ပင်ကိုယ်ဉာဏ်ရည်နဲ့ စိတ်ဓာတ် ကောင်းမွန်တဲ့ ကလေးတစ်ယောက်ပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UOk /ကျောင်းအုပ် ဆရာကြီး ဦးအုန်းကျော်

ကျန်းမာရေးကလည်း နည်းနည်းလေး အားနည်းတဲ့အပိုင်းလေးရှိတယ်။ ဒါပေမယ့် သူရဲ့ပင်ကိုယ်ဉာဏ်ရည်၊ ပင်ကိုယ် စိတ်ဓာတ် ကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ကလေးတစ်ယောက် ဖြစ်ပါတယ် …

၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ရာ ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် မသဇင်ဝင်း ပညာသင်ဆည်းပူးခဲ့သော ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အ.ထ.က ကျောင်း၏ ကျောင်းအုပ် ဆရာကြီး ဦးအုန်းကျော် ကို ငြမ်းမီဒီယာ ကဆက်သွယ်မေးမြန်းခဲ့သည်။ ကျောင်းအုပ်ဆရာကြီး ဦးအုန်းကျော်သည် အ.ထ.က တောက်တဲ့ရိုးတွင် ၂၀၁၅၊ ဇူလိုင်၊ (၁) ရက်နေ့တွင် ကျောင်းအုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

UOk /ကျောင်းအုပ် ဆရာကြီး ဦးအုန်းကျော်(ယာ)

ငြမ်းမီဒီယာ – အခု ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာတွဲ၊ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ဆရာကြီးရဲ့တပည့် မသဇင်ဝင်းအကြောင်း ပြောပြပေးပါဦး။

UOK – မသဇင်ဝင်းက ကျွန်တော်တို့ အ.ထ.က တောက်တဲ့ရိုးကျောင်းကို နဝမတန်းမှာစပြီး လာရောက်ပညာ သင်ကြား ခဲ့သူပါ။ နဝမတန်းမှာလည်းပဲ ပင်ကိုယ်က ဉာဏ်ရည်ကောင်းမွန်တဲ့ ကလေး၊ စည်းကမ်းလိုက်နာတဲ့ကလေး၊ ဆရာ၊ဆရာမ သင်ကြား ပြသမှုကို ဂရုတစိုက် လိုက်ပါဆောင်ရွက်တဲ့ ကလေးတစ်ယောက်အနေနဲ့ နဝမတန်းမှာကတည်းက သတိထားမိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စာဖတ်ဝါသနာ ပါတဲ့ ကျောင်းသားကျောင်းသူတွေအတွက် စာကြည့်တိုက် အသုံးပြုခွင့် ပေးရင် သူတို့အတွက် ကျောင်းကနေ စာဖတ်တဲ့ အလေ့အကျင့်လေးတွေ ရသွားတာပေါ့။ ကျွန်တော်တို့ အခြေခံပညာ ကျောင်းတွေ မှာ …

တက္ကသိုလ်ဝင်တန်းရောက်လာတဲ့အခါကျတော့ နဝမတန်းတုန်းက ကိုယ့်ကျောင်းနဲ့ကိုယ်ဆိုတော့ သူ့ရဲ့အရည်အချင်းမှန်ကို မသိဘူး။ ကျောင်းမှာတော့ သူက အတော်ဆုံး။ ဒဿ မတန်းရောက်လာတဲ့ အခါကျတော့ တခြားကျောင်းတွေနဲ့ ယှဉ်ပြိုင် လာရ တော့ ဒီကလေးရဲ့အရည်အသွေးကို ပိုပြီးတော့ သိရှိလာရပါတယ်။ နောက် ဒီကလေးက ဆရာ၊ ဆရာမတွေရဲ့ သင်ကြား ပြသမှုကို ဂရုတစိုက် နားထောင်တယ်။ မှတ်သားတယ်။ မသိတာ၊ နားမလည်တာ ရှိရင် ပြန်ပြီးတော့ မေးတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုတွေကို သူက တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုမျိုး အောင်မြင်ရတာပေါ့။

ငြမ်းမီဒီယာ – ဆရာကြီးရဲ့တပည့် မသဇင်ဝင်းမှာ ဘယ်လို ထူးခြားချက်တွေမျိုးတွေကို သတိထားမိတာရှိလဲ ဆရာကြီးခင်ဗျ။

