လျှပ်စစ် စွမ်းအင် လုံလောက်စွာရရှိရေး နော်ဝေနှင့်ဆွေးနွေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေသည့် လျှပ်စစ် စွမ်းအင် အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ အစိုးရနှင့်နော်ဝေနိုင်ငံ၊ SN Power ကုမ္ပဏီတို့အကြား ပူးပေါင်း ဆောင်ရွက်နိုင်မှု အလားအလာ များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

သြဂုတ်(၃၀)၊၂၀၁၉၊ရန်ကုန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်နော်ဝေနိုင်ငံ၊ SN Power ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Oystein Oyehaug ဦးဆောင်သော အဖွဲ့ဝင် (၃) ဦး ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်သြဂုတ်လ(၂၉)ရက်နေ့ နံနက် ၁၀ နာရီတွင်နေပြည်တော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာတွေ့ဆုံခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆွေးနွေးပွဲတွင် အဂတိမှုစွပ်စွဲချက်များနှင့်စစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နှင့်အတူအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ – MSCO

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။