လူ (၃၀)လောက်က စနစ်တကျလုပ်သွားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KHH / တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးဝင်းမြင့်လှိုင်

ဘေးကလူတွေပါလာအောင်အော်ဟစ်တယ်၊နိုင်ငံတော်သီချင်းတွေဆိုတယ်၊အဲဒါမျိုးတွေရှိတယ်။ ဒါပေမယ့် ပြည်သူလူထုက မပါပါဘူး။ရပ်ကြည့်တဲ့ အတိုင်းအတာနဲ့၊အခြေအနေလေး လာကြည့်တဲ့ အတိုင်းအတာနဲ့လူဦးရေ (၁၀၀)နီးပါး…

တောင်တွင်းကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခြင်း

ငြမ်းမီဒီယာ- တောင်တွင်းကြီး မြို့မှာ ညက ဖြစ်သွားတဲ့အခြေအနေလေးပြောပြပေးပါ။

UWMH – ပထမဦးဆုံးလူလေးငါးခြောက်ယောက်ခုနှစ်ယောက်လောက်နဲ့ ဘာသာခြားအိမ်တွေကို အော် ဟစ်ကြတယ်၊ ဖျက်ဆီးမှုတွေစလုပ်လာတယ်။နောက်တော့လူ(၃၀)လောက်ဖြစ်သွား တယ်။ အုန်းတော(၂)လမ်းမှာအိမ်တစ်အိမ်ကို ခဲနဲ့ထုသွားတာတော့ရှိတယ်။အဲတာပြီးတော့ဗလီဘက်ကို ရောက်လာပြီး ဗလီကိုခဲနဲ့ထပ်ထုတယ်။အဲဒီအချိန်မှာလုံခြုံရေး ရောက်လာတော့ သူတို့ထွက်ပြေးသွားတယ်။ထွက်ပြေးသွားပြီးတော့အဲဒီအနားကိုလာလို့ မရတော့ ရပ်ကွက်ထဲမှာ ရှိတဲ့ အိမ်တွေကိုခဲနဲ့ထုတာဖျက်ဆီးတာတွေ လုပ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တောင်တွင်းကြီးမြို့မှာ လက်ရှိအခြေအနေကရော ဘယ်လိုရှိပါသလဲ။

UWMH -အားလုံးပုံမှန်ပါပဲ။ဈေးလည်းပုံမှန်ပါပဲ။အကုန်လုံးကသွားလာနေကြတာပဲ။

ငြမ်းမီဒီယာ – အခင်းမဖြစ်ခင်ညက အွန်လိုင်မှာလှုံ့ဆော်မှုတွေရှိတာနဲ့ ပတ်သက်ပြီးရော ဘာများပြောချင်ပါသလဲ။

UWMH -တစ်နိုင်ငံလုံးအတိုင်းအတာနဲ့(၁၁)ရက်နေ့မှာလုပ်မယ်၊ဆူပူမယ်။အဲဒီလိုအနေ အထားတွေက ဖွထားတာဆိုတော့ မြို့တိုင်း၊ မြို့တိုင်းဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဆီမှာနည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့လေ။မဖြစ်စေချင်ဘူးပေါ့ဗျာ။

