့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ လူအခွင့်အရေးချိုးဖောက်ခံရတာမျိုးကို ကျွန်တော်တို့ မလိုလားဘူး။ဒါကလူသားတစ်ယောက် အနေနဲ့ပေါ့။ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ပြောရင်တော့ နိုင်ငံတော် နဲ့သူ့နိုင်ငံသားတွေရဲ့အခွင့်အရေးက နံပါတ်တစ်ဦးစားပေးပဲ။ ဘာဖြစ်လို့လဲဆိုတော့နာမည်ကို က နိုင်ငံရေးလို့ပြောတာလေ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့အရေးမဟုတ်ဘူး လူသားတွေ အားလုံးရဲ့ အရေးမဟုတ်ဘူး။ ဘယ်နိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ် သူနိုင်ငံနဲ့ သူ့နိုင်ငံရဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ကာကွယ် ရမယ်။ အဲ့ဒါနိုင်ငံရေးသမားတစ်ယောက်ရဲ့တာဝန်ပဲ။

လူ့အခွင့်ရေးပေတံ တစ်ခု တည်းနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ပြဿနာကိုဖြေရှင်းလို့မရဘူး။ သို့သော်လူ့အခွင်းရေးကို လုံးဝလစ်လျုရှု ဖြေရှင်းရင်တော့လည်း ဒါက ဥပဒေမဲ့ဆောင်ရွက်တာမျိုးဖြစ်မယ်။တကယ်တကယ် …

သို့သော် အဲ့လိုလုပ်တဲ့အခါမှာ လူ့အခွင့်ရေးနဲ့သဟဇာတဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားကြတာရှိတယ်။ ဒါတောင်မှ ဥပမာအားဖြင့် တစ်ကမ္ဘာလုံးမှာ ရွှေ့ပြောင်းတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေဝင် ရောက်လာတာနဲ့ပတ်သက်ပြီးတော့ ဥရောပတစ်ခုလုံးမှာရော အမေရိကမှာရော အမျိုးသားရေးရှုထောင့်ကနေခုခံကာကွယ်လာတာကို ကျွန်တော်တို့တောက် လျောက်တွေ့လာ ရနေပြီ။

အဲ့ဒီတော့ခုနကပြောတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်း အနောက်နိုင်ငံတွေမှာနေ့စဉ်နဲ့အမျှ တကမ္ဘာလုံး က  ဖြစ်ပျက်နေတာတွေကို မျက်စိကြီး နားကြီးသိနေတဲ့လူတွေပဲ။ အဲ့ဒီတော့လူ့အခွင့်ရေးဆိုတာ ၉၆ ပါး ဆေး တော့ မဟုတ်ဘူး။လူ့အခွင့်ရေးပေတံ တစ်ခု တည်းနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ပြဿနာကိုဖြေရှင်းလို့မရဘူး။ သို့သော်လူ့အခွင်းရေးကို လုံးဝလစ်လျုရှု ဖြေရှင်းရင်တော့လည်း ဒါက ဥပဒေမဲ့ဆောင်ရွက်တာမျိုးဖြစ်မယ်။တကယ်တကယ်တော့ ဒါက သဟဇာတဖြစ်အောင်လုပ်ရမယ် ဆိုပေမယ့် လူ့အခွင့်ရေး ပေတံတစ်ချောင်းထဲနဲ့ တိုင်းတာလို့ဖြေရှင်းလို့မရဘူးလို့ကျွန်တော်တော့ အဲ့လိုပဲမြင်တယ်။

ငြမ်းမီဒီယာ – ဒီရက်ပိုင်းမှာအစ္စလမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့အင်ဒိုနီးရှား နိုင်ငံနိုင်ငံခြားရေး ဝန်ကြီး လာတယ်။ တူရကီနိုင်ငံ သမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ဖုန်းဆက် စကားပြောတယ်။ တူရကီသမ္မတကတော်က ဘင်္ဂလားဒေ့ရှ် ကိုသွားတယ်။သိပ်မကြာခင်မှာ UN Assembly ရှိတယ်။အခုရခိုင်အရေးကို ကမ္ဘာကပါ စိတ်ဝင်စားလာတဲ့အခြေအနေမျိုး ဖြစ်နေတော့ ဦးကိုကိုကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။