UOK – ကလေးက ပင်ကိုယ်က အေးဆေးတယ်။ တည်ငြိမ်တယ်။ နောက် ကျောင်းတွင်းပြိုင်ပွဲတွေမှာ မြန်မာစာဆိုလည်း စာစီစာကုံး ပြိုင်ပွဲတွေမှာ ပထမ ရတယ်။ သချာၤဆိုရင်လည်း ဆရာက သင်ကြားပြသတာကို သေသေချာချာ ဂရုတစိုက်နားထောင်တယ်။ နား လည် အောင်ကြိုးစားတယ်။ တွက်ချက်မှုမှာကျတော့လည်း စေ့စေ့စပ်စပ်နဲ့ တွက်ချက်တတ်တဲ့အလေ့အကျင့်လေးတွေ ရှိတာ ကိုတော့ သတိထားမိတယ်။ဘာသာပြဆရာတွေကလည်း ကလေးရဲ့အရည်အချင်းကို သတိထားမိတဲ့အတွက် သူရဲ့ အရည် အချင်း ရှိသလောက် အခွင့်အရေးရနိုင်ဖို့ ဆရာတွေဘက်ကလည်း လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒဿမတန်း မှာဆိုလည်း ကလေးက ရွာက ကလေးတွေဖြစ်တဲ့အတွက် နည်းနည်းလေး အရွယ်ကငယ်တယ်။ အရွယ်ဖွံ့ဖြိုးမှုက နည်းနည်း နည်း တယ်။

ကျွန်တော်တို့ကျောင်းမှာ မြန်မာစာဂုဏ်ထူး လေး ယောက် ထွက်ပါတယ်။ ဂုဏ်ထူးထွက်နိုင်တဲ့ ကလေးတွေကို ပိုပြီးတော့ အခြားသူတွေထက် သူများတစ်ပုဒ်ဆို သူတို့ကို နှစ်ပုဒ် …

ကျန်းမာရေးကလည်း နည်းနည်းလေး အားနည်းတဲ့အပိုင်းလေးရှိတယ်။ ဒါပေမယ့် သူရဲ့ပင်ကိုယ်ဉာဏ်ရည်၊ ပင်ကိုယ် စိတ်ဓာတ် ကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တက္ကသိုလ် ဝင်တန်း မှာ ထူးထူးချွန်ချွန် အောင်မြင်နိုင်ဖို့ ကျွန်တော်အပါအဝင် ဘာသာရပ် ဆရာတွေ၊ ဆရာမတွေ သေသေချာချာလေး လေ့ကျင့်ဆောင် ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီလိုအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။

MSCO/ မသဇင်ဝင်း အား နိုင်ငံတော်၏အတိုင်ပင်ခံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်

ငြမ်းမီဒီယာ – သမီးမသဇင်ဝင်း ရဲ့ ဇွဲလုံ့လ၊ သတ္တိကိုတော့ သူလာ တက်ရတဲ့ ကျောင်းအကွာအဝေး အခြေအနေကို ကြည့်ပြီး သတိထား မိပါတယ်။ သူအနေနဲ့ စာဖတ်တာဝါသနာပါတယ်။ စာရေးဆရာမဖြစ်ချင်တယ်လို့ ပြောတာလည်း တွေ့ရပါတယ်။ ဆရာကြီးတို့ အနေနဲ့ သူ့ရဲ့ဝါသနာအပေါ်မှာရော ဘာတွေများ ပံ့ပိုးပေးဖြစ်သေးလဲခင်ဗျ။

