သတင်းအမှားတွေ ထွက်တဲ့အခါ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်မှုကို ထိခိုက်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လေ့လာစောင့်ကြည့်မှုအရ သတင်းအတု၊ သတင်းအမှားတွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာရော၊ ရွေးကောက်ပွဲအလွန်ကာလမှာရော ဖြန့်ချိနေမှု၊ ပျံ့နှံ့နေမှုက ရှိနေတုန်းပါ။ အခုဆို ရွေးကောက်ပွဲကျင်းပပြီးစီးတာ တစ်လရှိပါပြီ။ သည်လို အခြေအနေအထိ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှားတွေက ပျံ့နေဆဲ၊ ဖြန့်နေကြဆဲပါ။

သည်အခြေအနေမှာ သတင်းအတု၊ သတင်းအမှား ဖြန့်နေသူတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအနေနဲ့ တစ်စုံတရာအရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ သည် အခြေအနေက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာ သဘောထားအမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

မီဒီယာနဲ့ပတ်သက်ပြီး တတ်သိနားလည်မှုတို့ သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှုတို့က ကိုယ်ခံအားမကောင်းခဲ့တဲ့အတွက်ကြောင့် လူထုအပေါ်မှာ အများကြီး၊ ကြီးကြီးမားမား၊ ဆိုးဆိုးရွားရွားဖြစ်ဖို့ပဲရှိမယ် …

 


မသီတာ (စမ်းချောင်း)
စာရေးဆရာမ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါကတော့ အခုခေတ်မှာ မဆန်းတော့ဘူးလို့ပြောရမှပေါ့။ ဒါကိုသေချာကိုင်တွယ်ဖို့က အစိုးရတိုင်းမှာတာဝန်ရှိတယ်။ တခြားနိုင်ငံအစိုးရတွေလည်း ကြုံရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံက Media Literacy တို့ Information Literacy လို့ခေါ်တဲ့ မီဒီယာနဲ့ပတ်သက်ပြီး တတ်သိနားလည်မှုတို့ သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှုတို့က ကိုယ်ခံအားမကောင်းခဲ့တဲ့အတွက်ကြောင့် လူထုအပေါ်မှာ အများကြီး၊ ကြီးကြီးမားမား၊ ဆိုးဆိုးရွားရွားဖြစ်ဖို့ပဲရှိမယ်။

အဲဒါကိုကာကွယ်ပေးဖို့ကတော့ သူတို့တစ်ယောက်ချင်းစီရဲ့ခုခံအားနဲ့ပတ် သက်ပြီး အစိုးရကိုယ်တိုင်က သတင်းအတု၊ သတင်းအမှားတွေက ဘာတွေဖြစ်တယ်ဆိုတာကိုဖော်ပြဖို့၊ သတင်းအတု၊ သတင်းအမှားထုတ်နေတဲ့သူတွေကို  ရှာဖွေပြီးဖော်ထုတ်ဖို့လိုပါတယ်။

 

ဒီရွေးကောက်ပွဲ အငြင်းပွားမှုက ရှိတယ်။ တစ်ဘက်မှာလဲ ဒီသတင်းအမှားတွေ၊ သတင်းအတုတွေက ထွက်နေသေးတော့ ပြည်သူလူထုစိုးရိမ်စိတ်နဲ့ ထင်ယောင်ထင်မှားဖြစ်တဲ့ကိစ္စတွေ…

ဦးသီဟသွေး (သတင်းစာဆရာ)

သတင်းအတု၊ သတင်းအမှားတွေကတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက၊ ရွေးကောက်ပွဲအလွန်မှာလည်း ထွက်တာပေါ့။ ရွေးကောက်ပွဲအလွန်ဆိုတော့ ပိုဆိုးတာပေါ့။ ရွေးကောက်ပွဲအငြင်းပွားမှုတွေဖြစ်နေတဲ့အချိန်မှာ UEC အနေနဲ့ အဓိကပေါ့နော်၊ UEC နဲ့ပတ်သက်တဲ့ ပုံဖျက်တဲ့သတင်းအမှားတွေ ထုတ်လာတာ တွေ့ရတာပေါ့။

အစိုးရနေနဲ့က သတင်းတု၊ သတင်းမှားတွေနဲ့ပတ်သက်လို့ သတင်းအမှန်ကိုသိဖို့၊ နောက်တစ်ခါ တည်ငြိမ်မှုကို မထိခိုက်အောင် လူတွေက၊ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားလဲ ဘယ်လိုအခြေအနေ ရှိသလဲဆိုတာကို အဓိကပြဿနာက ဘာလဲဆိုတော့ ရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် ကျနော်တို့ကြားထဲမှာ ဝေဝါးမှုလေးတွေ ရှိလာတာတော့ အမှန်ပဲ။