UKKG – ကျွန်တော်ကိုယ်တိုင်လည်း ပြည်ပခရီးတွေထွက်ရပါတယ်။အဲ့ဒီအခါ ဘယ်ကလည်း မြန်မာနိုင်ငံကလို့ ပြောရင် အဲ့ဒါဆိုခင်ဗျားတို့ရိုဟင်ဂျာကိစ္စ ဘယ်လိုလဲလို့မေးကြတယ်။မြန်မာနိုင်ငံဆိုတာနဲ့ ရိုဟင်ဂျာဆိုတာကို တစ်ခါတည်း တွဲထားတယ်။အဲ့ဒါမတော်တဆဖြစ်တာမဟုတ်ဘူး။ဒါဟာ ဧရာမကွန်ရက်ကြီး တည်ဆောက်ပြီးတော့ နှစ်ပေါင်းများစွာ စနစ်တကျတည်ဆောက် ထားတဲ့ကိစ္စ။အဲ့ဒီတော့ ကျွန်တော်တို့လူမျိုးကရိုးတယ်။ နိုင်ငံတကာအတွေ့အကြုံနည်းတယ်။

မြန်မာလူမျိုးက သွေးဆူတတ်တယ်။ ကိုယ့်တိုင်းရင်းသားတွေ ကိုယ့်ညီအစ်ကိုတွေပြောရမှာက သွေးဆူပြီးလုပ်ရင် သူတို့ ထောင်ချောက်ထဲကို ကျွန်တော်တို့ပိုပိုကျမယ်။ဒီကိစ္စက ခေါင်းအေးအေးနဲ့ရေရှည် အမြော်အမြင်နဲ့ဖြေရှင်းဖို့ လိုတယ် …

နိုင်ငံတစ်ကာမှာ ကိုယ့်နိုင်ငံအကြောင်းကို ဘယ်လိုတွေထိုးနှက်နေလဲ ဘယ်လိုတွေ ပုံဖော်ထားလဲဆိုတာကို ကိုယ်ကလက် ဦးမှုယူဖို့နေနေသာသာ ကိုယ်က တက်တက်ကြွကြွတောင်မခုခံနိုင်ဘူး။ကျွန်တော်ဆိုလည်း လက်လှမ်းမီသလောက် အချက် အလက်တွေလေ့လာ ရှာဖွေတဲ့အခါကျ တော့ ဥပမာအားဖြင့် ဝီကီပီဒီယားလို အလွယ်တကူ ရှာနိုင်တဲ့နေရာမှာတောင် ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အထောက်အထားတွေ အများကြီးရှိတာပဲ။သို့သော်နိုင်ငံတကာ မီဒီယာတွေ ကိုယ်နှိုက်က အဲ့ဒီဟာတွေကို မီးမောင်းထိုးမပြဘဲနဲ့ တစ်ခြမ်းထဲပေါ့ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာ လို့ပြောနေတဲ့ လူတွေရဲ့တစ်ဖက်ထဲကို အသားပေးနေတာကိုက ပြောရရင် ကျင့်ဝတ် အရရော တရားမျှတမှုအရရော မတရားဘူး လို့ထင်တယ်။ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်လက်ထက်မှာကတည်းက သန်းခေါင်းစာရင်း အချက်အလက် အားလုံးရှိနတယ်။

နောက် အင်္ဂလိပ်အရာရှိတွေ ကိုယ်တိုင်က စစ်တကောင်းက ဝင်လာတဲ့ သူတွေကိုမတားစီးဘူးဆိုရင် နောင်တစ်ချိန်မှာ လူမျိုးရေး ဖြစ်လာတော့မယ့်မျိုးစေ့တွေပဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၃၉ခုနှစ်ကတည်းက သတိပေးထားတဲ့အထောက်အထားတွေကို ကျွန်တော်တို့တွေ့ ရတယ်။အဲ့ဒီတော့ အဲ့လိုတွေဖြစ်နေတဲ့အခြေအနေမှာ မျှမျှတတ မဖော်ပြပဲနဲ့နောက်အချို့ကျတော့ မွတ်စလင် နိုင်ငံတွေမှာ သူနိုင်ငံရေးပေါ့ မွတ်စလင်ထောက်ခံမှုရဖို့အတွက် မြန်မာကိစ္စကို ရှေ့တန်းကထွက်ပြီး ဆန္ဒပြတာ တို့ဘာတို့ တွေလုပ်တဲ့ကိစ္စသည် ကျွန်တော်တို့နိုင်ငံရဲ့ကိစ္စကို သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြတာမျိုးတွေလည်း အများကြီးတွေ့ရ ပါတယ်။

