လောလောဆယ်တော့ ထိုးစစ်တွေကိုရပ်ဖို့လိုတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AFP / TNLA တပ်ဖွဲ့ဝင်များ

ဒီကပ်ရောဂါကာလအတွင်းမှာ တိုက်ပွဲတွေဖြစ်ရင် Quarantine ထားတဲ့လူတွေ အကုန်လုံး ထွက်ပြေးကြမယ်။ ဒါဆို …

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) လှုပ်ရှားနယ်မြေများတွင် COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်ပြီး TNLA အဖွဲ့မှ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – TNLA အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ COVID – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

MAK – COVID – 19 နဲ့ပတ်သက်လို့ မြန်မာပြည်ထဲမှာ Positive လူနာမတွေ့ခင်ကတည်းက၊ တရုတ်ပြည်မှာဖြစ်နေပြီ ဆိုက တည်းက ကျနော်တို့အဖွဲ့တွေက ကျနော်တို့ဒေသကလူထုတွေကို ဒီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို လက်ကမ်း စာစောင်တွေနဲ့ မျှဝေထားခဲ့တယ်။ ကျနော်တို့လှုပ်ရှားနယ်မြေတွေက အများအားဖြင့် ကျန်းမာရေး ဝန်ထမ်းတွေ မရောက်နိုင်တဲ့ ဒေသတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တဲ့ နေရာတွေများတယ်။ ဆိုတော့ ဒီမှာဖြစ် လာပြီ Positive လူနာစတွေ့ပြီဆိုတဲ့ အချိန်ကျတော့ ကျနော် တို့လှုပ်ရှားနေရာထဲက တချို့ဒေသတွေမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့ပူးပေါင်းပြီး ကော်မတီတွေဖွဲ့ဆောင်ရွက်ကြတာရှိပါတယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ပံ့ပိုးဆောင်ရွက်ပေးတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့ ရောဂါအတွက် ကာကွယ်ထိန်းချုပ် ရတာတွေ ကသောင်းကနင်းဖြစ်လာနိုင်တယ်။ အခု …

တချို့နေရာတွေမှာဆို သံဃာ့အဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေပါဝိုင်းကူ ကြတာတွေရှိ ပါတယ်။ ကျေးရွာတွေမှာ ကျနော်တို့က စေတနာ့ဝန်ထမ်းတွေနဲ့ ကော်မတီတွေ ဖွဲ့ပေးတယ်။ ရောဂါကာကွယ်မှုနဲ့ပတ်သက် တဲ့ နည်းလမ်းတွေကို ရွာတွေမှာရှင်းပြပေးတယ်။ တချို့ကျေးရွာတွေမှာရှင်းလင်း ပြောပြပေးရင် ကော်မတီတွေက သူ့ဟာနဲ့သူ ဆောင်ရွက်သွားနိုင်တာရှိသလို တချို့ကျေးရွာတွေမှာကျတော့ ကျနော်တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေး ရတာတွေလည်း ရှိပါတယ်။ ဘယ်လိုဆောင်ရွက်သလဲဆိုတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီးပြန်လာတဲ့လူတွေသာမက တခြားဒေသတွေက ပြန်လာတဲ့ လူတွေကိုပါ ချက်ချင်းရွာထဲမှာရောမနေခိုင်း ဘဲ Quarantine ထားပေးတယ်။ အရင်ကတော့ (၁၄) ရက်ပေါ့။ နောက်ပိုင်း တော့ (၂၁) ရက်ထားတယ်။ Quarantine ထားတဲ့ စခန်း (၂) မှာတော့ အဖွဲ့ပေါင်း (၃၀) ကျော်ရှိတယ်။ အရေးကြီးတဲ့လူနာတော့ မဟုတ် ပါဘူး။ အပြင်ကနေ ပြန်လာကြတဲ့သူတွေကို Quarantine ထားပြီးစောင့်ကြည့်တာပေါ့။ အဲဒီမှာ လူ (၃၀၀) နီးပါးလောက် ရှိတယ်။ တချို့ကလည်း Quarantine ရက်စေ့လို့ပြန်သွားကြတာ တွေလည်းရှိတယ်။ အခုလောလောဆယ်တော့ (၁၀၀) ကျော် လောက် ကျန်သေးတယ်။ လုပ်ငန်းပိုင်းအနေနဲ့ကတော့ ကျနော်တို့ ပိုးသတ်ဆေး ဖြန်းပေးတယ်။ လက်ဆေးတဲ့ အလေ့အထ ကို လုပ်ဖို့ပြောတယ်။ ဆပ်ပြာရည်တွေ၊ ဆပ်ပြာတွေဝေပေးတယ်။ Mask တွေဝေပေးတယ်။ နောက်အပြင် သွားလာတဲ့ သူတွေ၊ အပြင်ကပြန်လာတဲ့လူတွေ၊ Quarantine စခန်းကလူတွေကို အပူချိန်တိုင်းပေးတယ်။ ရောဂါပိုး ရှိမရှိဓာတ်ခွဲ စစ်ဆေးနိုင် တာမျိုး တော့ ကျနော်တို့ဆီမှာမရှိဘူး။ ဒါတွေကတော့ ကျနော်တို့ TNLA ရဲ့ ထိန်းချုပ် နယ်မြေတွေမှာ COVID – 19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျနော် တို့ လုပ်ကိုင် ဆောင်ရွက်နေတာတွေပါ။