UOK – အဲဒါပြောရရင်တော့ သူကျောင်းကိုရောက်လာတော့ ကိုးတန်း၊ ဆယ်တန်းဆိုတော့ ပြောရရင် အရင်တက်ခဲ့တဲ့ ကျောင်းတွေ ထက်စာရင် ကျောင်းက ပိုပြီးကြီးလာတယ်။ ပြီးတော့ ဗဟုသုတများလာတယ်။ အမြင်ကျယ်လာတယ်။ အဲဒီအတွေ့အကြုံတွေပေါ် မူတည်ပြီး အခုတစ်ခါ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်လာတဲ့အခါကျတော့ သူဝါသနာပါတဲ့ အကြောင်းအရာ လေးတွေကို သူထုတ်ဖော်ပြီး ပြောကြားတာဖြစ်ပါတယ်။ ကျောင်းမှာလည်း စာစီစာကုံးပြိုင်ပွဲတွေ ပြုလုပ်တော့ ဘာပဲဖြစ်ဖြစ် ဖတ်မှတ် လေ့လာရတဲ့အခါကျတော့ ကျောင်းစာကြည့်တိုက်ကို အသုံးချပြီး လေ့လာရတာ ဖြစ်တဲ့အတွက် သူအနေနဲ့ စာကြည့်တိုက်တွေရဲ့ အကျိုးကိုလည်း သတိထားမိသွားတာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ပါဆရာကြီး။ တချို့ကျောင်းတွေမှာ စာစီစာကုံးကို ကျောင်းသားကျောင်းသူတွေရေးတဲ့အခါ ဆရာ၊ ဆရာမတွေ စီကုံးရေးပေးလိုက်တာကို ကျောင်းသားကျောင်းသူတွေက ပြန်ကျက်ပြီး ကျက်ထားတဲ့အတိုင်း တိုက်ရိုက်ပြန်ပြီးရေး ချတာမျိုးတွေ ရှိတယ်။ ဆရာကြီးတို့ကျောင်းမှာရော ကျောင်းသားကျောင်းသူတွေက ဘယ်လိုပုံစံနဲ့ စာစီစာကုံးကို ရေးသားကြလဲဗျ။

UOK – ဥပမာပြောရရင် မြန်မာစာ ဘာသာပြဆရာမက စာစီစာကုံးခေါင်းစဉ်တစ်ခု ကျောင်းသားအားလုံးကို ပြောလိုက် တယ်။ ပြီးတော့ ဆရာမက ပုံကြမ်းလေးတော့ ပြောလိုက်တယ်။ နိဒါန်းဘယ်လိုပျိုးမယ်၊ စာကိုယ်မှာဘယ်လိုရေးမယ်၊ နိဂုံးဘယ်လိုလေးချုပ်မလဲ။ ကျန်တဲ့အချက်အလက်တွေ အကြောင်းအရာတွေကတော့ စာကြည့်တိုက်ကိုသုံးပါ။ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ရှုပါ။ ဒီလိုမျိုးပဲ လမ်းညွှန်ပြီးတော့ ကလေးတွေကို ရေးခိုင်းပါတယ်။ ရေးခိုင်းပြီးတော့ ဆရာမက သူတို့ရေးလာတဲ့ စာစီစာကုံးတွေကို ပြန်ဖတ်ပြီး လိုအပ် ချက်လေးတွေကို ပြောပြ ရှင်းပြပါတယ်။ ဒီကလေးအပါအဝင်ပေါ့၊ ကျွန်တော်တို့ကျောင်းမှာ မြန်မာစာဂုဏ်ထူး လေး ယောက် ထွက်ပါတယ်။ ဂုဏ်ထူးထွက်နိုင်တဲ့ ကလေးတွေကို ပိုပြီးတော့ အခြားသူတွေထက် သူများတစ်ပုဒ်ဆို သူတို့ကို နှစ်ပုဒ် ရေးခိုင်း လေ့ကျင့်ခိုင်းတယ်။ ဆရာမကလည်း ပြန်စစ်ဆေးပေးတယ်ပေါ့။ အဲဒီလိုမျိုး ဆောင်ရွက်ခဲ့တာပါ။

ငြမ်းမီဒီယာ – ဆရာကြီးတို့ကျောင်းမှာ စာကြည့်တိုက်ရှိတယ်ပေါ့။

UOK – စာကြည့်တိုက်က သီးသန့်အခန်းတော့ မဟုတ်ဘူး။သိပ္ပံအခန်း နှစ်ခန်းမှာ တစ်ခန်းကိုယူပြီး ဆောင်ရွက်ထားပါတယ်။ ကျောင်းမှာ အခန်းပိုနည်းပါတယ်။ အခန်းပိုနည်းတဲ့အတွက် သီးသီးသန့်သန့် သတ်သတ်မှတ်မှတ်တော့ မဟုတ်ဘူးပေါ့။