စိတ်ခံစားမှုနဲ့တုန့်ပြန်တာကို အပြစ်တင်ရုံ သက်သက်နဲ့ကျွန်တော် တို့ချဉ်းကပ်လို့ မရဘူး။အဲ့ဒီအတွက် ရခိုင် လူ့အဖွဲ့အစည်းမှာသြဇာရှိတဲ့ နိုင်ငံရေးပါတီတွေ အရပ်ဘက် အဖွဲ့အစည်းတွေ စာပေယဉ်ကျေးမှုအဖွဲ့ ဦးဆောင်သူတွေနဲ့ အစိုးရက ထိတွေ့ဆက်ဆံတာ ဆွေးနွေးညှိနှိုင်းတာတွေလုပ်ဖို့လိုမယ် …

ကျွန်တော်တို့ဒီမှာရှိနေတဲ့ဌာနေမြန်မာနိုင်ငံသား များကလည်း ဘာကြောင့်ဒီလောက်ပေါက်ကွဲ ဒေါသဖြစ်သလဲဆိုတော့ ကလိမ်က ကျစ် ကျတာကိုဗမာက သိပ်မုန်းတာပဲ။ရိုးရိုးသားသားလာရင် သနားတာတို့ကရုဏာ သက်တာတို့ စာနာထောက်ထား တာတို့နဲ့ လူတိုင်းကိုဆက်ဆံတယ်။

ဒါပေမယ့်ကိုယ့်ကို ကလိမ်ကကျစ်ကျတယ်၊ဖိအားပေးတယ် ခြိမ်းခြောက်တယ်ဆို ရင် မြန်မာလူမျိုးက သွေးဆူတတ်တယ်။ ကိုယ့်တိုင်းရင်းသားတွေ ကိုယ့်ညီအစ်ကိုတွေပြောရမှာက သွေးဆူပြီးလုပ်ရင် သူတို့ထောင်ချောက်ထဲကို ကျွန်တော်တို့ ပိုပိုကျမယ်။ဒီကိစ္စက ခေါင်းအေးအေးနဲ့ရေရှည် အမြော်အမြင်နဲ့ဖြေရှင်းဖို့ လိုတယ်လို့ကျွန်တော်မြင်တယ်။

ငြမ်းမီဒီယာ – တချို့က ရခိုင်အရေးကို သံသယကြီး စွာနဲ့ချဉ်းကပ်ကြတယ်။ရခိုင်အရေးဟာ နောက်ပြန်လည်လိုသူတွေရဲ့ ချိန်သားကိုက်စီစဉ်မှုတွေရဲ့ ဖြစ်စဉ် ထဲက ဖြစ်စဉ်တစ်ခု လို့သုံးသပ်တာမျိုးလည်းတွေ့ရတယ်။ဦးကိုကိုကြီးရော ဘယ်လို သုံးသပ်လဲ။

UKKG – အဲ့ဒါကတော့ နိုင်ငံရေးအရ ဦးဆောင်မှုပေးရတဲ့သူတွေမှာ အရေးကြီးတာပေါ့။ နောက်ကြောင်းပြန်မသွားဖို့ဆိုတဲ့ကိစ္စက ဖြေရှင်းပုံဖြေရှင်းနည်း လက်တွေ့ကျဖို့လိုတယ်။နောက်တစ်ခုက ပဿနာဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ ချစ်ခြင်းမုန်းခြင်းတွေနဲ့ မကြည့်နဲ့ဥပမာအားဖြင့် ဒီလူအဖွဲ့အစည်း နှစ်ခုသဟဇာတဖြစ်ဖို့ဆိုတာ ကာယကံရှင်လူ့အဖွဲ့အစည်း နှစ်ခုမှာ သြဇာရှိ တဲ့လူတွေအရေးကြီးတယ်။အဲ့ဒီ တော့ဘင်္ဂလီထဲမှာဆိုလည်း မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်သူတွေကိုစည်းရုံးနိုင်ဖို့လိုတယ်။

