လှုံ့ဆော်နေသူတွေရဲ့ အဆက်အစပ် ရှာကြည့်ရင်တွေ့နိုင်တာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆက်စပ်နေရင်တော့ နိုင်ငံရေးအရ မလုပ်သင့်တဲ့၊ မလုပ်အပ်တဲ့ ရှိရမယ့် စည်းကို ချိုးဖောက်တဲ့သဘောပဲ။ သီးခြာ မဆက်စပ်ဘူး ဆိုရင်တော့ …

ရွေးကောက်ပွဲအလွန်မှာလည်း လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်တဲ့ သတင်းအတု၊ သတင်းအမှားတွေကတော့ ရှိနေဆဲပါပဲ။ နိုဝင်ဘာလ ၁၈ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာရှိတဲ့ ဗလီတွေကို NLD က ပြန်ဖွင့်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု၊ သတင်းအမှား ထွက်ပေါ်လာပါတယ် (သည်သတင်းနဲ့ ပတ်သက်ပြီး Think Before You Trust က အချက်အလက် စစ်ဆေးပြီး သတင်းအမှန် ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်)။ သည် အခြေအနေနဲ့ ပတ်သက်ပြီး စလင်းမြို့နယ် ၊မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – အခုသတင်းအမှားထွက်တဲ့ ဗလီက ဘယ်အချိန်က စဖွင့်တာလဲ။ခုလို သတင်းအမှား ထွက်လာတာကိုရော သိပါသလား။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

UTK – ၂၀၁၆၊ ဖေဖော်ဝါရီထဲမှာ အဓိကရုဏ်းတွေဖြစ်ခဲ့တုန်းက ပိတ်တာပေါ့။၂၀၁၉ ထဲမှာ ဗလီ သန့်ရှင်းခွင့်၊ ဝတ်ပြုခွင့်ပေးထားပြီးသား ကြာပြီ။ ဝတ်ပြုခွင့်ပေးပြီးသား ကိုမှ ကိုဗစ်ကြောင့် ပြန်ပြီးတော့ အတားအဆီးပြုရတာ။ ပြန်ပြီး တားထားတယ်။ ဒီဟာတွေမှာ စုဝေးခွင့်မပြုရအောင်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခုမှ ဖွင့်ခွင့်ပေးတာမျိုး မဟုတ်ဘူး။ဖွင့်လှစ်ခွင့် ရပြီးသားပါ။ သူတို့ဘာသာရေးအရ ဝတ်ပြုနိုင်အောင် လုပ်မယ်။ ဝတ်ပြုမယ်ပေါ့။ ဒီအခြေအနေလေး။ ဒီလိုမျိုး ပေးထားပြီးသား။၂၀၁၉ ကတည်း က ပေးထားတာ။

ပြန်ပိတ်တာကတော့ ကျန်တဲ့ ပြဿနာကြောင့် ပိတ်တာ မဟုတ်ဘူး။ကိုဗစ်ကြောင့် ပြန်ပြီး ပိတ်ထားတာ။ ခုလက်ရှိလဲ ကိုဗစ် ဥပဒေအရ တားထားတုန်းပဲ။ ဝတ်ပြုခွင့် ပြန်မပေးသေးဘူး။ဒီဗလီမှ မဟုတ်ဘူး။ဒီ Church တွေ လည်း ပိတ်ထားတုန်းပဲ။

ဒီကာလမှာ ဖြစ်တတ်တဲ့ သဘောနဲ့ အမုန်းပွားအောင် လုပ်နေတာတွေ၊ ဘက်ပေါင်းစုံက တက်လာ တာနဲ့ ပတ်သက်ပြီး ဆင်ခြင်ပြီး ယုံကြည်ကြဖို့ပါ။ခိုင်မာစိတ်ချရတဲ့ …