ငြမ်းမီဒီယာ – တချို့ကျောင်းတွေမှာ စာကြည့်တိုက်ကို ကျောင်းသား ကျောင်းသူတွေ သုံးလို့မရနိုင်တာ၊ သုံးဖို့အခြေအနေ မပေး တာ၊ ကျောင်းစာကြည့်တိုက်ရှိပေမယ့် ကျောင်းစာကြည့်တိုက်တံခါးက အမြဲလိုလို ပိတ်ထားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါ တယ်။ ဆရာကြီးတို့ကျောင်းမှာ ကျောင်းသားကျောင်းသူတွေ ကျောင်းစာကြည့်တိုက်မှာ စာအုပ်စာတမ်းတွေ လေ့လာနိုင် အောင် ဘယ်လို စီမံဆောင်ရွက်ထားတာလဲခင်ဗျ။

UOK – ပြီးခဲ့တဲ့ စာသင်နှစ်ကဆို နေ့စဉ် တစ်တန်းစီ အလှည့်ကျပေါ့။ ကျွန်တော့်ကျောင်းမှာဆိုရင် အထက်တန်းက ရှစ်ခန်း၊ အလယ်တန်းက ရှစ်ခန်းဆိုတော့ (၁၆) ခန်း။ မူလတန်းက ငါးခန်းဆိုတော့ (၂၁) ခန်း ရှိတယ်။ အဲဒီ (၂၁) ခန်းကို တစ်နေ့ကို တစ်ခန်းနှုန်း နေ့လယ်ကျောင်းဆင်းချိန်မှာ ပုံမှန်ဝင်ခိုင်းပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်း အလှည့်ကျတာဝန်ပေးတယ်။ အထက်တန်း ပိုင်းကျတော့ သူတို့စာစီစာကုံးနဲ့ ပတ်သက်တဲ့စာအုပ်စာတမ်းတွေ သီးသန့်ရွေးချယ်ပြီး ဖတ်ရှုတာမျိုးတော့ရှိတယ်။ ကျန်တဲ့ အတန်းတွေကတော့ နေ့လယ်ကျောင်းဆင်းချိန်ဆို ပုံမှန်တစ်တန်းစီပေါ့။ ဥပမာ ရှစ်တန်းဆို အေနဲ့ဘီရှိရင် အေတစ်ရက် ဘီတစ်ရက်ပေါ့။ ကိုးတန်းဆိုလည်း လေးခန်းရှိရင် အေ၊ ဘီ၊ စီ၊ ဒီ တစ်ရက်စီ တစ်နေ့စီ အလှည့်ကျဝင်ခိုင်ပြီးတော့ သူတို့ကိုစာဖတ်ခိုင်းပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျောင်းသူကျောင်းသားတွေ အကုန်လုံးက စာကြည့်တိုက်ကို အမြဲလိုလို ထိတွေ့ခွင့်ရနေတာပေါ့။

UOK – စာကြည့်တိုက်ကိုတော့ တစ်နေ့ကို တစ်တန်းတော့ ပုံမှန်ဝင်ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျောင်းဖွင့်စလည်းဖြစ်လို့ စာကြည့်တိုက်အတွက် စီမံချက်မဆွဲရသေးဘူး။ အခုမှ ကျောင်းဝင်ခါစ ကျောင်းဝင်လက်ခံတာတွေဘာတွေနဲ့မို့ပါ။

ငြမ်းမီဒီယာ – ဆရာကြီးတို့ ကျောင်းစာကြည့်တိုက်မှာ စာအုပ်ပေါင်း ဘယ်လောက် ရှိပါသလဲခင်ဗျ။ စာအုပ်အမျိုးအစားတွေကရော။