ဒီအပေါ်မှာ ပြည်သူလူထုက၊ စိုးရိမ်းစိတ်ရှိရတဲ့ကြားထဲမှာ ဒီလိုမျိုးသတင်းတု၊ သတင်းအမှားတွေထွက်တဲ့အခါကြတော့ ရွေးကောက်ပွဲအလွန်ကာလတည်ငြိမ်မှုကို ထိခိုက်လာတဲ့ သဘောတော့ရှိတယ်။ ဒါမျိုးကို ဖာသိဖာသာ မနေဘဲနဲ့ UEC ရော၊ အစိုးရရောက သင့်တင့် လျောက်ပတ်စွာ တုံ့ပြန်စေချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လောလောဆယ်အခြေအနေမှာ ဒီအငြင်းပွားမှုကို အကြောင်းပြုပြီး သူတို့က ဘာမှမတုံ့ပြန်ဘဲနေခဲ့တဲ့ သဘောမျိုးတွေ့ရတယ်။ ဒီရွေးကောက်ပွဲ အငြင်းပွားမှုက ရှိတယ်။ တစ်ဘက်မှာလဲ ဒီသတင်းအမှားတွေ၊ သတင်းအတုတွေက ထွက်နေသေးတော့ ပြည်သူလူထုစိုးရိမ်စိတ်နဲ့ ထင်ယောင်ထင်မှားဖြစ်တဲ့ကိစ္စတွေ၊ မသေချာ၊မရေရာမှုတွေကနေ သို့လော သို့လော တွေးပြီး စိတ်ပူရတဲ့ ကိစ္စမျိုးတွေ မဖြစ်အောင်ဆိုတဲ့အမြင်မျိုး၊ နိုင်ငံရေးအရ ကျနော်တို့ရှင်းစရာ မလိုဘူး။ ဥပဒေကြောင်းအရ ငါတို့ရှင်းစရာ မလိုဘူးဆိုတာက တစ်ပိုင်းပေါ့နော်။ သို့သော်လည်းအများပြည်သူ၊ မှန်မှန်ကန်ကန်သိရှိနေနိုင်ဖို့အတွက်တည်တည်ငြိမ်ငြိမ်နဲ့ လက်ရှိမှာ ကပ်ရောဂါလည်းဖြစ်နေတော့ကပ်ရောဂါကို ပြင်ဆင်နိုင်ဖို့လိုအပ်တဲ့ လိုအပ်တဲ့ရှင်းလင်းတင်ပြမှု၊ လိုအပ်တဲ့လုပ်ဆောင်ချက်တွေလိုအပ်တယ်။

UEC မှာဆိုရင်လဲ ဒီပါတီတွေနဲ့တွေ့တာတို့ ကျနော်တို့ဖြစ်ပေါ်နေတဲ့ သတင်းအမှားတွေ၊ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေ အတွက် သိသင့်သိထိုက်မှုတွေအတွက် ရှင်းပြတာတို့၊ အများပြည်သူကိုရှင်းပြတဲ့အခါမျိုး။ နောက်တစ်ခါ အစိုးရဘက်ကလည်း အငြင်းပွားမှုတွေက အန္တရာယ်မဖြစ်နိုင်ဘူး။ရိုးရိုးတန်းတန်း ရွေးကောက်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အငြင်းပွားမှှုတွေပဲဖြစ်တယ်ဆိုတဲ့ညှိနှိုင်းစရာဖြစ်တာညှိနှိုင်းပေးတာမျိုး၊ ဆိုကြပါစို့ နိုင်ငံတော်သမ္မတဆိုရင်အားလုံးကိုတာဝန်ယူရတာဖြစ်လို့ အငြင်းပွားမှုဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ UEC ကြားညှိနှိုင်းပေးတာမျိူး၊ ရှင်းလင်းပေးတာမျိုးလုပ်နိုင်ရင် တိုင်းသူပြည်သားတွေအတွက် စိတ်အေးသွားနိုင်တယ်။ သတင်းအမှားတွေလည်းထိုးဖောက်ဖို့ခက်သွားမယ်။အဲ့လိုမရှင်းလင်းတဲ့အပေါ်မှာ သတင်းအမှားတွေက နေရာရလာတယ်။ထိုးဖောက်ဖို့အခွင့်အရေးတွေ ရလာတယ်။

ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျနော်တို့စဉ်းစား သင့်တာပေါ့။ သေချာတာကတော့အဲဒါတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာပဲ။ ကျနော်ထင်ပါတယ် မြန်မာပြည်သူတွေ …