ငြမ်းမီဒီယာ- တောင်တွင်းကြီးမြို့မှာ ဖြစ်သွားတဲ့ အခြေအနေကိုဘယ်လိုသုံးသပ်ပါသလဲ။

UWMH -အဓိက ဖွပြီဆိုကတည်းကရခိုင်ဒေသကအခြေအနေကိုကြည့်ပြီးဖွကြတာပဲလေ။ တခြားဘာသာ ကတော့ကျွန်တော်တို့ဆီမှာ တုန့်ပြန်မှုမရှိဘူးလေ။တဘက်တည်းဖြစ်သွားတာ။ လှုံဆော်မှုအား အတိုင်းအတာနဲ့ လူနည်းစုနဲ့လှုပ်ရှားသွားတယ်။ တစ်ချက် သုံးသပ်လို့ ရတာက လူအယောက် (၃၀)လောက်က စနစ်တကျလုပ်သွားတယ်။ ဒီနေရာမှာ လုပ်တယ် ၊နောက်တစ်နေရာ မှာ ထပ်လုပ်တယ်၊ အဲဒါမျိုးတွေဖြစ်သွားတာ။ ဘေးကလူတွေ ပါလာအောင် အော်ဟစ်တယ်၊ နိုင်ငံတော် သီချင်းတွေ ဆိုတယ်၊ အဲဒါမျိုးတွေ ရှိတယ်။ ဒါပေမယ့် ပြည်သူလူထုက မပါပါဘူး။ရပ်ကြည့်တဲ့ အတိုင်းအတာနဲ့၊ အခြေအနေလေး လာကြည့်တဲ့ အတိုင်း အတာနဲ့ လူဦးရေ (၁၀၀)နီးပါးဖြစ်သွားတာပါ။ ညတွင်းချင်းခရိုင် ရဲတပ်ဖွဲ့လည်းရောက်လာပါတယ်။မြို့မှာရှိတဲ့ ရဲတွေနဲ့လည်း ထိန်းထားလိုက်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပါဝင်ပတ်သက်သူတွေကိုအရေးယူတဲ့ အခြေအနေကိုလည်းပြောပေးပါဦး။

UWMH -ညက အဲဒီအဖွဲ့ထဲက မဟုတ်ဘဲ လာကြည့်တဲ့အထဲကနေ ခဲနဲ့ထုတာတို့ဘာတို့ လုပ်တဲ့ တစ်ယောက် ကို ည ကတည်း က ဖမ်းလိုက်နိုင်တယ်။ မနက်ပိုင်းမှာ သံသယရှိတဲ့ သူနှစ်ယောက်ကို ဆွဲထားနိုင် ပါတယ်။ အဲဒီနောက်ပိုင်းလဲ သူတို့ (ရဲတပ်ဖွဲ့) ဆက်ပြီး လိုက်နေပါတယ်။

ငြမ်းမီဒီယာ – ရဲတပ်ဖွဲ့ရဲ့လုံးခြုံရေးဆောင်ရွက်ပေးနေတဲ့ အပိုင်းကိုရောဘယ်လို မှတ်ချက်ပေးချင် ပါသလဲ။

UWMH -ရဲတပ်ဖွဲ့ ရဲ့လုံခြုံရေးဆောင်ရွက်နေတဲ့ အပိုင်းကိုပြောရရင် နိုင်ငံတကာမှာဆိုရင်တော့ လေးယောက် ကို တစ်ယောက် နှုန်းဖြစ်ရမယ်လေ။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို ရဲတပ်ဖွဲ့ဝင်အားက တအားနည်း တာပေါ့။ ရဲတပ်ဖွဲ့အရမ်းနည်းတယ် ဆိုပေမယ့် လည်း ရှိတဲ့အတိုင်းအတာနဲ့ လုပ်တယ်။ ခရိုင်ကို အကူအညီ တာင်းတယ်။ အကူအညီတောင်းတဲ့ ကိစ္စလည်း ဝန်ကြီးချုပ်ကို ကျွန်တော် လှမ်းပြော လိုက် တာပေါ့။ဝန်ကြီးချုပ်ကနေ ညွှန်ကြားမှုတွေဆက်လုပ်ပေးပါတယ်။ ဒီမနက်ကလည်း ဝန်ကြီးချုပ် ကိုယ်တိုင် လာသွားပါတယ်။ထိန်းသိမ်း နိုင်အောင်တစ်ကယ်လုပ်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့၊ ဖျက်ခံရတဲ့ အိမ်တွေကိုနစ်နာ ကြေးပေးဖို့ ဝန်ကြီးချုပ် က ဘယ်လိုလုပ်လဲဆိုရင် စာရင်းအတိအကျလုပ်ပြီးရင် ကက်ဘိနက်ကိုတင်ပြီးအစည်း အဝေးဆုံးချက်နဲ့ပေးဖို့ ပြောကြားသွားပါတယ်။