အဲ့လိုမှ မဟုတ်ဘဲ နိုင်ငံခြားမှာ ကွန်ရက်ဖွဲ့ပြီး ညွှန်ကြားချက်ထုတ်နေတဲ့ သူတွေနောက်ကို လိုက်နေရင် အဲ့လူ့အဖွဲ့အစည်း အတွက်လည်း အန္တရာယ်ရှိတယ်။ဘာကြောင့်လဲဆိုရင် ကျွန်တော်ကိုယ်တိုင် အဲ့ဒီနေရာ တွေကို ခဏခဏ ရောက်ခဲ့ဖူးတယ်။ အောက်ခြေမှာ နေနေတဲ့ဘင်္ဂလီတွေဟာ တော်တော်ကိုဆင်းရဲနွမ်းပါး ပြီးတော့ ပညာဗဟုသုတရော တော်တော်နည်းတာ။ ခုဖြစ်နေတာက အဲ့ဒီလူတွေကို အသုံးချနေတဲ့အလွှာ လေး တစ်လွှာ အောက်မှာက ခိုင်းရင် လျောက်လုပ်နေတဲ့ သဘောရှိတယ်။

အဲ့ဒါပြဿနာတစ်ခု ဒီဘက်မှာကျတော့လည်း ရခိုင် လူအဖွဲ့အစည်းဘက်မှာကျတော့ သူတို့မှာ အနာတွေ ရှိတယ်။ ဘာကြောင့်လဲ ဆိုရင်ဂျပန်ခေတ်မှာကတည်းက ရခိုင်တွေ အသတ်ခံရတယ် သူတို့နယ်မြေတွေကို သိမ်းပိုက် ခံထားရတယ်လို့ ရခိုင်တွေခံစားရတာ ။ ရခိုင်နာမည်တွေနဲ့ရွာတွေရှိနေတယ်။ဒါပေမယ့် ရခိုင်တွေ မနေရဲတော့ဘူး။ ဒါထင်ရှားတဲ့အထောက်အထား။ အဲ့ဒါကသူတို့ရဲ့ မြေသူတို့ရဲ့ဌာနေကို ကျူး ကျော်သိမ်းပိုက်ခံနေရပြီဆိုတဲ့စိတ်ခံစားမှု ရှိနေတယ်။ စိတ်ခံစားမှုနဲ့တုန့်ပြန်တာကို အပြစ်တင်ရုံ သက်သက်နဲ့ကျွန်တော် တို့ချဉ်းကပ်လို့မရဘူး။အဲ့ဒီအတွက် ရခိုင်လူ့အဖွဲ့အစည်းမှာသြဇာရှိတဲ့ နိုင်ငံရေးပါတီတွေ အရပ်ဘက် အဖွဲ့အစည်းတွေ စာပေယဉ်ကျေးမှုအဖွဲ့ဦးဆောင်သူတွေနဲ့ အစိုးရက ထိတွေ့ဆက်ဆံတာ ဆွေးနွေးညှိနှိုင်းတာတွေလုပ်ဖို့လိုမယ်။

အဲ့ဒီလိုမဟုတ်ဘဲနဲ့ အစိုးရတစ်စု တည်းနဲ့ သို့မဟုတ် အစိုးရနဲ့ လက်သင့်တဲ့လူတွေနဲ့ ဖြေရှင်းမယ်ဆိုရင်လည်း တကယ့်အခြေခံပြဿနာ တွေကို မကိုင်တွယ်နိုင်ဘူးလို့ ကျွန်တော်တော့ အဲ့ဒီလိုပဲမြင်တယ်။ဒါကြောင့် မို့နှစ်ဖက်လူ့အဖွဲ့အစည်းထဲမှာ အလယ်အလတ် သဘောထားရှိတဲ့ သြဇာရှိတဲ့ပုဂ္ဂိုလ်တွေကို အစိုးရချဉ်းကပ်ဖို့လိုတယ်။

ငြမ်းမီဒီယာ- ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အနေနဲ့နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတယ်။ ဒါပေမယ့်အချို့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက အဲ့ဒီလိုခေါ်ဝေါ်သုံးစွဲတာမျိုး မရှိတဲ့အပေါ်ရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