UOK – ကျွန်တော်အတိအကျတော့ မပြောနိုင်ဘူး။ ခန့်မှန်းခြေပေါ့။ စာရွက်စာတမ်းတွေလည်း မကြည့်လိုက်ရလို့ပါ။ ငါးရာ ကျော် ကျော် လောက် ရှိလိမ့်မယ်။ စာကြည့်တိုက် စာအုပ်စာရင်းသွင်းတာမှာ ကျွန်တော်သတိထားမိတာပေါ့။ လစဉ်ဖြည့်တင်းတာက မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ၊ ရုံးကထုတ်ပေးတဲ့ ပညာရတနာဂျာနယ်ရှိတယ်။ မြတ်ပညာရှိတယ်။ပညာတန်ဆောင်ရှိတယ်။ ဒို့ကျေးရွာဂျာနယ်ရှိတယ်။ ဒါတွေက ပုံမှန်ပေါ့။ ကျန်တဲ့ စာပေတွေကတော့ ဥပမာ မောင်ခင်မင်ရေးတဲ့ မြန်မာစာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ၊ အခြား ကျောင်းသားကျောင်းသူတွေအတွက် သင့်တော်မယ့် ကောင်းနိုးရာရာ စာအုပ်တွေကို လစဉ် ဖြည့်တင်း ပါတယ်။ ကျွန်တော်တို့ကျောင်းတွေကို ထောက်ပံံနေတဲ့ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေကနေ စာကြည့်တိုက် ခေါင်းစဉ်အောက်ကနေ ဝယ်ယူ ဖြည့်တင်းတာပါ။

ငြမ်းမီဒီယာ – စာကြည့်တိုက်ကို အသုံးပြုခွင့်ရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အသုံးပြုခွင့်မရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးမှာ ဘာတွေကွာဟသွားနိုင်သလဲ ဆရာကြီးခင်ဗျ။

UOK – ပုံမှန်ဆိုရင်တော့ တကယ်ထူးချွန်ပြီး စာဖတ်ဝါသနာ ပါတဲ့ ကျောင်းသားကျောင်းသူတွေအတွက် စာကြည့်တိုက် အသုံးပြုခွင့် ပေးရင် သူတို့အတွက် ကျောင်းကနေ စာဖတ်တဲ့ အလေ့အကျင့်လေးတွေ ရသွားတာပေါ့။ ကျွန်တော်တို့ အခြေခံပညာ ကျောင်းတွေ မှာ တော့ ကျွန်တော်တို့ပေးနိုင်တာက နေ့လယ်ကျောင်းဆင်းချိန်၊ ကျန်တဲ့အချိန်တွေက ပုံမှန်စာသင်ချိန်တွေ ဖြစ်တဲ့အတွက် နေ့လယ်ကျောင်းဆင်းချိန်တစ်ချိန်ပဲ ပေးနိုင်တော့ ခုနက ကျွန်တော်ပြောသလို အလှည့်ကျ ဝင်ရတာပေါ့။ ဒါက စာဖတ်ခွင့် အခွင့် အလမ်းတော့ နည်းနည်းတော့ နည်းတာပေါ့။ ဒီထက် အခွင့်အလမ်းလေးရအောင် ကျွန်တော်တို့လည်း စဉ်းစားဆောင်ရွက် နေပါ တယ်။ တစ်ခါတလေကျတော့လည်း ကျွန်တော်တို့က မိုဘိုင်းစာဖတ်တဲ့ပုံစံမျိုးလေး စာသင်ခန်းထဲ စာအုပ်စာတမ်းတွေ ယူသွား ပြီးတော့ ဥပမာ စာရိတ္တအချိန်လိုမျိုးဆို ပေးဖတ်တာမျိုး၊ အဲဒါမျိုးလေးတွေ လုပ်ပါတယ်။ စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့ လူ ကတော့ ကျွန်တော်တို့ ဆိုရိုးစကား ရှိသလိုပါပဲ။ အလိမ္မာစာမှာရှိတို့။ စာဖတ်တဲ့သူက စာမဖတ်တဲ့သူထက် ခေါင်းတစ်လုံး ပိုမြင့်တာ တို့ ဒါတွေက လက်တွေ့မှာလည်း အမှန်တယ် ကွာဟတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူများကိုလည်းပဲ ဖြစ်နိုင်ရင် ကျောင်း စာသာမက ပြင်ပစာပေတွေကိုလည်း ကိုယ့်အတွက် ဗဟုသုတအသိပညာပေးနိုင်တဲ့ စာပေတွေကို ဖတ်ရှု လေ့လာနိုင်ရင် ပိုပြီးတော့ ကောင်းမွန်ပါတယ်လို့ ပြောလိုပါတယ်။

ငြမ်းမီဒီယာ – အခုလို အချိန်ပေးဖြေကြားပေးတဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,