ငြမ်းမီဒီယာ – ညကဖြစ်သွားတဲ့ ဆူပူအကြမ်းဖက်မှုမှာဒဏ်ရာရမှုအခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု တွေလည်း ပြောပြပေးပါဦး။

UWMH -ဒဏ်ရာရရှိမှုကတစ်ယောက်မှမရှိပါဘူး။အိမ်ခြေဆိုတာထက် အိမ်ပါမယ်၊ဆိုင်ခန်းလေးတွေ ပါမယ် ။အားလုံး(၈)ခု ပျက်စီးခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လူ(၃၀)လောက်ကစနစ်တကျလုပ်တယ်ဆိုတော့ အဲဒီလူတွေက ဒေသခံတွေလား၊ သူစိမ်းတွေလား။ အဲဒီအခြေအနေကိုဘယ်လိုသုံးသပ်ပါသလဲ။

UWMH -အဲဒီအခြေအနေကဒေသခံတွေများပါတယ်။ဘေးကလူတွေ(သူစိမ်း) မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ ဒေသခံတွေထဲကပဲ၊ ဘာလို့လည်း ဆိုတော့ လိုက်ထိန်းတာ။လိုက်ထိန်းတယ် ဆိုတာကဖြစ်မှာ ကြောက်လို့ ထိန်းတဲ့သူတွေလည်းပါနေတယ်ပေါ့။ လူကြီးပိုင်းက လိုက်ထိန်းတာလေးတွေ ရှိတယ်ဗျ။ရပ်ကွက်(၁၀)ခုက အုပ်ချုပ်ရေးပိုင်းတွေကို ကျွန်တော်တို့ကေ ခါ်လိုက်တယ်။ လူများတဲ့ နေရာမျိုးမှာ ရပ်ကွက်အလိုက် ကျွန်တော်တို့ ထိန်းထားတာလေးတွေရှိပါတယ်။ဒီအယောက် (၃၀)ကတော့ ကျွန်တော်ထင်ပါတယ်၊မြို့ပေါ်အတိုင်းအတာလို့ ကျွန်တော်ထင်ပါတယ်။

ငြမ်းမီဒီယာ – ညက တောင်တွင်းကြီးမှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရေးယူမယ်လို့နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း ကြေညာချက်ထုတ်ပြန်ထားမျိုးတွေရှိတယ်။ပါဝင်တဲ့ အယောက်(၃၀) ဟာမြို့ပေါ်က ဆိုတော့ အဲဒီလူတွေကို ဖမ်းမမိနိုင်သေးဘူး ဆိုတဲ့အပေါ်မှာဘာများပြောချင်လဲ။

UWMH -ဖမ်းမိနိုင်ပါတယ်။ နောက်ထပ် ထပ်ဆွဲထားတာမျိုးလေးတွေရှိပါတယ်။ မသေချာလို့မထုတ်ပြန်
သေးတာပါ။

ငြမ်းမီဒီယာ- ဖြည့်စွက်ပြောကြားချင်တာရှိရင်ပြောပေးပါ။

UWMH -တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရရင်ကျွန်တော်တို့မြို့လေးလိုဆူပူမှု မဖြစ်စေချင်ပါဘူး။ငြိမ်းချမ်းရေးကို သွားနေတာလေ။ တစ်ခုချင်းအောက်ခြေကနေ စပြီး ရပ်ကျေး၊မြို့နယ်တွေ၊ တိုင်းတွေ အေးချမ်းမှသာ ကျွန်တော်တို့ငြိမ်းချမ်းမှလေ။ဒီသတင်းတွေ ကြားပြီးဆူပူလှုံ့ဆော်မှုလေးတွေ ရှိနေဦးမှာပါ။မြို့ပေါ်မှ ရှိတဲ့ သူတွေကပဲ ကိုယ်ဒေသကို ကိုယ်ထိန်းသိမ်းသွားဖို့ပြောချင်ပါတယ်။

ငြမ်းမီဒီယာ
စက်တင်ဘာ(၁၁)၊၂၀၁၇၊ရန်ကုန်

 

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,