UKKG – ထိတ်လန့်ကြောက်ရွံ့အောင်လုပ်တဲ့သူက အကြမ်းဖက်သမားပဲ။ဒီနေရာမှာ ဂျင်ကလိနဲ့ဓားနဲ့က အကြမ်းဖက်မှုလို့ သတ်မှတ်လို့ရသလားလိုအချို့က အငြင်းပွားနေတာတွေ ရှိတယ်။လူစုလူဝေးလိုက် မနေရဲလောက်အောင် ထွက်ပြေးနေရအောင် ခြိမ်းခြောက်ခံနေရပါတယ်ဆိုရင် အဲ့ဒါအကြ မ်းဖက်တာ။ ဓားကိုင်သလား တုတ်ကိုင်သလား ဆိုတာထက် မျက်မြင်မှာ မြေပြင်မှာ မနေရဲတော့ဘူး။ တကယ်လည်း သတ်ဖြတ်နေကြတာ။အဲ့ဒီလို အခြေအနေမှာ အကြမ်းဖက်တယ်၊ မဖက်ဘူးကို အငြင်းပွားရမယ့် အခြေအနေ မဟုတ်ဘူး။အဲ့ဒီ လိုဖြစ်လာ ပြီဆိုရင် တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကပဲဖြစ်ဖြစ် ကိုယ့် နိုင်ငံသားတွေ ကိုယ့် တိုင်းရင်းသားတွေ အသက်အိုးအိမ် လုံခြုံရေး အတွက် အကြမ်းဖက်သမားကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ ကိုင်တွယ် ရမယ်။ အဲ့ဒါကတော့နိုင်ငံရေးခေါင်းဆောင် အနေနဲ့ရှင်းလင်းတဲ့သဘောထား ရှိဖို့လိုမယ်။ဒေါ်အောင်ဆန်းစုကြည် လည်း ပြောထား ပြီးသားအကြမ်းဖက်အဖွဲ့အစည်းဖြစ်လာပြီ ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူး။ အဲ့ဒီ အကြမ်းဖက် အဖွဲ့အစည်းကို ဖွက်ပေးတယ်။ ပူးပေါင်းပါဝင်တယ်ဆိုရင် ဒါကတော့အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူရမှာပဲလို့ကျွန်တော်မြင်တယ်။

ငြမ်းမီဒီယာ – ဖေ့စ်ဘွတ်ခ်လိုနေရာတွေမှာ အကြမ်းဖက်မှုတွေ၊ပဋိပက္ခတွေ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေသူတွေလည်း ရှိနေတယ်။ ဒီမိုကရေစီနဲ့လူ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို ဘာသတင်းစကားပါးချင်သလဲ။

UKKG – အရင်ဆုံးပြောချင်တာက ပြောတိုင်းမယုံပါနဲ့။အလွယ်တကူလည်း အန္တရာယ်ရှိတဲ့ သတင်းတွေကိုလည်း မဖြန့် ပါ နဲ့။ အဲ့ဒါကတော့တစ်ဦးချင်း လိုက်နာသင့်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်း တစ်ခုဖြစ်လာပြီ ဆိုရင်လည်း ထိတ်လန့်ကြောက်ရွံစရာ သတင်းမျိုးတွေက လူစိတ်ဝင်စားမှုလည်း ပိုများတယ်။အလွယ်တကူလည်း ပျံ့နှံ့ လွယ်တယ်။ ဖေ့စ်ဘွတ်ခ် မပေါ်ခင် ကလည်း တစ်ဆင့်စကား တစ်ဆင့် ပျံ့တယ်။အခုကတော့ ဖေ့စ်ဘွတ်ခ် ကပျံ့တယ်။ အတတ်နိုင်ဆုံး ကတော့ ကျွန်တော် တို့အချင်းချင်း ကြားထဲမှာ ဒီပြဿနာကို မကူးစက်အောင် အနည်းဆုံးတော့ ပြဿနာကို ကန့်သတ်လိုက်ဖို့ လိုတာပေါ့။ဒီဒေသ မှာ ကာလ အတိုဆုံးနဲ့ လျှော့ချနိုင်ဖို့လိုတယ်။တစ်ဖက်ကလည်း လုံခြုံရေး သတိ ဆိုတာကတော့ရှိသင့်တယ်။ တကယ်ဖြစ်လာရင် ရုတ်တရက် ဘယ်လို တုန့်ပြန်မလဲ တုန့်ပြန် မှုဆိုတာထက် အမြန်ဆုံးဘယ်လို ထိန်းချုပ်နိုင်ဖို့ လိုတယ်။ သူချကိုယ်ချ ချဖို့ပြင်ဆင်တာက အရမ်း အန္တရာယ် များတယ်။