ဦးတိုးဇော်လတ် ( အော်ပရေးရှင်းဒါရိုက်တာ)
DVB

ဗမာပြည်မှာ သတင်းတု၊ သတင်းမှားတွေက တစ်နေ့ကိုအခု (၁၀၀) လောက် ထွက်နေတာပါ။ ဒါတွေကပြသနာတော့ကြီးလာတာပေါ့။ ခုလိုမျိုးရွေးကောက်ပွဲလွန်ကာလမှာ အဲဒီကိစ္စနဲ့ပိုဆိုင်ပါလိမ့်မယ်။ သေချာတာကတော့ မြန်မာပြည်မှာ သတင်းအတု၊ သတင်းအမှားတွေကို စနစ်တကျ ပိုထုတ်လာတာတော့သေချာပါတယ်ခင်ဗျ။

အဲဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျနော်တို့စဉ်းစား သင့်တာပေါ့။ သေချာတာကတော့အဲဒါတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာပဲ။ ကျနော်ထင်ပါတယ် မြန်မာပြည်သူတွေ မအ ပါဘူးဗျာ။ မြန်မာပြည်သူတွေက အတဲ့ သူတွေ မဟုတ်ပါဘူး။ Digital ပလက်ဖောင်းက အသစ်ဖြစ်တယ်။ Media Literacy နည်းတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ မအကြဘူး။ အထူးသဖြင့် Digital Consumer လို့ပြောတာပေါ့။ Digitalသုံးတဲ့သူတွေက မအကြဘူးလို့ပဲပြောပါရစေ။ ဒါပေမယ့် ဒီလိုဖြစ်နေတာကတော့ မကောင်းဘူးပေါ့။ ရည်ရွယ်ချက် ရှိရှိ Digital ပလက်ဖောင်းကို အလွဲသုံးစား လုပ်တယ်လို့ပြောချင်ပါတယ်။

မကျေနပ်လို့ဆန္ဒထုတ်ဖော်တာတွေရှိတယ်။ ဒီထက်ပိုဆိုးတာက သတင်းအမှားတွေ၊ သတင်းအတုတွေနဲ့လုပ်ကြံကြတာမျိုး တွေ့ရတယ်။ ဒါအားလုံးပဲ။ လူပုဂ္ဂိုလ်အရ …

မုံရွာအောင်ရှင် (NLD)
အတွင်းရေးမှူး၊ ဗဟိုပြန်ကြားရေးအဖွဲ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခုရွေးကောက်ပွဲပြီးတာတစ်လရှိပြီ။ ရွေးကောက်ပွဲဥပဒေအရ NLD ကအနိုင်ရတယ်ပေါ့။ ပြည်သူလူထုကလည်း NLD ကိုအနိုင်ပေးလိုက်တယ်။ နိုင်ငံတွေကလည်း ဒီ NLD အနိုင်ရမှုကို အသိအမှတ်ပြုတယ်။ အဲဒီအချက်သုံးချက်ရှိတယ်။

အဲဒီအပေါ်မှာ မကျေနပ်လို့ဆန္ဒထုတ်ဖော်တာတွေရှိတယ်။ ဒီထက်ပိုဆိုးတာက သတင်းအမှားတွေ၊ သတင်းအတုတွေနဲ့လုပ်ကြံကြတာမျိုး တွေ့ရတယ်။ ဒါအားလုံးပဲ။ လူပုဂ္ဂိုလ်အရ ဒေါ်အောင်ဆန်းစုကြည်လည်း ပုတ်ခတ်ခံရတာပဲ။ ထို့အတူ ကျနော်တို့လို လူမျိုးလည်း ပုတ်ခတ်ခံရတာပဲ။ ကျနော်တို့ကတော့ ပါတီတွေအနေနဲ့ ဒါကိုတုံ့ပြန်မှာမဟုတ်ဘူး။ အဲဒါပဲ။

နောက်တစ်ခုက လူပုဂ္ဂိုလ်အရ မတုံ့ပြန်စေချင်ဘူး။ သူတို့ရဲ့ ပုတ်ခတ်တဲ့ဟာကို၊ ဒီသတင်းက လုပ်ကြံတာလား၊ ပုတ်ခတ် တာလားဆိုတာ တော်တော်များများသိကြပါတယ်။ ဒါကိုအဓိကထားပြီး၊ ဒါကိုတစ်ကူးတက ထားပြီး တုံ့ပြန်စရာမရှိပါဘူး။ သူတို့ရဲ့သတင်းအမှားတွေကို မတုံ့ပြန်လို့ ကျနော်တို့အတွက် လည်း ဘာမှမဖြစ်ဘူး။  ဒီထက်ပိုပြီး ထိခိုက်နိုင်လောက်တဲ့ အနေအထားမျိုးမရှိဘူးလို့ ကျနော်က အဲဒီလောက်ပဲပြောချင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,