ငြမ်းမီဒီယာ – တခြားသော တိုင်းရင်းသားလက်နက်ကိုင် (EAO) တွေရဲ့ လှုပ်ရှားနယ်မြေတွေမှာရော COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင် ရွက်မှု အခြေအနေတွေ ဘယ်လိုရှိတယ်လို့ သိရပါသလဲ။

MAK – တခြားနယ်မြေတွေမှာဆောင်ရွက်နေတဲ့အခြေအနေတွေကိုတော့ ကျနော်တို့သွားပြီးမကြည့်နိုင်ဘူးပေါ့နော်။ သတင်းတွေမှာ တက်လာတာတွေကိုတော့ မြင်နေသိနေရတာပေါ့။ လက်ရှိကတော့ ကျနော်တို့နယ်မြေမှာ ကျနော် တို့ ဆောင်ရွက်နေတာကိုပဲ ရှင်းပြနိုင်တာပေါ့. တခြားအဖွဲ့ အစည်းတွေရဲ့ ဆောင်ရွက်မှုကတော့ သတင်းတွေမှာတက် လာ တာလောက်ကိုပဲ ကျနော်တို့ သိရ တာပေါ့။ ကျန်တဲ့မြေပြင်မှာတော့ ကျနော်တို့မရောက်ဖူးဘူး။

ငြမ်းမီဒီယာ – အစိုးရက COVID – 19 ကာကွယ်ထိန်ချုပ် ကုသရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေးကော်မတီကို ဧပြီ (၂၇) ရက်နေ့က ဖွဲ့စည်းခဲ့တာရှိပါတယ်။ TNLA အနေနဲ့ အဲဒီကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ လုပ်နေပြီလား။

MAK – အဲဒီအဖွဲ့အစည်းက ကျနော်တို့နဲ့ပူးပေါင်းဆောင် ရွက်ဖို့ ဆက်သွယ်တာမျိုး ဒီနေ့အထိတော့မတွေ့ရသေးဘူး။ သူတို့ရဲ့ ဆောင်ရွက်မှုကိုလည်း ကျနော်တို့ဆီမှာတော့မတွေ့ ရသေးဘူး။ ကျနော်တို့ဆီမှာတော့ ကျနော်တို့ပဲလုပ်နေတယ်။ အဲဒါနဲ့ ပတ်သက်လို့ကျနော်တို့သိတာကတော့ အဓိက အခုဆိုရခိုင်ဘက်မှာ တိုက်ပွဲတော်တော်လေး ပြင်းထန်နေတယ် ပေါ့နော်၊ ကျနော်တို့ဒေသတွေမှာတော့ ဒီကာလအတွင်း တိုက်ပွဲမဖြစ်အောင်ထိန်းကြတာပေါ့။

ထိုးစစ်ရှိနေရင် ဒီရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေးတွေလုပ်ဖို့ ကျနော်တို့ သွားလို့လာလို့မရတော့ဘူး။ သွားရင် တိုက်ပွဲက …