နောက်တစ်ခုက ဖေ့စ်ဘွတ်ခ်ကိစ္စ ကျွန်တော်လည်း တော်တော်များများ ပြောဖြစ်တယ်။ ဖေ့စ်ဘွတ်ခ်မှာ အမည်မဖော်ပြဘဲ သုံးနေသူတွေရှိတယ်။ဒါက မီဒီယာ ဖြစ်သွားပြီ။တစ် ယောက်တည်းရေး တစ်ယောက်တည်းဖတ်တာ မဟုတ်တော့ဘူး။ သူရေးတဲ့အချက်အလက်တွေနဲ့ ပတ်သက်လို့အမျိုးအမည်မဖော်ပြတဲ့အကောင့်ပိုင်ရှင် ကဘယ်လိုတာဝန်ယူမလဲ။ကျွန်တော် ပြောချင်တာက ကိုယ့်ဘာသာကိုယ် ရေးပြီး ကိုယ်ဘာသာဖတ်ပြီး စုတ်ဖြဲပစ်တာမဟုတ်ဘဲနဲ့ အများပြည်သူကို ဖြန့် ပြီဆိုရင်တော့ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်။အဲ့ဒါကို ဒီလိုအကောင့်အတုတွေကိုယ်ရဲ့ Identity မဖော်ပြတဲ့ အကောင့်တွေနဲ့ပတ်သက်ပြီး ပေါ်လစီတစ်ခု ပြတ်ပြတ်သားသားချသင့်တယ်လို့ထင်တယ်။

ကမ်းရိုးတန်းဒေသတွေက ကမ်းရိုးတန်းရွာတွေ ခဏခဏပြဿနာတက်တယ်။ခိုးလှေတွေနဲ့ ဝင်တယ်။၂၄နာရီ စောင့်ကြည့်ဖို့အတွက် အားဖြည့်ကင်းလှည့်ဖို့လိုတယ်။နောက်တစ်ခုက အဲ့ဒီအနားမှာရှိတဲ့ရွာတွေအထဲကို ရွှေ့ဖို့လိုတယ်။အထူးသဖြင့်က ပြောကြစို့ ဆိုရင် ကမ်းရိုးတန်းထွက်ပေါက် အကုန်လုံးက …

ကျွန်တော် ပြောတာက လွတ်လပ်စွာပြောဆိုခွင့် သတင်းလွတ်လပ်ခွင့်ကိုထိပါးတာ မဟုတ်ဘူး။ ခင်ဗျားပြောချင်သလား တာဝန်တော့ယူပြီးတော့ပြော လွတ်လပ်စွာပြောဆိုခွင့် တော့လိုချင်တယ်။ တာဝန်တော့မယူဘူးဆိုတာမျိုးတော့မရဘူး။ အခုလို အကြပ်အတည်း ကာလတွေမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တာဝန်မဲ့ပြောဆိုနေတာတွေဟာ ထိန်းချုပ်ဖို့လိုမယ်။ စီစစ်ဖို့လိုမယ်လို့ထင်တယ်။

ငြမ်းမီဒီယာ-မကြာသေးခင်က နိုင်ငံတော်သမ္မတ၊အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်ချုပ်တို့တွေ့ဆုံဆွေးနွေးတယ်။ဒီတွေ့ဆုံမှုက ပထမဆုံးအကြိမ်ဖြစ်မယ်ထင်တယ်။ဒီတွေ့ဆုံမှုကိုရော ဦးကိုကိုကြီး ဘယ်လို သုံးသပ်သလဲ။

UKKG – ဒါနိုင်ငံတော်လုံခြုံရေးအခြေအ အေရပ်ဘက်စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုက လုပ်ကိုလုပ်ရမယ်။ ဒါလုပ်တဲ့ အချိန်မှာ ရခိုင်ပြည်နယ် လက်ရှိ အခြေ အနေနဲ့ ပတ်သက်ပြီး အခု စစ်ဆင်ရေး နယ်မြေသတ်မှတ်ပြီဆိုရင် Institutionalize လုပ်ရမယ်။ လက်ရှိရှိနေတဲ့တည်ဆဲ ဥပဒေတွေ နည်းဥဒေတွေ အရ ဘယ်လို ကျင့်သုံးတယ် ဘယ်လို တာဝန်ယူတယ် ဆိုတာမျိုးက Legal Institution နဲ့ဆောင်ရွက် ရမယ့်ကိစ္စတွေ ဖြစ်တယ်။ဒါကြောင့်မို့လို့ ခုလိုတွေ့ဆုံဆွေးနွေးမှုမျိုးက အရေးကြီးတယ်။ လိုလည်းလိုအပ်တယ်။ဒီဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရဘာလုပ် တယ်ဆိုတာကိုသာပွင့်လင်းမြင်သာမှုရှိဖို့ လိုတာပါ။

