လွမ်းရတဲ့ညတွေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖန်တီးထားသည့် ဂစ်တာ

အဲဒီအချိန်က သတင်းစာ မျက်နှာဖုံးတွေကနေ တိုင်းဆူပြည်ဖျက် အဖျက်သမားတွေလို့ သူတို့ခေါင်းထဲ ရိုက်သွင်းထားတာကိုး။
သူတို့က ကာယကံမြောက် ရိုက်နှက်ခဲ့ကြရပေမဲ့ နောက်တော့နားလည်လာကြတယ်။စိတ်မကောင်း ဖြစ်ကြတယ်။
တစ်ဝိုင်းတည်းစားကြ၊သူတို့မိသားစု အရေးတွေကအစ တိုင်ပင်ကြ၊ရင်းရင်းနှီးနှီး . . . ဘာအာဃာတမှ မရှိ . . .

ဒီအကြောင်းတွေက ရင်ဘတ်ချင်းနီးမှ ခံစားနိုင်မယ့်
အကြောင်းအရာတွေပါ . . . ။

၁၉၉၄ ဇွန်လရဲ့ မိုးစက်တွေကြားမှာ သရက်ထောင်ကို ပြောင်းရတယ် ။

(အဲဒီတုန်းက)
ထောင်ဝတ်စုံအဖြူဟာ စိုတစ်ခါ ခြောက်တစ်လှည့်
ခြေချင်းသံချေးတွေ ပေလို့ . . .ကွက်တိကွက်ကြား၊
အထုပ်အပိုးတွေ တို့လို့တွဲလောင်း၊ ဝင်ဝင်ချင်း
” ဒါသရက်ထောင်ကွ ၊ ပုံစံထောင်ကွ “ ဆိုတဲ့
ဆဲဆို ကြိမ်းမောင်းသံတွေနဲ့အတူ
စပ်ဖျင်းဖျင်း ဝေဒနာတွေက ကျောပြင်ပေါ် တရစပ် . . . ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီလိုနဲ့ . . . တစ်ရက် . . . နှစ်ရက် ၊ တစ်လ . . . နှစ်လ ။
မိသားစုတွေခမျာ စုံစမ်းမေးမြန်းပြီး သရက်ထောင်လိုက်တွေ့ . . .
ပါလာတဲ့ ထောင်ဝင်စာထုပ်လေး မျှဝေစားကြ။
ရိုက်ခဲ့နှက်ခဲ့တဲ့ ထောင်ဝန်ထမ်းက မေးတယ် . . .

” ခင်ဗျားတို့ဗျာ . . ဘာလို့ဒီအလုပ်ကို လုပ်ကြတာလဲ ၊ ခင်ဗျားတို့ ပညာအရည်အချင်း၊ မိသားစု အခြေအနေနဲ့ အေးအေးဆေးဆေး နေလို့ရရဲ့သားနဲ့ “ တဲ့ . . . ။

သူတို့နားမလည်နိုင်ဘူး ။ သူတို့ထက် ပညာရေး၊ မိသားစုအခြေအနေ ကောင်းရဲ့သားနဲ့ ဘာကြောင့် ထောင်ကျတဲ့ အလုပ်ကို
လုပ်ပါလိမ့်ဆိုတဲ့ အတွေးပေါ့။

အဲဒီအချိန်က သတင်းစာ မျက်နှာဖုံးတွေကနေ တိုင်းဆူပြည်ဖျက် အဖျက်သမားတွေလို့ သူတို့ခေါင်းထဲ ရိုက်သွင်းထားတာကိုး။
သူတို့က ကာယကံမြောက် ရိုက်နှက်ခဲ့ကြရပေမဲ့ နောက်တော့နားလည်လာကြတယ်။စိတ်မကောင်း ဖြစ်ကြတယ်။
တစ်ဝိုင်းတည်းစားကြ၊သူတို့မိသားစု အရေးတွေကအစ တိုင်ပင်ကြ၊ရင်းရင်းနှီးနှီး . . . ဘာအာဃာတမှ မရှိ။

သားတွေ ထောင်ဝန်ထမ်း ပြန်ဖြစ်တာတောင် လာအပ်ထားတာ၊
ဆုံးမပါတဲ့ . . . ။
(၁၀) တန်းဖြေမယ့် ဝန်ထမ်းကလေးတွေ၊
အဝေးသင်တက်တဲ့ ဝန်ထမ်းကလေးတွေ စာသင်ပေး။

ဒီလိုညမျိုး . . . . . .

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ညနေ (၆) နာရီလောက် ထောင်မပိတ်ခင် ကတည်းက ပြင်ဆင်နေကြပြီ။
အကျဉ်းအကြပ် ထဲမှာတောင် ပျော်အောင် နေတတ်သူတွေ၊
(အရေထူ ဝတ်ဖြူစင်ကြယ်များ) လို့တောင် ဘဝတူ အကျဉ်းကျ ဗိုလ်ကြီးဟောင်း တစ်ယောက်က ကဗျာဆန်ခဲ့သေး . . . ။

သရက်လိုမြို့လေးမှာ
တကယ်တော့ “New Year” လုပ်တယ်ဆိုတာ
အဲဒီအချိန်က သိပ်မရှိလောက်ဘူး ထင်ပါတယ် . . . ။

ထောင်ဝန်ထမ်းတွေဆို ကျနော်တို့ တိုက်ဝင်းတွေထဲကို
ရောက်အောင် လာကြတယ်။
ကော်ဖီ၊ မုန့် . . စတဲ့ ရှိတာလေးတွေ အချင်းချင်းဝေကြတယ်။
ဝန်ထမ်းလေးတွေက အခန်းတွေ လိုက်ဝေပေးကြတယ် ။

အုတ်ရိုးပတ်လည်က သန်းခေါင်ယံ သံချောင်းခေါက်သံနဲ့အတူ

“ Happy New Year ”

အော်ဟစ် နှုတ်ဆက်လိုက်ကြတဲ့ အသံ . . . . ။
ကျနော်တို့ရော၊ ဝန်ထမ်းလေးတွေရော . . . . . . . . . . .
ထောင်ကြီးကတော့ အိပ်ချင်ယောင်ဆောင်လို့ . . . ။
အာဃာတမရှိ . . . . နှစ်လိုဘွယ်အတိ . . . . ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖြတ်သန်းချင်ပါတယ်။
အဲသလိုမျိုး . . . ရဲဘော်သူငယ်ချင်းတွေ၊
အဲသလို ဝန်ထမ်းမျိုးတွေ၊ နားလည်မှုမျိးတွေနဲ့ . . . .

“ Happy New Year ”

ကိုကိုကြီး
ဒီဇင်ဘာ(၃၁)၊၂၀၁၈၊ရန်ကုန်

စာရေးသူ ကိုကိုကြီးသည် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီးပြည်သူ့ပါတီ၏ ဥက္ကဌ ဖြစ်သည်။

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။