ဒါကပဲ သူတို့ရဲ့လုပ်ဆောင် ချက်လို့ ပြောရမလား။ အခြားလုပ်ဆောင်ချက်တော့ မတွေ့မိဘူး။ ဧပြီလနဲ့ မေလထဲမှာ အပစ်ရပ် သက်တမ်း တိုးတယ်၊ အခုဒီ (၅) လပိုင်း ထဲမှာလည်းထပ်မံတိုးတယ်။ အဓိ က ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လက်တွေ့ ကျကျ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ရှိရှိဆောင်ရွက်နိုင်စေဖို့ပဲဖြစ်တယ်။ ဒီကပ်ရောဂါကာလအတွင်းမှာ တိုက်ပွဲတွေဖြစ်ရင် Quarantine ထားတဲ့လူတွေ အကုန်လုံး ထွက်ပြေးကြမယ်။ ဒါဆိုရောဂါပါလာတဲ့လူရှိနေရင် အကုန်လုံးပျံ့နှံ့ကုန်မယ်။ တစ်ဖက် က လည်း တပ်ဘက်ကထိုးစစ်တွေရှိလာရင် ရွာတွေမှာ ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့ ရောဂါအတွက် ကာကွယ်ထိန်းချုပ် ရတာတွေ ကသောင်းကနင်းဖြစ်လာနိုင်တယ်။ အခုကောက်မတီဖွဲ့တယ်ဆိုတာက ဘယ်လိုမျိုးပုံစံနဲ့ ဖွဲ့သ လဲ၊ သူတို့အလုပ်ဖြစ်မလား မဖြစ်ဘူးလား ဆိုတာထက် လောလောဆယ် တော့ ထိုးစစ်တွေကို ရပ်ဖို့တော့လိုတယ်။ ထိုးစစ်ရှိနေရင် ဒီရောဂါနဲ့ပတ်သက်ပြီး ကာကွယ် ထိန်းချုပ်ရေးတွေလုပ်ဖို့ ကျနော်တို့ သွားလို့လာလို့မရတော့ဘူး။ သွားရင် တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်။ ခုအချိန် ထိတော့ သူတို့ဘက်က ဆက်သွယ်တာမျိုး  မရှိသေးဘူး။ အဓိက တကယ် ထိရောက်တာကတော့ ထိုးစစ်တွေ ရပ်ဖို့ပဲ။ ထိုးစစ်တွေ လျော့လိုက်ရင် အောက်ခြေမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေလည်းကောင်းကောင်း မွန်မွန် လုပ်ကိုင် ဆောင်ရွက် နိုင်မယ်။ အဲဒါဆို ပိုပြီးတော့ ထိရောက်မှု ရှိတယ်။ အခု ဒီကော်မတီကတော့ ဆက်သွယ် လာတာလည်း မရှိသေးဘူး၊ သူတို့က ဘယ်လိုလုပ်မလဲဆိုတာလည်း ကျနော်တို့မသိ သေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကုလသမဂ္ဂကတော့ လက်ရှိကပ်ရောဂါကာလအတွင်းမှာ စစ်ပွဲတွေရပ်ထားပေးဖို့ပြောတာရှိပေမယ့် နိုင်ငံမှာ လက်ရှိ အချိန် တိုက်ပွဲတချို့ဖြစ်နေတဲ့အနေအထားကို ဘယ်လိုသုံးသပ်မှတ်ချက်ပြုချင်ပါသလဲ။

MAK – ဒီဟာက ခုနက ကျနော်ရှင်းပြတာထဲမှာလဲပါပြီးသားပဲ။ ကျနော်တို့ကြုံရတဲ့အခက်အခဲတွေပေါ့။ တိုက်ပွဲမဖြစ် အောင် ကျနော် တို့က ကြေညာချက်တွေထုတ်တယ်။ တိုက်ပွဲမဖြစ်အောင် ကျနော်တို့အတတ်နိုင်ဆုံးရှောင်တယ်။ ကျနော် တို့ရှောင်လို့ လည်း ဧပြီလ ထဲမှာဆို ကျနော်တို့ဒေသမှာ တိုက်ပွဲ (၂) ကြိမ်လောက်ပဲဖြစ်ခဲ့တယ်။အဲဒါကလည်း ထိုးစစ်တွေ ကြောင့် ရုတ်တရက် ဖြစ်ပွားခဲ့ တာပဲ ရှိတယ်။ ထိုးစစ်တွေကြောင့် ကျနော်တို့ဒေသမှာ COVID – 19 ရောဂါကာကွယ်ရေးအတွက် ဘယ်လို အခက်အခဲတွေ ရှိတယ် ဆိုတာ စောစောကကျနော်ပြောတာမှာပါခဲ့ပြီးပါပြီ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,