ငြမ်းမီဒီယာ -ဦးကိုကိုကြီးအနေနဲ့အရင်အစိုးရလက်ထက်က ရခိုင်ကော်မရှင်ဟောင်းမှာ ပါခဲ့သူဖြစ်တယ်ဆိုတော့ နယ်စပ်ခြံစည်းရိုးကိစ္စနဲ့ အကြမ်းဖက်မှုတွေဖြစ်တိုင်း ရဲစခန်းတွေ ကျတယ်။လုံခြုံရေးတပ်ဖွဲ့တွေကျတယ်။ လက်နက်တွေပါတယ်။အဲ့ဒါတွေကဘာကြောင့်လို့ထင်သလဲ။ဒီလိုဖြစ်နေတာတစ်ကြိမ်လည်းမဟုတ်တော့ဘူး။

UKKG – အရေးပေါ်အခြေအနေဖြစ်ပြီ ဆိုရင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ နောက်တစ်ခု ကတော့ အဲ့ဒီ အနီးအနားမှာ တပ်တွေရှိတယ်။တပ်ရဲ့သဘောကလည်း တိကျတဲ့ အမိန့်ညွှန်ကြားချက်မရရင်တပ်ဝန်း ထဲကတောင် ထွက်လို့မရဘူး။အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင် တဲ့စနစ်ကောင်းကောင်း ရှိဖို့လိုတယ်။တစ်ခုကတော့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကြိုရထားဖို့နောင်ကို အဲ့လိုမျိုးမဖြစ်ရ အောင်ကြိုတင် ကာကွယ်နိုင်အောင် ထောက်လှမ်းရေးယန္တရားသေချာ အားဖြည့်ဖို့လိုအပ်တယ် လို့မြင်တယ်။နောက်တစ်ခုကတော့ ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်ပေါ့ ကျွန်တော့်အယူအဆအရ ပြောရရင် နယ်စပ်ပတ်လမ်းတွေ ချက်ချင်းရှောရှော ရှုရှု သွားနိုင်တဲ့လမ်းတွေ လုပ်သင့်တယ်။

ကမ်းရိုးတန်းဒေသတွေက ကမ်းရိုးတန်းရွာတွေ ခဏခဏပြဿနာတက်တယ်။ခိုးလှေတွေနဲ့ ဝင်တယ်။၂၄နာရီ စောင့်ကြည့်ဖို့အတွက် အားဖြည့်ကင်းလှည့်ဖို့လိုတယ်။နောက်တစ်ခုက အဲ့ဒီအနားမှာရှိတဲ့ရွာတွေအထဲကိုရွှေ့ဖို့လိုတယ်။အထူးသဖြင့်က ပြောကြစို့ ဆိုရင် ကမ်းရိုးတန်းထွက်ပေါက် အကုန်လုံးက ဘင်္ဂလီရွာတွေ ဖြစ်နေတယ်။အခုလိုအငြင်းပွားတဲ့ပြဿနာ ဖြစ်နေချိန် လူလည်းခွဲ လို့မရဘူး။ဘာသာစကားနဲ့လည်းခွဲလို့မရဘူး ပြီးတော့အဲ့ဒေသတွေမှာ ဘာအထောက်အထားမှ မရှိတဲ့သူတွေကလည်း အမျာကြီးပဲ။

ကျွန်တော်တော့ကမ်းရိုးတန်းထွက်ပေါက် တွေက ဘင်္ဂလီရွာတွေ ကုန်တွင်းပိုင်းရွှေ့သင့်တယ်။ နယ်စပ်ပတ်လမ်း ကောင်းကောင်းရှိဖို့လိုတယ်။ ကမ်းရိုးတန်း ကင်းစောင့်ရေတပ် အားကောင်း ဖို့လိုတယ်ထောက်လှမ်းရေးယန္တရားအားကောင်း ထက်မြက်ဖို့လိုတယ်။ဒါကတော့ကျွန်တော်လုံခြုံရေး အရပြောတာ။ကျန်တာကတော့ပြောစရာအများ ကြီးပဲ။

နံပါတ်တစ်ကတော့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းရမယ်။တရားဥပဒေ စိုးမိုးမှုနယ်မြေ တည်ငြိမ်မှု ရလာအောင် လုပ်ရမယ်။ ဒုက္ခသည်ကတော့ ဘယ်ဘက်က ဒုက္ခသည်ပဲဖြစ်ဖြစ် လူသားချင်းစာနာမှုအကူညီကို သူတို့လက်ထဲကို မှန်မှန် ကန်ကန်ရောက်ရှိ အောင်ကျွန်တော်တို့ စီမံခန့်ခွဲပေးသင့်တယ်။ဒီအချိန်မှာအလှူရှင်တွေကနေတိုက်ရိုက် သွားလှူတဲ့ ကိစ္စတွေ ကတော့ စီစစ်သင့်တယ်။