ငြမ်းမီဒီယာ -ဒါဆိုရင် သတင်းအမှန်က ၂၀၁၉ ကတည်း က ပြန်ဖွင့်လှစ်ပေးပြီးသားပေါ့။

UTK – ပြန်ဖွင့်ခွင့်ပေးပြီးသား။ ဆိုလိုတာက ကိုဗစ်မတိုင်ခင်က ကျနော်တို့ သန့်ရှင်းဖို့၊ ဘုရားဝတ်ပြု ဆုတောင်းဖို့ခွင့်ပြုပြီးသား။ အဲ့ဒီ အမိန့်ကိုလည်း ပယ်ဖျက်တယ် ဆိုတာမရှိဘူး။ ဆက်လက် ခွင့်ပြုထားတုန်း။သို့သော် ဘာကြောင့်ပြန်တားထားတာလဲဆိုတော့ ကိုဗစ်ကြောင့် ပြန်တား ထားတာ။ ခုလည်း တားထားတုန်းပဲ။

ငြမ်းမီဒီယာ -ခုလိုရွေးကောက်ပွဲပြီးမှ ဗလီ ကို အခုမှ ပြန်ဖွင့်ခွင့်ပေး သယောင် သတင်းအတု၊ သတင်းအမှားတွေရဲ့ ရည်ရွယ်ချက်ကိုရော ဆရာ့အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

UTK – သူတို့ကတော့ ဒါတွေလုပ်နေမှာပဲ။ထုံးစံအတိုင်းပဲ။ လူမျိုးဘာသာအပေါ်မှာ အဓိပ္ပာယ်ကောက်လွဲပြီး အထင်အမှားအမြင်အမှား ဖြစ်နေကြတာပဲ။သူတို့က ဒီလို လုပ်နေမယ်လို့မြင်တာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ-ခုလို ဘာသာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းအတု၊ သတင်းအမှားတွေ ဖြစ်နေတဲ့ အပေါ်မှာ အများပြည်သူရော၊ ဒေသခံတွေ ကိုရော ဘယ်လိုမျိုး သတင်းစကား ပါးချင်ပါသလဲခင်ဗျ။

UTK – ကျနော်တို့က ဒေသခံတွေနဲ့အမြဲအဆက်အစပ်ရှိပါတယ်။ ဒေသခံတွေကတော့ ဒီမှာ တစ်ကယ် ဘာဖြစ်နေတယ် ဆိုတာ ကတော့ အများစုသိကြတယ်။ကျနော်တို့နဲ့ လည်း အထိအစပ်က များများ ရှိတယ်လေ။

ကျန်တဲ့ဒေသကသူတွေကတော့ ဒီကာလမှာ ဖြစ်တတ်တဲ့ သဘောနဲ့ အမုန်းပွားအောင် လုပ်နေတာတွေ၊ ဘက်ပေါင်းစုံက တက်လာ တာနဲ့ ပတ်သက်ပြီး ဆင်ခြင်ပြီး ယုံကြည်ကြဖို့ပါ။ခိုင်မာစိတ်ချရတဲ့ သတင်းရင်းမြစ်က မဟုတ်ရင် မယုံကြဖို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ– နောက်ဆုံးအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဖြည့်စွက်ပြောစရာရှိရင်ပြောကြားပေးပါ။

UTK – ဒါရွေးကောက်ပွဲအပြီးမှ ဒီဟာဖြစ်လာတာတွေက UEC နဲ့ ပတ်သက်ပြီး ဆန္ဒပြဖို့ ဆိုတာလည်း သတင်းက၂၀ ရက်နေ့ ရှိနေတယ်။ ဒီဟာတွေနဲ့ ဆက်စပ်နေသလား၊ မဆက်စပ်နေသလား ဆိုတာကတော့ ဒီကိစ္စ လှုံ့ဆော်နေသူတွေရဲ့ အဆက်အစပ် ရှာကြည့်ရင်တွေ့နိုင်တာပေါ့။

ဆက်စပ်နေရင်တော့ နိုင်ငံရေးအရ မလုပ်သင့်တဲ့၊ မလုပ်အပ်တဲ့ ရှိရမယ့် စည်းကို ချိုးဖောက်တဲ့သဘောပဲ။ သီးခြာ မဆက်စပ်ဘူး ဆိုရင်တော့ ကောင်းပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,