ဝါးခယ်မမြို့နယ် NLD ပါတီအလုပ်အမှုဆောင်အားလုံးကို ပါတီမှထုတ်ပယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD / NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်

ပါတီဗဟို၏ညွှန်ကြားချက်ကို မလိုက်နာ၍ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင်များ အားလုံးကို ပါတီက ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင် က ငြမ်းမီဒီယာသို့ပြောသည်။

ပါတီကထုတ်ပယ်ခံရသည့် ဝါးခယ်မမြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း (၂၁) ဦး အထိရှိကြောင်းသိရသည်။

“ဝါးခယ်မမှာပါတီအတွင်းပြဿနာတွေရှိတယ်။ အဲဒီပြဿနာတွေပေါ်မှာ ဗဟိုကနေ ဒီဟာကို ညွှန်ကြားချက်ထုတ်တယ်။ ဒီလို ဒီလိုပဲ စီစဉ်ဖို့၊ နေဖို့ ညွှန်ကြားချက်ထုတ်တယ်။ အဲဒီ ညွှန်ကြားချက် ကို အဲဒီကော်မတီက ဒါကိုလက်မခံပါဘူးလို့ အကြောင်းပြန်တဲ့အတွက် ပါတီစည်းမျဉ်းစည်းကမ်း ဥပဒေအရ ဒါကို မလိုက်နာဘူးဆိုတဲ့ သဘော သက်ရောက်လို့ ပါတီကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်  ”ဟု မုံရွာအောင်ရှင် က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လစ်လပ်သွားသည့် ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်နေရာကို ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ထံ ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းရာတွင် တိတိကျကျ အသေးစိတ် မသိရှိရသေးဟု ပြန်လည်ဖြေကြားခဲ့သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,