ဝေဘာဂီ ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများကို လစာ တစ်လစာ ချီးမြှင့်လှူဒါန်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဧရာဝတီဖောင်ဒေးရှင်း / လစာတစ်လစာ အား ပေးအပ်ချီးမြှင့်လှူဒါန်းစဉ်

ဝေဘာဂီ အထူးကု ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသော အားဖြင့် လစာ တစ်လစာ ကို ဧရာဝတီဖောင်ဒေးရှင်းမှ ချီးမြှင့်လှူဒါန်းခဲ့သည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစား ကျေးဇူးတင်သောကြောင့် ယခုကဲ့သို့ ချီးမြှင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီဖောင်ဒေးရှင်းက ဆိုသည်။

အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက် တာဝန် ထမ်းဆောင် နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ဧပြီလ အတွက် လုပ်ခလစာတစ်လစာ ငွေကျပ် (၃၇၅)သိန်းကို ဧရာဝတီဖောင်ဒေးရှင်းက ပေးအပ်ချီးမြှင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဧရာဝတီ ဖောင်‌ဒေးရှင်း အနေဖြင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း လှူဒါန်းခဲ့သည်။

ယင်းအပြင် တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက် နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံး အတွက် COVID-19 အထူး ကျန်းမာရေး အာမခံရန်ပုံငွေ အဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်း ထားရှိသည်ဟု ဧရာဝတီဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ဧပြီလ (၂၁) ရက်နေ့ တွင် ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ ဒေါက်တာ အေးအေးအောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးကာ ယခုကဲ့သို့ ချီးမြှင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,