လွှတ်တော်အစည်းအဝေး တက်မည့် တပ်မတော်သားများတွင် COVID-19 ရောဂါပိုးမတွေ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PDSH / ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အား COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိ (မရှိ)ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၁၄) ဦး၊ တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၆၁) ဦး၊ အုပ်ချုပ်မှုအထောက် အကူပြုအဖွဲ့များဖြစ်သော ရုံးတာဝန်ကျ( ၄) ဦး၊ စားရိပ်သာတာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း (၁၁) ဦး၊ ဆေး အကာကွယ် တာဝန်ကျ (၃) ဦး စုစုပေါင်း (၂၁၉) ဦးတို့ကို COVID-19 ရောဂါပိုး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၈) ရက်တွင် စတင် ကျင်းပရန် ကြေညာထားပြီးဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၁၆) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို မူလက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်တွင် စတင်ကျင်းပရန် လျာထား ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်း ထားခြင်းဖြစ်သည်။

မေလ(၁၈) ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေး အလိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

(၁၆) ကြိမ်မြောက် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးကာလ မတိုင်မီ ကြိုတင်၍ COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေး ပေးနိုင်ရေး နေပြည်တော်သို့ မေလ (၉ )ရက်ထက် မစော (၁၀) ရက်ထက် နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည် ဟု ပြည်ထောင်စု လွှတ်တော်က သတင်း ထုတ်ပြန်ထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,