တစ်ခုတော့ရှိတယ် ဒုက္ခသည်တွေဆီကို တကယ်မှန်မှန်ကန်ကန် ရောက်အောင်တော့ စီမံခန့်ခွဲပေးရမယ်။ နောက်တစ်ချက်က သတင်းမီဒီယာကို ပိတ်ဆို့ထားရင် လွတ်လွတ်လပ်လပ် ခွင့်မပြုရင် ကောလာဟလတွေက ပျံ့မှာပဲ။သတင်းထုတ်ပြန်မှုတွေကိုလည်း နိုင်ငံတကာကို ထုတ်ပြန်ပေးဖို့ သတင်း စီးဆင်းမှုတွေကိုလည်း ဆောင်ရွက်ပေးသင့်တယ်။

နောက်တစ်ခုက နိုင်ငံတကာမီဒီယာကိုထိုးဖောက်ဖို့ နီုင်ငံတကာမီဒီယာတွေကို အဖြစ်မှန်ကို သေသေချာချာ သိရှိအောင် လုပ်ရမယ်။ ပြည်တွင်းတင် အာရုံစိုက်လို့ မရဘူး။နိုင်ငံတကာကို စနစ်တကျ ထုတ်ပြန်တဲ့အဖွဲ့တွေနဲ့ဆောင်ရွက်ဖို့လို တယ်လို့ မြင်တယ်။နောက်တစ်ပိုင်းက နည်းပညာ ပြဿနာ ဂြိုလ်တု သတင်းဓာတ်ပုံဆိုတာ မတော်တဆရတဲ့ဟာမဟုတ်ဘူး။

ကမ္ဘာကြီးအကျယ်ကြီးအဲ့အထဲကမှ ဒီပွိုင့်လေးတစ်ခုပေါ်မှာ ချိန်ထားဖို့အဲ့ဒီလိုချိန်ထားပြီး မှတ်တမ်းလုပ်တဲ့ အချိန်မှာ မီးလောင်မှုဖြစ်ဖို့ဆိုတာ မတော်တဆတိုက်ဆိုင်မှုမဟုတ်ဘူး။ အဲ့ဒီနေရာမှာ ၂၄နာရီ ဒီ ဂြိုလ်တုကို တစ်ခါတည်း ချိန်ထားဖို့ ဆိုတာငွေကြေးအမြောက်အများ အများကြီးကုန်ရတာ။အဲ့ဒီလိုအပေါ်တွေမှာပါ ကျွန်တော်တို့က နည်းပညာ အရပါ ရှင်းလင်းချေပနိုင်ဖို့လိုမယ်လို့ထင်တယ်။

ဒါကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ နောက်တစ်ခါ ဒီလူ့အဖွဲ့အစည်းတွေ အပေါ်မှာ သြဇာရှိတဲ့သူတွေ နိုင်ငံတကာကို ထိထိရောက်ရောက် ပြောနိုင်ဆိုနိုင်တဲ့ သူတွေ ကိုအများကြီးစုစည်းဖို့လိုတယ်။ သဘောက လူသားအရင်းအမြစ် ကျွန်တော်တို့ နိုင်ငံမှာ အားနည်းတဲ့နိုင်ငံ သူ့လူ၊ကိုယ့်လူ ။သူ့လူမို့မသုံးဘူး ကိုယ့်လူမို့ထားမယ် ဆိုတာ မျိုးတွေနဲ့ဖြေရှင်း လို့မရဘူး။ဒါကဒီကိစ္စတစ်ခုတည်းပြောတာမဟုတ်ဘူး။

နိုင်ငံမှာရှိနေတဲ့ပြဿနာတွေ အများကြီးမှာ တကယ်လုပ်နိုင်ကိုင်နိုင် လူသားအရင်းမြစ်က အင်မတန်အားနည်းတဲ့နိုင်ငံ။ ရသလောက် စုစည်းပြီး ကျွန်တော်တို့က ထိထိရောက်ရောက် အသုံးချဖို့ကို အမျိုးသားရေးကိစ္စတစ်ခုအဖြစ် နိုင်ငံတော်ရဲ့ အရေးကြီးကိစ္စ တစ်ခုအဖြစ် ရှုမြင်ပြီး လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။

ငြမ်းမီဒီယာ
စက်တင်ဘာ(၉)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,